Monday, June 17, 2013

"ဒေါ်အောင်ဆန်စုကြည် သမ္မတ အိမ်တော်ရောက်ရေး ဖြစ်နိုင်ပါသည် သို့သော်" (စာရေးသူဆရာကျော်ဝင်း ဘာသာပြန်ဆိုသည်)



အမေ့အိမ် blogတွင်တင်ထားသော ဆောင်းပါးတစ်ပုဒ်ပါ ကျွန်တော်သဘောကျ၍ စာဖတ်သူများအတွက် တစ်ဆင့် ပြန်ပြီး မျှဝေလိုက်ပါသည်။
2015 and Daw Aung San Suu Kyi
"ဒေါ်အောင်ဆန်စုကြည် သမ္မတ အိမ်တော်ရောက်ရေး ဖြစ်နိုင်ပါသည် သို့သော်" အမည်ရှိဆောင်းပါးပါ။


ယခုစာစုမှာ ၂၀၁၃ ခုနှစ် မေလ၂၅ရက် ထုတ် The Economist မဂ္ဂဇင်း၏ Special Report မှ ဆောင်းပါး တစ်ပုဒ် ဖြစ်ပါသည်။ ကမ္ဘာသိ မဂ္ဂဇင်းကြီး တစ်စောင်၏ မြန်မာ့နိုင်ငံရေး အနာဂတ်နှင့် ပတ် သက်သော သဘောထားအမြင်ဖြစ်၍ ဦးနှောက်မုန် တိုင်းဆင်နိုင်ရန် မူလအာဘော်မပျက်၊ ဘာသာပြန်
ဆို ဖော်ပြလိုက် ပါသည်။  လွှတ်တော်နိုင်ငံရေးေ နပြည်တော်တွင် အသစ်ထွက် ပေါ် လာသော ပါလီမန်များမှာ သမ္မတဦးသိန်းစိန် ဦးဆောင်သော ပြုပြင် ပြောင်းလဲမှု များအနေနှင့် ယခင်အစိုးရ အကန့် အသတ်နှင့်သာရှိသော ရည်မှန်း ချက်ဖြစ်သည့် “စည်းကမ်းပြည့်ဝသော ဒီမို ကရေစီ”ဆိုသည်ထက် အဆများစွာ ပိုခရီးရောက်နေ ပြီဖြစ် ကြောင်း အခိုင်အမာဖော်ပြနေသည်သို့ ရှိပါသည်။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ပထမဆုံး လွှတ်တော်အ စည်းအဝေး များ စတင်စဉ်ကမူ အခြေအနေမှာ ယခုလို မဟုတ်သေး။ အငြင်းပွားဖွယ် ၂၀၁၀ ပြ ည့်နှစ် ရွေးကောက်ပွဲမှ အနိုင်ရလာကြသော အမတ်များ၊ ၂၅ ရာခိုင်နှုန်းသော တပ်မတော်အ စုအဖွဲ့ဝင်များနှင့် ပွဲထွက်လာခဲ့သော လွှတ်တော်များမှာ မူလရည်မှန်းထားသည့်အတိုင်း ရာဘာတံဆိပ်တုံး အင်စတီကျူးရှင်းထက် ပိုလိမ့် မည်ဟု ထင်မထားခဲ့ကြပါ။ သို့နှင့်တိုင် တက်ကြွထက် သန်သောအောက် လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ (ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ) သူရဦးရွှေမန်း ၏ ခေါင်းဆောင် မှုနှင့်အတူ လွှတ်တော်များမှာအံ့သြဖွယ်ကောင်းလောက်အောင် အသက် ၀င်လာသည်။ သမ္မတကိုပင် မကြောက် မရွံ့စိန်ခေါ်သည်များ ရှိလာသည်။ (အမှန်စင်စစ် ဦးရွှေမန်းကိုယ်တိုင်သည်ပင် ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦး ဖြစ်ပြီး ယခင်တပ်မတော်အစိုးရလက်ထက်က နံပါတ်သုံးခေါင်း ဆောင် ဖြစ် ခဲ့သည်။)

အခြားအတိုက်အခံပါတီများ မှ လွှတ်တော် ကိုယ်စားလှယ်များလိုပင် လူနည်းစုလူမျိုးစုပါတီများ မှာ လည်း မျှော် လင့်သည်ထက် ပိုလှုပ်ရှားခွင့်ရလာသော လွှတ်တော်နိုင်ငံရေးကို သိမှတ်လက်ခံကြိုဆို ကြသည်များရှိပါသည်။ “ရခိုင်အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီ”(RNDP)မှ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ယခုလိုပြောသည်။ “ပါလီမန်ရဲ့ ကနဦး ရက်တွေတုန်းကတော့ ဖက်ဒရယ်စနစ်တို့၊ ဓနခွဲဝေဖြန့် ဖြူးမှုတို့လို ကိစ္စမျိုးတွေပြောလို့ မရခဲ့ဘူးပေါ့ဗျာ။ အခုတော့ ဒီအကြောင်းတွေကို ပွင့်ပွင့် လင်းလင်းဆွေးနွေးလို့ရနေပါပြီ။ အပြုသဘောဆောင်တဲ့ တိုးတက်မှုမို့ ကျွန်တော်တို့ စိတ်ချမ်း သာ ပါတယ်”

၂၀၁၂ ခုနှစ် ဧပြီ ကြားဖြတ်ရွေးကောက်ပွဲဖြင့်တက်လာသော အင်န်အယ်လ်ဒီပါတီမှ ၀ါရင့်လွှတ် တော်ကိုယ် စားလှယ် တစ်ဦးဖြစ်သူ ဦးဝင်းထိန်ကလည်း “အခုဆိုရင် ပါလီမန်ဟာ တကယ့်ကို အသက်ဝင်လာပြီဗျ”ဟု ဆိုသည်။ပြောရလျှင် ပါတီဝင်လွှတ်တော်အမတ်များသည်ပင် ပုံမှန်ဥပဒေပြုရေးဆွေး နွေးပွဲများတွင် တက်တက်ကြွကြွပါဝင်လျက်ရှိနေကြသည်။ တပ်မတော်၏ သဘောထားနှင့် သီးခြားကင်းလွတ်စွာ၎င်းတို့၏ အရည်အသွေး၊ အတွေးအမြင်များအလိုက် ဥပဒေအဆိုပြုချက်များကို လွတ်လွတ်လပ်လပ် ဆွေးနွေး ဆုံးဖြတ်နေ ကြ သည်။ ပြည်သူလူထု၏ ရွေးချယ်မှုသည်ကား ဒေါ်အောင်ဆန်းစုကြည်မှ ဒေါ်အောင် ဆန်းစုကြည်ပင် ဖြစ်နေဆဲပင်။ ဤကိစ္စနှင့်ပတ်သက်လျှင်ကား သံသယဖြစ်စရာ မရှိပါချေ။


