Thursday, June 13, 2013

Future Myanmar 2015?

လက်ရှိသမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

်Sal Taw Stream, Sal Taw Village, Mandalay, Myanmar (ဆည်တော်ရွာရှိ ဆည်တော်ချောင်း ရှုခင်း၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့)


မိမိကိုယ်ကို တည်ဆောက်ခြင်းနှင့် နိုင်ငံသားတို့အတွက် ပြင်ဆင်သင့်သည်များ အနာဂတ်------- နိုင်မော်

(ဤဆောင်းပါးကို https://www.facebook.com/pages/Citizen-Journalist/596250010394813 တွင်းလည်းဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျာ)
-----------------------------------------------------------------------------------------------------------------
" မိမိကိုယ်ကိုကောင်းအောင်ကြိုးစားမည်
မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်
မိမိတိုင်းပြည်အတွက်ကောင်းအောင်ကြိုးစားမည်………………….. "
ဤသည်ကား ခေတ်ကာလတစ်ခုက ကြွေးကြော်သံအဖြစ်ရှိခဲ့ပါသည်။ အဆိုပါ ကြွေးကြော်သံသည် အမှန်ပင်ဖြစ်ပါသည်။ အဆိုပါ စကားကို ဆင်ခြင်ကြည့်ပါက နိုင်ငံတစ်နိုင်ငံကို ဦးဆောင်မည့်သူဖြစ်ဖြစ် လူ့အဖွဲ့အစည်းတစ်ခုကို ကယ်တင်မည့် သူပဲဖြစ်ဖြစ် ထိုသူသည် တကယ်တမ်း ကူညီချင်ပါက ရှေးဦးစွာ ထိုသို့ ကူညီနိုင်စွမ်းရှိအောင် မိမိက အဆင်သင့်ပြင်ထားဖို့လိုသည်။ ကမ္ဘာပေါ်တွင် ခေါင်းဆောင်တိုင်းသည် မိမိတိုင်းပြည် မိမိလူမျိုးကောင်စားရေးအတွက် မိမိကိုယ်တိုင် စွန့်လွှတ်အနစ်နာခံ ဆောင်ရွက်ခဲ့ကြသည်။ နိုင်ငံခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ဂျပန်နိုင်ငံသို့ သွားရောက်ပြီး စစ်ပညာသင်ယူခဲ့သလို နိုင်ငံခြားသားများနှင့် တန်းတူရင်ဘောင်တန်း ပြောဆိုနိုင်အောင် လည်းကြိုးစားခဲ့ရပါသည်။
အောင်ဆန်းစုကြည်သည် မိမိနှင့် မိသားစုတို့ကို စွန့်လွှတ်ကာ ဒီမိုကရေစီအတွက် လူထုရှေ့မှ ရပ်တည်ပေး ခဲ့သည်။
သူတို့၏ ဆောင်ရွက်ချက်များကြောင့် ကမ္ဘာက အသိအမှတ်ပြုကြပြီး အားလုံးက ကြိုဆိုလေးစား လျက်ရှိကြသည်။ တောင်အာဖရိက ခေါင်းဆောင်ကြီး နယ်ဆင်မဲန်ဒဲလား၊ အိန္ဒိယ ခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဒီ ၊ အမေရိကန် သမ္မတကြီး အေဘရာ ဟန်လင်ကွန်း တို့သည်လည်း မိမိတို့ ၏နိုင်ငံနှင့် လူမျိုး အကျိုးအတွက် မဆောင်ရွက်မီ မိမိနိုင်ငံနှင့် လူမျိုးအကျိုးကို ဆောင်ရွက်နိုင်အောင် ရှေးဦးစွာ ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြသည် ချည်းဖြစ်သည်။
ကျွန်တော်တို့ လူငယ်များသည်လည်း မိမိနိုင်ငံနှင့် လူမျိုး အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက် လိုပါ က ယခု အချိန်တွင် အခြားသူများ ယောင်တိုင်း ရောယောင်ပြီး တောင်စဉ်ရေမရ လုပ်ဆောင်မနေပဲ မိမိ ဆောင်ရွက်လိုသည့် လုပ်ငန်းနယ်ပယ် တစ်ခုကို ရွေးချယ်ပြီး ရည်မှန်းချက်တစ်ခု ထားရှိကာ ကြိုတင်ပြင် ဆင် ဆောင်ရွက်သင့်ပါသည်။ မိမိလုပ်ဆောင်လိုသည့် လမ်းကြောင်းအတိုင်း တစ်စိုက်မတ်မတ် ဆောင်ရွက်နိုင်ပါက