Sunday, August 26, 2012

ရိုဟင်ဂျာအရေး၏တစ်ဖက်တစ်ချက်တွင်


ရိုဟင်ဂျာအရေး၏တစ်ဖက်တစ်ချက်တွင်
“မြန်မာနိုင်ငံတွင် မြုံနေသောအနာဟောင်းရှိမှန်းကျွန်တော် ၂၀၁၂ဇွန်လမတိုင်မီအထိမသိခဲ့သည်မှာ အမှန်ပါ။ အမှန်အတိုင်းပြောရလျှင် ကျွန်တော်သည်လူငယ်တစ်ယောက်ဖြစ်သည့် အပြင်ရန်ကုန်မြို့တွင် သာနေ ထိုင်ကြီး ပြင်း လာခဲ့သော လူငယ်တစ်ယာက်ဖြစ်သည်ကိုလည်း ကျွန်တော်အရင်ဆုံးဝန်ခံပါတယ်။ သို့သော် ကျွန်တော်သည်ကျွန်တော်မှာရှိတဲ့ အတွေးအခေါ်နဲ့ပစ္စုပ္ပန်မှဖြစ်နေတဲ့ အပေါ်မှာပ်တည်ပြီး ဖော်ပြလိုသော ဆန္ဒဖြင့် ဝေဖန်မှုပြုလိုပါတယ်”
          မြန်မာနိုင်ငံသည် ခေတ်သစ်နစ်သစ်ကို တက်ကြွစွာဖြတ်သားလာနေသော ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ဒီနိုင်ငံမှာ နှစ်ပေါင်းများစွာက ဖြစ်တည်လာခဲ့တဲ့ သမိုင်းကြောင်းတွေ ယဉ်ကျေးမှုတွေရှိခဲ့ပါတယ်။ ဒီလိုရှိလာတဲ့ သမိုင်းကြောင်းနဲ့အတူ ပြဿနာများလည်း ပူးတွဲပါလာတတ်ပါတယ်။
          ဒါကြောင့် ပြဿနာဆိုတာအမြဲတမ်းရှိတယ်ဆိုတာကို လက်ခံရပါမယ်။ သို့သောပြဿနာဆိုတာ ငြင်းပယ်ရမယ့်အရာမဟုတ်ပါဘူး။ပြဿနာဆိုတာငြင်းပယ်လေပိုဆိုးလေပါပဲ။သို့သော်ဒီပြဿနာကို ဖြေရှင်း ပြီးပြီ ဆိုရင်လည်း ကောင်းတဲ့ရလာဒ်တစ်ခုထွက်လာမှာပါပဲ။ ငြင်ဆန်နေသ၍ အဖြေထွက်မည်မဟုတ်ပါ။
          ဒီကနေ့ ကျွန်တော်တို့မြန်မာပြည်နဲ့ ပတ်သက်ပြီး ပြည်တွင်းကရော ပြည်ပနိုင်ငံများကပါ ပြောပြောနေကြတဲ့ ကိစ္စတွေထဲက အဆိုးဆုံးကိစ္စကတော့ တစ်ချို့ကနယ်စပ်ြ​ပဿနာလို့ ပြောကြပြီး တစ်ချို့က လူမျိုးစုပြဿနာလို့ပြောကြတဲ့ ရခိုင်ပြည်နယ်က အရေးကိစ္စပဲဖြစ်ပါတယ်။
          ဒီအရေးကိစ္စနဲ့ ပတ်သက်ပြီးတာဝန်ရှိနေတဲ့ သူကတော့ လက်ရှိအစိုးရပဲဖြစ်ပါတယ်။ဒါကြောင့် ဒီပြဿနာထဲမှာပါဝင်ပတ်သက်သူတွေက အစိုးရအပေါ် အမျိုးမျိုးသောသဘောထားတွေ ၊အမျိုးမျိုးသော ရပ်တည်ချက်တွေ၊ရှုထောင့်တွေကနေဝေဖန်ပြောဆိုသံတွေ၊ချီးမွမ်းသံတွေနဲ့ အမျိုးမျိုး ပြောနေကြတာတာ ကလည်းအမှန်ပါပဲ။
          ဒီလိုပြောဆိုကြတဲ့နေရာမှာ ပြောဆိုသံတွေကို ကျွန်တော်တို့အနေနဲ့ အုပ်စုနှစ်စုခွဲမြင်နေရပါတယ်။ဒါကတော့ ရိုဟင်ဂျာတွေဘက်ကရပ်တည်ပြောတဲ့သူနဲ့ ရခိုင်တွေဘက်ကရပ်တည်ပြောတဲ့ သူဆိုပြီးတော့ပါ။
          ရိုဟင်ဂျာတွေဘက်ကရပ်ပြောတဲ့သူတွေကဘာပြောသလဲဆိုရင် လူ့အခွင့်အရေးဆိုတဲ့ ရှုထောင့်က နေပြောပါတယ်။ မြန်မာပြည်ဟာ ရိုဟင်ဂျာတွေကို အမျိုးမျိုးဖိနှိပ်ခွဲခြားဆက်ဆံတယ်။ တန်းတူအခွင့် အရေးမရဘူး ဟုဆိုကာအမျိုးမျိုးပြောဆိုလေ့ရှိပါတယ်။ ဒီလိုပြောတဲ့အထဲမှာ ကုလသမဂ္ဂအပါအဝင် မူစလင်ကမ္ဘာကအုပ်စုတွေက ထိပ်တန်းကပါနေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးအုပ်စုတွေ(တနည်း) Interest Group တွေပေါ့ဗျာ။ သူတို့ကတော့ ဒီကိစ္စကို ရှုမြင်ရမှာ ယခင်ခေတ်ဟောင်းကရှိနေတဲ့ မြန်မာ့ပုံရိပ်လွှာအဟောင်းအပေါ် ကိုကြည့်တဲ့မျက်စိနဲ့ ပြောကြတာပေါ့ဗျာ။သူတို့ ရဲ့ရှိရင်းစွဲအမြင်ကတော့ ရိုင်ဂျာဟာ ကမ္ဘာပေါ်မှာဖိနှိပ်အခံရဆုံး၊မျက်နှာအငယ်ရဆုံးလူမျိုးတွေလို့ပေါ့ဗျာ။
          အဲမြန်မာပြည်အတွင်း က နိုင်ငံသားတွေဘက်ကလည်း တစ်မျိုးတစ်ဂါထာကွဲပြီး ရှုမြင်ကြတာလဲရှိသေး တယ်ဗျ။ ဒါကတော့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားနယ်စပ်က ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေဖြစ်တယ်။သူတို့ဟာ မြန်မာနိုင်ငံသားတွေမဟုတ်ဘူး။ ဒီကိစ္စကို စဉ်းစားတဲ့နေရာမှာ လူ့အခွင့်အရေး ရှုထောင့်တစ်ခုတည်းနဲ့ မလုံလောက်ဘူးလို့ဆိုပြန်တယ်။
          ဒီတော့ ကျွန်တော်တို့ မဟာဗျူဟာကျကျစဉ်းစားကြရအောင်ဗျာ။ တနည်ခြံစည်းရိုးခွထိုင်ပြီးစဉ်းစား ကြည့်ရအောင်ဗျာ။ အစိုးရဘက်လိုက်ပြောတယ်တော့မမြင်နဲ့ပေါ့ဗျာ။ တကယ်တမ်းပြောရရင် အစိုးရမှာ အခက်ကြုံနေတာအမှန်ပဲဗျ။ တစ်ဖက်ကနိုင်ငံတကာရဲ့သဘောထားအတိုင်းလိုက်လျောပြီး ရိုဟင်ဂျာကို မျက်စိတမှတ်လျှပ်တပြက်ချက်ချင်း နိုင်ငံသားပြုလိုက်ရင်လည်း ပြည်တွင်းမှာ မမျှော်မှန်းနိုင်တဲ့ အတိုင်းအတာအထိ ဖြစ်လာနိုင်တယ်။ နောက်ကြောင်းပြန်လှည့်စရာတွေ ဖြစ်လာနိုင်တယ် ဆိုပါတော့ဗျာ။
          တစ်ဖက်က ပြည်သူတွေဘက်လိုက်ပြီး ရိုဟင်ဂျာကိစ္စကို တင်းခံပြန်ရင်လည်း နိုင်ငံတကာကစွပ်စွဲမှုမျိုး စုံတက်လာဦးမယ်ဆိုတော့