ယခုအခါ လာဘ်မြင်သော နိုင်ငံရေးပဲ့ကိုင်တစ်ဦးဟုဆိုကြရမည့် ဦးရွှေမန်းအနေနှင့် ၂၀၁၅ တွင် သမ္မတဖြစ်လာဖို့ မျှော်လင့်ချက်ရှိကောင်း ရှိနိုင်ပါသည်။ လာမည့် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်တွင် ကျင်းပဖို့ရှိသည်။ ဦးရွှေမန်းမှာ သူ့ကိုယ်ပိုင်လုပ်ငန်းစဉ်ရှေ့ ဆက်နိုင်ရေးအတွက် ပါလီမန်ကို “ယာဉ်” တစ်ခုအဖြစ်အသုံးပြုနေသည့် သဘောရှိသည်။ ကိစ္စတော်တော် များများမှာဆိုလျှင် သမ္မတအဖွဲ့မှ တင်သွင်းလာသော အဆိုပြုချက်များကိုပင် ဦးရွှေမန်း ဦးဆောင်သော ပါလီမန်က ဖြတ်တောက် ပြင်ဆင် သည် များရှိသည်။ မြန်မာနိုင်ငံ၏ လက်ရှိစနစ်အရ သမ္မတကို ပါလီမန်အမတ်များက ရွေးချယ်ကြရပါသည်။

ယခုဆိုလျှင် ဦးရွှေမန်းမှာ လူသိများ အထင်ရှားဆုံးပါလီမန်အမတ်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ခိုင်ခိုင်မာမာ မဟာမိတ်ဖွဲ့ထားနိုင်သည်။ ထိုမျှမက သူ၏စိတ်အားထက်သန်မှုနှင့် ဆန့်ကျင်ဘက် အမြင်များကို လက်ခံ နားထောင် နိုင်စွမ်း၊ ညှိနှိုင်းဆွေးနွေးနိုင်စွမ်းများကြောင့် အတိုက်အခံပါလီမန် အမတ်များ၏ လေးစားမှုကိုပင် ရနေသည်။ တပ်မတော် နှင့် အတိုက်အခံပါတီများကြား သဘောကွဲလွဲ မှုများကို ပေါင်းကူးတံတားခင်းပေးနိုင်လောက်သူဖြစ်နေ၍လည်း အပေး အယူ စေ့စပ်ညှိနှိုင်းမှု များဖြင့် ဦးရွှေမန်းကို သမ္မတလောင်းအဖြစ် လျာထားလာနိုင်စရာရှိသည်။ အထူးသဖြင့် သမ္မတ ရွေးချယ်ရာတွင် လူထုဆန္ဒကို ထည့်သွင်းစဉ်းစားမှုမျိုး မလုပ်လျှင် ကျန်အလားအလာမှာ ပို၍ပင်ဖြစ်နိုင်ပါသည်။

လူထုခေါင်းဆောင်မှနိုင်ငံတော်သမ္မတသို့ လူထု၏ ရွေးချယ်မှုသည်ကားအငြင်းပွားဖွယ်ရာမရှိလောက်ေ အာင်ပင် ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်သည်။ သူမနှင့် သူမ၏ ပါတီအင်န်အယ်လ်ဒီတို့မှာ မြန် မာ့ဒီမိုကရေစီအဖွင့်တွင် အကျိုးအများဆုံးရနေသည်မှာ အထင်အရှားပင်ဖြစ် သည်။ သူမနှင့်သမ္မတဦး သိန်းစိန်တို့၏ ပုဂ္ဂိုလ်ရေးအဆင်ပြေမှု၊ မကြာသေးမီကမှ ပို၍သိသာထင်ရှားလာသော သူမနှင့် ဦးရွှေမန်း တို့ကြား ပိုမိုနီးစပ်လာမှုများမှာဒီမိုကရေစီဖြစ်စဉ်မြန်မြန်ဆန်ဆန်ရွေ့နိုင်ရေးအတွက်ဆုံချက် အကျ ဆုံးဖြစ်နေသည်။ ပြုပြင်ပြောင်းလဲရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီကို ရယူနိုင်ရန် ဦးသိန်း စိန်က အတုံ့အလှည့်အနေဖြင့် အင်န်အယ်လ်ဒီတရားဝင်ပါတီဖြစ်စေရေးအတွက် အဟန့်အတားအမှောင့် ပယောဂများကို ဖယ်ရှားပေးခဲ့သည်။ ၂၀၁၂ ခုနှစ် ဧပြီတွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကိုလည်း လွတ် လပ်ပြီး တရားမျှတမှုရှိစေရမည်ဟု အာမခံချက်ပေး ခဲ့သည်။ အင်န်အယ်လ်ဒီမှာ အဆို ပါကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း ပထမဆုံး လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲဖြစ်လာခဲ့သည်။ ဆိုခဲ့ပါ ကြားဖြတ်ရွေးကောက်ပွဲအဖြေမှာ “မြန်မာ့ ဒီမိုကရေစီ အိုက်ကွန်” အနေနှင့် ဆယ်စုအချို့ကြာ ၎င်းအပေါ် သိက္ခာချဖို့ ကြိုးစားမှုများနှင့် ရင်ဆိုင်ခဲ့ရသည့်တိုင် လူထုအပေါ် စွဲဆောင်နိုင်စွမ်း အနည်း ငယ်မျှ လျော့ပါးမသွားကြောင်း လှစ်ပြလိုက် သည့် သာဓကပင်ဖြစ်သည်။ အင်န်အယ်လ်ဒီက အမတ်နေရာ ၄၄ နေရာ ယှဉ်ပြိုင်ခဲ့ရာ ၄၃ နေရာ အနိုင်ရခဲ့သည်။ နေရာအတော်များများတွင် အပြတ်အသတ် အနိုင်ရခဲ့ သည်လည်း ဖြစ်ပါသည်။ ယူ အက်စ်ဒီပီ အနေနှင့်ကား မရှုမလှပင် ရှုံးနိမ့်ခဲ့သည်ဟု ဆိုရပါလိမ့်မည်။ လွှမ်းမိုးထားသော အစိုးရ ၀န်ထမ်း အများစုရှိရာ နေပြည်တော်မဲဆန္ဒနယ်လေးခုမှာပင် အနိုင်မရခဲ့ပါ။

အင်န်အယ်လ်ဒီကို ထောက်ခံခဲ့ကြသူများမှာ ယေဘုယျအားဖြင့် ဒီမိုကရေစီအတွက် မဲပေးခဲ့ကြခြင်း ဖြစ်ပါ လိမ့်မည်။ အခိုင် အမာကျကျ ဆိုရလျှင်မူ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးကြခြင်းသာ ဖြစ်သည်။ပြည်သူ လူထု၏ အမြင်တွင် သူမမှာ မိသားစုဘ၀နှင့် လွတ်လပ်မှုကို တိုင်းပြည်အတွက် စတေးခဲ့ရသူဖြစ်သည်။ ဤစွန့်လွှတ်မှုအတွက် လူထုက သူမကို အသည်းကြားမှ မဲပြားများဖြင့် ထောက်ခံခဲ့ကြခြင်းဖြစ်သည်။ ထိုထက် သူမမှာ၊ ခေတ်သစ်မြန်မာနိုင်ငံကို အုတ်မြစ် ချပေးခဲ့သူ၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမီး လည်း ဖြစ်လေ ရာတပ်မတော်ထဲမှပင်သူမကိုလိုလားသူတွေ မနည်းမနော ရှိနေသည်။

