မြန်မာနိုင်ငံသည် အာဏာရှင်ခေတ်မှ လွတ်မြောက်လုပြုနေသည့်
နိုင်ငံအဖြစ်သို့ ချီတက်နေချိန်ဖြစ် သည်။ ဤစာကို ရေးသားနေချိန်သည် ၂၀၁၃ ခုနှစ်ကုန်ဆုံးတော့
မည့်အချိန်ဖြစ်သည်။ ယနေ့အချိန်သည် ၂၀၁၅ ခုနှစ်သို့ရောက်ရှိရန် ၁နှစ်အလို ၂၀၁၅ ခုနှစ်ကုန်ဆုံးရန်
နှစ်ခန့်သာ လိုတော့သည့် အချိန်ဖြစ်သည်။ ယခုလက်ရှိ တိုင်းပြည်၏ အခြေအနေက လည်း သက်ဆိုင်သူ
အသီးသီးက အခြေခံ ဥပဒေပြင်ဆင်ရေး ကို လောဆော် စည်းရုံးလာသည့် အချိန်လည်း ဖြစ်သည်။ ဤအချိန်သည်
နိုင်ငံရေး ခံယူချက်ရှိရှိဖြင့် လုပ်ဆောင်ရမည့် ကိစ္စများကို လုပ်ဆောင်ရတော့မည် ဖြစ်သည်။
ဤနေရာတွင် ကျွန်တော် ပြောလိုသည့် အချက်မှာ ခေတ်မီရေး ဆိုသည့် ကိစ္စဖြစ်သည်။ ခေတ်မီရေး
ဆိုသည် မှာ နိုင်ငံအတွင်း ရှိ ပြည် သူ ပြည် သား အပါအဝင် သက်ဆိုင်သူ အာဏာရှိ ပါဝါရှိသူများ၏
အမြင် ခေတ်မီရေး အတွေး အခေါ် ခေတ်မီရေး သာ ဖြစ်သည်။ ကျွန်တော်တို့ လိုချင်သည့် ပန်းတိုင်းသည်
မည်သည့် အရာဖြစ် သည်။ ကျွန်တော်တို့ သွား ချင်သည့် လမ်းကြောင်းသည် မည်သည့် လမ်းကြောင်းဖြစ် သည် ကို
ပြတ်ပြတ်သားသား ခံယူချက်ရှိဖို့လို အပ်မည်ဖြစ်ပါသည်။
သက်ဆိုက်သူအားလုံးက ဒီမိုကရေစီ လမ်းကြောင်း
အားလုံးပါဝင်နိုင်သည့် နိုင်ငံရေး ဖြစ်စဉ်ကြီး တစ်ခု လုံးဖြစ်စေရန် ဆိုပါက ဥပဒေသည်
တရားမျှတဖို့ လူတိုင်းကို တန်းတူအခွင့် အရေး ပေးထားဖို့ပြ ဋ္ဌာန်း ပေထားဖို့ လိုမည်ဖြစ်သည်။
မိမိတို့၏ ရပိုင်ခွင့်များ ဆုံးရှုံးသွားမည်
စိုးသောကြောင့် လွန်လေပြီးသော သူများ ကို ကြောက်သော ကြောင့် စသည့်စိတ်ဓာတ်များ ရှိနေမည်
ဆိုပါက တိုင်းပြည်နှင့် ပြည်သူ များ မျှော် လင့်သော လမ်းကြောင်းကို ရောက်ရှိဖို့လိုပါ
လိမ့်မည်။ နိုင်ငံတစ်နိုင်ငံ၏ အခြေခံ အကျဆုံး ဥပဒေသည် အခြေခံ ဥပဒေဖြစ်သည်။ အခြေခံ ဥပဒေ
သည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးစနစ် ၊ အာဏာခွဲဝေကျင့်သုံးမှု ပုံစံ ၊ အစိုးရနှင့်
ပြည်သူတို့၏ ရပိုင်ခွင့်နှင့် တာဝန်များကို ပြဋ္ဌာန်းပေးထားသည့် မူဘောင်တစ်ရပ်ဖြစ်သည်။