အသစ်တက်လာသော နိုင်ငံတော် ဒုတိယသမ္မတ အတွက် အကြံပြုချက်


အသစ်တက်လာသော နိုင်ငံတော် ဒုတိယသမ္မတ အတွက် အကြံပြုချက်
            လွှတ်တော်ကျင်ပသည်မှာတစ်လခွဲနီးပါးရှိခဲ့ပြီ။ လွှတ်တော်စတင်ကျင်းပသော ပထမဆုံးနေ့တွင် နိုင်ငံတော်သမ္မတက လွှတ်တော်သို့ လစ်လပ်သွားသော နိုင်ငံတော်ဒုတိယသမ္မတကို ပြန်လည်ရွေးချယ်ပေး ရန်အကြောင်းကြားစာပို့သည်။
            ထိုစဉ်ကတည်းက ဒုတိယသမ္မတ မည်သူဖြစ်မည်ကို ပြည်သူများအနေဖြင့် မျှော်လင့်လျက်ရှိသည်။ နိုင်ငံအရေးအခင်အကျင်းသစ်ကို စတင်ပြောင်းလဲလာပြီးတစ်နှစ်ကျော်ကာလအတွင် ပြည်သူများ နိုင်ငံရေးရာ အပေါ်ဂရုပြုမိခြင်း(Political Awareness)ရှိလာသည်ကိုတွေ့မြင်ရမည်ဖြစ်သည်။
            ပြည်သူများတစ်လကျော်စောင့်မျှော်လာခဲ့သည်ဒုတိယသမ္မတအဖြစ် ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်ကြီးဥာဏ်ထွန်းကို ခန့်အပ်သည်ကိုသိရသည်။ နိုင်ငံတော်အစိုးရအဖွဲ့ရာထူးများတွင် ဒုတိယသမ္မတ ရာထူးသည်အရေးပါသောရာထူးတစ်ခုဖြစ်ပေသည်။
            ထို့ကြောင့် တက်လာသောဒုတိယသမ္မတ၏ သဘောထားနှင့်လွှမ်းမိုးမှု မည်၍မည်မျှရှိမည်ကို ကျွန်တော်တို့ စောင့်ကြည့်ရပေလိမ့်မည်။
            နိုင်ငံတော်အကြီးအကဲ သမ္မတဦးသိန်းစိန်သည် တပ်မတော်မှအရပ်သားအစိုးရသို့ပြောင်းလဲ တာဝန်ယူသည်လမ်းကြောင်းကို ဦးတည်ဆောင်ရွက်လျက်ရှိရာ ဒုတိယသမ္မတအဖြစ်ရွေးချယ်ခံရသော  ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းအနေဖြင့် မည်မျှအထိ လက်တွဲလုပ်ဆောင်နိုင်မည် ကူညီပံ့ပိုးနိုင်မည်မှာမူစဉ်းစားစရာ တစ်ခုဖြစ်သလို ဤအချက်ကိုလည်းကျွန်တော်တို့ စောင့်ကြည့်ရမ်သာဖြစ်သည်။
            စစ်အာဏာမှ ဖြေလျှော့ခြင်း(Liberalisation) မှ စတင်အသွင်ကူးပြောင်းလာသောအဆင့် (Transitional) ကာလအတွင်း နိုင်ငံတော်တွင်ပြုပြင်ပြောင်းလဲမှုများလုပ်ကိုင်လာသည်။ အဆိုပါကာလအတွင်း ခြိမ်းခြောက်မှုများကို အခွင့်အလမ်းအဖြစ်ပြောင်းခဲ့သည့်ဖြစ်စဉ်များရှိခဲ့သည်။ နိုင်ငံတကာမှ အားပေးထောက်ခံ မှုများကိုရရှိခဲ့သည်။
            ထို့အတူ တစ်ဖက်တွင် ဖြေရှင်းရမည့်ပြဿနာများလည်းရှိနေသည်။ လွတ်လပ်ရေးနှင့်အတူတွဲပါလာ သည့် ပြည်တွင်းစစ်မီးကို အပြီးတိုင်ငြိမ်းသက်ဖို့ကြိုးစားနေရသည့်ကာလဖြစ်သည်။
            ထို့ပြင် မကြာသေးမီဇွန်လကဖြစ်ပေါ်ခဲ့သော အတွင်းအောင်းနေရာမှ ပေါ်လာသည့် ရခိုင်ဒေသ ပဋိပက္ခ ကလည်းရှိနေသည် ။အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတကာမှ လူ့အခွင့်အရေးချိုးဖောက်မှုများဟု ကင်မွန်းတပ်သည်များရှိသည်။ အဆိုပါကိစ္စကပင် မြန်မာနိုင်ငံ၏ ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်အပေါ် သံသယပွားမှုများကိုပင်ဖန်တီးပေးခဲ့သည်။ အစိုးရအနေဖြင့် ရိုဟင်ဂျာကိစ္စသည် ကိုင်တွယ်ရခက်ခဲသော ပြဿနာ တစ်ခု အနေဖြင့် လိပ်ခဲတည်းလဲ ဖြစ်နေဆဲပင် ဖြစ်သည်။
            အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ရော ဒုတိယသမ္မတသစ်အနေဖြင့်မည်သို့သဘောထားသနည်း ဆိုသည်မှာ လည်းစဉ်းစားစရာ တစ်ခုပင်ဖြစ်သည်။
            မည်သို့သောဗျူဟာ၊ မည်သို့သောအတွေးအခေါ်များရှိပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ် တွင်မည်သို့ပါဝင် ကစားမည်ဆိုသည်ကလည်း ပြည်သူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စဉ်းစားရမည့်ကိစ္စဖြစ်သည်။
            မြန်မာနိုင်ငံ၏ ဖွဲ့စ်းအုပ်ချုပ်ပုံအရ နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာနှင့် ဥပဒေပြုရေးအာဏာ တို့တွင် တပ်မတော်၏ ပါဝင်ပတ်သက်မှုများရှိနေသည်ဖြစ်ရာ တပ်မတော်နှင့် အရပ်ဖက်အစိုးရမည်မျှလက်တွဲနိုင်မည်၊ အတိုက်အခံပါတီနှင့် တပ်မတော်မည်သို့သဘောထားရှိမည်ကလည်းစဉ်းစားစရာတစ်ခုပင်ဖြစ်သည်။
            ဤကဲ့သို့နိုင်ငံတကာနှင့် ပြည်သူတို့ကြားတွင်ဖြစ်ပေါ်နေသော ပဟေဠိသဖွယ်ဖြစ်ပေါ်နေသော သံသယများ ကို ဖြေရှင်းပေးနိုင်မည့်သူမှာမည်သူဖြစ်မည်နည်း။
            တစ်ဦးတည်းသားရှိသည်။ထိုသူကားအခြားသူမဟုတ် ဒုတိယသမ္မသစ်ကိုယ်တိုင်ပင်ဖြစ်တော့သည်။
ဒု-တစ်ယောက်အနေဖြင့် သူ့ကို ရွေးချယ်ပေးလိုက်သည့် တပ်မတော်သားများ ဘက်ကလိုက်မည်လား။ ဒီမို က ရေစီ အလှည့်အပြောင်းကို လက်ရှိအစိုးရနှင့်အတူဝင်ရွှေ့နိုင်မည်လား။