မည်သူမဆို တစ်နေ့နေ့တစ်ချိန်ချိန်တွင် မိမိသွားချင်သည့် ပန်းတိုင်ကို ရောက်ရှိမည်သာ ဖြစ်သည်။ တိုင်းပြည်နှင့် လူမျိုးအကျိးအတွက် မိမိခံစားခွင့်များကိုစွန့်လွှတ်ကာ နေ့မအား ညမနား လုပ်ဆောင်နေသူများ အားလုံးကို အခြားသူများကလည်း ကူညီကြစမြဲဖြစ်ပါသည်။ နှုတ်ပြောသာ ရှိပြီ လက်တွေ့လုပ်ဆောင်မှု မရှိသူကို မည်သူကမျှ ကူညီနိုင်ကြလိမ့်မည်မဟုတ်ပါ။ နိုင်ငံတစ်နိုင်ငံကို တည်ဆောက် မွမ်းမံရာတွင်ပဲ ဖြစ်ဖြစ် မိမိလူမျိုးကို ဒုက္ခတွင်းထဲမှ ကယ်တင်ချင်သူပဲဖြစ်ဖြစ်ထိုသို့ ကယ်တင် နိုင်စွမ်းရှိအောင် လိုအပ်သော စွမ်းအားများကို ဖြည့်စွမ်းထားသင့်ပေသည်။ ထိုသို့သော စိတ်ဓာတ် ကိုယ်ခံအားဖြင့် ကြိုးစားဆောင်ရွက် ဆောင်ရွက်သော လူသားများကြောင့်သာ ကျွန်တော်တို့ လူသားများသည် လက်ရှိတွင် အဆင့် အတန်းမြင့်သော လူသားမျိုးဆက်တစ်ခုအဖြစ် ရပ်တည်နိုင်ခြင်းဖြစ် သည်။ ကျွန်တော်တို့ ရှေ့ကဘိုးဘွားများကြောင့်သာ ကျွန်တော်တို့လို မျိုးဆက်သစ်များ အဆင့်တစ်ခုအဖြစ် ရပ်တည်နိုင်ခြင်းဖြစ်သည်။ ဒီလိုပါပဲ ကျွန်တော်တို့က ရှေ့ဆက်ပြီး မကြိုးစားလျှင် နောင်လာနောက်သားများ အဘယ်နည်းဖြင့် ကျွန်တော်တို့ထက်မြင့်သော အဆင့်သို့ရောက်နိုင်ပါမည်နည်း စဉ်းစားကြည့်ကြဖို့ လိုအပ်ပါသည်။
ကျွန်တော်တို့၏ အနာဂတ်သည် ကျွန်တော်တို့လက်တွင်း တွင်သာရှိပါသည်။ ကိုယ်လက်ဝယ် ပိုင်ဆိုင်ထားသော ပစ္စုပ္ပန် အချိန်လေးကို အကျိုးရှိအောင် မလုပ်ဆောင်သွားပါက ကျွန်တော်တို့ အနာဂတ်သည် ကျွန်တော်တို့ မလိုချင်သော အရာများဖြင့် စိတ်ဆင်းရဲစွာ နေထိုင်သွားနိုင်စရာ အကြောင်း ရှိပါသည်။ ကျွန်တော်တို့ မလိုချင်သော အရာများမရဘဲ ကျွန်တော်တို့လိုချင်သော အရာများကိုသာ ရရှိဖို့ဆို ပါက ကျွန်ုပ်တို့ကိုယ်တိုင် ကောင်းသောအလုပ်များကိုလုပ်ခြင်းဖြင့် ကျွန်တော်တို့လိုချင်သော အရာများရအောင် စနစ်တကျဖော်ဆောင်သွားကြရမည်သာ ဖြစ်ပါသည်။ ကျွန်တော်တို့က ငြိမ်းချမ်းချစ်ကြည်မှုများဖြင့် ထုံးမွမ်းအပ်သော လူ့အဖွဲ့အစည်းကို တည်ဆောက်မည်ဆိုပါက ကျွန်တော်တို့က ချစ်ကြည်ကြောင့် ကျင့်စဉ်များဖြင့် ကျင့်သုံးဆောင်ရွက်ရမည်ဖြစ်ပါသည်။ ငြိမ်းချမ်းရေးကို လိုချင်သောလည်း အချင်းချင်း တိုက်ခိုက်ဖျက်ဆီးမှုကို မစွန့်လွှတ်နိုင်သေးပါက မည်သည့်နည်းနှင့်မှ ကျွန်တော်တို့ လိုချင်လှပါသည်ဆိုသည် ချစ်ကြည်ရေး ငြိမ်းချမ်းရေးတို့သည် ရနိုင်ပါမည်လော စဉ်းစားကြည့်ကြဖို့ အထူးလိုအပ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့နိုင်ငံအတွက် ကျွန်တော်တို့ အပေါ်တွင်သာတာဝန်ရှိနေပါသည်။ ကျွန်တော်တို့ မျက်မှောက်အချိန်တွင် လုပ်ဆောင်နေသော ကိစ္စရပ် အဝဝတို့သည် ကျွန်တော်တို့ပေါ်တွင်သာ လုံးဝတာဝန်ရှိနေပြီး ယခုပြုသမျှ၏ အကျိုးဆက်ကို နောင်အနာဂတ်ကို သက်ရောက်မှု ရှိနိုင်သည်ဖြစ်သောကြောင့် အနာဂတ်ကောင်းစေရန် မိမိလုပ်ဆောင်ပြုမူ ပြောဆိုသမျှကို ရှေ့နောက်ဆင်ခြင် တွေးတောကာ အနာဂတ်လှအောင် လုပ်ဆောင်ကြပါဟု တိုက်တွန်း လိုက်ရပါသည် ခင်ဗျား။

