Friday, August 29, 2014

မတူကွဲပြားမှုများကို စီမံခန့်ခွဲခြင်းနှင့် မြန်မာ့အရေး (အပိုင်း-၁)

ကမ္ဘာပေါ်တွင် ရှိသော နိုင်ငံများကို ကြည့်လျှင် ဘာသာစကားတစ်မျိုး၊ လူမျိုးတစ်မျိုးသာရှိသည့် Mono-ethnic Countires များ လူမျိုးစုပေါင်းများစွာ စုစည်းနေသည့် multi ethnic Countries များစ သည့် ဖြင့် ကွဲပြားစွာ တည်ရှိနေသည်ကို တွေ့ရပါသည်။ ကျွန်တော်တို့ နိုင်ငံ အနေဖြင့် ကြည့်လျှင် လူမျိုးနွယ်စု များစွာ၊ ယုံကြည်ကိုးကွယ် မှုများ၊ မတူညီင်္သော ဘာသာစကားပြောဒေသများ၊ ပထဝီ အနေအထား မတူညီသည့် ဒေသများ၊ နယ်မြေများကို စုစည်းပြီး တည်ထောင်ထားသည့် အရောင်အသွေး စုံသည့် ပြည်ထောင်စု နိုင်ငံတစ်ခု ဖြစ်သည်ဟု လေ့လာသုံးသပ်နိုင်ပါသည်။
လူများစု ဗမာ လူမျိုးများရှိသလို ကချင်၊ ကယာ၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် မျိုးနွယ်စုကြီးများ၊ အဆိုပါ မျိုးနွယ်စုများမှ ဆင်းသက်လာသော (သို့မဟုတ်) အဆိုပါ မျိုးနွယ်စုများတွင် မပါဝင်သော အခြားမျိုးနွယ်ကွဲများဖြင့် အရောင်အသွေးစုံစွာ တည်ရှိနေသည့် နိုင်ငံ ဖြစ်ပါ သည်။
အဆိုပါ လူမျိုးနွယ်များအကြား အာဏာခွဲဝေမှု ကိစ္စ၊ လူမျိုးစု တစ်ခုချင်းစီ၏ (လူနည်းစုဖြစ်စေ၊ လူများစု ဖြစ်စေ) အမှတ်သရုပ်များ နှင့် အခြားသော ရပ်တည်ခွင့်များကို အသိအမှတ်ပြုခြင်၊ လူမျိုးနွယ် စုများ ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို အာမခံချက်ပေးထားခွင့်၊ အခြားသော နိုင်ငံရေးနှင့် အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ အခွင့်အရေးများ၊ စီးပွားရေးဆိုင်ရာ အခွင့်အရေးများ ကို အများနည်းတူ အာမခံချက်ပေး ထားခွင့် တို့ကို သတ်မှတ်ပြဋ္ဌာန်း ပေးရန် အရေးကြီးလာပါသည်။
တစ်ခါတစ်ရံ ဒေသတစ်ခု၏ အမည်နာမကို မှည့်ခေါ် စေရာ တွင် လူများစု ခေါင်းဆောင်များ၊ လူများစု၏ အထိမ်းအမှတ် များကို အစွဲပြု၍ အမည်မှည့်ခေါ်ခြင်းများ (ဥပမာ။ ။ ပြည်နယ်အတွင်းရှိ တံတားများ ၏ အမည်နာမများကို လူမျိုးကြီးများ၏ အမည်နာမများဖြင့် မှည့်တွင်စေသည့် ပုံစံမျိုး)၊ သက်ဆိုင် ရာ ဒေသခံတိုင်းရင်းသားများ၏ သဘောဆန္ဒမပါဘဲ ဒေသတစ်ခုကို အခြားဒေသတစ်ခု၏ နယ်နိမိတ် အ တွင်းသို့ ထည့်သွင်းစီမံခြင်း၊ သဘောဆန္ဒမပါဘဲနှင့် ဒေသတစ်ခုကို အခြားဒေသတစ်ခုမှ ခွဲထုတ်ပြီး သီးခြား အုပ်ချုပ်ရေးကို ဖန်တီးခြင်းများသည် မတူကွဲပြားမှုများရှိနေသည့် နိုင်ငံများတွင် သတိထား လုပ်ဆောင်ရမည့် ကိစ္စဖြစ်ပေသည်။
အချို့သော နိုင်ငံများတွင် အဆိုပါ လူမျိုးစုများ အကြားမျှတသည့် အခွင့်အရေးများ မရှိခြင်းက လူမျိုးတုန်း သတ်ပွဲများ၊ လူမျိုးရေး ပဋိပက္ခများကို မြင့်မားစေခဲ့သည့် (ဥပမာ။ ။ ရဝမ်ဒါနိုင်ငံ)၊ တစ်ခါတစ်ရံ ခွဲထွက်သည့် အနေအထားသည့် ဖြစ်သွားသည့် နိုင်ငံများ (ဥပမာ။         ။ တောင်ဆူဒန် နိုင်ငံ) အနေအထားသို့ လည်း ရောက်ရှိသွားသည့် သာဓကများလည်းရှိသည်။
 ထိုသို့သော ခါးသီးသော အတွေ့အကြုံ များကြောင့် မတူကွဲများမှုများအကြား စည်းလုံးညီညွတ်မှုရှိစွာ၊ (သို့မဟုတ်) ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင် ရန် စဉ်းစားလာကြသည်။ မတူကွဲပြားမှုများကို စီမံခန့်ခွဲရန် စဉ်းစားလာကြပါသည်။ အဆိုပါ အနေအထားကို ဖြေ ရှင်းရန်အတွက် မတူကွဲပြားမှုရှိသော နိုင်ငံများတွင် ဖက်ဒရယ်စနစ် ကိုကျင့်သုံးလာကြပါ သည်။

Thursday, April 17, 2014

ပဋိပက္ခနှင့် အဆင့်အတန်း ခွဲခြားဆက်ဆံမှု (Conflict and Discrimination)




