-----------------------------------------------------------------------------------------------------------------
" မိမိကိုယ်ကိုကောင်းအောင်ကြိုးစာ
မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်
မိမိတိုင်းပြည်အတွက်ကောင်းအောင်
ဤသည်ကား ခေတ်ကာလတစ်ခုက ကြွေးကြော်သံအဖြစ်ရှိခဲ့ပါသည်။ အဆိုပါ ကြွေးကြော်သံသည် အမှန်ပင်ဖြစ်ပါသည်။ အဆိုပါ စကားကို ဆင်ခြင်ကြည့်ပါက နိုင်ငံတစ်နိုင်ငံကို ဦးဆောင်မည့်သူဖြစ်ဖြစ် လူ့အဖွဲ့အစည်းတစ်ခုကို ကယ်တင်မည့် သူပဲဖြစ်ဖြစ် ထိုသူသည် တကယ်တမ်း ကူညီချင်ပါက ရှေးဦးစွာ ထိုသို့ ကူညီနိုင်စွမ်းရှိအောင် မိမိက အဆင်သင့်ပြင်ထားဖို့လိုသည်။ ကမ္ဘာပေါ်တွင် ခေါင်းဆောင်တိုင်းသည် မိမိတိုင်းပြည် မိမိလူမျိုးကောင်စားရေးအတွက် မိမိကိုယ်တိုင် စွန့်လွှတ်အနစ်နာခံ ဆောင်ရွက်ခဲ့ကြသည်။ နိုင်ငံခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ဂျပန်နိုင်ငံသို့ သွားရောက်ပြီး စစ်ပညာသင်ယူခဲ့သလို နိုင်ငံခြားသားများနှင့် တန်းတူရင်ဘောင်တန်း ပြောဆိုနိုင်အောင် လည်းကြိုးစားခဲ့ရပါသည်။
အောင်ဆန်းစုကြည်သည် မိမိနှင့် မိသားစုတို့ကို စွန့်လွှတ်ကာ ဒီမိုကရေစီအတွက် လူထုရှေ့မှ ရပ်တည်ပေး ခဲ့သည်။
သူတို့၏ ဆောင်ရွက်ချက်များကြောင့် ကမ္ဘာက အသိအမှတ်ပြုကြပြီး အားလုံးက ကြိုဆိုလေးစား လျက်ရှိကြသည်။ တောင်အာဖရိက ခေါင်းဆောင်ကြီး နယ်ဆင်မဲန်ဒဲလား၊ အိန္ဒိယ ခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဒီ ၊ အမေရိကန် သမ္မတကြီး အေဘရာ ဟန်လင်ကွန်း တို့သည်လည်း မိမိတို့ ၏နိုင်ငံနှင့် လူမျိုး အကျိုးအတွက် မဆောင်ရွက်မီ မိမိနိုင်ငံနှင့် လူမျိုးအကျိုးကို ဆောင်ရွက်နိုင်အောင် ရှေးဦးစွာ ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြသည် ချည်းဖြစ်သည်။
ကျွန်တော်တို့ လူငယ်များသည်လည်း မိမိနိုင်ငံနှင့် လူမျိုး အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက် လိုပါ က ယခု အချိန်တွင် အခြားသူများ ယောင်တိုင်း ရောယောင်ပြီး တောင်စဉ်ရေမရ လုပ်ဆောင်မနေပဲ မိမိ ဆောင်ရွက်လိုသည့် လုပ်ငန်းနယ်ပယ် တစ်ခုကို ရွေးချယ်ပြီး ရည်မှန်းချက်တစ်ခု ထားရှိကာ ကြိုတင်ပြင် ဆင် ဆောင်ရွက်သင့်ပါသည်။ မိမိလုပ်ဆောင်လိုသည့် လမ်းကြောင်းအတိုင်း တစ်စိုက်မတ်မတ် ဆောင်ရွက်နိုင်ပါက မည်သူမဆို တစ်နေ့နေ့တစ်ချိန်ချိန်တွင် မိမိသွားချင်သည့် ပန်းတိုင်ကို ရောက်ရှိမည်သာ ဖြစ်သည်။ တိုင်းပြည်နှင့် လူမျိုးအကျိးအတွက် မိမိခံစားခွင့်များကိုစွန့်လွှတ်
ကျွန်တော်တို့၏ အနာဂတ်သည် ကျွန်တော်တို့လက်တွင်း တွင်သာရှိပါသည်။ ကိုယ်လက်ဝယ် ပိုင်ဆိုင်ထားသော ပစ္စုပ္ပန် အချိန်လေးကို အကျိုးရှိအောင် မလုပ်ဆောင်သွားပါက ကျွန်တော်တို့ အနာဂတ်သည် ကျွန်တော်တို့ မလိုချင်သော အရာများဖြင့် စိတ်ဆင်းရဲစွာ နေထိုင်သွားနိုင်စရာ အကြောင်း ရှိပါသည်။ ကျွန်တော်တို့ မလိုချင်သော အရာများမရဘဲ ကျွန်တော်တို့လိုချင်သော အရာများကိုသာ ရရှိဖို့ဆို ပါက ကျွန်ုပ်တို့ကိုယ်တိုင် ကောင်းသောအလုပ်များကိုလုပ်ခြင်း

No comments:
Post a Comment