နေ့သစ်အတွက် အတွေးသစ်များ



" မနက်ကောင်းကင်ကြီးရှေ့ဆီမှ ရောင်နီအလင်းများ ရောက်တဲ့အခါ …………….."
          အဆိုပါ သီချင်းစာသားလေးက ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်သော စာသာ ဖြစ် သော် လည်း ကျွန်ုပ်အတွက်မူ နေ့သစ်အတွက် အားမာန်များဖြစ်စေပါသည်။ ကျွန်တော်တို့ လူသားများသည် နေ့စဉ် နေ့တိုင်း မနက်အာရုဏ်တက်ပြီ ဆိုသည်နှင့် တစ်ပြိုင်နက် ဘဝရပ်တည်ရေး၊ ဘဝရည်မှန်းချက်တို့အတွက် လုပ်ငန်းခွင်ကိုယ်စီသို့သွားရောက်ကြရသည်။ အချို့ကလည်း ပညာရှာမှီးဖို့အတွက် ကျောင်းစာသင်ခန်း များဆီ သို့ သွားရောက်ကြရသည်။ ဤသို့ဖြင့် လူသားအသီးသီးတို့သည် မိမိတို့တာဝန် မိမိတို့ထမ်းရင်း လောကအတွက် အလှဆင်နေကြပေသည်။
ဤသို့လုပ်ဆောင်ကြရာတွင် အချို့က မိမိတို့၏ တာဝန်၊ လုပ်ငန်းဆောင်တာများကို တက်ကြွစွာ လုပ်ကိုင်ကြသည်များရှိသလို အချို့ကလည်း ညည်းငွေ့စွာ ဆောင်ရွက်ကြခြင်းများလည်း ရှိကြပါသည်။ မည်သို့ ပင်ဆောင်ရွက်ကြသည်ဖြစ်စေ လူသားအားလုံးတို့သည် ကိုယ့်တာဝန်ကိုယ်ကျေပွန်ကြရမည်သာ ဖြစ်သည်။ မကျေပွန်ပါက ရရှိမည့်ရလာဒ် ကောင်းကျိုးဆိုးကျိုးများကို ရရှိခံစားကြရမည် ဖြစ်ပါသည်။ များသောအားဖြင့် လုပ်ငန်းတာဝန်များကို တက်ကြွစွာ အားမာန်အပြည့် ဖြည့်သွင်း၍ဆောင်ရွက်ကြသူများသည် လုပ်ငန်းခွင်တွင် အခြားသူများသို့လည်း တက်ကြွစေရန် အင်အားများဖြည့် စွမ်းပေးသည်။ တက်ကြွသော လူသားတစ်ဦးကို မြင်လိုက်ရသော သူတစ်ဦးသည် အဆိုပါ လူသား၏ တက်ကြွမှုကို ကြည့်ရှုပြီး အားမာန်များ၊ အားကျမှုများရရှိ လာမည်ဖြစ်သည်။ ထိုမှတစ်ဆင့် လုပ်ငန်းခွင်တစ်ခုလုံးရှိ လူသားများ အသီးသီးသို့ တက်ကြွမှုများ ရရှိစေအောင် ဆောင်ကြဉ်းပေးနိုင်ခဲ့လျှင် အောင်မြင်တိုးတက်မှုများ ပြည့်လျှမ်းနေသော အစဉ်ကောင်းမွန်သော အကြံကောင်းဥာဏ်ကောင်းများ ဖြည့်စွမ်းပေးနိုင်သော လန်းဆန်းတောက်ပနေသော လုပ်ငန်းခွင် မလွဲမသွေဖြစ် နိုင်ပါလိမ့်မည်။
