Sunday, July 15, 2012
သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် လူတစ်ဦးချင်းလွတ်လပ်ခွင့်
မီဒီယာလွတ်လပ်ခွင့်ရှိဖို့လိုတယ်။ဒါပေမယ့်လူတစ်ဦးစီရဲ့Right ကိုအလေးထားရမယ်။ကိုယ်ဖော်ပြလိုက်တဲ့ လူတွေရဲ့သိက္ခာကိုစောင့်ရှောက်ရမယ်။လူတစ်ဦးစီရဲ့လွတ်လပ်ခွင့်ကိုထိပါးရင်တော့ မီဒီယာဟာ နာမည်ကောင်းရမှာမဟုတ်ဘူး။
Monday, July 9, 2012
ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် တရားဥပဒေစိုးမိုးရေး
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ အုပ်ချုပ်သူနဲ့ ပြည်သူတွေကြားမှာ
သဘောတူချုပ်ဆိုထားတဲ့ ပဋိညာဉ်ပါပဲ။
အခြေခံဥပဒေထဲမှာ
နိုင်ငံတော်ရဲ့ဖွဲ့စည်းပုံ၊နိုင်ငံတော်အကြီးအကဲ၏ တာဝန်နှင့်
ဝတ္တရားများ၊ရွေးကောက်ပွဲများ၊အာဏာခွဲဝေမှု၊နိုင်ငံသူနိုင်ငံသား
များ၏ အခွင့်အရေးနှင့်ရပိုင်ခွင့်များ၊လူထုဆန္ဒခံယူပွဲများ အစရှိသည်
များကိုရေးသားပြ ဋ္ဌာန်းထားသည်။အချို့နိုင်ငံများ တွင်မူ အခြေခံဥပဒေကို
မရေးသားသော်လည်း စနစ်ကျမှုရှိသည်။ (ဥပမာ-United Kingdom)
မြန်မာနွေဦး
မြန်မာနိုင်ငံတွင် ဒီမိုကရေစီရွေးကောက်ပွဲများကို ၂၀၁၀ခုနှစ် နိုဝင်လာ၇ရက်နေ့ တွင်ကျင်းပခဲ့ပြီး စစ်ဘက်မှ လူဝတ်လဲလာသော ပုဂ္ဂိုလ်များပါဝင်သော ကြံ့ခိုင်ရေးပါတီမှလူအများစုအနိုင်ရလာသည်။
၂၀၁၁မတ်လတွင် လွှတ်တော်ကျင်းပပြီး ဦးသိန်းစိန်အား နိုင်ငံတော်သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခဲ့သည်။
နိုဝင်ဘာလတွင် မြန်မာအတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ
လွတ်မြောက်လာသည်။
၂၀၁၁ခုနှစ် ဇူလိုင်လ တွင် သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခဲ့သည်။
မြန်မာ့လယ်ယာကဏ္ဍတိုးတက်ရေး အကြံပြုချက်
မည်သူမှန်သည် မည်သူမှားသည်မငြင်းလိုပါ။သို့သော် အယူအဆများသည် အချိန်နှင့် အမျှပြောင်း လဲနေမည်သာ။ သို့သော်ယုံကြည်ချက်နှင့် ရပ်တည်ချက်မပြောင်းလဲ ဖို့တော့လိုလိမ့် မည်။ စီးပွားရေး လုပ်ငန်းများကို လည်းထောက်ကူပေးရမည်။
ပြည်သူများအလုပ်အကိုင်ရရှိမှုဟာအဲဒီနိုင်ငံရဲ့စီးပွားရေးကြံ့ခို ငမှုကို သရုပ်ဖော်တယ်။ပြည်တွင်း စီး ပွားရေးလုပ်ငန်းများ ကိုရောပြည်ပမှလာရောက်ရင်းနှီးမြှပ်နှံမယ့်လုပ်ငန်းများကိုပါ အကာအကွယ်ပေး ဖို့လိုတယ်နိုင်ငံသားများ အလုပ်အကိုင်ရရှိမှုနှင့် နိုင်ငံတွင် စီးပွားရေး လုပ်ကွက် ခွင်အသစ်များ ပေါ်ထွန်း လာရေးသည်အရေးကြီးသည်။
တစ်ခါတစ်ရံတွင်ပြည်တွင်းက လုပ်ငန်းရှင်များနှင့် မလုံလောက်ပြည်ပမှလုပ်ငန်းရှင်များ၏ အားလည်း လိုအပ်သည်။
ပြည်ပမှ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပေါင်းပြီး စပါးစိုက်ပျိုးရေးကိုဆောင်ရွက်ဖို့လိုတယ်။ဆိုလို တာက လယ်သမားတွေဆီက လယ်သိမ်းယူဖို့မပြောပါ။ကျေးရွာနှင့် လုပ်ငန်းများကို ဖက်စပ်လုပ်ဖို့ပြောတာ။ လယ်သမားတွေပါတဲ့ လယ်သမားအဖွဲ့တွေနဲ့ ပြည်ပလုပ်ငန်းပေါင်းပြီးလုပ်ဖို့ ကိုဆိုလိုတာပါ။
အစိုးရကလည်းပါရမယ်။နိုင်ငံရေးသမားတွေလည်းပါရမယ်။လယ်သမားတွေလည်းပါရမယ်။
လယ်ယာကဏ္ဍတိုးတက်ဖို့ရာမှာ နိုင်ငံမှာလယ်ယာရယ်၊ဆန်စက်ရယ်၊ဓာတ်မြေသြဇာ စက်ရုံတွေ ရယ်၊export & import လုပ်ငန်းတွေရယ်၊ ဘဏ်တွေရယ်၊ သယ်ယူပို့ဆောင်ရေးlogistic လုပ်ငန်း
တွေရယ်၊သယ်ယူပို့ဆောင်ရေးရယ် ၊ရေပေးဝေမှုစနစ်ရယ်၊ခေတ်မီ ဆန်စပါးသုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းတွေရယ်အားလုံးကောင်းဖို့လိုတယ်။
ကောင်းအောင်လည်းမဟာဗျူဟာကျကျဖော်ဆောင်ရမယ်။ဒီလိုမှမဟုတ်ရင်ဘယ်လိုမှ ပြိုင်ဘက်နိုင်ငံတွေ ကိုမယှဉ်ပြိုင်နိုင်ဘူး။
ူု
Michal Poter ရဲ့ Porter Diamond Theoryကို မှီငြမ်းသည်။
အောင်နိုင်မော်
စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ(BBA)
ရန်ကုန်စီးပွားရေးတက္ကသိုလ်
Subscribe to:
Posts (Atom)