ပဋိပက္ခများ ဆက်လက်ပြန့်ပြန့်စေလိုပါက အဆင့်အတန်း ခွဲခြားမှုကို ဆက်လက်အားပေးပါ။ အဆင့် အတန်း ခွဲခြားခြင်းက သာပဋိပက္ခများကို ပိုမိုအားကောင်းစေသည်။ အဘယ့်ကြောင့်ဆိုသော် ပဋိပက္ခဆိုသော အရာသည် အစုအဖွဲ့များ အကြား အားပြိုင်မှုနှင့် သံသယတို့ ကြောင့် ဖြစ်ပေါ်လာစေတတ်သောအရာ ဖြစ်သော ကြောင့် ဖြစ်ပါသည်။ ကျွန်တော့်အနေဖြင့် ငြိမ်းချမ်းရေး ကို ဖျက်ဆီးပြီး စည်းလုံးညီညွတ်ရေးကို ပြိုကွဲစေတတ် သော ထိုသိုကောင်းကျိုးမပေးတတ်သော အဆင့်အ တန်း ခွဲခြားမှုကို ပြတ်ပြတ်သားသား မည်သူ့မျက်နှာမှ မ ထောက်ဘဲ ဆန့်ကျင်ကြရပေလိမ့်မည်။ ထိုသို့ အဆင့် အတန်း ခွဲခြားမှုကို ဆန့်ကျင်နိုင်မှ လက်မခံကြမှသာ တရားမျှတမှုများဤလူ့ဘောင်လောကတွင် အစဉ်ထွန်းကားနိုင်ပေလိမ့်မည်။
အဆင့်အတန်းခွဲခြားခြင်းသည့် အယုတ်ညံ့ဆုံးသော အနိုင်ကျင့်မှု ဖြစ်သည်။ လူမှုရေးအရ အဆင့် အတန်း ခွဲခြားမှု၊ နိုင်ငံရေး အရအဆင့်အတန်းခွဲခြားမှု၊ လူမှုရေး အရ အဆင့်အတန်း ခွဲခြားမှုများကို အသိရှိရှိ ဆန့်ကျင်နိုင်ဖို့ အထူးလိုအပ်လှပါသည်။ အဆင့်အတန်း ခွဲခြားမှုဟူသည် နိုင်ငံနှင့် လူ့အဖွဲ့အစည်း ထံသို့ ရုပ်ဖျက်ပြီး ဝင်ရောက်လာနိုင်သည်။ အဆင့်အတန်း ခွဲခြားမှုက မွေးထုတ်ပေးလိုက်သော အရာမှာ လူလူချင်း လူဟူ၍ ပင်မမြင်နိုင်သည့် မှားယွင်းသော အမြင်မှောက်မှားမှုနှင့် ပြည်တွင်းစစ်တို့ ပင်ဖြစ်သည်။ ထိုမွေးထုတ်ပေးလိုက်သော ပြည်တွင်းစစ် သန္ဓေသားသည် တစ်ဘို့တည်းသာ ကြည့် တတ်သော သွေး ဆာလောင်နေသော မြေတွင် အချိန်ကြာမြင့်စွာ ရှင်သန်ကြီးထွားနိုင်သည်။ အဆိုပါ သန္ဓေသားကို ဖယ်ရှား ပစ်ဖို့ အဆင့်အတန်းခွဲခြားမှုကို အဦးဆုံး ဖယ်ရှားရမည်။ ခွဲခြားမှုအတွက် ပြဋ္ဌာန်းထားသော ဥပဒေများကို ဖယ်ရှားရမည်ဖြစ်ပြီး တန်းတူညီမျှမှုရှိသော ဥပဒေများဖြင့် အစားထိုးရမည်။ လူမျိုးရေး ခွဲခြား မှုများ ကြောင့် ပြည်တွင်းစစ်နွံတွင်း နစ်နေသော နိုင်ငံများကို ပြန်ကြည့်လျှင် အဆင့်အတန်းခွဲခြားမှု၏ အမှောင်ဘက်အခြမ်းနှင့် အနိဋ္ဌာရုံများကို သင်ခန်းစာယူနိုင်ကြပါလိမ့်မည်။
ထို့အတွက်ကြောင့် ပြည်တွင်းစစ်နှင့် အဆင့်အတန် ခွဲခြားမှုတို့၏ အဆက်အစပ်ကို လူငယ်မျိုး ဆက် သစ်များ နားလည်အောင်ကြိုးစားအားထုတ်ကြရမည်ဖြစ်ပြီး အသိရှိရှိ သတိရှိရှိဖြင့် အဆင့်အတန်း ခွဲခြားမှုများကို လက်မခံကြဖို့ လိုအပ်ပါသည်။ သို့မှသာ တန်းတူညီမျှ ဖြူစင်တဲ့မြေဟူသော အနာ ဂတ် ပြည်ထောင် စု မြန်မာနိုင်ငံတော်သစ် (New Myanmar) ကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း အလေးအမြတ်ပြု  တင်ပြလိုက်ရပါသည်ခင်ဗျား။

Friday, April 11, 2014

သတိရှိဖို့လိုသည်

အမှန်တကယ်တော့ တိုင်းရင်းသားအခွင့်အရေး နိုင်ငံသားအခွင့်အရေး ဆိုပြီး ခွဲခြားပြောနေတာကို က လူလူချင်းရန်တိုက်ပေးနေခြင်းသာ ဖြစ်ပေသည်။ မြန်မာ နိုင်ငံမှာ
နှစ်ပေါင်း ၁၀၀ကျော် ၂၀၀ နီးပါး အချို့ဆိုရင် ပိုကြာတဲ့ နှစ်များစွာ ဘိုးဘေး အစဉ်အဆက် မြန်မာ ပြည်ကို သစ္စာရှိပြီး နေထိုင်လာကြတဲ့ ဖက်စပ်သွေးနှော ကပြား လူမျိုး တွေကို ဒီမိုကရေစီသို့ ကူးပြောင်းနေသည့် ကာလရောက်ခါမှ နိုင်ငံရေး အခွင့်အရေး မင်းတို့ မရသင့်ဘူး ဆိုပြီး ခွဲခြားနေတဲ့ အပြုအမူ အပြောအဆို တွေက တရားမျှတမှုရော့ ရှိပါရဲ့လား ခင်ဗျား။ အမှန်တကယ်တော့ အခွင့်အရေး ဆိုတဲ့ စကားလုံးအောက်မှာ ပြည်သူအချင်း ချင်း သွေးကွဲအောင်လုပ်ဆောင်နေကြတဲ့ အမျိုးသားရေး ဝါဒီများ မျက်ကန်း အမျိုးစောင့် ဝါဒီများ၊ မဟာလူမျိုးကြီးဝါဒီများ သင်တို့ရဲ့ လုပ်ရပ်တွေဟာ တရားမျှတမှုရှိကြပါရဲ့လား။ စဉ်းစားကြပါ လော့။ နိုင်ငံသားမှန်ရင် လူမျိုးခြာ ဘာသာခြားတွေလည်း နိုင်ငံရေး လုပ်ခွင့်ရှိ ရမည်။ အုပ်ချုပ်ရေး ယန္တရားမှာ အဆင့်မြင် ရာထူးတွေကို အရည်အချင်းရှိရင် ထမ်းဆောင် ခွင့်ရှိရမည်။ နိုင်ငံတစ်နိုင်ငံ၏ သမ္မတရာထူးအထိ ရွေးကောက်ပွဲဝင်ပိုင်ခွင့် ထမ်းဆောင်ပိုင်ခွင့် ရှိရပါမည်။