လုပ်ငန်းခွင်များ၏ အနှစ်သာရသည် စုပေါင်းစွမ်းအားနှင့် စိတ်ကောင်းစေတနာကောင်းရှိသော၊ ကိုယ်ကျိုးမဖက်သော လူသားများ၏ အတွင် အဇျတ္တ သန္တာန်တွင် ကိန်းအောင်းနေပါသည်။ အဆိုပါ အနှစ်သာရ ကောင်းများသည် အကျိုးအမြတ်အဖြစ်ပေါ်ထွက်လာနိုင်ဖို့ဆိုပါက တစ်မိုးအောက်တွင်နေထိုင်ကြသော လူသားများ အချင်းချင်း တူညီသော ရည်ရွယ်ချက်နှင့် ခိုင်မာသော စိတ်ဆန္ဒ၊ အချောင်မခိုတတ်သော အလေ့အထများ ရှိဖို့လိုအပ်ပါသည်။ ကောင်းသော အလေ့အထတစ်ခုသည်အခြားသူများ ထံသို့ကူးစက်နိုင် သကဲ့သို့ မကောင်းသော အလေ့အထတို့သည်လည်း ကူးစက်တတ်သော သဘောရှိပါသည်။ နောက်လာမည့် မျိုးဆက်သစ်များ၊ လူသစ်များကို မည်သို့သော အကျင့်များဖြင့် လုပ်ငန်းခွင် တွင်ဆောင်ရွက်လုပ်ကိုင်စေလိုပါသ နည်း။ ကျွန်တော်အနေဖြင့် ပြောရမည်ဆိုပါက နောက်လာမည့် လူသားများအား ကောင်းသောအကျင့်များ၊ မွန်မြတ်သော အကျင့်ကောင်းများဖြင့် ဝင်ရောက်လာမည့် အနာဂတ်၏ ကြယ်ပွင့်များ ဖြစ်ရမည်ဟု စိတ်ကူး ဆောင်ရွက်သင့်ပါသည်။
ထိုသို့သော သဘောထားများ ထားရှိနိုင်ခြင်း၊ မထားရှိနိုင်ခြင်းသည် လူသားတစ်ဦး အနေဖြင့် မည်မျှအထိ ခေါင်းဆောင်ကောင်းပီသသည်/ မပီသသည်ဟူသည့် အပေါ်တွင်သော်လည်းကောင်း၊ လူတစ်ဦး၏ အကောင်းမြင်မှု/ အဆိုးမြင်မှုစသည့် အချက်စိတ်နေသဘောထားများ ပေါ်တွင်လည်းကောင်း မူတည်နေပါ သည်။
မိမိတို့တစ်ဦးချင်းစီ အနေဖြင့် ကြိုတင်မျှော်မြင်ပြီး နောင်မျိုးဆက်များ၊ လူသစ်များအတွက်စဉ်းစား ကြဖို့လိုအပ်ပါသည်။ ဥပမာ နှိုင်းယှဉ်ရပါက "ကျွန်တော်တို့သည် မိမိတို့၏ တာဝန်ကိုလည်း ပြီးမြောက်အောင် ဆောင်ရွက်ရ၏၊ နောက်လူများအတွက်လည်း စဉ်းစားရ၏၊ ရှေ့ကဆောင်ရွက်ခဲ့ကြသော ဆရာသမားများ ဖော် ဆောင်ခဲ့သော အဖွဲ့အစည်းကိုလည်း ရေရှည်ခိုင်မြဲစေရန် ဆောင်ရွက်ရ၏" ဟူသော အချက်သုံးချက်ကို နှလုံး သွင်းမှတ်သား သင့်ပါသည်။
အရိပ်နေနေ အခက်ချိုးချိုး အပြုအမူများကိုလည်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။ နေ့သစ်တစ်ခုကို စိတ်ကောင်းနှလုံးကောင်းဖြင့်စတင် နိုးထပြီး နေ့သစ်တိုင်းနေ့သစ်တိုင်းကို ပိုမိုကောင်းမွန်လာစေရန်နှင့် မိမိ၏ တာဝန်နှင့် ဝတ္တရားများကိုပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်စေရန် မိမိလုပ်ဆောင်သမျှကို အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူသော ကာလသုံးပါးနှင့် ယှဉ်၍ ကောင်းမွန်သော အတွေးအခေါ်၊ အပြောအဆို၊ လုပ်ကိုင် ဆောင်ရွက်မှုများဖြင့် ရှေ့သို့ လျှောက်လှမ်းကြပါစို့ဟု ရေးသားဖော်ပြလိုက်ရပါသည်။