            ကျွန်တော်အနေဖြင့်ပြောရလျှင် လက်ရှိ ဦးသိန်းစိန် အစိုးရ၏ နိုင်ငံရေးပြုပြင် ပြောင်းလဲရေး ခြေလှမ်းများက သွက်လက်လှသည်။ သို့ကြောင့်လည်း နိုင်ငံတကာမှ လက်ရှိအစိုးရကို လိုလားမှုရှိခဲ့သည်။ မြန်မာပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်ကို အကောင်းမြင်အားပေးမှုရှိခဲ့သည်။ ထိုသို့ဖြစ်ခဲ့သည်မှာလည်း အစိုးရ အနေဖြင့် နှစ်ဦးနှစ်ဖက် ပြေလည်စေသည့် အခြေအနေသို့ရောက်အောင်ညှိယူုနိုင်ခဲ့ခြင်း (သမ္မတဦးသိန်းစိန်သည် အဓိက (Main) ဖြစ်သောဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ဒီမိုကရေစီ အင် အားစုများနှင့် လက်တွဲနိုင်ခဲ့ခြင်း) ၊ဆန့်ကျင်ဘက်အင်အားစုများနှင့်ငြိမ်းချမ်းရေးတည်ဆောက်ခြင်းများ ပြုလုပ်ခြင်းများပြုလုပ်ခဲ့ခြင်းဖြစ်သောကြောင့် သမ္မသစ်အနေဖြင့် မြန်မာ့နိုင်ငံရေးဖြစ်စဉ်ဖြောင့်ဖြူးစေရေး အတွက် အစိုးရနှင့်တစ်သားတည်းဖြစ်သင့်သည်ဟုမြင်သည်။
            ထို့ပြင် အတိုက်အခံအင်အားစုများနှင့်လည်း တစ်သားတည်းဖြစ်စေဖို့ တွေ့ဆုံခြင်း၊ဆွေးနွေးခြင်းများ ပြုလုပ်သင့်သည်ဟုမြင်သည်။ အဘယ့်ကြောင့်ဆိုသော်အတိုက်အခံများဘက်ကလည် လက်ရှိသမ္မတကြီးကို အယုံအကြည်အပြည့်အဝရှိသော်လည်း ဒုသမ္မတသစ်အတွက် မည်သို့ရှိမည်ကို မသိနိုင်သောကြောင့်ဖြစ် သည်။
            နောက်ကြောင်းပြန်လှည့်လိုသော သဘောထားရှိမရှိကို အဆိုပါလုပ်ဆောင်ချက်ကသူတို့ကို ယုံကြည် မှုတည်ဆောက်ပေးနိုင်မည်ဖြစ်သည်။
            ထို့ပြင်မြန်မာနိုင်ငံအတွက် အရေးကြီးဆုံးကိစ္စများကိုပါ ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါလိမ့်မည်။ မြန်မာနိုင်ငံအတွက်အရေးကြီးဆုံးမှာ Nation Building (အမျိုးသားသွေးစည်း ညီညွတ်မှုတည်ဆောက်ရေး) ဖြစ်ပါသည်။ ထို့အတွက်ကြောင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တွင်ပါ ပူးတွဲပါဝင်ဖို့ စတင်သင့်သည်ဟု ရှုမြင်မိသည်။
             နိုင်ငံတော်၏ ထပ်တန်းတာဝန်ရှိသူသုံးဦးတွင် တပ်မတော်သားကိုယ်စားလှယ် အုပ်စုမှ ရွေးချယ်လိုက်သော ဒုတိယသမ္မတလည်းပါဝင်သည်ဖြစ်ရာ တပ်မတော်နှင့်ပြည်သူကြား သဘောထားအမြင် တစ်သားတည်းဖြစ်စေရေးအတွက် အစီအစဉ်သစ်များဆောင်ရွက်နိုင်၊မနိုင်ဆိုသည်မှာ လည်း ဒု-၏ ဆုံးဖြတ်ဆောင်ရွက်ချက်အပေါ်မူတည်မည်ဖြစ်သည်။
            နိုင်ငံတစ်နိုင်ရှိ အစိုးရတစ်ရပ်ဟူသည် သမ္မတကြီးတစ်ဦးတည်းနှင့်လည်းအစိုးရဟုပြော၍မရသလို ဝန်ကြီးတစ် ဦးတစ်ယောက်တည်နှင့်လည်း အစိုးရဟုမမည်ဘဲ သ္မတအပါအဝင် ဒုသမ္မတများ ၊ဝန်ကြီးများ အပါအဝင်အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံးကိုပေါင်းစည်းပြီးမှ အစိုးရဟုဆိုနိုင်မည်ဖြစ်ရာ ပါဝင်သူအားလုံးမပါဝင်ဘဲနှင့် ကောင်းမွန်သောအုပ်ချုပ်  ရေးအတွက် မူဝါဒကောင်းများ ချမှတ်နိုင်မည်မဟုတ်သလို ဒီမိုကရေးစီ၏ တန်ဖိုးများဖြစ်သော လွတ်လပ်ခွင့်၊တန်းတူညီ မျှမှုများကို ဖော်ဆောင်ပေးနိုင်မည်မဟုတ်ပေ။သို့ဖြစ်သောကြောင့် တပ်မတော်မှ ရွေးချယ်တင်မြှောက်လိုက်သော်လည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးခရီးရှည်ကြီးတွင် တက်ညီလက်ညီ ဝင်ရောက်ဆောင်ရွက်နိုင်ရေးသည် ပိုမိုအရေးကြီး ဆုံးဖြစ်သည်။
            သေချာစွာပြောနိုင်သည်ကတော့ ပြည်သူတွေရော၊ နိုင်ငံတကာအသိုင်းအဝိုင်ကရော၊ အတိုက်အခံများ၊ လူမျိုးစုများကြားတွင်ပါ ဒုသမ္မတအပေါ်ထားရှိသော သဘောထားမှာ ယုံကြည်မှုတည်ဆောက်ရန် လိုအပ်နေသေး သည်ဖြစ်ရာ ယုံကြည်မှုတည်ဆောက်ရေး အတွက်စတင်လုပ်ကိုင်သင့်နေပြီ။အနှုတ်လက္ခဏာ
            ဒုသမ္မတအနေဖြင့် လက်ရှိအစိုးရနှင့် မူဝါဒမတူလျှင်၊ အတိုက်အခံအဖွဲ့အစည်းများနှင့်လက်မတွဲနိုင်လျှင်၊ ဒီမိုကရေစီ တန်ဖိုးများကို ဂရုမပြုလျှင် တိုင်းပြည်၏ ပြုပြင်ပြောင်းလဲရေးတွင်အဟန့်အတားဖြစ်နိုင်သည်။
ထိုသို့မဟုတ်ဘဲလက်ရှိအစိုးရနှင့်တစ်သားဖြစ်ခဲ့လျှင်၊ အတိုက်အခံအဖွဲ့အစည်းများနှင့် ယုံကြည်မှု တည်ဆောက် ကာ လက်တွဲနိုင်ပြီး ဒီမိုကရေစီတန်ဖိုးများကို အလေးထားဆောင်ရွက်လျှင်၊ လက်ရှိရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖြေရှင်းရာ တွင်များစွာ အထောက်အပံ့ဖြစ်နိုင်ပေလိမ့်မည်။
ထို့ကြောင့် ဒုတိယသမ္မတသစ်တစ်ယောက်၏ အခန်းကဏ္ဍသည်လည်းအရေးကြီးသည်ဖြစ်ရာ မြန်မာနိုင်ငံရေး ဖြစ်စဉ်အပေါ် မည်သို့သက်ရောက်မည်ဆိုသည်မှာ စောင့်ကြည့်ရဦးမည်သာဖြစ်ပြီး မည်သို့ဆောင်ရွက်မည်ဆိုသည်မှာမူ ကာယကံရှင်နှင့်သာ သက်ဆိုင်လိမ့်မည်ဖြစ်ကြောင်း နိုင်ငံသားတစ်ယောက်၏ ရှုထောင့်မှတင်ပြလိုက်ရပေသည်။
           