တရားဥပဒေစိုးမိုးရေး

တရားဥပဒေ စိုးမိုးရေးဟူသည် ဥပဒေမဲ့မှု မင်းမဲ့စရိုက်ထွန်းကားမှုကို မဖြစ်စေရန် ဟန့်တားပေးထားသည်။ တရားဥပဒေစိုးမိုးရေးသည် စာအုပ်ထဲတွင်ထားရှိရမည့် အရာမဟုတ် လူ့အသိုက်အဝိုင်းအတွင်း လက်တွေ့ကျင့် သုံးနိုင်ဖို့လိုသည်။ နိုင်ငံတစ်ဝှမ်း တရားဥပဒေ စိုးမိုးမှုရှိဖို့ဆိုပါက ဥပဒေကိုယ်တိုင်က တရားမျှတရမည်။ ဥပဒေကို ကိုင်၍ မှုခင်း ဖြစ်ရပ်များကို ဖြေရှင်းပေးမည့် တရားရေးနှင့် ရဲဝန်ထမ်းများကလည်း သမာသမတ်ရှိရမည်။ ပြည်သူလူထု ကိုယ်တိုင်ကလည်း တရားဥပဒေ၏ အဆုံးအဖြတ်ကို လေးစားလိုက်နာမှု ရှိရမည်။ ထိုသို့ သုံးဦးသုံးဖလှယ် ညီညွတ်မှသာ တရားဥပဒေစိုးမိုးရေးကို တည်ဆောက်နိုင်မည်ဟု ကျွန်တော်ယုံကြည်သည်။

Identity ကိုတည်ဆောက်မှာလား Unity ကိုတည်ဆောက်မှာလား။

=====================================
ကျွန်တော်တို့ နိုင်ငံတွင် (Identity {အမှတ်သရုပ် လက္ခဏာ} တည်ဆောက်လိုခြင်း ဟူသည့် စေတနာအမှားကြောင့် Unity {စည်းလုံးညီညွတ်ခြင်း} မပျက်ပြားစေသင့်ပါ။
---------------------------------------------------------------------------------------------
Identity ဟူသောဝေါဟာရကို ကျွန်တော်တို့ အမှတ်သရုပ်ဟု ဘာသာပြန်ကြသည်။ လူတစ်ဦး ချင်းစီတွင် အမှတ်သရုပ်ရှိသကဲ့သို့ လူမျိုးတစ်မျိုး၊ တွင်လည်း အမှတ်သရုပ်ရှိရသည်။ ထိုနည်းတူ နိုင်ငံတစ်နိုင်ငံတွင်လည်း အမှတ်သရုပ်ရှိသည်။ အမှတ်သရုပ်ကို တည်ဆောက်ရာ တွင် နိုင်ငံတစ်နိုင်ငံ၏ ရေခံမြေခံ သမိုင်းကြောင်း နောက်ခံကို အခြေခံပြီး လုပ်ဆောင်ကြရသည်။ လူမျိုးတစ်မျိုး ဘာသာစကားတစ်မျိုးတည်ရှိသော နိုင်ငံတွင် Identity တည်ဆောက်ရ လွယ်ကူသည်။ သို့ရာတွင် မြန်မာနိုင်ငံကဲ့သို့သော လူမျိုးပေါင်းစုံ ဘာသာစကားပေါင်းစုံ ကိုးကွယ်သည့် အယူအဆပေါင်းစုံး ပေါင်းစု တည်ရှိသည့် နိုင်ငံတွင်မူ Identity တစ်မျိုးတည်ကို တည်ဆောက်ခြင်းငှာမဖြစ်နိုင်သကဲံသို့ လူမျိုးကြီး တစ်ခုတည်း၏ အယူအဆအောက်သို့ သွတ်သွင်းခြင်းငှာ မဖြစ်နိုင်ပါ။ နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော မတူညီသော ပြည်သူအားလုံး ၏ အမှတ်သရုပ် လက္ခဏာများကို အသိအမှတ်ပြုဖို့လိုသည်။ ထိုသို့မဟုတ်ဘဲ ဘာသာရေးကို အကြောင်းပြု၍သော်လည်းကောင်း လူမျိုးရေးကို အကြောင်းပြု၍သော်လည်းကောင်း အခြားသော ကိုယ်ကျိုးစီးပွား သံသယများကို အကြောင်းပြု၍သော်လည်းကောင်း မည်သည့်လူမျိုးဖြစ်၍ မည်သည့် ဘာသာဝင်ဖြစ်၍ ဟူသော အကြောင်းပြချက်ပေါင်းစုံဖြင့် ခွဲခြားဆက်ဆံခြင်းမျိုး၊ ခွဲခြားဆက်ဆံခြင်း မပြုသော်လည်း အခြားသူတို့၏ ရပ်တည်ချက်များကို ထိပါးပြောဆိုခြင်း တို့ဖြင့် လုပ်ဆောင်နေခြင်းသည် မိမိတို့၏ အမှတ်သရုပ်လက္ခဏာကိုတည်ဆောက်ခြင်းဟု သတ်မှတ်၍ မရပဲ စည်းလုံးမှု ပျက်ပြားအောင်လုပ်ဆောင်နေခြင်းသာ ဖြစ်ပါကြောင်း သတိပြုဆင်ခြင်နိုင်ရန် တင်ပြအပ်ပါသည်။

Saturday, February 8, 2014

နိုင်ငံတည်ဆောက်ရေးသမား(၃)မျိုး

နိုင်ငံတစ်နိုင်ငံကို တည်ဆောက်ရာမှာ လူသုံးမျိုး လိုအပ်ပါသည်။ အတိုကောက်အားဖြင့် P.A.S ဟုခေါ်ပါသည်။
P= Politician (နိုင်ငံရေးသမား)
A= Activist (တက်ကြွလှုပ်ရှားသူ)
S= Statesman (နိုင်ငံပြုသမား)