ပြောရလျှင် အာရှနိုင်ငံရေးမှာ မင်းဆက်သဘောနှင့်လည်း ကင်းတတ်သေးသည်မဟုတ်ရာ သူမ၏ မိဘမျိုးရိုးကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ကို ပြိုင်ဘက်များထက် နှာတစ်ဖျားမက အဆများစွာ ကွာစေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံဆိုလျှင် လူထုအချစ်တော် သူမဖခင်ကြီး၏ စစ်ဝတ်စုံအကျဖိုးရိုးဖားရားကြီး ၀တ်ထားသော ဓာတ်ပုံနှင့် ယှဉ်တွဲ ချိတ်ဆွဲလေ့ရှိကြသည်။ ဤဓာတ်ပုံ ကို မြန်မာ့လွတ်လပ်ရေးအတွက် ဗြိတိသျှအစိုးရနှင့် ဆွေးနွေးရန် လန်ဒန်သွားစဉ် ၁၉၄၇ ခုနှစ်က ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်မှာ အသက်(၂)နှစ် အရွယ် ကလေးငယ်မျှသာ ရှိပါသေးသည်။ ထိုနှစ်မှာပင် ဗိုလ်ချုပ်အောင်ဆန်းမှာ နိုင်ငံရေး ပြိုင်ဘက်များ၏ လုပ်ကြံ သတ်ဖြတ်မှု ခံခဲ့ရသည်။

မည်သို့ပင်ရှိစေ ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီလုံးဝဥဿုံအောင်ပွဲဆင်နိုင်ခဲ့သည်မှာ ထူးခြား လှသော အလှည့်အပြောင်းဟု ဆိုရပါလိမ့်မည်။အကြောင်းမူ ယခင်တပ်မတော် အစိုးရလက် ထက်တစ်လျှောက်လုံး လောက်ပင်အင်န်အယ်လ်ဒီမှာဘာတစ်ခုမှ လှုပ်ရှားလို့မရအောင် အတားအဆီးခံခဲ့ရ သည်။ အင်န်အယ်လ်ဒီခေါင်းဆောင် အားလုံးလောက်မှာလည်း အကျဉ်းထောင်ထဲရောက်ခဲ့ရသည်။ အချို့ဆိုလျှင် ဆယ်စုနှစ်များနှင့် ချီပြီးအကျဉ်းစံ ဖြစ်ခဲ့ရ သည်။ အကျဉ်းကျချိန်တစ်လျှောက်လုံး သီးခြား ခွဲပြီးတိုက်ပိတ်ခံခဲ့ရသည်များပင်ရှိသည်။

သို့နှင့်တိုင် သူတို့ထဲမှ အများစုမှာ တစ်ခါက ရန်သူဟောင်းများအပေါ် ပြောစမှတ်ပြုလောက်အောင် ခွင့်လွှတ်နိုင်ခဲ့ ကြပါ သည်။ ယခုအခါ ပါလီမန်အမတ်တစ်ယောက်အဖြစ် ယခင်ရန်ဘက်ဟောင်းများနှင့် လက်တွဲအလုပ်လုပ်နေကြပြီဖြစ်သော ဦးဝင်းထိန်ဆိုလျှင် အနှစ် ၂၀ မျှနံရံတံတိုင်းများကြား တွင် နေခဲ့ရ သူဖြစ်သည်။“ဗုဒ္ဓဘာသာဝင်တစ်ယောက်ပီပီ၊ ဒေါသတွေအာဃာတတွေကို ရင်ထဲမှာ မထားတော့ပါ။ လက်စားချေဖို့ အတွေးဆို၍လည်း စိတ်ထဲမှာမရှိပါ”ဟု သူကဆိုပါ သည်။ သူ့စကား “ဒေါသဆိုတာ မီးလိုပဲလေ။ လောင်မြိုက်တတ်တာပေါ့။ ပူလောင်တာပေါ့”

စည်းကမ်းတကျ ပါတီတစ်ရပ် အမြဲတမ်းဖြစ်စေရေး အတွက် ယခုအခါ အင်န်အယ်လ်ဒီမှာ ယ ခင်မြေ အောက်အတိုက် အခံလှုပ်ရှားမှုအဖြစ်မှ အစိုးရဖွဲ့နိုင်လောက်သည့် ပါတီတစ်ရပ်ဖြစ် လာစေ ရန် ပြောင်းလဲ တည်ဆောက်လျက်ရှိနေသည်။ ပြီး ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံအရဆို လျှင် လက်ရှိ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော “မဲအများဆုံး ရသူအနိုင်ရ”ရွေးကောက်ပွဲစနစ် (First-post -the-post) အရ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီ အေးအေးသက်သာ အနိုင်ရဖို့များပါလိမ့် မည်။ လက်ရှိအာဏာရ ယူအက်စ်ဒီပီပါတီအနေနှင့်မူ အမတ်တစ်နေရာရဖို့ပင် ခက်ခဲကောင်းခက်ခဲနိုင် သည်။

အင်န်အယ်လ်ဒီအနေနှင့် ပြီးခဲ့သော မတ်လက ပထမဆုံးအကြိမ် ပြည်လုံးကျွတ်ကွန်ဂရက်ကြီးကို ကျင်းပခဲ့ ပါသည်။ ပါတီ၏ အင်အားကို စနစ်တကျစုစည်းနိုင်ရန်နှင့် ပါတီခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စား လှယ်လောင်းများ ရွေးချယ် ရာတွင် ထိရောက်ထက်မြက်သော လုပ်ငန်းစဉ်ဖြစ်လာစေရန် ရည်ရွယ်ကျင်း ပခဲ့သော ကွန်ဂရက်ဖြစ်သည်။ သို့တစေ အင်န်အယ်လ်ဒီကွန် ဂရက်မှာ အပြည့်အ၀ အောင်မြင်သည် ဟူ၍ကား မဆိုနိုင်ပါ။ ယခင်က မရှိခဲ့ဖူးသော ဒေါ်အောင်ဆန်း စုကြည်အပေါ် ဝေဖန်မှုများပင် ရှိ သလောက်ရှိ လာသည်။ အထူးသဖြင့် သူမ၏အော်တိုကရက်စတိုင် ခေါင်းဆောင်မှုနှင့်သွေးသစ်များ၊ အိုင်ဒီယာသစ်များကို လက်ခံဖို့ စိတ်အားထက်သန်မှုမရှိစသဖြင့် ဝေဖန်ကြသည်။

ဤသို့ဝေဖန်ခဲ့ကြသူများအနက်တစ်ယောက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့်နီးနီးကပ်ကပ် အလုပ်လုပ် ခဲ့ဖူးသောဒေါ်ခင်လေး ဖြစ်သည်။ ၎င်းက ပါတီတွင်းအခြေ အနေကို ယခုလိုညည်းညည်း ညူညူပြောပြ သည်။ “ဒေါ်စုက တစ်ခုခုပြော လိုက်ရင် အဲဒါပေါ်လစီပဲ။ အိုင်ဒီယာသစ်တွေနဲ့ပတ်သက်ရင် တကယ့် အစစ်အမှန် ဒီဘိတ်လုပ် နိုင်ဖို့ အခွင့်အလမ်းက မရှိ သလောက် ကို နည်းတယ်။ တစ်ခါတလေ ကျွန်မ တို့က ဒေါ်စုကိုဝေဖန်မိရင် ပါတီအပေါ်သစ္စာမရှိဘူး။ အပြောခံရတယ်”