Thursday, August 16, 2012

နိုင်ငံရေးပြုပြင်ပြောင်းလဲမှု နှင့် စီးပွားရေးပြုပြင်ပြောင်းလှဲု

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက နိုင်ငံတကာရဲ့ အကူအညီတွေကို ဆွဲဆောင်နိုင်ပြီး စီးပွားရေးပြုပြင်ပြောင်းလဲ မှုက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုဆွဲဆောင်နိုင်တယ်။
နှစ်ခုလုံးပြောင်းလဲရင်လည်းကမောက်ကမဖြစ်သလို မပြောင်းလဲပြန်ရင်လဲ ဘာမှဖြစ်လာမှာမဟုတ်ဘူးဗျ။

ကျွန်တော်၏သဘောထားအမြင်


ယနေ့ဖြစ်ပေါ်နေသောရခိုင်ကိစ္စကိလူဖြင့်ဆုံးဖြတ်၍ အဖြေမထွ
ထို့ကြောင့်ကျွန်တော်တို့သည် တိုင်းရင်းသားလူမျိုးမဟုတ်ဟုငြင်းဆိုနေရုံဖြင့် မှန်ကန်သော အဖြေ ကို ရရှိလိမ့်မည် မဟုတ်ပါ ။ တိုင်းပြည်နောက် ကြောင်းပြန်လှည့်သွားမည်ကို မလိုလားပါ။ယခုပင် ရခိုင်ပြည် နယ် မငြိမ် သက်၍ အရေးပေါ်အခြေ အနေထုတ်ပြန်၍ စစ်အုပ်ချုပ်ရေးထက်တစ်ဆင့်နိမ့်သည့် စစ်ဖက် အရပ် ဖက်အုပ်ချုပ်ရေးကို ကျင့်သုံးနေရပေသည်။ ဒီထက်ပိုဆိုးလာပါက စစ်အုပ်ချုပ်ရေးဖြစ်သွားမည်။ ပို ဆိုးလာလျှင် တစ်နိုင်ငံလုံးစစ်အာဏာ အောက်ပြန်လည်ရေရှည်ကြာသွားနိုင်သည်ဖြစ်ရာ ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီနောက်ပြန်လှိုင်းနှင့် မိသွားပေမည်။ ယခုအရင်ဆုံးလုပ်ရမည်မှာ ဆန္ဒပြရန်မဟုတ်ဘဲ၊ မငြိမ် သက်မှုကို ငြိမ်သက်သွားအောင် လုပ်ရန်သာဖြစ်သည်။ကျွန်တော်တို့၏ လုပ်ရပ်သည်ကျွန်တော်တို့နိုင်ငံ၏ အနာဂတ်ကို ဖန်တီးပေလိမ့်မည်။ ယခုကိစ္စသည် အဖြေရှာရန် အမြန်လိုအပ်နေသည့်ကိစ္စဖြစ်ပေရာ ဝိုင်း ဝန်းအဖြေ ရှာရန်ဖြစ်သည်။
          အဆိုပါကိစ္စရပ်များသည်နယ်စပ်ဧရိယာတွင် အများဆုံးဖြစ်လေ့ဖြစ်ထရှိသည့် ကိစ္စရပ်များ ပင်ဖြစ်၏။ အမေရိကန်နှင့်မက္ကစီကို နယ်စပ်တွင်ပင်ဤကိစ္စမျိုးရှိသည်။ နယ်စပ်ဖြတ်ကျော် ကိစ္စရပ်များ သည် နောက်ခံမတူသော လူမျိုးစုများအကြားတွင် ပြဿနာပိုကြီးသည်။ ယခုဖြစ် ပေါ်နေသော ကိစ္စမျိုး သည် မြန်မာ ပြည်၏ အနေအထားအရဆိုလျှင် မလွဲမသွေကြုံနိုင်သည့် အနေအထားမျိုးပင် ဖြစ်သည်။
  ဘင်္ဂလားဒေ့ရှ်အစိုးရကငြင်းဆိုနေသောရိုဟင်ဂျာ၊မြန်မာပြည်က မလိုလားသည့် ရိုဟင် ဂျာဖြစ်နေ လျှင်သူ တို့ကိုဘယ်သို့ရွှေ့ ထားမည်နည်း။ရခိုင်နှင့် မသင့်မြတ်လျှင်ရောသူတို့ကိုတွဲထား၍ဖြစ်နိုင်ပါမည်လော။ ဒီတိုင်း ဆက်သွားရင်တရုတ်လို One Country ,Two System ပင်ဖြစ်သွားနိုင် သည်။
ထို့ကြောင့်ခေါင်းအေးအေးထားဖြေရှင်းဖို့လိုသည်။ယခုကိစ္စသည် ဘာသာရေးအဓိကရုဏ်း မဟုတ်၊လူမျိုးရေး အငြင်းပွားမှုမဟုတ်၊ လူဝင်မှုဆိုင်ရာပြဿနာလော၊ မူဝါဒဆိုင်ရာပြဿနာလော၊ စဉ်းစာဖို့လိုမည်။ ဘာတွေကစေ့ ဆော်ပေးတာလဲ ၊ဘယ်သူတွေကဖန်တီးတာလဲ။ အဆိုပါကိစ္စနှင့် ပတ် သက်၍ အစိုးရ၏ကိုင်တွယ်ပုံကို လူများစုကမကြိုက်ကောင်း မကြိုက်ရှိပေလိမ့်မည်။ သို့သော် အစိုးရ သည် ခေတ်နှင့် လျော်ညီစွာ၊ သက်ဆိုင်သူအားလုံးမနစ်နာရအောင် အမြော်အမြင်ကြီးကြီးနှင့်ဆောင် ရွက် နေခြင်းဖြစ်သည်ဟု ယုံကြည်ပါ သည်။