နိုင်ငံတစ်နိုင်ငံကို တည်ဆောက်ရာမှာ သုံးဦးလုံးရှိမှ နိုင်ငံတည်ဆောက်လို့ ရပါမည်။

တက်ကြွလှုပ်ရှားသူ ဆိုတာကတော့ ပြည်သူတွေအတွက် အခွင့်အရေးတွေကို တောင်းဆိုပေးတဲ့သူတွေပါ။
နိုင်ငံရေးသမားကတော့ နိုင်ငံရေးနည်းအရ ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ဆောင်ကြဉ်ပေးတဲ့သူပါ။
နိုင်ငံပြုသမားကတော့ လက်တွေ့အကောင်အထည်ဖော်မှာပါ။
 နိုင်ငံတစ်နိုင်ငံမှာ တစ်ဦးဦးသာ မရှိခဲ့ရင် နိုင်ငံတည်ဆောက်ရေး မအောင်မြင်နိုင်ကြောင်း ကျွန်တော် ယုံကြည်ပါသည်။

How to maintain Value of the Water (သဘာဝ ရေချိုထိန်းသိမ်းရေး အစီအမံ)

======================
 ကမ္ဘာကြီးနှင့် ကမ္ဘာလူသားများ၏ အနာဂတ်သည် ရင်ဆိုင်စရာ ထိပ်တိုက်ကြုံတွေ့စရာ စိန်ခေါ်မှုများစွာ ကြားတွင်နေထိုင်နေကြရသည်။ ယနေ့နှင့် မနက်ဖြန်သည် ပုံသေတွက်ချက်၍ မရသကဲ့သို့ ရာစုနှစ် တစ်ခုနှင့် တစ်ခု၊ ဆယ်စုနှစ် တစ်ခုနှင့် တစ်ခုတို့ သည်လည်း တူညီနိုင်မည်မဟုတ်ပေ။ ယခင်က မကြံဖူး သည် အခက်အခဲ အကြပ်အတည်များသည် အနာဂတ်တွင် ကြုံတွေ့နိုင် မကြုံတွေ့ နိုင် ဟူသည် မှာ ပြောရခက်သည့် ကိစ္စဖြစ်သည်။ အဆိုပါ မမြင်နိုင်သည့် မမျှော်မှန်းနိုင်သည့် (Unexpected Crisis) များတွင် ရေပြဿနာကို နိုင်ငံတကာ ခေါင်းဆောင်များ စဉ်းစားသင့်ပါ သည်။ မြန်မာနိုင်ငံသည် သဘာဝကပေးထားသော ရေချိုအရင်း အမြစ်များကို ပိုင်ဆိုင်ထား သည်။ နိုင်ငံတစ်ဝှမ်း ကို ဖြတ်သန်း စီးဆင်းသွားသော မြစ်ကြီးလေးစင်းသည် အဖိုးမဖြတ် နိုင်သည့် Natural Resource (သို့မဟုတ်) Natural Heritage ဖြစ်ပါ သည်။ အဆိုပါ သဘာဝကပေးထားသည့် သဘာဝ အရင်းမြစ်များကို ရေရှည်တည်တံ့ရေး တွက် ဆောင်ရွက်ရမည့် မဟာဗျူဟာများ ချမှတ်ရန် အထူးအရေး တကြီး လိုအပ်လျက်ရှိ ပါသည်။ ရေသံယံဇာတများကို ထိန်းသိမ်းရန် Water Management System တစ်ရပ်ကို အကောင်အ ထည်ဖော်ဆောင် ရွက် နိုင်ခြင်းမရှိ ပါက နောင်လာမည့် ၂၂ရာစုသည် ၂၀-၂၁ရာစု အတွင်း အာဖရိက နိုင်ငံများကြုံတွေ့ နေရသော ရေရှားပါးမှု ပြဿနာနှင့် ရင်ဆိုင် ကြုံတွေ့နိုင်သည်ဖြစ်သည့် အ တွက် သတိပြု ဆင်ခြင်နိုင်ရန် ရေးသားတင်ပြလိုက်ရပါသည်။
 
 လေးစားစွာဖြင့်

ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွေးအမြင်စာစုများ


         ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်စဉ်သည် နယ်ပယ်ကျယ်ဝန်းနက်ရှိုင်းလှပေသည်တောတောင် သစ်ပင်များ အရှည်တည်တံ့ရေး၊ ရေအရင်းအမြစ် ထိန်း သိမ်းရေး၊ ရေဝေရေလွဲ ဒေသထိန်းသိမ်းရေး၊ အစရှိ သည့် ဖြင့် နက်နဲကျယ်ဝန်းလှသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအပြင် အ ဆိုပါ ဥပဒေများဖြင့်ဖော်ဆောင် ရမည့် လုပငန်းစဉ် များကို အသက်ဝင်အောင်လုပ်ဆောင် မည့် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ၊ ဒေသန္တရအဆင့် အဖွဲ့အစည်းများလည်း လိုအပ်ပါသည်။ ထို့ အပြင် အရေးအကြီးဆုံးသော လိုအပ်ချက်တစ်ရပ်မှာ Environmental Management System ( ခိုင် မာကောင်းမွန် စနစ်ကျသော ပတ်ဝန်းကျင် စီမံခန့်ခွဲမှု စနစ်တစ်ရပ်) လိုအပ်ပါသည်။ အဆိုပါစနစ်ကို အကောင်အထည်ဖော်နိုင်ပါမှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို လက်တွေ့လုပ်ဆောင်နိုင်မည်ဖြစ် ပါကြောင်း လေ့လာတွေ့ရှိ တင်ပြအပ်ပါသည်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfk67a4gBZiENP69wMvsVSEkkH5OeXXzW8n53NJb0ojNOV_KLCTjmY8LJ7ciEKKg4DuIMg53CGmtkXOtdQkosvcUA_Aw6nCJpH8XPutw0aWq2F6RnJQ986I7mGChhvXYGU1a_m_XZ4oE0/s1600/Our_Enviro2.jpg
ပုံဖြစ်ပါသည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်စမ်ရောက်မှတ်တမ်းပုံရိပ်များ






မြဝတီမြို့သွားမှတ်တမ်းများ









ဘက ကျောင်းသားများ၏ ရန်ကုန်မြို့တွင်းလေ့လာရေး ခရီးစဉ်



Social Entrepreneurship Batch 18 သင်တန်းသားများ၏ နေပြည်တော် လွှတ်တော်လေ့လာရေး ခရီးစဉ် မှတ်တမ်းပုံရိပ်များ