အင်န်အယ်လ်ဒီကို ကျယ်ပြန့်သော အခြေခံပေါ်မှာ စုစည်းညီညွတ်သောပါတီတစ်ရပ် အဖြစ်ပြောင်းလဲနိုင်ဖို့ လိုပါသည်။ သဘောကွဲလွဲမှုများ မဖြစ်စေဘဲ စီးပွားရေး၊ နိုင်ငံခြားရေးနှင့် နယ်ပယ်တိုင်းတွင် ခိုင် မာသောပေါ် လစီများ ချမှတ် ဆောင်ရွက်နိုင်ဖို့ လိုသည်။ ဤအရာများကို ဆောင် ရွက်နိုင်ရန်အချိန်အ များကြီး ရှိတော့သည်လည်း မဟုတ်။ ၂ နှစ်မျှသာ ကျန်တော့သည်။ ဤလုပ်ငန်းတာဝန်များသည်ပင်
ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်မှုအတွက် စမ်းသပ်မှုတစ်ခု ဖြစ်ပါ လိမ့်မည်။

အမြော်အမြင်နှင့် အပေးအယူ

အကယ်၍ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီ အနိုင်ရလျှင်ပင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာ လိမ့် မည်ဟု ဆိုနိုင်ဦးမည် မဟုတ်ပါချေ။ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ သူမကိုသမ္မ တဖြစ် မလာစေရန် တားဆီးထား သည့် ပြဋ္ဌာန်းချက်တစ်ခုရှိသည်။ အထူးသဖြင့် သူမကို ရည်ရွယ်ပြီး သတ်မှတ်ထားသော ပြဋ္ဌာန်းချက်ဟူ၍ပင်ဆိုနိုင်သည်။ (ပုဒ်မ ၅၉၊ ပုဒ်မခွဲ - စ-ဖြစ်ပါသည်)ဤပြဋ္ဌာန်း ချက်အရ ဇနီးခင်ပွန်းဖြစ်စေ၊ သားသမီး ဖြစ်စေ၊ နိုင်ငံခြားသားဖြစ်လျှင် အဆိုပါ ပုဂ္ဂိုလ်အနေနှင့် သမ္မတ(သို့မဟုတ်) ဒုတိယသမ္မတဖြစ်ခွင့် မရှိပါချေ။ ဒေါ်အောင်ဆန်းစုကြည်မှာ အင်္ဂလိပ်လူမျိုး မိုက်ကယ်အဲ ရစ်(၁၉၉၉ ခုနှစ်က ကွယ်လွန်)နှင့် လက်ထပ်ခဲ့ပြီး ဗြိတိသျှပတ်စ်ပို့ ကိုင်ထားသော သားနှစ်ယောက် ထွန်းကား ခဲ့သည်။

အင်န်အယ်လ်ဒီအနေနှင့်မူ အဆိုပါ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ဘယ်တုန်းကမှ လက်မခံခဲ့သလို ဤ ဥပဒေပြင်ဆင် နိုင်ရေးအတွက်လည်း ရွေးကောက်ပွဲမဲဆွယ်ကာလကတည်းက ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်သည်။ သို့နှင့်တိုင် တပ်မတော်ဘက်ကမူမည်သို့သော ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကိုမဆို ပယ်ချမည့်သဘောရှိနေသည်။ သို့တစေ ယခုနောက် ပိုင်းစိတ်ဝင်စားဖို့ ကောင်း လာသည်မှာ တပ်မတော်ကိုယ်တိုင်က စိတ်ပြောင်းချင်ပြောင်းလာနိုင်သည့် အနေအထားဖြစ်ပါသည်။

တပ်မတော်ကိုယ်ပွားတစ်ခုဟု ဆိုနိုင်သော ဦးရွှေမန်းဦးဆောင်သည့် ယူအက်စ်ဒီပီအနေနှင့်မူ ၂၀၁၅ ခုနှစ်တွင် အရှိန် အဟုန်နှင့် မောင်းနှင်လာတော့မည့် အင်န်အယ်လ်ဒီ ယန္တရားကြီးကို တားဆီးနိုင်လောက် မည့် တစ်ခုတည်းသောနည်းလမ်း မှာ လက်ရှိရွေးကောက်ပွဲစနစ်ကိုပြောင်းပြီး “အချိုးကျကိုယ်စားပြုစနစ်” (PR စနစ်)နှင့် အစားထိုးဖို့သာ ဖြစ်လိမ့်မည်ဟု သဘောပေါက်နားလည်လာကြဟန်ရှိသည်။ ဤနည်းဖြင့် သာလျှင် ယူအက်စ်ဒီပီမှာ လုံးဝဖယ်ရှားခံရနိုင်သည့် အန္တရာယ်မှ (အနိမ့်ဆုံးအားဖြင့်)ရှောင်ရှားနိုင် စရာရှိပါလိမ့်မည်။ ထို့ထက် ပီအာရ်စနစ်၏အောက်တွင် လူနည်းစုပါတီများအတွက်လည်း ပိုအခွင့်သာနိုင် စရာရှိသည်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေက မည်သို့သောရွေးကောက်ပွဲ စနစ်ကျင့်သုံးရမည်ဆိုသည်ကို တိတိပပ သတ်မှတ်ထား သည်တော့ မရှိပါ။ တစ်ခုပဲ ရှိသည်။ အောက်လွှတ်တော်ကို မဲဆန္ဒနယ်တစ်ခု၊ ကိုယ်စားလှယ်တစ်ယောက်ဖြင့် ဖွဲ့စည်းရမည် ဟုဆိုထားရာ ပီအာရ်စနစ်ကို ကျင့်သုံးတော့မည်ဆိုလျှင် လက်ရှိအခြေခံဥပဒေကို တစ်စုံတစ်ရာပြင်ဖို့ လိုပါလိမ့်မည်။ ပြီးခဲ့သည့် မတ်လက ပါလီမန်တွင် ယူအက်စ်ဒီပီက အခြေခံဥပဒေကို ပြန်လည်စိစစ်ရန်လွှတ်တော် ကော်မရှင်တစ်ရပ် ဖွဲ့စည်းဖို့ အဆိုပြုခဲ့ပါ သည်။ ဘာကြောင့်ဤသို့ စိစစ်ဖို့လိုသည်ဆိုသည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါ။ ယူအက်စ်ဒီပီ အနေနှင့် လက်ရှိအခြေခံဥပဒေကို ပြင်လိုလျှင် လွှတ်တော်တွင် နေရာအများစုရထားသောလက်ရှိ အချိန်သာ အကောင်းဆုံး ဖြစ်သည်ကိုမူ လူတိုင်းရှင်းရှင်းလင်းလင်း သိနိုင်ပါသည်။