အဆိုပါ မူဘောင်တစ်ရပ်သည် လူတိုင်း လူတိုင်းကို မှန်ကန်မျှတစွာ နိုင်ငံရေး ဖြစ်စဉ်အပေါ်
ပါဝင်နိုင်သည့် အနေအထားကို Political Will ရှိရှိ ထက်သန်စွာ ပြုချင် ပြင်ချင်စိတ်ရှိရှိ
ဆောင်ရွက်ဖို့ လိုပါသည်။ မိမိတို့ အကျိုးစီးပွား၊ မိမိတို့ အမြင်သဘော တစ်ခုတည်းနှင့်
ဆောင်ရွက်ထားပါက မျှတမှုရှိမည် မဟုတ်သည့် အပြင် ဆင်သေကို ဆိတ်သားရေနှင့် ဖုံးသကဲ့သို့
ဖြစ်နေပါလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ သက်ဆိုင် သူများ အားလုံးကသာ ပြုချင် ပြင်ချင်
စိတ်ရှိရှိ စိတ်အားထက်သန်စွာ ဆောင်ရွက်နိုင်ခြင်း မပြုသမျှ ၂၀၀၈ ဖွဲ့စည်ပုံ အခြေခံ
ဥပဒေကို ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုသည့် အနှစ်သာရပြည့်ဝသည့် အခြေခံ ဥပဒေ ကို ပြောင်းလဲမည့်
ဖြစ်စဉ်သည် အောင်မြင်မှုရှိမည် မဟုတ်ပါ။
ထို့ကြောင့် သက်ဆိုင်သူများအားလုံးက
အခြေခံ ဥပဒေပြင်ဆင်ရေးတွင် ကိုယ်ကျိုးရှာ မှုကို ဘေး ဖယ် ဒီမိုကရေစီ နည်းကျ အားလုံးပါဝင်သည့်
နိုင်ငံရေး ဖြစ်စဉ်ကိုဖော်ဆောင်ပေးမည့် အခြေခံ ဥပဒေဖြစ်ရေး ကို ဦးတည်ကြိုးပမ်းရမည်
ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့၏ အတ္တများကို ရိုက်ချိုးဖယ် ရှားပြီး ညှိနှိုင်းဆွေးနွေး ရေးစားပွဲပေါ်သို့ တက်လှမ်းကြပါ။ သမ္မတ ဦးသိန်း စိန်နှင့် ဒေါ်အောင် ဆန်းစုကြည် တို့ ၂၀၁၁
နှစ်ဆန်းပိုင်းတွင် နှစ်ဦးနှစ်ဘက်ညှိနှိုင်းဆောင်ရွက် ခဲ့သောကြောင့် ရရှိခဲ့ သည့် အောင်မြင်မှု များကို
ပြန်လည်အောက်မေ့ကာ ၂၀၁၄-၂၀၁၅ အတွင်း အခြေခံ ဥပဒေ ပြင်ဆင်ရေး ကို Political Will ရှိရှိ
အာဏာရှင်လက်ထက်က စိတ်ဓာတ်များကို သွေဖယ်ကာ စိတ် သစ်လူ သစ်ဖြင့် နှစ်သစ်တွင် အခြေခံ ဥပဒေကို
ဒီမိုကရေစီ ကျသည့် ပြည်သူ တစ်ရပ်လုံးကို ကိုယ်စားပြု သည့် သက်ဆိုင်သူအားလုံးအတွက် မှန်ကန်မျှတသည့်
အခြေအနေသို့ရောက် အောင် ကြိုးစားပြင် ဆင်နိုင်ကြပါစေဟု ဆုတောင်းရင်း နိဂုံးချုပ် တင်ပြ အပ်ပါသည်။