Social Entrepreneurship Batch 19 သင်တန်းသားများ၏ နေပြည်တော်လေ့လာရေး ခရီးစဉ်အမှတ်တရမှတ်တမ်းဓာတ်ပုံများ






ဘုရင့်နောင်ကျော်ထင်နော်ရထာ


ကျွန်တော်တို့ နိုင်ငံအတွက် လိုအပ်နေသည့် အမြင် (၃)ရပ်

=============================
မြန်မာနိုင်ငံအနေနဲ့ ၂၀၁၅ အလွန် ကာလတွေကို ဖြတ်ကျော်တဲ့နေရာမှာ အမြင်သုံးရပ် လိုအပ်ပါ တယ်။ အဲဒီ့အမြင်သုံးရပ် ကတော့ ငြိမ်းချမ်းရေးအမြင်၊ နိုင်ငံရေးအမြင်နဲ့ ညှိနှိုင်းဆွေးနွေးတတ်တဲ့ အမြင်တို့ ပဲဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ရှုထောင့်က ကြည့်တတ်မြင်တတ်ပါမှ လက်ရှိဖြစ်ဆောင်ရွက်နေတဲ့ ငြိမ်း ချမ်းရေး ဖော်ဆောင်နေ တဲ့ လုပ်ငန်းစဉ်ကြီးအောင်မြင်နိုင်မှာပါ။ အဲဒီ့အောင်မြင် မှုကိုရပါ မှ မြန်မာနိုင်ငံ ဟာ ပြည်တွင်း စစ်နွံထဲက အမြန်ဆုံး ရုန်းထွက်နိုင်ပါလိမ့်မည်။

နိုင်ငံရေးအမြင် ရှိတတ်မြင်တတ်ပါမှ လက်ရှိဘယ်လို ကိစ္စမျိုးကို ဦးစားပေးဆောင်ရွက် ရမည်ဆိုတာ သိမြင်နားလည်နိုင် ပါလိမ့်မည်။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အကြပ်အတည်းကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အကြပ်အတည်းပါ။ ဒါကို ဖြေရှင်းဖို့ဆိုပါက အာဏာရပါတီဘက်ကလည်း အတ္တကို ခွာကြည့်ပါ။ အတိုက်အခံ ဘက်ကလည်း အတ္တကို ခွာကြည့်ပါ။ အခြားနိုင်ငံရေး အင်အားစုတွေဘက်ကလည်း အတ္တကို ခွာကြည့်ပါ။ ပြီးတော့မှ ငါတို့နိုင်ငံကို ဘယ်သို့သော အနာဂတ်ဆီသို့ ခေါ်ဆောင်သွားမည် ဆိုတာကို စဉ်းစားပါ။ အဲဒီလို စဉ်းစားဖို့ ဆိုပါက သူ့ဘက်ကိုယ့်ဘက် အစွဲဖြင့်ကြည့်တတ်သည့် ကပ်ရောဂါမှ ကင်းလွတ်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော အခြေအနေတစ်ရပ်ကို တည်ဆောက်နိုင်ပါလိမ့်မည်။

ဒါပေမယ့် ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ ပဲဖြစ်ဖြစ်၊ တွကို ကျော်လွှားတဲ့ အခါတွင် ပဲဖြစ်ဖြစ် အရေးအကြီးဆုံးကတော့ စေ့စပ်ညှိနှိုင်းဆွေးနွေးတတ်သည့် အခြေခံ အမြင် ရှိဖို့ ပါပဲ။ အဲဒီံ့ စေ့စပ်ညှိနှိုင်းဆွေးနွေးတတ်တဲ့ အခြေခံ အမြင်မပါခဲ့ရင်တော့ နိုင်ငံရဲ့ အတိတ် က ပုံရပ်တွေကို ပစ္စုန်ပ္ပန် အခြေအနေမှာ ဖြေရှငးရတဲ့အခါ မလိုလားအပ်တဲ့ အမြင်လွဲမှားမှုတွေ၊ သံသယတွေ ပွားများလာမည် ဖြစ်ပြီး အနာဂတ်မှာ မလိုလားအပ် တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ဟာ အားတက်ဂုဏ်ယူစရာ အခွင့်အလမ်းတွေနဲ့ ကြုံတွေ့ ရနိုင်သလို၊ မမျှော်မှန်းနိုင်တ့ စိန်ခေါ်ချက်တွေ အခက်အခဲ မုန်တိုင်းတွေနဲ့ လည်းကြုံတွေ့ ရနိုင်ပါတယ်။ ဒီလို အခွင့် အလမ်းတွေ စိန်ခေါ်ချက်တွေကြုံတွေတဲ့ အခါ တိုင်း အားလုံးမျှဝေတတ်တဲ့ Share Value တစ်ရပ် ကို ဖော်ဆောင်နိုင်ပါမှ အဆိုးကျော့ သံသရာ သို့ရောက်ရှိနိုင်သည့် အခြေအနေအရပ်ရပ်မှ လွန်မြောက်နိုင် မည် ဖြစ်ပါသည်။

နိုင်ငံရေး ဆိုတာ တစ်ဦးတစ်ဖွဲ့ရဲ့ ပိုင်ဆိုင်မှုမဟုတ်ပါဘူး။ အားလုံးရဲ့ပိုင်ဆိုင်မှုပါ။ ဒီလို အားလုံး ပိုင်ဆိုင် ထားတဲ့ ကစားကွင်းထဲမှာ နိုင်ငံသားတိုင်း ပြည်သူတိုင်းကို လွတ် လပ်ပြီး တရားမျှတစွာ ယှဉ်ပြိုင်နိုင်ခွင့်ပေး မထားခဲ့လျှင် ကျွန်တော်တို့ မျှော်မှန်းထားတဲ့ အရှေ့တောင်အာရှမှာ အဆင့်အတန်းရှိတဲ့ ဒီမိုကရေ စီ နိုင်ငံတော်သစ်ဆိုတာ ၂၁ရာစု မှာ ပေါ်ပေါက်လာစရာ အခွင့်အလမ်း ရှိနိုင် တော့မည် မဟုတ်ပါကြောင်း အလေး အနက်ပြုတင်ပြလိုက်ရပေသည်။

Tuesday, January 21, 2014

အသွင်ကူးပြောင်းရေးအတွေ့အကြုံများကို လေ့လာခြင်းမှ ရရှိသော သင်ခန်းစာများ (၁)