Sunday, June 9, 2013

ကျွန်တော်ဟုမ္မလင်းကရာဘာခြံတစ်ခုမှာရိုက်ခဲ့တဲ့ပုံပါ(နွေအလှ)


သူငယ်ချင်းထံပေးစာ




ဟေ…သူငယ်ချင်း
မင်းတို့ ငါတို့ဟာ အယူအဆတွေ မတူပေမယ့်
ငါတို့ဟာ ဒီမြေမှာ မွေးခဲ့သူတွေပါ။
သူငယ်ချင်း
မင်းတို့ ငါတို့ဟာ ကျင်လည်ရာ နယ်ပယ်တွေ မတူပေမယ့်
ငါတို့ဟာ ပြည်သူတွေပါပဲ။
သူငယ်ချင်း
မင်း မြန်မာပြည်ကို ချစ်သလို
ငါလည်း မြန်မာပြည်ကို ချစ်ပါတယ်။
သူငယ်ချင်း
တည်ဆောက်ရေးမှာ မင်းမရှိလို့ မဖြစ်သလို
ငါတို့တွေ မရှိလို့လည်း မဖြစ်ပါဘူး။
သူငယ်ချင်း
တိုင်းပြည်ကို တည်ဆောက်မယ်လို့ပြောနေတဲ့ မင်းမှာ
မင်းရဲ့ စိတ်ဓာတ်လေးကိုတော့
နည်းနည်းပြုပြင်ဖို့ လိုနေသေးတယ်။
သူငယ်ချင်း
တိုင်းပြည်ကို ဦးဆောင်တယ်ဆိုတာ
 မင်းဦးဆောင်မှ ကောင်းမှာမဟုတ်သလို
ငါဦးဆောင်မှ ဖြစ်မယ်ဆိုတာ မျိုးလည်း မရှိပါဘူး။
သူငယ်ချင်း
ဒါ့ကြောင့် နိုင်ငံတည်ဆောက်တဲ့ ပွဲဆိုတာ
မင်းတစ်ယောက်တည်း မူပိုင်မဟုတ်သလို
ငါတို့တွေရဲ့ ပိုင်ဆိုင်မှု လည်းမဟုတ်ပါဘူး ။
ပြည်သူတစ်ရပ်လုံးနဲ့ ဆိုင်တဲ့ပွဲပါ………………..။  
သူငယ်ချင်း
ငါတို့တွေရဲ့ နိုင်ငံဆိုတာ ငါတို့မပိုင်ပါဘူး
နောင်လာမယ့် မျိုးဆက်သစ်တွေဆီက
သူတို့ မလာခင် ခဏထိန်းသိမ်းထားပေးတာပါ။
သူငယ်ချင်း
မင်းဒီသဘောကိုနားလည်ရင်
ငါတို့တိုင်းပြည်အတွက် စိတ်အေးရပါပြီကွာ
ချစ်စွာသော သူငယ်ချင်း။

