ဒီမိုကရေစီ အသွင်ကူးပြောင်းမှု တံခါးဝမှ
ရှေ့သို့ ဦးတည်ဝင်ရောက်လာသော နိုင်ငံတစ်နိုင်ငံ အနေဖြင့် ရှေ့တွင် ကြုံရမည့် စိန်ခေါ်မှုများ
အခက်အခဲများ အတားအဆီး အဟန့်အတား များ မြောက်များစွာက စောင့်ကြိုနေ လျက်ရှိသည်။ အဆိုပါ
စိန်ခေါ်မှုများကို ဖြေရှင်းရန် အစိုးရနှင့် အတိုက် အခံ အကြား လင်နှင့် မယား လျှာနှင့်သွား
လို ဖြေရှင်းရမည်မှာ အသွင်ကူးပြောင်းရေးမှ ရလိုက်သော အမွေဖြစ်သည်။ အဆိုပါ အမွေသည် ကောင်းမွေဟု
ဆိုက ဆိုနိုင်သလို ဆိုးမွေးဟု ဆိုကလည်း ဆိုနိုင် သည်။ အဘယ့်ကြောင့် ဆိုရပါသနည်း။
အရေးကြီးသည်မှာ အစိုးရနှင့် အတိုက်အခံတို့သည်
အိမ်ထောင်တစ်ခုကို ပျိုးထောင်ရ မည် ဖြစ်ရာ နှစ်ဖက်ကြား ကွာရှင်းပြတ်စဲ ကြဖို့မဟုတ်ဘဲ
သဘောမတူညီသည်များကို အပြန်အလှန် ညှိကြ ဖို့ ဖြစ် သည်။ အိမ်ထောင်ဦးကာလတွင် တစ်ဦးနှင့် တစ်ဦး စေ့စပ်ညှိနှိုင်း
အဖြေရှားနိုင်မှ သူအကြိုက် ကိုယ့် အကြိုက် သူ့လိုအပ် ချက် ကိုယ့်လိုအပ်ချက်ညှိဖို့လိုမည်ဖြစ်သည်။
အထူးဂရုပြု ရမည့်အချက်မှာ နှစ်ဦးကြား ကွာရှင်းပြတ်စဲရေး လမ်း ကြောင်း ရောက်မသွားကြဖို့
သာဖြစ်သည်။ လင်မယာနှစ်ဦးကြား နှစ်ဖက်တွင် သူ့ဘက် ရပ်သည့် သူနှင့် ကိုယ့်ဘက်ရပ်မည့်
သူများအကြား တနည်း ဆိုသော နှစ်ဘက် အမျိုးများရှိနေ သည်ဖြစ်ရာ နှစ်ဘက်သော အမျိုးတို့ က လည်း
နှစ်ဦးကြား ဖြစ်ပေါ်လာသော ပြဿနာများ ကို ပြန်လည် သင့်မြတ်သွားစေ ဖို့ ဝိုင်းဝန်း ဆောင် မပေးဖို့
လိုအပ်ပါသည်။ သို့ဖြစ်ရာ ဒီမိုကရေစီ အိမ်ထောင်ဦးတွင် အကွဲအပြဲ ဇာတ်လမ်းနှင့် နိဋ္ဌိမတန်ကြ
ဖို့အတွက် မည်သို့စေ့စပ်ညှိနှိုင်းကြရမည်ကို အထူးစဉ်းစားဖို့ လို အပ်ကြောင်း သတိသင်ခန်းစာရရှိ
ဂရုပြုမိပါ သည်။

No comments:
Post a Comment