ကျွန်တော်ညက ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကြီး ကိုနားလည်စေရန် ဆုံးဖြတ်ပြီးသကာလ ပြုပြင်ပြောင်ုးလဲ ရေး လုပ်ငန်းစဉ်ကြီးကို လုပ်ဆောင်နေရသူများ၏ နှလုံးသာကို ရှေးဦးစွာ နားလည်နိုင်စေရန် ဒီမိုကရေစီ အပြောင်းအလဲများကို ဦးဆောင်ခဲ့သူ တောင်အာဖရိက ခေါင်းဆောင်ကြီး နယ်ဆင်မဲန်ဒဲလား ရေးသားသော လွတ်မြောက်ခြင်း ခရီးရှည် စာအုပ်ကို စတင်ဖတ်ရှုဖြစ်သည်။
ထိုစာအုပ်ကို ဖတ်ရင်းနားလည်လိုက်သည်မှာ
ကျွန်တော်တို့အနေဖြင့် ဖြစ်စဉ် ဖြစ်ရပ်များကိုသာ လေ့လာနေရုံဖြင့် မပြီးပဲ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကြီးကို ပါဝင်ဆောင်ရွက်ခဲ့သော ခေါင်းဆောင်များ၏ ခံစားချက် သဘောထားများကို နားလည်အောင်လည်း ကြိုးစားရမည်ဟု နားလည်သဘောပေါက်မိပါသည်။
အောက်တွင် နယ်ဆင်မဲန်ဒဲလား၏ မှတ်သားဖွယ် အဆိုအမိန့်များကို ဖော်ပြပေးလိုက်ပါသည် ခင်ဗျား။



"ဘဝတွင် လူတိုင်းအတွက် ယှဉ်တွဲနေရသော တာဝန်ယူရမှုနှစ်ခုရှိသည်။ ၎င်းတို့က သူ့မိသားစု၊ သူ့မိဘများ၊ သူ့ဇနီးနှင့်ကလေးများ အတွက်တာဝန်ယှူုနှင့် သူ၏ပြည်သူ၊ သူ၏လူမှု အသိုင်းအဝိုင်းနှင့် သူ၏တိုင်းပြည် အတွက် တာဝန် ယူရမှု တို့ဖြစ်သည်။
ယဉ်ကျေး၍ လူသားဆန်သော လူ့အဖွဲ့အစည်းတွင် လူအသီးသီးသည် ဤ တာဝန်များကို သူတို့၏ ကိုယ်ပိုင်နှစ် သက်မှုနှင့် အရည်အချင်းတို့ အရ ဖြည့် စွမ်းနိုင်ကြသည်။"

"ကျွန်တော့် ပြည်သူများကို ၏သူတို့၏ ဘဝတွင် သိက္ခာရှိရှိ ဂုဏ်ရှိရှိ နေနိုင်မည့် လွတ်လပ်မှု ရရှိစေလိုသော ဤဆန္ဒကြောင့် ငယ်ရွယ်ကြောက်ရွံ့တတ်သော လူသည် ရဲရင့်သော လူအဖြစ်သို့ ပြောင်းလဲခဲ့သည်။"

"ထောင်ထဲမှ ကျွန်တော်လမ်းလျှောက်ထွက်လာသောအခါ အဖိနှိပ်ခံရသူနှင့် ဖိနှိပ်သူ နှစ်ဦးစလုံးကို လွတ်မြောက်စေရန်မှာ ကျွန်တော့်၏ တာဝန်ဖ်ြစ်သည်။ အချို့ကြ ထိုတာဝန် အောင်မြင်ပြီးစီး သွားကြောင်းပြောကြသည်။ သို့သော် ၎င်းက အဖြစ်မှန် မဟုတ်သည်ကို ကျွန်တ်ာသိသည်။ အမှန်က ကျွန်တော်တို့ မလွတ်လပ်ကြသေးပါ။ ကျွှန်တော်တို့ လွတ်လပ်ရန်အတွက် လွတ်မြောက်မှုရှိ ရုံသာ ဖြစ်သည်။ အဖိနှိပ်မခံရဖို့ အခွင့်အရေး ရခြင်းသာဖြစ်သည်။ ကျွန်တော်တို့ခရီး၏ နောက်ဆုံးခြေလှမ်းကို ကျွန်တော်တို့ မလှမ်းရသေးပါ။ ရှည်လျား၍ ပိုမိုခက်ခဲသော လမ်းပေါ်မှ ပထမဦးဆုံးခြေလှမ်းကိုသာ လှမ်းကြရသေးသည်။ နှောင်ကြိုးများကို ဖယ်ရှားပစ်ရုံဖြင့် လွတ်လပ်ခြင်း မဖြစ်နိုင်ပါ။ အခြားသူများ၏ လွတ်လပ်မှုကို လေးစားပြီး တိုးပွားအောင်ပြုလုပ်ပေးနိုင်မည့် နည်းလမ်းဖြင့် နေထိုင်နိုင်မှသာ လွတ်လပ်ခြင်းမည်သည်။ လွတ်လပ်ခြင်းအား မည်မျှအရေးယူဂရုစိုက်ခြင်း ရှိမည်ဆိုသည်ကို ယခုမှ စတင်စမ်းသပ်နေရုံသာ ရှိသည်။"

တောင်အာဖရိကသား အဖိုးအိုကြီး၏ အဆိုအမိန့်များမှာ ကျွန်တော်တို့လို လူငယ်တစ်ဦးအတွက် များစွာ သင်ခန်းစာယူဖွယ် မှတ်သားဖွယ်ကောင်းလှပေသည်။