ယခုလက်ရှိထုတ်ပြန်သောကြေညာချက်များကိုကြည့်လျှင် ဘာသာရေး၊လူမျိုးရေး အငြိအစွန်း မ ရှိအောင်ပြောဆိုကြ သည်ကိုတွေ့ရသည်။နိုင်ငံ့ခေါင်းဆောင်ကြီးများပင် ထိုကိစ္စနှင့်ပတ်သက်၍ လူမျိုးရေး မပြောမိအောင် ရှောင်ကြသည်။ ဤသည်ကိုပြည်သူမျာ(အထူးသဖြင့် လူငယ်များနှင့်မ ရင့်ကျက်သော၊ အမြတ်ထုတ်လို သောလူ များ)က အဆိုးမြင်ကြသည်ကို အင်တာနက်စာမျက်နှာများ၊အရပ်ဖက်စကားဝိုင်း များတွင်တွေ့မြင်ကြားသိနေရသည်။ထိုသူတို့မှာပြဿနာကိုကောင်းစွာနားမလည်သောကြောင့်လော၊လူဖြင့်ဆုံး ဖြတ်၍လော။
          ထိုသို့သောလူတို့မှာ ဖြစ်နေသောပြဿနာကိုကောင်းစွာနားမလည်၊နားလည်အောင်လည်း မကြိုးစား သောသူများသာဖြစ်ပေသည်။
ကျွန်တော်အနေဖြင့်မူလူမျိုးရေးဘက်မှမစဉ်းစာဘဲပြဿနာကိုဖြေရှင်းပေးဖို့ရှုထောင့်ကအမြဲစဉ်း စား ပါသည်။ထိုသို့စဉ်းစားတိုင်းဖြစ်ပေါ်နေသောကိစ္စနဲ့ ပတ်သက်သူတွေနေရာဘက်က အမြဲစဉ်းစာလေ့ရှိသည်။ ဒီလိုစဉ်းစားနိုင်ဖို့အတွက်လည်း အမြဲအတ္တနဲ့ မာနကိုအမြဲဖယ်ထားနိုင်အောင်ကြိုးစားရသည်။
ကျွန်တော်တို့ရှေ့တွင် သင်ခန်းစာမအျြားစွာရှိနေသည်။ အတင်းအဓမ္မနှင်ထုတ်၍မရ၊အလားတူအ တင်း အဓမ္မ နိုင်ငံသား၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေး၍မရ၊(အစ္စရေး-ပါလက်စတိုင်း)ပြဿနာမျိုးဖြစ်သည်။
          ပြည်သူ၏ကျေနပ်မှုမရဘဲလည်း အစိုးရကနေခွင့်ပြု၍ရနိုင်မည်မဟုတ်။ ဘင်္ဂလားအစိုး ရအနေ ဖြင့်လည်း ငြင်းဆန်နေရုံနှင့် မပြီး၊မြန်မာ-ဘင်္ဂလားညှိရမည်၊ နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့် လည်းတစ်ဖက်သတ်ပြော၍မရ၊မြန်မာ-ဘင်္ဂလား-နိုင်ငံတကာညှိရမည်။ဤပြဿနာကိုပြီးစလွယ်ဖြေရှင်း လိုက် လျှင်မပြီး။ရိုဟင်ဂျာမျာ၏သဘောထားနှင့်လိုအပ်ချက်ကိုလည်းသိဖို့လိုမည်။
  ဘက်ပေါင်းစုံက  စဉ်းစားနေရခြင်းသည် အကြောင်းမဲ့မဟုတ်၊ ယခုအခြေအနေတွင် ရခိုင်အမျိုး သမီးများနှင့် ကလေးသူငယ်များဘာတွေဖြစ်နေကြပြီလဲ၊ ရိုဟင်ဂျာအမျိုးသမီများနှင့် ကလေ ငယ်တွေရဲအခြေအနေကရော ဘယ်လိုရှိနေပြီလဲ၊ တစ်နေ့တစ်နေ့နောက်ရက်၌ မရေရာသည့်နေ့တွေ ၊ပူဆွေးနေရတဲ့နေ့တွေကိုပူတွေးနေရတဲ့ အတွေးတွေနဲ့နေနေရတဲ့ အိုးမဲ့အိမ်မဲ့ပြည်သူတွေ ဘယ်နှစ်ယောက်လောက် ရှိပြီလဲ။ ဒါတွေစဉ်းစားမိတိုင်း တစ်ဖက်ကိုလိုရာ ဆွဲတွေးဖို့ထက် ဘယ်လိုဖြေ ရှင်းရမလဲဆိုတဲ့အတွေးမျိုး၊ သဘောထားမျိုးတွေထားဖို့၊မဟာဗျူဟာကျတဲ့ မူဝါဒတွေချဖို့လိုတယ် ဆို တာ တွေ့မြင်ရမှာဖြစ်တယ်။
          အစိုးရအနေနဲ့လည်း အခြေအနေကိုတည်ငြိမ်အောင်လုပ်ပြီးရင် ဘယ်လိုမျိုးဆက်လက်၍ အကောင်းဆုံးဖြစ်အောင်လုပ်မလဲဆိုတာ တွေးတောမြော်မြင်ဖို့ လိုပါတယ်။ဒီကိစ္စဟာမြန်မြန်ဖြေရှင်း ဖို့လိုပါ တယ်။နှစ်ဖက်Win-Win Situationဖြစ်ဖို့လိုပါမယ်။ဒီလိုဖြစ်ဖို့လည်း ခိုင်မာတဲ့မူဝါဒမျိုးတွေချမှတ်အကောင် အထည်ဖော်ဖို့လိုပါလိမ့်မယ်။သက်ဆိုင်ရာအဖွဲ့အစည်းများအနေနဲ့လည်း တစ်ဖက်နှင့်တစ်ဖက် ရန်ပွားအောင် ပိုဆိုးသွားအောင်တွန်းမပို့ဖို့လိုပါလိမ့်မယ်။
အစိုးရအနေနဲ့လည်းတစ်ခါတစ်ရံမှာ ကိစ္စမျိုးစုံကိုဖြေရှင်းရတဲ့အခါ အခက်အခဲတွေ များစွာ  ရှိနေတော့ပြည်သူလူထုအနေနဲ့လည်း ဒါကိုစိတ်ရှည်သည်းခံပေးဖို့လိုပါမယ်။ မီဒီယာ၊ သတင်းစာတွေ အနေနဲ့ပြည်သူကို နားလည်အောင်ရှင်းပြပေးဖို့နဲ့ပြည်သူကိုသတင်းပေးရာမှာသတင်း အမှားနဲ့အမှန် ကိုဝေ ဖန်၍ပြည်သူလူထုအတွင်း အာဃာတမပွားမိအောင် တင်ပြနိုင်ပါတယ်ဆိုတာ တင်ပြရင်း အစိုးရ အတွက် မူဝါဒကောင်း ချမှတ်နိုင်အောင် ကူညီကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