လူမျိုးစုပါတီများဖြစ်သော ကရင်၊ ချင်းနှင့် ရှမ်းပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် အခြား ပါတီငယ်များကလည်း ပီအာရ်စနစ်ကို ထောက်ခံမည့်ပုံရှိသည်။ လူမျိုးစုပါတီတော်တော်များများအနေနှင့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ယူအက်စ်ဒီပီ အပြတ်နိုင်ခဲ့သလို ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် လည်း အင်န်အယ်လ်ဒီ အပြတ်နိုင်သွားနိုင်မည်ကို စိုးရိမ်မကင်းဖြစ်နေကြဟန် ရှိသည်။ သူတို့အမြင်တွင် အဆိုပါ ပါတီကြီးနှစ်ခုလုံးမှာ ဗမာ လူမျိုးစုအကျိုးစီးပွားကိုသာ ကိုယ်စားပြုကြသည်ဖြစ်ရာ အပြည့်အ၀မ ယုံကြည်နိုင် ကြပါချေ။ လူမျိုးစုပါတီများစုပေါင်းပြီး ဖက်ဒရယ်ပါတီ ကို ပါတီသစ် တစ်ရပ်ဖွဲ့စည်းဖို့ ညှိနှိုင်းပြောဆိုနေကြသည်များလည်း ရှိသည်။ ဤသို့သော တပ်ပေါင်းစု မျိုးဖြင့်သာ အင်န်အယ်လ်ဒီနှင့် ယူအက်စ်ဒီပီတို့ကို စိန်ခေါ်နိုင်မည်ဖြစ်သလို ပီအာရ်စနစ်အောက်တွင် ပို၍ အောင်မြင်မှုရလိမ့်မည် ဟု ယူဆထားကြဟန် ရှိပါသည်။

ပြောရလျှင် အခြေအနေမှာ ဘာတစ်ခုမှ ကံသေကံမမဆိုသာသည့် စွန့်စားမှုနှင့် အရင်းတည်ကြရမည့် အနေအထားဟု ဆိုကြရမည့် သဘောရှိသည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအ တွက်တားဆီးပိတ်ပင်ထားသော ပြဋ္ဌာန်းချက်ကိုသာ ဖယ်ရှား ပေးလျှင် အင်န်အယ်လ်ဒီဘက်မှ လည်း အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပီအာရ်စနစ်ကို လက်ခံကောင်း လက်ခံပါလိမ့်မည်။ နေပြည်တော်တွင် “လိမ္မာပါးနပ်သော နိုင်ငံရေး အပေးအယူ”တစ်ခု ရှိလာလေမည်လားမှန်းဆရပါသည်။

ရေးသားသူ- ကျော်ဝင်း
7Day News Journal

မန္တလေးနှင့်ချင်းတွင်း တို့၏ နှိုင်းယှဉ်အလှ



 ဆည်တော်ရွာသို့အသွား ရှုခင်း၊ မန္တလေးတိုင်းဒေသကြီး
 (Travel to Sal Taw, Mandalay)


  ချင်းတွင်းမြစ်တစ်နေရာ
 (One place at Chindwin River)

ချင်းတွင်းမြစ်တစ်နေရာမှ သဘာဝကျောက်နံရံ 
(Natural Stone Wall at Chindwin River)

Sunday, June 16, 2013

မြန်မာနိုင်ငံ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အကြံပြုချက်


http://www.thesolutionsjournal.com/node/971 (2009 Kyaw Kyaw Winn, Courtesy of Photoshare)

 မြန်မာနိုင်ငံ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အကြံပြုချက်

မည်သူမှန်သည် မည်သူမှားသည်မငြင်းလိုပါ။သို့သော် အယူအဆများသည် အချိန်နှင့်အမျှပြောင်း လဲနေမည်သာ။ သို့သော်ယုံကြည်ချက်နှင့် ရပ်တည်ချက်မပြောင်းလဲ ဖို့တော့လိုလိမ့်မည်။ စီးပွားရေးလုပ်ငန်းများကို လည်းထောက်ကူပေးရမည်။

ပြည်သူများအလုပ်အကိုင်ရရှိမှုဟာအဲဒီနိုင်ငံရဲ့စီးပွားရေးကြံ့ခိုင်မှုကို သရုပ်ဖော်တယ်။ ပြည်တွင်းစီးပွားရေး လုပ်ငန်းများ ကိုရောပြည်ပမှပါလာရောက် ရင်းနှီးမြှပ်နှံမယ့်လုပ်ငန်းများကိုပါ အကာအကွယ်ပေးဖို့လို တယ် နိုင်ငံသားများ အလုပ်အကိုင်ရရှိမှုနှင့် နိုင်ငံတွင် စီးပွားရေးလုပ်ကွက်ခွင်အသစ်များပေါ်ထွန်းလာရေး သည်အရေးကြီးသည်။

တစ်ခါတစ်ရံတွင်ပြည်တွင်းက လုပ်ငန်းရှင်များနှင့် မလုံလောက်ပြည်ပမှ လုပ်ငန်းရှင်များ၏ အားလည်းလို အပ်သည်။

ပြည်ပမှ စိုက်ပျိုးရေးလုပ်ငန်းများနှင့်ပေါင်းပြီး စပါးစိုက်ပျိုးရေးကိုဆောင်ရွက်ဖို့လိုတယ်။ဆိုလိုတာကလယ် သ မားတွေဆီက လယ်သိမ်းယူဖို့မပြောပါ။
ကျေးရွာနှင့် လုပ်ငန်းများကို ဖက်စပ်လုပ်ဖို့ပြောတာ။ လယ်သ မားတွေပါတဲ့ လယ်သမားအဖွဲ့တွေနဲ ပြည်ပလုပ်ငန်းပေါင်းပြီးလုပ်ဖို့ကိုဆိုလိုတာပါ။ အစိုးရကလည်းပါရ မယ်။  နိုင်ငံရေးသမားတွေလည်းပါရမယ်။လယ်သမားတွေလည်းပါရမယ်။

လယ်ယာကဏ္ဍတိုးတက်ဖို့ရာမှာ နိုင်ငံမှာလယ်ယာရယ်၊ဆန်စက်ရယ်၊ဓာတ်မြေသြဇာ စက်ရုံတွေ ရယ်၊ export & import လုပ်ငန်းတွေရယ်၊ ဘဏ်တွေရယ်၊ သယ်ယူပို့ဆောင်ရေး logistic လုပ်ငန်းတွေရယ်၊ သယ် ယူ ပို့ဆောင်ရေးရယ် ၊ရေပေးဝေမှုစနစ်ရယ် ၊ခေတ်မီ ဆန်စပါးသုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းတွေ
ရယ်အားလုံးကောင်းဖို့လိုတယ်။ကောင်းအောင်လည်းမဟာဗျူဟာ ကျကျဖော်ဆောင်ရမယ်။ ဒီလိုမှ မဟုတ်ရင် ဘယ်လိုမှ ပြိုင်ဘက်နိုင်ငံတွေကို မယှဉ်ပြိုင်နိုင်ဘူး။
ူု
Michal Poter ရဲ့ Porter Diamond Theoryကို မှီငြမ်းသည်။

အောင်နိုင်မော်
စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ(BBA)
ရန်ကုန်စီးပွားရေးတက္ကသိုလ်

Thursday, June 13, 2013

My Quote

Enjoy with Diversity,

Building Peace,

For Our People,

In Myanmar. 

