မြန်မာနိုင်ငံတွင် ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်း
ကျင်းပသော ရွေးကောက်ပွဲကြီး နှစ်ခုကို ဖြတ်သန်းခဲ့ ပြီး ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲများမှာ
၂၀၁၀ဒီမိုကရေစီ ရွေးကောက်ပွဲနှင့် ၂၀၁၂ခုနှစ် ရွေးကောက်ပွဲများ သည်အရေးပါသော ရွေးကောက်ပွဲများ
ဖြစ်သည်။ ၂၀၁၀ရွေးကောက်ပွဲသည် မဲမသမာမှုများ ရှိခဲ့သည်။ အဆိုပါ မဲမသမာမှုများဖြင့် ကြံ့ခိုင်ရေးပါတီအာဏာရလာသည်ဟု
သုံးသပ်မှုများရှိသည်။ အဘယ့်ကြောင့် မသမာမှု၊မမျှတမှုရှိသည်ပြောသနည်း။၁။
ရွေးကောက်ပွဲဥပဒေ မမျှတခြင်း၂။
အာဏာနှင့်ပါဝါအရ အကြောက်လွှမ်မိုးမှု အခံအောက်တွင်ရှိနေခြင်း၃။
အတိုက်အခံအင်အားစုများ မဲဆွယ်စည်းရုံးမှုများတွင် ကန့်သတ်ချက်များ များပြားခြင်းစသည့်
အချက်ကြောင့်ဟု ပြောကြသူများလည်းရှိပါသည်။ ၂၀၁၂ရွေးကောက်ပွဲကိုမူ မျှတမှုရှိသည်ဟုသုံးသပ်ကြသည်။
အဆိုပါအချက်ကို NLD ပါတီအနိုင်ရလာခြင်းက ပြသသည်စု ကောက်ချက်ချသည်များရှိသည်။ သို့ရာတွင်
အဆိုပါကြားဖြတ်ရွေးကောက်ပွဲကိုရော သင့်အနေဖြင့် မည်သို့ဆုံးဖြတ်မည်နည်း။ မည်သို့ပင်ဆိုစေကာမူ နှစ်ပေါင်း၂၀ကြာ အဆက်ပြတ်ပြီး
အသက်မေ့လုမျောပါးဖြစ်နေသော ရွေးကောက်ပွဲများနှင့် နိုင်ငံရေး အခြေအနေများသည် သုံးနှစ်တာကာလအတွင်
အသက်ဝင်လာပြီဖြစ်သည်။ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ဆိုသည့်စကားလုံးများ
တွင်တွင်ကျယ်ကျယ် သုံးလာ ကြပြီဖြစ်သည်။
သက်ဆိုင်သူများအားလုံးက နိုင်ငံရေးလွတ်လပ်ခွင့်ဟူသည်
ရကောင်းသည့်အရာ၊ ဟုသိလာကြပြီ၊ အသိဝင် လာကြသည်။
မြန်မာနိုင်ငံ၏ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ
ယခုလက်ရှိ အစိုးရ၊ လွှတ်တော်အစရှိသည့် နိုင်ငံရေး အာဏာ အရပ်ရပ်သည် ၅နှစ်သက်တမ်းသာရှိသည့်
အတွက် လွှတ်တော်၊အစိုးရ အသစ်များ တင်မြှောက်နိုင်ရန်အတွက် ၂၀၁၅ခုနှစ်တွင် ဒုတိယသက်တမ်းအတွက်
ရွေးကောက်ပွဲကို ဖြတ်သန်းရတော့မည် ဖြစ်သည်။နိုင်ငံရေး အဖွဲ့အစည်း အမျိုးမျိုးတို့က
၂၀၁၅ကိုရင်ဆိုင်ရန် တက်ကြွနေကြသည်။ ရွေးကောက်ပွဲ အတွက် ပြင်ဆင်လိုသံများ ကြားလာရသည်။
အချို့က ၂၀၁၀ကရှိခဲ့သည် အတားအဆီးများကို ကျော်ဖြတ်လို ကြသည်။ ကြံ့ခိုင်ရေး၊ NLD၊ အမျိုးသားဒီမိုကရေစီအင်အားစု၊
တဆည အပါအဝင် တိုင်းရင်းသားပါတီ အသီးသီး ကလည်း ကြိုတင်ပြင်ဆင်နေကြပြီဟု မျှော်လင့်ရသည်။
အစရှိသည် ပါတီများအပြိုင်အဆိုင်များလာသည့်အတူ မဲမသမာမှုများ၊
တစ်ပါတီနှင့် တစ်ပါတီအနိုင် ယူမှုများရှိလာနိုင်သည် ကမ္ဘာမီးလောင်သားကောင်ချနင်းဆိုသည့်အတိုင်း
မိမိအနိုင်ရရေးအတွက် ဥပဒေလမ်းကြောင်းအရရော၊ ဥပဒေ မကျသည့် လမ်းကြောင်းမှပါလုပ်လာနိုင်သည်။
အဆိုပါ ကိစ္စရပ်များကို ထိန်းသိမ်းရန်အလို့ဋ္ဌာ
ဒိုင်လူကြီးသည် အလွန်အရေးကြီးသည်။ ဒိုင်လူကြီးမှာ အခြားသူမဟုတ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို
ဆိုလိုခြင်းဖြစ်သည်။ ရွေးကောက်ပွဲ ကော်မရှင်၏ အခန်းကဏ္ဍသည် အလွန်အရေးပါသည်။ ဒိုင်လူကြီးသည်
သမာသမတ်ကျဖို့ လိုအပ်မည်ဖြစ်သည်။
ယခုလက်ရှိတွင် အချို့က ရွေးကောက်ပွဲစနစ်ကိုပင်
ပြင်ဖို့ကြိုးစား လာတော့မည့် အရိပ်အယောင်များ ကို တွေ့မြင်နေရသည်။ မကြာမီကျင်းပမည့်
လွှတ်တော်အစည်းအဝေးများတွင် အဆိုတင်လာနိုင်စရာ အခြေအ နေများ ရှိနေသည်။
ရွေးကောက်ပွဲစနစ် ပြင်ဆင်သည့် ကိစ္စနှင့်
ပတ်သက်၍ မှန်သည်မှားသည် မပြောလိုပါ။ သို့ရာတွင် အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး လွှတ်တော်အတွင်း
အကြီးအကျယ် သဘောထားကွဲလွဲ နိုင်စရာ အခြေအနေများ လည်းရှိနေသည်။ ယခုလက်ရှိ လွှတ်တော်အတွင်း
ကိုယ်စားလှယ်များအကြား ညီညွတ်မှုရှိသည်ကို တွေ့ရ သည်။ စုပေါင်း အဖြေရှာတတ်သည့် အလေ့အထကို
တွေ့မြင်နေရပါသည်။ သို့ရာတွင် ရွေးကောက်ပွဲစနစ် နှင့် ပတ်သက်ပြီး အဖြေရှာနိုင်ခဲ့ပါက
ကောင်းသော ရလာဒ်သို့ဦးတည်သွားနိုင်ပြီး အဆိုပါ ဖြစ်ပေါ်လာနိုင်သည့် အဆိုတင်သွင်းမှုနှင့်
ပတ်သက်၍ အဖြေရှာရာတွင် ဒီမိုကရေစီဆန်သင့်သည်ဟု ထင်မြင်မိပါသည်။မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့အားလုံး
၂၀၁၅ရွေးကောက်ပွဲကို ဝင်ရောက်ပါဝင်ရမည်သာဖြစ်ပါ
သည်။ မည်သည့်စနစ်ကို ကျင့်သုံး၍ ရွေးကောက်ပွဲကို ကျင်းပသည်ဖြစ်စေ ပြည်သူများအနေဖြင့်
မိမိတို့ အများစု ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များ ပြည်သူ့ကိုယ်စားပြုကိုယ်စားလှယ်အဖြစ်
လွှတ်တော်တွင်း ဝင် ရောက်ရရေးဖြစ်သည်။ မဲစနစ်၏ သဘာဝအတိုင်း တရားနည်းလမ်းကျပြီး မဲမသမာမှု
ကင်းသည့်ရွေးကောက်ပွဲ ကိုသာ လိုလားကြပေသည်ဖြစ်ရာ ၂၀၁၅ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲစနစ်သည်သော်လည်းကောင်း၊
ဒိုင်လူကြီးများသည်လည်းကောင်း၊ တရားမျှတမှုကို လေးစားဖို့နှင့် အကျင့်ပျက် ခြစားတတ်သော
ယဉ်ကျေးမှုကို ရွေးကောက်ပွဲအား ဆွဲမသွင်းမိစေဖို့အရေးကြီးပါသည်။ အစိုးရသစ်နှင့် ပြည်သူတို့အကြား
ယုံကြည်မှုသည် ရွေးကောက်ပွဲမှစပါသည်။ အဘယ့်ကြောင့်ဆိုသော် မသမာသော နည်းလမ်းဖြင့် တတ်လာသော
အစိုးရသည် အုပ်ချုပ်ရေးပိုင်းတွင်လည်း ဆက်လက်ပြီးမသမာမှု ပြုနိုင်တတ်သော်ကြောင့် ဖြစ်ပါသည်။
ထို့ကြောင့် ရွေးကောက်ပွဲစနစ်ပြင်ရေးနှင့်
ပတ်သက်သောကိစ္စ၊ ၂၀၁၅ခုနှစ်တွင်မည်သူ သမ္မတဖြစ်မည် ဆိုသည့် ကိစ္စများနှင့် လုံးလည်ခြာလည်
လိုက်နေသော သံသရာထဲမှကျော်လွန်ပြီး ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ သည်တရားမျှတသည့် အမှန်တကယ်
လွတ်လပ်မျှတသည့် Free and Faire Election ဖြစ်ရေးကိစ္စကို အလေး ထားစဉ်းစားသင့်ပါကြောင့်
ပြည်သူများနှင့် သတင်းမီဒီယာများ အပါအဝင် သက်ဆိုင်သူများ အားလုံးအား တိုက် တွန်းလိုက်ရပါသည်။
No comments:
Post a Comment