သတိပြုရန်


ကျွန်တော်တို့သည်ပြဿနာရပ်များပေါ်ပေါက်လာခြင်းကို မနှစ်မြို့ကြပေ။ထို့ကြောင့်ပင် ကျွန်တော်တို့ သည်ပြဿနာများကိုရှောင်ကြသည်။ပြဿနာဖြစ်မှာဆိုး၍ပင်မြိုသိပ်ထားမှုများရှိသည်။ဒီလိုမြိုသိပ်ခြင်းကပင် အခြေအနေဆိုးသို့ တွန်းပို့ပေးမှုကို ဖြစ်စေသည်။ဖြစ်လာပြီဆိုလျှင်လည်းပြန်ဖြေ၍ပင်မရတော့ပေ။
          ကျွန်တော်တို့ လူ့ဘောင်တွင် မမြင်တွေ့ရသော ပဋိပက္ခမျိုးစုံပင်ရှိနေသည်။ ထိုမမြင်တွေ့ရသော ပဋိပက္ခများသည် အခွင့်အလမ်းကြုံလျှင်ကြုံသလို ပြဿနာကြီးများအဖြစ် ရောက်ရှိသွားလိမ့်မည်ဖြစ်သည်။
          ထိုပဋိပက္ခများကိုဖြေရှင်းရမည့်တာဝန်သည် ကျွန်တော်တို့လူသားတို့၏တာဝန်ပင်ဖြစ်သည်။ မိမိတို့ ၏ကိစ္စကိုမိမိတို့မှ မဖြေရှင်းလျှင် မည်သူဖြေရှင်းကြမည်နည်း။ထိုသို့ဖြေရှင်းရတွင်နှစ်ဦးနှစ်ဖက်ငြိမ်းချမ်းမှုသို့ ရောက်ရှိဖို့လိုသည်။
          ပြဿနာကိုပြဿနာအဖြစ်မြင်ကာ နားလည်အောင်လုပ်ဖို့ နိုင်ငံရေးအခြေအနေကောင်းရှိဖို့လည်း လိုအပ်သည်။နားလည်ပြီးလျှင် အကောင်းဆုံးဖြေရှင်းရမည့်နည်းလမ်းကို ရှာဖွေရပေမည်။ငြင်းဆန်နေရုံ     
ခုခံ နေရုံဖြင့် အဖြေကိုရှာမတွေ့နိုင်။ပြဿနာကဘာလဲ။ဒီပြဿနာရဲ့ အရင်းခံအကြောင်းအရင်းကဘာလဲ။ ဘယ်သူပါဝင်နေလဲ၊ဘယ်သူတွေနဲ့ဆိုင်နေလဲ။ဆိုတာကိုအရင်ဆုံးစမ်းစစ်ရမည်ဖြစ်သည်။