ပြူပြင်ပြောင်းလဲရေး ခေါင်းဆောင်များ၏ နှလုံးသား ခံယူချက်ကို နားလည်နိုင်မည် ဆိုပါက မြန်မာ့ခေါင်းဆောင်များ၏ ဆောင်ရွက်ချက်များကို နားလည်နိုင်မ်ည်ဖြစ်သည့် အပြင် သူတို့၏ သဘောထားနှင့် စေတနာကို နားလည်နိုင်မည်ဖြစ်ပြီး ဆဲချင်ဆိုချင်စိတ်များ ပျောကကွယ်သွား လိမ့်မည်ဟု ယုံကြည်ပါသည်။ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ အစရှိ သည့် မြန်မာ့ခေါင်းဆောင် များ၏ လက်ရှိဆောင်ရွက်ချက်များကို အပြစ်မြင်မှုတွေ လျှော့သွားပါလိမ့်မည်ဖြစ်ပြီး စာနာနားလည်နိုင်ပါ လိမ့်မည်။
ကျွန်တော်ညက ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကြီး ကိုနားလည်စေရန် ဆုံးဖြတ်ပြီးသကာလ ပြုပြင်ပြောင်ုးလဲ ရေး လုပ်ငန်းစဉ်ကြီးကို လုပ်ဆောင်နေရသူများ၏ နှလုံးသာကို ရှေးဦးစွာ နားလည်နိုင်စေရန် ဒီမိုကရေစီ အပြောင်းအလဲများကို ဦးဆောင်ခဲ့သူ တောင်အာဖရိက ခေါင်းဆောင်ကြီး နယ်ဆင်မဲန်ဒဲလား ရေးသားသော လွတ်မြောက်ခြင်း ခရီးရှည် စာအုပ်ကို စတင်ဖတ်ရှုဖြစ်သည်။
ထိုစာအုပ်ကို ဖတ်ရင်းနားလည်လိုက်သည်မှာ
Photo: အသွင်ကူးပြောင်းရေးအတွေ့အကြုံများကို လေ့လာခြင်းမှ ရရှိသော သင်ခန်းစာများ (၁)
ကျွန်တော်ညက ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကြီး ကိုနားလည်စေရန် ဆုံးဖြတ်ပြီးသကာလ ပြုပြင်ပြောင်ုးလဲ ရေး လုပ်ငန်းစဉ်ကြီးကို လုပ်ဆောင်နေရသူများ၏ နှလုံးသာကို ရှေးဦးစွာ နားလည်နိုင်စေရန် ဒီမိုကရေစီ အပြောင်းအလဲများကို ဦးဆောင်ခဲ့သူ တောင်အာဖရိက ခေါင်းဆောင်ကြီး နယ်ဆင်မဲန်ဒဲလား ရေးသားသော လွတ်မြောက်ခြင်း ခရီးရှည် စာအုပ်ကို စတင်ဖတ်ရှုဖြစ်သည်။
ထိုစာအုပ်ကို ဖတ်ရင်းနားလည်လိုက်သည်မှာ ကျွန်တော်တို့အနေဖြင့် ဖြစ်စဉ် ဖြစ်ရပ်များကိုသာ လေ့လာနေရုံဖြင့် မပြီးပဲ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကြီးကို ပါဝင်ဆောင်ရွက်ခဲ့သော ခေါင်းဆောင်များ၏ ခံစားချက် သဘောထားများကို နားလည်အောင်လည်း ကြိုးစားရမည်ဟု နားလည်သဘောပေါက်မိပါသည်။
အောက်တွင် နယ်ဆင်မဲန်ဒဲလား၏ မှတ်သားဖွယ် အဆိုအမိန့်များကို ဖော်ပြပေးလိုက်ပါသည် ခင်ဗျား။

"ဘဝတွင် လူတိုင်းအတွက် ယှဉ်တွဲနေရသော တာဝန်ယူရမှုနှစ်ခုရှိသည်။ ၎င်းတို့က သူ့မိသားစု၊ သူ့မိဘများ၊ သူ့ဇနီးနှင့်ကလေးများ အတွက်တာဝန်ယှူုနှင့် သူ၏ပြည်သူ၊ သူ၏လူမှု အသိုင်းအဝိုင်းနှင့် သူ၏တိုင်းပြည် အတွက် တာဝန် ယူရမှု တို့ဖြစ်သည်။
ယဉ်ကျေး၍ လူသားဆန်သော လူ့အဖွဲ့အစည်းတွင် လူအသီးသီးသည် ဤ တာဝန်များကို သူတို့၏ ကိုယ်ပိုင်နှစ် သက်မှုနှင့် အရည်အချင်းတို့ အရ ဖြည့် စွမ်းနိုင်ကြသည်။"

"ကျွန်တော့် ပြည်သူများကို ၏သူတို့၏ ဘဝတွင် သိက္ခာရှိရှိ ဂုဏ်ရှိရှိ နေနိုင်မည့် လွတ်လပ်မှု ရရှိစေလိုသော ဤဆန္ဒကြောင့် ငယ်ရွယ်ကြောက်ရွံ့တတ်သော လူသည် ရဲရင့်သော လူအဖြစ်သို့ ပြောင်းလဲခဲ့သည်။"

"ထောင်ထဲမှ ကျွန်တော်လမ်းလျှောက်ထွက်လာသောအခါ အဖိနှိပ်ခံရသူနှင့် ဖိနှိပ်သူ နှစ်ဦးစလုံးကို လွတ်မြောက်စေရန်မှာ ကျွန်တော့်၏ တာဝန်ဖ်ြစ်သည်။ အချို့ကြ ထိုတာဝန် အောင်မြင်ပြီးစီး သွားကြောင်းပြောကြသည်။ သို့သော် ၎င်းက အဖြစ်မှန် မဟုတ်သည်ကို ကျွန်တ်ာသိသည်။ အမှန်က ကျွန်တော်တို့ မလွတ်လပ်ကြသေးပါ။ ကျွှန်တော်တို့ လွတ်လပ်ရန်အတွက် လွတ်မြောက်မှုရှိ ရုံသာ ဖြစ်သည်။ အဖိနှိပ်မခံရဖို့ အခွင့်အရေး ရခြင်းသာဖြစ်သည်။ ကျွန်တော်တို့ခရီး၏ နောက်ဆုံးခြေလှမ်းကို ကျွန်တော်တို့ မလှမ်းရသေးပါ။ ရှည်လျား၍ ပိုမိုခက်ခဲသော လမ်းပေါ်မှ ပထမဦးဆုံးခြေလှမ်းကိုသာ လှမ်းကြရသေးသည်။ နှောင်ကြိုးများကို ဖယ်ရှားပစ်ရုံဖြင့် လွတ်လပ်ခြင်း မဖြစ်နိုင်ပါ။ အခြားသူများ၏ လွတ်လပ်မှုကို လေးစားပြီး တိုးပွားအောင်ပြုလုပ်ပေးနိုင်မည့် နည်းလမ်းဖြင့် နေထိုင်နိုင်မှသာ လွတ်လပ်ခြင်းမည်သည်။ လွတ်လပ်ခြင်းအား မည်မျှအရေးယူဂရုစိုက်ခြင်း ရှိမည်ဆိုသည်ကို ယခုမှ စတင်စမ်းသပ်နေရုံသာ ရှိသည်။"

တောင်အာဖရိကသား အဖိုးအိုကြီး၏ အဆိုအမိန့်များမှာ ကျွန်တော်တို့လို လူငယ်တစ်ဦးအတွက် များစွာ သင်ခန်းစာယူဖွယ် မှတ်သားဖွယ်ကောင်းလှပေသည်။