Future Myanmar 2015?

လက်ရှိသမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

်Sal Taw Stream, Sal Taw Village, Mandalay, Myanmar (ဆည်တော်ရွာရှိ ဆည်တော်ချောင်း ရှုခင်း၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့)


မိမိကိုယ်ကို တည်ဆောက်ခြင်းနှင့် နိုင်ငံသားတို့အတွက် ပြင်ဆင်သင့်သည်များ အနာဂတ်------- နိုင်မော်

(ဤဆောင်းပါးကို https://www.facebook.com/pages/Citizen-Journalist/596250010394813 တွင်းလည်းဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျာ)
-----------------------------------------------------------------------------------------------------------------
" မိမိကိုယ်ကိုကောင်းအောင်ကြိုးစားမည်
မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်
မိမိတိုင်းပြည်အတွက်ကောင်းအောင်ကြိုးစားမည်………………….. "
ဤသည်ကား ခေတ်ကာလတစ်ခုက ကြွေးကြော်သံအဖြစ်ရှိခဲ့ပါသည်။ အဆိုပါ ကြွေးကြော်သံသည် အမှန်ပင်ဖြစ်ပါသည်။ အဆိုပါ စကားကို ဆင်ခြင်ကြည့်ပါက နိုင်ငံတစ်နိုင်ငံကို ဦးဆောင်မည့်သူဖြစ်ဖြစ် လူ့အဖွဲ့အစည်းတစ်ခုကို ကယ်တင်မည့် သူပဲဖြစ်ဖြစ် ထိုသူသည် တကယ်တမ်း ကူညီချင်ပါက ရှေးဦးစွာ ထိုသို့ ကူညီနိုင်စွမ်းရှိအောင် မိမိက အဆင်သင့်ပြင်ထားဖို့လိုသည်။ ကမ္ဘာပေါ်တွင် ခေါင်းဆောင်တိုင်းသည် မိမိတိုင်းပြည် မိမိလူမျိုးကောင်စားရေးအတွက် မိမိကိုယ်တိုင် စွန့်လွှတ်အနစ်နာခံ ဆောင်ရွက်ခဲ့ကြသည်။ နိုင်ငံခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ဂျပန်နိုင်ငံသို့ သွားရောက်ပြီး စစ်ပညာသင်ယူခဲ့သလို နိုင်ငံခြားသားများနှင့် တန်းတူရင်ဘောင်တန်း ပြောဆိုနိုင်အောင် လည်းကြိုးစားခဲ့ရပါသည်။
အောင်ဆန်းစုကြည်သည် မိမိနှင့် မိသားစုတို့ကို စွန့်လွှတ်ကာ ဒီမိုကရေစီအတွက် လူထုရှေ့မှ ရပ်တည်ပေး ခဲ့သည်။
သူတို့၏ ဆောင်ရွက်ချက်များကြောင့် ကမ္ဘာက အသိအမှတ်ပြုကြပြီး အားလုံးက ကြိုဆိုလေးစား လျက်ရှိကြသည်။ တောင်အာဖရိက ခေါင်းဆောင်ကြီး နယ်ဆင်မဲန်ဒဲလား၊ အိန္ဒိယ ခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဒီ ၊ အမေရိကန် သမ္မတကြီး အေဘရာ ဟန်လင်ကွန်း တို့သည်လည်း မိမိတို့ ၏နိုင်ငံနှင့် လူမျိုး အကျိုးအတွက် မဆောင်ရွက်မီ မိမိနိုင်ငံနှင့် လူမျိုးအကျိုးကို ဆောင်ရွက်နိုင်အောင် ရှေးဦးစွာ ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြသည် ချည်းဖြစ်သည်။
ကျွန်တော်တို့ လူငယ်များသည်လည်း မိမိနိုင်ငံနှင့် လူမျိုး အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက် လိုပါ က ယခု အချိန်တွင် အခြားသူများ ယောင်တိုင်း ရောယောင်ပြီး တောင်စဉ်ရေမရ လုပ်ဆောင်မနေပဲ မိမိ ဆောင်ရွက်လိုသည့် လုပ်ငန်းနယ်ပယ် တစ်ခုကို ရွေးချယ်ပြီး ရည်မှန်းချက်တစ်ခု ထားရှိကာ ကြိုတင်ပြင် ဆင် ဆောင်ရွက်သင့်ပါသည်။ မိမိလုပ်ဆောင်လိုသည့် လမ်းကြောင်းအတိုင်း တစ်စိုက်မတ်မတ် ဆောင်ရွက်နိုင်ပါက မည်သူမဆို တစ်နေ့နေ့တစ်ချိန်ချိန်တွင် မိမိသွားချင်သည့် ပန်းတိုင်ကို ရောက်ရှိမည်သာ ဖြစ်သည်။ တိုင်းပြည်နှင့် လူမျိုးအကျိးအတွက် မိမိခံစားခွင့်များကိုစွန့်လွှတ်ကာ နေ့မအား ညမနား လုပ်ဆောင်နေသူများ အားလုံးကို အခြားသူများကလည်း ကူညီကြစမြဲဖြစ်ပါသည်။ နှုတ်ပြောသာ ရှိပြီ လက်တွေ့လုပ်ဆောင်မှု မရှိသူကို မည်သူကမျှ ကူညီနိုင်ကြလိမ့်မည်မဟုတ်ပါ။ နိုင်ငံတစ်နိုင်ငံကို တည်ဆောက် မွမ်းမံရာတွင်ပဲ ဖြစ်ဖြစ် မိမိလူမျိုးကို ဒုက္ခတွင်းထဲမှ ကယ်တင်ချင်သူပဲဖြစ်ဖြစ်ထိုသို့ ကယ်တင် နိုင်စွမ်းရှိအောင် လိုအပ်သော စွမ်းအားများကို ဖြည့်စွမ်းထားသင့်ပေသည်။ ထိုသို့သော စိတ်ဓာတ် ကိုယ်ခံအားဖြင့် ကြိုးစားဆောင်ရွက် ဆောင်ရွက်သော လူသားများကြောင့်သာ ကျွန်တော်တို့ လူသားများသည် လက်ရှိတွင် အဆင့် အတန်းမြင့်သော လူသားမျိုးဆက်တစ်ခုအဖြစ် ရပ်တည်နိုင်ခြင်းဖြစ် သည်။ ကျွန်တော်တို့ ရှေ့ကဘိုးဘွားများကြောင့်သာ ကျွန်တော်တို့လို မျိုးဆက်သစ်များ အဆင့်တစ်ခုအဖြစ် ရပ်တည်နိုင်ခြင်းဖြစ်သည်။ ဒီလိုပါပဲ ကျွန်တော်တို့က ရှေ့ဆက်ပြီး မကြိုးစားလျှင် နောင်လာနောက်သားများ အဘယ်နည်းဖြင့် ကျွန်တော်တို့ထက်မြင့်သော အဆင့်သို့ရောက်နိုင်ပါမည်နည်း စဉ်းစားကြည့်ကြဖို့ လိုအပ်ပါသည်။
ကျွန်တော်တို့၏ အနာဂတ်သည် ကျွန်တော်တို့လက်တွင်း တွင်သာရှိပါသည်။ ကိုယ်လက်ဝယ် ပိုင်ဆိုင်ထားသော ပစ္စုပ္ပန် အချိန်လေးကို အကျိုးရှိအောင် မလုပ်ဆောင်သွားပါက ကျွန်တော်တို့ အနာဂတ်သည် ကျွန်တော်တို့ မလိုချင်သော အရာများဖြင့် စိတ်ဆင်းရဲစွာ နေထိုင်သွားနိုင်စရာ အကြောင်း ရှိပါသည်။ ကျွန်တော်တို့ မလိုချင်သော အရာများမရဘဲ ကျွန်တော်တို့လိုချင်သော အရာများကိုသာ ရရှိဖို့ဆို ပါက ကျွန်ုပ်တို့ကိုယ်တိုင် ကောင်းသောအလုပ်များကိုလုပ်ခြင်းဖြင့် ကျွန်တော်တို့လိုချင်သော အရာများရအောင် စနစ်တကျဖော်ဆောင်သွားကြရမည်သာ ဖြစ်ပါသည်။ ကျွန်တော်တို့က ငြိမ်းချမ်းချစ်ကြည်မှုများဖြင့် ထုံးမွမ်းအပ်သော လူ့အဖွဲ့အစည်းကို တည်ဆောက်မည်ဆိုပါက ကျွန်တော်တို့က ချစ်ကြည်ကြောင့် ကျင့်စဉ်များဖြင့် ကျင့်သုံးဆောင်ရွက်ရမည်ဖြစ်ပါသည်။ ငြိမ်းချမ်းရေးကို လိုချင်သောလည်း အချင်းချင်း တိုက်ခိုက်ဖျက်ဆီးမှုကို မစွန့်လွှတ်နိုင်သေးပါက မည်သည့်နည်းနှင့်မှ ကျွန်တော်တို့ လိုချင်လှပါသည်ဆိုသည် ချစ်ကြည်ရေး ငြိမ်းချမ်းရေးတို့သည် ရနိုင်ပါမည်လော စဉ်းစားကြည့်ကြဖို့ အထူးလိုအပ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့နိုင်ငံအတွက် ကျွန်တော်တို့ အပေါ်တွင်သာတာဝန်ရှိနေပါသည်။ ကျွန်တော်တို့ မျက်မှောက်အချိန်တွင် လုပ်ဆောင်နေသော ကိစ္စရပ် အဝဝတို့သည် ကျွန်တော်တို့ပေါ်တွင်သာ လုံးဝတာဝန်ရှိနေပြီး ယခုပြုသမျှ၏ အကျိုးဆက်ကို နောင်အနာဂတ်ကို သက်ရောက်မှု ရှိနိုင်သည်ဖြစ်သောကြောင့် အနာဂတ်ကောင်းစေရန် မိမိလုပ်ဆောင်ပြုမူ ပြောဆိုသမျှကို ရှေ့နောက်ဆင်ခြင် တွေးတောကာ အနာဂတ်လှအောင် လုပ်ဆောင်ကြပါဟု တိုက်တွန်း လိုက်ရပါသည် ခင်ဗျား။