Thursday, August 2, 2012

မီဒီယာလွတ်လပ်ခွင့်ဆိုတာဘာလဲ။


သမ္မတကြီးက C.N.A ရုပ်သံလိုင်းနှင့်တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်စုကြည်တို့အဖွဲ့ထဲမှာရော အစိုးရအဖွဲ့ မှာရော ရှေးရိုးစွဲအမြင်ရှိသည်ဟု ဖြေထားသည်။ မှန်ပါသည်။ ရှေးရိုးစွဲအမြင်ရှိသူများရှိနေသော နိုင်ငံတွင်မီဒီယာ လွတ်လပ် ခွင့် ဟူ သည်မှာ..။
ဤသို့ဆိုလျှင် ပြန်ကြားရေးဝန်ကြီးဌာနမှာရော စာပေစိစစ်ရေးမှာပါထိုသို့သော အမြင်ဟောင်း အယူ အဆ ဟောင်းများ ရှိနေလျှင် မီဒီယာလွတ်လပ်ခွင့်ဟူသည်မှာ..။
ယနေ့အချိန်တွင် မြန်မာနိုင်ငံအစိုးရအပါအဝင် လွှတ်တော်အမတ်များကပါ အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုကို အပြီးတိုင်ဖယ်ရှားလိုသည်။ အမေရိကန်မှ၏  “BURMESE FREEDOM AND DEMOCRACY ACT OF 2003”  တွင် မြန်မာနိုင်ငံကို လူ့အခွင့်အရေးနှင့်လွတ်လပ်ခွင့်ကို ချိုးဖောက်မှုဟူသော တွေ့ရှိချက်များဖြင့် ချမှတ် အရေးယူထားသည်။ မြန်မာနိုင်ငံ မီဒီယာလောကတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေအရ မီဒီယာလွတ်လပ်ခွင့်ဟူသည်..။လွတ်လပ်ခွင့် ဟုပြောလျှင်တွဲပါလာသော မီဒီယာလွတ်လပ်ခွင့်မရှိလျှင် မြန်မာနိုင်ငံအနေဖြင့် အမေရိကန်၏ အပြီးတိုင်စီးပွားရေးပိတ်ဆို့ မှုဖယ်ရှားရေးကြိုးပမ်းမှုသည် မည်သို့ဖြစ်မည်ကိုစဉ်းစားဖို့လိုပေသည်။

ဂျာနယ်များ တစ်တိုက်ပြီးတစ်တိုက် ပိတ်သိမ်းခံရခြင်းသည် မီဒီယာမဏ္ဍိုင်ကို မပျက်ပျက်အောင် အစီစဉ်တကျ ရိုက်ချိုးနေသည့် သဘောပင်ဖြစ်နေသည်။ အထက်တွင် ကျွန်တော်ဖော်ပြခဲ့သည့် အတိုင်းမီဒီယာ ကဏ္ဍသည် အတွေ့ အကြုံနုနယ်သေးသဖြင့် ဂျာနယ်များကို ချုပ်စည်းမှု ပြုထားလျှင် အစိုးရမှပြောနေသော မီဒီယာလွတ်လပ်ခွင့်ကို မည်ကဲ့သို့ နားလည်ရမည်နည်း။ဂျာနယ်တစ်ခုကိုပိတ်ရန်အမိန့်ထုတ်ခြင်းသည် ပြည်သူ တို့၏ နားမျက်စိတို့ကို ထိုးဖောက်ပိတ် ဆို့လိုက်သည်နှင့် တူပေလိမ့်မည်။မီဒီယာတို့သည် လူသားအရင်းအနှီး၊ငွေကြေးအရင်းအနှီး၊ ဂုဏ်သိက္ခာအရင်းအနှီးတို့ ဖြင့်သူတို့၏ ဂျာနယ်ကိုတည်ဆောက်ကာ ပြည်သူများအား မျက်စိပွင့်နားပွင့်ဖြစ်စေရန် ရသမျှသတင်းကို ပြည်သူသို့ တင်ပြ ကြသည်ဖြစ်ရာ ယခုကဲ့သို့သော ပြင်းထန်သည့် လုပ်ရပ်များက မီဒီယာကဏ္ဍ ဖွံ့ဖြိုးရေးနှင့် ပြည်သူတို့အကြားနေ့စဉ်နှင့်အမျှ အမြင်ကျယ်ရေးတို့မှာ အဟန့်အတားများစွာရှိနေကြောင်း နှင့် မီဒီယာကဏ္ဍ လွတ်လပ်ခွင့်ဟူသည် မြန်မာနိုင်ငံတွင်မပီပြင် သေးဟု ဆိုရပေလိမ့်မည်။
အချို့က၂၀၁၂ဇူလိုင်လတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံတော်သမ္မတတွေ့ဆုံပြီးနောက်ပိုင်းတွင် ဒေါ်အောင် ဆန်းစုကြည် အကြောင်း မီဒီယာတွင် ရေးကြပြောကြနိုင်လာသည်။သို့သော် ထိုသို့ရေးနိုင်ရုံဖြင့် မီဒီယာ လွတ်လပ်ခွင့် ရှိပြီ ဟု ဆိုနိုင်ပါမည်လော။နိုင်ငံရေးပါတီများ၏ ဆောင်ရွက်ချက်များဖော်ပြခွင့်ရရုံဖြင့် မီဒီယာလွတ်လပ်ခွင့်ရှိပြီဟု ဆိုနိုင်မည် လော။ နိုင်ငံရေးရာ အိုင်ဒီရော်လော်ဂျီများ တင်ပြခွင့်ပြုရုံဖြင့် မီဒီယာလွတ်လပ်ခွင့်ဟု ဆိုနိုင်မည်လော။
ကျွန်တော့်အမြင်အရပြောရလျှင် မီဒီယာများအနေဖြင့် ဘက်လိုက်မှုမပါဘဲ မိမိတို့ရရှိလာသမျှသော သတင်းများ၊ ပြည်သူပရိတ်သတ်တို့ သိသင့်သောအတွေးအခေါ်များစသော သတင်းထွက်ကုန်များကို တင်ပြနိုင်မှသာ မီဒီယာလွတ် လပ်ခွင့်ရှိသည်ဟုဆိုနိုင်မည်ဖြစ်သည်။ တိုင်းပြည်ကလည်း နုနယ်သည်၊စတုတ္ထမဏ္ဍိုင်လည်းနုနယ်သည်၊ နိုင်ငံရေးအတွေ့ အကြုံလည်းနုနယ်သည်။ထို့ကြောင့် နိုင်ငံတော်အနေဖြင့် မီဒီယကဏ္ဍနှင့်ပတ်သက်၍ ကိုင်တွယ်ရာတွင် တနည်းအားဖြင့် မီဒီယာလွတ်လပ်ခွင့်ကို ဖော်ဆောင်ရာတွင် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်သင့်ကြောင်း တာဝန်ရှိသူများ အား သိစေရန် တင်ပြလိုက်ရပေသည်။

