အမှန်တကယ်တော့
တိုင်းရင်းသားအခွင့်အရေး နိုင်ငံသားအခွင့်အရေး ဆိုပြီး ခွဲခြားပြောနေတာကို
က လူလူချင်းရန်တိုက်ပေးနေခြင်းသာ ဖြစ်ပေသည်။ မြန်မာ နိုင်ငံမှာ
နှစ်ပေါင်း ၁၀၀ကျော် ၂၀၀ နီးပါး အချို့ဆိုရင် ပိုကြာတဲ့ နှစ်များစွာ
ဘိုးဘေး အစဉ်အဆက် မြန်မာ ပြည်ကို သစ္စာရှိပြီး နေထိုင်လာကြတဲ့
ဖက်စပ်သွေးနှော ကပြား လူမျိုး တွေကို ဒီမိုကရေစီသို့ ကူးပြောင်းနေသည့်
ကာလရောက်ခါမှ နိုင်ငံရေး အခွင့်အရေး မင်းတို့ မရသင့်ဘူး ဆိုပြီး
ခွဲခြားနေတဲ့ အပြုအမူ အပြောအဆို တွေက တရားမျှတမှုရော့ ရှိပါရဲ့လား ခင်ဗျား။
အမှန်တကယ်တော့ အခွင့်အရေး ဆိုတဲ့ စကားလုံးအောက်မှာ ပြည်သူအချင်း ချင်း
သွေးကွဲအောင်လုပ်ဆောင်နေကြတဲ့ အမျိုးသားရေး ဝါဒီများ မျက်ကန်း အမျိုးစောင့်
ဝါဒီများ၊ မဟာလူမျိုးကြီးဝါဒီများ သင်တို့ရဲ့ လုပ်ရပ်တွေဟာ
တရားမျှတမှုရှိကြပါရဲ့လား။ စဉ်းစားကြပါ လော့။ နိုင်ငံသားမှန်ရင် လူမျိုးခြာ
ဘာသာခြားတွေလည်း နိုင်ငံရေး လုပ်ခွင့်ရှိ ရမည်။ အုပ်ချုပ်ရေး ယန္တရားမှာ
အဆင့်မြင် ရာထူးတွေကို အရည်အချင်းရှိရင် ထမ်းဆောင် ခွင့်ရှိရမည်။
နိုင်ငံတစ်နိုင်ငံ၏ သမ္မတရာထူးအထိ ရွေးကောက်ပွဲဝင်ပိုင်ခွင့်
ထမ်းဆောင်ပိုင်ခွင့် ရှိရပါမည်။

No comments:
Post a Comment