နေ့သစ်အတွက် အတွေးသစ်များ



" မနက်ကောင်းကင်ကြီးရှေ့ဆီမှ ရောင်နီအလင်းများ ရောက်တဲ့အခါ …………….."
          အဆိုပါ သီချင်းစာသားလေးက ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်သော စာသာ ဖြစ် သော် လည်း ကျွန်ုပ်အတွက်မူ နေ့သစ်အတွက် အားမာန်များဖြစ်စေပါသည်။ ကျွန်တော်တို့ လူသားများသည် နေ့စဉ် နေ့တိုင်း မနက်အာရုဏ်တက်ပြီ ဆိုသည်နှင့် တစ်ပြိုင်နက် ဘဝရပ်တည်ရေး၊ ဘဝရည်မှန်းချက်တို့အတွက် လုပ်ငန်းခွင်ကိုယ်စီသို့သွားရောက်ကြရသည်။ အချို့ကလည်း ပညာရှာမှီးဖို့အတွက် ကျောင်းစာသင်ခန်း များဆီ သို့ သွားရောက်ကြရသည်။ ဤသို့ဖြင့် လူသားအသီးသီးတို့သည် မိမိတို့တာဝန် မိမိတို့ထမ်းရင်း လောကအတွက် အလှဆင်နေကြပေသည်။
ဤသို့လုပ်ဆောင်ကြရာတွင် အချို့က မိမိတို့၏ တာဝန်၊ လုပ်ငန်းဆောင်တာများကို တက်ကြွစွာ လုပ်ကိုင်ကြသည်များရှိသလို အချို့ကလည်း ညည်းငွေ့စွာ ဆောင်ရွက်ကြခြင်းများလည်း ရှိကြပါသည်။ မည်သို့ ပင်ဆောင်ရွက်ကြသည်ဖြစ်စေ လူသားအားလုံးတို့သည် ကိုယ့်တာဝန်ကိုယ်ကျေပွန်ကြရမည်သာ ဖြစ်သည်။ မကျေပွန်ပါက ရရှိမည့်ရလာဒ် ကောင်းကျိုးဆိုးကျိုးများကို ရရှိခံစားကြရမည် ဖြစ်ပါသည်။ များသောအားဖြင့် လုပ်ငန်းတာဝန်များကို တက်ကြွစွာ အားမာန်အပြည့် ဖြည့်သွင်း၍ဆောင်ရွက်ကြသူများသည် လုပ်ငန်းခွင်တွင် အခြားသူများသို့လည်း တက်ကြွစေရန် အင်အားများဖြည့် စွမ်းပေးသည်။ တက်ကြွသော လူသားတစ်ဦးကို မြင်လိုက်ရသော သူတစ်ဦးသည် အဆိုပါ လူသား၏ တက်ကြွမှုကို ကြည့်ရှုပြီး အားမာန်များ၊ အားကျမှုများရရှိ လာမည်ဖြစ်သည်။ ထိုမှတစ်ဆင့် လုပ်ငန်းခွင်တစ်ခုလုံးရှိ လူသားများ အသီးသီးသို့ တက်ကြွမှုများ ရရှိစေအောင် ဆောင်ကြဉ်းပေးနိုင်ခဲ့လျှင် အောင်မြင်တိုးတက်မှုများ ပြည့်လျှမ်းနေသော အစဉ်ကောင်းမွန်သော အကြံကောင်းဥာဏ်ကောင်းများ ဖြည့်စွမ်းပေးနိုင်သော လန်းဆန်းတောက်ပနေသော လုပ်ငန်းခွင် မလွဲမသွေဖြစ် နိုင်ပါလိမ့်မည်။
လုပ်ငန်းခွင်များ၏ အနှစ်သာရသည် စုပေါင်းစွမ်းအားနှင့် စိတ်ကောင်းစေတနာကောင်းရှိသော၊ ကိုယ်ကျိုးမဖက်သော လူသားများ၏ အတွင် အဇျတ္တ သန္တာန်တွင် ကိန်းအောင်းနေပါသည်။ အဆိုပါ အနှစ်သာရ ကောင်းများသည် အကျိုးအမြတ်အဖြစ်ပေါ်ထွက်လာနိုင်ဖို့ဆိုပါက တစ်မိုးအောက်တွင်နေထိုင်ကြသော လူသားများ အချင်းချင်း တူညီသော ရည်ရွယ်ချက်နှင့် ခိုင်မာသော စိတ်ဆန္ဒ၊ အချောင်မခိုတတ်သော အလေ့အထများ ရှိဖို့လိုအပ်ပါသည်။ ကောင်းသော အလေ့အထတစ်ခုသည်အခြားသူများ ထံသို့ကူးစက်နိုင် သကဲ့သို့ မကောင်းသော အလေ့အထတို့သည်လည်း ကူးစက်တတ်သော သဘောရှိပါသည်။ နောက်လာမည့် မျိုးဆက်သစ်များ၊ လူသစ်များကို မည်သို့သော အကျင့်များဖြင့် လုပ်ငန်းခွင် တွင်ဆောင်ရွက်လုပ်ကိုင်စေလိုပါသ နည်း။ ကျွန်တော်အနေဖြင့် ပြောရမည်ဆိုပါက နောက်လာမည့် လူသားများအား ကောင်းသောအကျင့်များ၊ မွန်မြတ်သော အကျင့်ကောင်းများဖြင့် ဝင်ရောက်လာမည့် အနာဂတ်၏ ကြယ်ပွင့်များ ဖြစ်ရမည်ဟု စိတ်ကူး ဆောင်ရွက်သင့်ပါသည်။