Sunday, July 15, 2012

သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် လူတစ်ဦးချင်းလွတ်လပ်ခွင့်

မီဒီယာလွတ်လပ်ခွင့်ရှိဖို့လိုတယ်။ဒါပေမယ့်လူတစ်ဦးစီရဲ့Right ကိုအလေးထားရမယ်။ကိုယ်ဖော်ပြလိုက်တဲ့ လူတွေရဲ့သိက္ခာကိုစောင့်ရှောက်ရမယ်။လူတစ်ဦးစီရဲ့လွတ်လပ်ခွင့်ကိုထိပါးရင်တော့ မီဒီယာဟာ နာမည်ကောင်းရမှာမဟုတ်ဘူး။

Monday, July 9, 2012

ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် တရားဥပဒေစိုးမိုးရေး

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ အုပ်ချုပ်သူနဲ့ ပြည်သူတွေကြားမှာ
 သဘောတူချုပ်ဆိုထားတဲ့ ပဋိညာဉ်ပါပဲ။
အခြေခံဥပဒေထဲမှာ
နိုင်ငံတော်ရဲ့ဖွဲ့စည်းပုံ၊နိုင်ငံတော်အကြီးအကဲ၏ တာဝန်နှင့်
ဝတ္တရားများ၊ရွေးကောက်ပွဲများ၊အာဏာခွဲဝေမှု၊နိုင်ငံသူနိုင်ငံသား
များ၏ အခွင့်အရေးနှင့်ရပိုင်ခွင့်များ၊လူထုဆန္ဒခံယူပွဲများ အစရှိသည်
များကိုရေးသားပြ ဋ္ဌာန်းထားသည်။အချို့နိုင်ငံများ တွင်မူ အခြေခံဥပဒေကို
မရေးသားသော်လည်း စနစ်ကျမှုရှိသည်။ (ဥပမာ-United Kingdom)


မြန်မာနွေဦး

မြန်မာနိုင်ငံတွင် ဒီမိုကရေစီရွေးကောက်ပွဲများကို ၂၀၁၀ခုနှစ် နိုဝင်လာ၇ရက်နေ့ တွင်ကျင်းပခဲ့ပြီး စစ်ဘက်မှ လူဝတ်လဲလာသော ပုဂ္ဂိုလ်များပါဝင်သော ကြံ့ခိုင်ရေးပါတီမှလူအများစုအနိုင်ရလာသည်။
၂၀၁၁မတ်လတွင် လွှတ်တော်ကျင်းပပြီး ဦးသိန်းစိန်အား နိုင်ငံတော်သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခဲ့သည်။
နိုဝင်ဘာလတွင် မြန်မာအတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ 
လွတ်မြောက်လာသည်။
၂၀၁၁ခုနှစ် ဇူလိုင်လ တွင် သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခဲ့သည်။

ဆက်ရန်-

မြန်မာ့လယ်ယာကဏ္ဍတိုးတက်ရေး အကြံပြုချက်

မည်သူမှန်သည် မည်သူမှားသည်မငြင်းလိုပါ။သို့သော် အယူအဆများသည် အချိန်နှင့် အမျှပြောင်း လဲနေမည်သာ။ သို့သော်ယုံကြည်ချက်နှင့် ရပ်တည်ချက်မပြောင်းလဲ ဖို့တော့လိုလိမ့်မည်။ စီးပွားရေး လုပ်ငန်းများကို လည်းထောက်ကူပေးရမည်။

ပြည်သူများအလုပ်အကိုင်ရရှိမှုဟာအဲဒီနိုင်ငံရဲ့စီးပွားရေးကြံ့ခိုငမှုကို သရုပ်ဖော်တယ်။ပြည်တွင်း စီး      ပွားရေးလုပ်ငန်းများ ကိုရောပြည်ပမှလာရောက်ရင်းနှီးမြှပ်နှံမယ့်လုပ်ငန်းများကိုပါ အကာအကွယ်ပေး ဖို့လိုတယ်နိုင်ငံသားများ အလုပ်အကိုင်ရရှိမှုနှင့် နိုင်ငံတွင် စီးပွားရေး လုပ်ကွက် ခွင်အသစ်များပေါ်ထွန်း လာရေးသည်အရေးကြီးသည်။

တစ်ခါတစ်ရံတွင်ပြည်တွင်းက လုပ်ငန်းရှင်များနှင့် မလုံလောက်ပြည်ပမှလုပ်ငန်းရှင်များ၏ အားလည်း လိုအပ်သည်။

ပြည်ပမှ စိုက်ပျိုးရေးလုပ်ငန်းများနှင့်ပေါင်းပြီး စပါးစိုက်ပျိုးရေးကိုဆောင်ရွက်ဖို့လိုတယ်။ဆိုလို တာက လယ်သမားတွေဆီက လယ်သိမ်းယူဖို့မပြောပါ။ကျေးရွာနှင့် လုပ်ငန်းများကို ဖက်စပ်လုပ်ဖို့ပြောတာ။ လယ်သမားတွေပါတဲ့ လယ်သမားအဖွဲ့တွေနဲ့ ပြည်ပလုပ်ငန်းပေါင်းပြီးလုပ်ဖို့ကိုဆိုလိုတာပါ။

အစိုးရကလည်းပါရမယ်။နိုင်ငံရေးသမားတွေလည်းပါရမယ်။လယ်သမားတွေလည်းပါရမယ်။

လယ်ယာကဏ္ဍတိုးတက်ဖို့ရာမှာ နိုင်ငံမှာလယ်ယာရယ်၊ဆန်စက်ရယ်၊ဓာတ်မြေသြဇာ စက်ရုံတွေ ရယ်၊export & import လုပ်ငန်းတွေရယ်၊ ဘဏ်တွေရယ်၊ သယ်ယူပို့ဆောင်ရေးlogistic လုပ်ငန်း

တွေရယ်၊သယ်ယူပို့ဆောင်ရေးရယ် ၊ရေပေးဝေမှုစနစ်ရယ်၊ခေတ်မီ ဆန်စပါးသုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းတွေရယ်အားလုံးကောင်းဖို့လိုတယ်။

ကောင်းအောင်လည်းမဟာဗျူဟာကျကျဖော်ဆောင်ရမယ်။ဒီလိုမှမဟုတ်ရင်ဘယ်လိုမှ ပြိုင်ဘက်နိုင်ငံတွေ ကိုမယှဉ်ပြိုင်နိုင်ဘူး။
ူု
Michal Poter ရဲ့ Porter Diamond Theoryကို မှီငြမ်းသည်။

အောင်နိုင်မော်
စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ(BBA)
ရန်ကုန်စီးပွားရေးတက္ကသိုလ်

Recent Activities of life