Friday, February 8, 2013

ပြင်ချင်ကြသည့် အခြေခံဥပဒေ
အခြေခံဥပဒေကို ပြင်ချင်ကြတယ်ဆိုတဲ့အထဲမှာအပိုင်း(၄)ပိုင်းတွေ့ရတယ်

ပထမအုပ်စုက
သမ္မတ ရဲ့အရညအချင်းနှင့် ပတ်သက်၍ပြင်ဆင်ချင်တဲ့အုပ်စု
အခန်း(၃)အခြေခံဥပဒေပုဒ်မ-၅၉(ခ)
ဒုတိယအုပ်စုက
ရွေးကောက်ပွဲစနစ်ကိုပြင်ချင်တဲ့အုပ်စု
တတိယအုပ်စုက
တပ်မတော်ပါဝင်နေမှုကို လျှော့ချလိုတဲ့အုပ်စု
စတုတ္ထအုပ်စုက
ပြည်ထောင်စုနဲ့ပြည်နယ်အာဏာခွဲဝေမှုကို ပြင်ဆင်လိုတဲ့ တိုင်းရင်းသားတွေပါဝင်တဲ့ (Federal)လိုလားသူများအုပ်စု တို့ဖြစ်တယ်
အသေးစိတ်ကို နောက်ထပ်လေ့လာပြီးမှ ဆောင်းပါးအနေဖြင့် ဖော်ပြမည်။
ပုံအောင်နိုင်မော်
ပြင်ချင်ကြသည့် အခြေခံဥပဒေ
အခြေခံဥပဒေကို ပြင်ချင်ကြတယ်ဆိုတဲ့အထဲမှာအပိုင်း(၄)ပိုင်းတွေ့ရတယ်

ပထမအုပ်စုက
သမ္မတ ရဲ့အရညအချင်းနှင့် ပတ်သက်၍ပြင်ဆင်ချင်တဲ့အုပ်စု
အခန်း(၃)အခြေခံဥပဒေပုဒ်မ-၅၉(ခ)
ဒုတိယအုပ်စုက
ရွေးကောက်ပွဲစနစ်ကိုပြင်ချင်တဲ့အုပ်စု
တတိယအုပ်စုက
တပ်မတော်ပါဝင်နေမှုကို လျှော့ချလိုတဲ့အုပ်စု
စတုတ္ထအုပ်စုက
ပြည်ထောင်စုနဲ့ပြည်နယ်အာဏာခွဲဝေမှုကို ပြင်ဆင်လိုတဲ့ တိုင်းရင်းသားတွေပါဝင်တဲ့ (Federal)လိုလားသူများအုပ်စု တို့ဖြစ်တယ်
အသေးစိတ်ကို နောက်ထပ်လေ့လာပြီးမှ ဆောင်းပါးအနေဖြင့် ဖော်ပြမည်။
ပုံအောင်နိုင်မော်

Friday, November 9, 2012

Recent Activities of life