ထိုသို့သော သဘောထားများ ထားရှိနိုင်ခြင်း၊ မထားရှိနိုင်ခြင်းသည် လူသားတစ်ဦး အနေဖြင့် မည်မျှအထိ ခေါင်းဆောင်ကောင်းပီသသည်/ မပီသသည်ဟူသည့် အပေါ်တွင်သော်လည်းကောင်း၊ လူတစ်ဦး၏ အကောင်းမြင်မှု/ အဆိုးမြင်မှုစသည့် အချက်စိတ်နေသဘောထားများ ပေါ်တွင်လည်းကောင်း မူတည်နေပါ သည်။
မိမိတို့တစ်ဦးချင်းစီ အနေဖြင့် ကြိုတင်မျှော်မြင်ပြီး နောင်မျိုးဆက်များ၊ လူသစ်များအတွက်စဉ်းစား ကြဖို့လိုအပ်ပါသည်။ ဥပမာ နှိုင်းယှဉ်ရပါက "ကျွန်တော်တို့သည် မိမိတို့၏ တာဝန်ကိုလည်း ပြီးမြောက်အောင် ဆောင်ရွက်ရ၏၊ နောက်လူများအတွက်လည်း စဉ်းစားရ၏၊ ရှေ့ကဆောင်ရွက်ခဲ့ကြသော ဆရာသမားများ ဖော် ဆောင်ခဲ့သော အဖွဲ့အစည်းကိုလည်း ရေရှည်ခိုင်မြဲစေရန် ဆောင်ရွက်ရ၏" ဟူသော အချက်သုံးချက်ကို နှလုံး သွင်းမှတ်သား သင့်ပါသည်။
အရိပ်နေနေ အခက်ချိုးချိုး အပြုအမူများကိုလည်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။ နေ့သစ်တစ်ခုကို စိတ်ကောင်းနှလုံးကောင်းဖြင့်စတင် နိုးထပြီး နေ့သစ်တိုင်းနေ့သစ်တိုင်းကို ပိုမိုကောင်းမွန်လာစေရန်နှင့် မိမိ၏ တာဝန်နှင့် ဝတ္တရားများကိုပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်စေရန် မိမိလုပ်ဆောင်သမျှကို အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူသော ကာလသုံးပါးနှင့် ယှဉ်၍ ကောင်းမွန်သော အတွေးအခေါ်၊ အပြောအဆို၊ လုပ်ကိုင် ဆောင်ရွက်မှုများဖြင့် ရှေ့သို့ လျှောက်လှမ်းကြပါစို့ဟု ရေးသားဖော်ပြလိုက်ရပါသည်။

Sunday, June 9, 2013

ကျွန်တော်ဟုမ္မလင်းကရာဘာခြံတစ်ခုမှာရိုက်ခဲ့တဲ့ပုံပါ(နွေအလှ)


သူငယ်ချင်းထံပေးစာ




ဟေ…သူငယ်ချင်း
မင်းတို့ ငါတို့ဟာ အယူအဆတွေ မတူပေမယ့်
ငါတို့ဟာ ဒီမြေမှာ မွေးခဲ့သူတွေပါ။
သူငယ်ချင်း
မင်းတို့ ငါတို့ဟာ ကျင်လည်ရာ နယ်ပယ်တွေ မတူပေမယ့်
ငါတို့ဟာ ပြည်သူတွေပါပဲ။
သူငယ်ချင်း
မင်း မြန်မာပြည်ကို ချစ်သလို
ငါလည်း မြန်မာပြည်ကို ချစ်ပါတယ်။
သူငယ်ချင်း
တည်ဆောက်ရေးမှာ မင်းမရှိလို့ မဖြစ်သလို
ငါတို့တွေ မရှိလို့လည်း မဖြစ်ပါဘူး။
သူငယ်ချင်း
တိုင်းပြည်ကို တည်ဆောက်မယ်လို့ပြောနေတဲ့ မင်းမှာ
မင်းရဲ့ စိတ်ဓာတ်လေးကိုတော့
နည်းနည်းပြုပြင်ဖို့ လိုနေသေးတယ်။
သူငယ်ချင်း
တိုင်းပြည်ကို ဦးဆောင်တယ်ဆိုတာ
 မင်းဦးဆောင်မှ ကောင်းမှာမဟုတ်သလို
ငါဦးဆောင်မှ ဖြစ်မယ်ဆိုတာ မျိုးလည်း မရှိပါဘူး။
သူငယ်ချင်း
ဒါ့ကြောင့် နိုင်ငံတည်ဆောက်တဲ့ ပွဲဆိုတာ
မင်းတစ်ယောက်တည်း မူပိုင်မဟုတ်သလို
ငါတို့တွေရဲ့ ပိုင်ဆိုင်မှု လည်းမဟုတ်ပါဘူး ။
ပြည်သူတစ်ရပ်လုံးနဲ့ ဆိုင်တဲ့ပွဲပါ………………..။  
သူငယ်ချင်း
ငါတို့တွေရဲ့ နိုင်ငံဆိုတာ ငါတို့မပိုင်ပါဘူး
နောင်လာမယ့် မျိုးဆက်သစ်တွေဆီက
သူတို့ မလာခင် ခဏထိန်းသိမ်းထားပေးတာပါ။
သူငယ်ချင်း
မင်းဒီသဘောကိုနားလည်ရင်
ငါတို့တိုင်းပြည်အတွက် စိတ်အေးရပါပြီကွာ
ချစ်စွာသော သူငယ်ချင်း။

Recent Activities of life