ပြူပြင်ပြောင်းလဲရေး ခေါင်းဆောင်များ၏ နှလုံးသား ခံယူချက်ကို နားလည်နိုင်မည် ဆိုပါက မြန်မာ့ခေါင်းဆောင်များ၏ ဆောင်ရွက်ချက်များကို နားလည်နိုင်မ်ည်ဖြစ်သည့် အပြင် သူတို့၏ သဘောထားနှင့် စေတနာကို နားလည်နိုင်မည်ဖြစ်ပြီး ဆဲချင်ဆိုချင်စိတ်များ ပျောကကွယ်သွား လိမ့်မည်ဟု ယုံကြည်ပါသည်။ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ အစရှိ သည့် မြန်မာ့ခေါင်းဆောင် များ၏ လက်ရှိဆောင်ရွက်ချက်များကို အပြစ်မြင်မှုတွေ လျှော့သွားပါလိမ့်မည်ဖြစ်ပြီး စာနာနားလည်နိုင်ပါ လိမ့်မည်။

Saturday, January 18, 2014

Stakeholder များအကြား ညီညွတ်ရေး



ဒီမိုကရေစီ အသွင်ကူးပြောင်းမှု တံခါးဝမှ ရှေ့သို့ ဦးတည်ဝင်ရောက်လာသော နိုင်ငံတစ်နိုင်ငံ အနေဖြင့် ရှေ့တွင် ကြုံရမည့် စိန်ခေါ်မှုများ အခက်အခဲများ အတားအဆီး အဟန့်အတား များ မြောက်များစွာက စောင့်ကြိုနေ လျက်ရှိသည်။ အဆိုပါ စိန်ခေါ်မှုများကို ဖြေရှင်းရန် အစိုးရနှင့် အတိုက် အခံ အကြား လင်နှင့် မယား လျှာနှင့်သွား လို ဖြေရှင်းရမည်မှာ အသွင်ကူးပြောင်းရေးမှ ရလိုက်သော အမွေဖြစ်သည်။ အဆိုပါ အမွေသည် ကောင်းမွေဟု ဆိုက ဆိုနိုင်သလို ဆိုးမွေးဟု ဆိုကလည်း ဆိုနိုင် သည်။ အဘယ့်ကြောင့် ဆိုရပါသနည်း။
အရေးကြီးသည်မှာ အစိုးရနှင့် အတိုက်အခံတို့သည် အိမ်ထောင်တစ်ခုကို ပျိုးထောင်ရ မည် ဖြစ်ရာ နှစ်ဖက်ကြား ကွာရှင်းပြတ်စဲ ကြဖို့မဟုတ်ဘဲ သဘောမတူညီသည်များကို အပြန်အလှန် ညှိကြ ဖို့ ဖြစ် သည်။  အိမ်ထောင်ဦးကာလတွင် တစ်ဦးနှင့် တစ်ဦး စေ့စပ်ညှိနှိုင်း အဖြေရှားနိုင်မှ သူအကြိုက် ကိုယ့် အကြိုက် သူ့လိုအပ် ချက် ကိုယ့်လိုအပ်ချက်ညှိဖို့လိုမည်ဖြစ်သည်။ အထူးဂရုပြု ရမည့်အချက်မှာ နှစ်ဦးကြား ကွာရှင်းပြတ်စဲရေး လမ်း ကြောင်း ရောက်မသွားကြဖို့ သာဖြစ်သည်။ လင်မယာနှစ်ဦးကြား နှစ်ဖက်တွင် သူ့ဘက် ရပ်သည့် သူနှင့် ကိုယ့်ဘက်ရပ်မည့် သူများအကြား တနည်း ဆိုသော နှစ်ဘက် အမျိုးများရှိနေ သည်ဖြစ်ရာ နှစ်ဘက်သော အမျိုးတို့ က လည်း နှစ်ဦးကြား ဖြစ်ပေါ်လာသော ပြဿနာများ ကို ပြန်လည် သင့်မြတ်သွားစေ ဖို့ ဝိုင်းဝန်း ဆောင် မပေးဖို့ လိုအပ်ပါသည်။ သို့ဖြစ်ရာ ဒီမိုကရေစီ အိမ်ထောင်ဦးတွင် အကွဲအပြဲ ဇာတ်လမ်းနှင့် နိဋ္ဌိမတန်ကြ ဖို့အတွက် မည်သို့စေ့စပ်ညှိနှိုင်းကြရမည်ကို အထူးစဉ်းစားဖို့ လို အပ်ကြောင်း သတိသင်ခန်းစာရရှိ ဂရုပြုမိပါ သည်။

Thursday, January 9, 2014

ဒီမိုကရေစီ အတွေးအမြင်များ

မနေ့က Facebook တွင် မိတ်ဆွေတစ်ယောက်၏ Status ကိုတွေ့လိုက်ရသည်။ ကျွန်တော်လွန်စွာ ဝမ်း နည်းမိသည်။ “ဒီမိုကရေစီသည် အရူးလက်မှတ် မဟုတ်တဲ့” သူဆိုလိုက်သည်မှာ ဘာဆိုလိုမှန်း မသိ။ သို့သော် သူ ပြောလိုက်သည့် အပြောတစ်ချက်သည် ပြည်သူလူထု အကြားအမြင် လွဲသွား နိုင် သည်မှာသေ ချာသည်။ သို့ သော် ကျွန်တော့်အနေဖြင့် ပြန်ချေပရမည် ဆိုပါက ဒီမိုကရေစီ သည် လွတ်လပ်မှုသို့ ဝင်ခွင့် လက်မှတ် ဖြစ် သည်။ အဆိုပါ ဝင်ခွင့်လက်မှတ်သည် အလကားမရ လွတ်လပ်မှုဟူသော အခွင့်အရေးကို ရ ဖို့ ကျွန်တော်တို့ တာဝန်တွေ အများကြီး ထမ်းဆောင်ဖို့လိုအပ်ပါသည်။
ထို့ကြောင့် ကျွန်တော်ပြော လိုသည်မှာ ဒီမိုကရေစီသည် တာဝန်ဝတ္တရားတို့ဖြင့် ရယူရမည့် လွတ်လပ်ခြင်းသို့ ဝင်ခွင့်လက်မှတ် ဖြစ်ပါသည်။ တန်ရာတန်ကြေး ရှိပါကြောင်း အသိပေး လိုက်ရပေသည်။

Recent Activities of life