ယနေ့ဖြစ်ပေါ်နေသောရခိုင်ကိစ္စကိလူဖြင့်ဆုံးဖြတ်၍ အဖြေမထွ
ထို့ကြောင့်ကျွန်တော်တို့သည် တိုင်းရင်းသားလူမျိုးမဟုတ်ဟုငြင်းဆိုနေရုံဖြင့်
မှန်ကန်သော အဖြေ ကို ရရှိလိမ့်မည် မဟုတ်ပါ ။ တိုင်းပြည်နောက် ကြောင်းပြန်လှည့်သွားမည်ကို
မလိုလားပါ။ယခုပင် ရခိုင်ပြည် နယ် မငြိမ် သက်၍ အရေးပေါ်အခြေ အနေထုတ်ပြန်၍ စစ်အုပ်ချုပ်ရေးထက်တစ်ဆင့်နိမ့်သည့်
စစ်ဖက် အရပ် ဖက်အုပ်ချုပ်ရေးကို ကျင့်သုံးနေရပေသည်။ ဒီထက်ပိုဆိုးလာပါက စစ်အုပ်ချုပ်ရေးဖြစ်သွားမည်။
ပို ဆိုးလာလျှင် တစ်နိုင်ငံလုံးစစ်အာဏာ အောက်ပြန်လည်ရေရှည်ကြာသွားနိုင်သည်ဖြစ်ရာ ကျွန်တော်တို့နိုင်ငံ
ဒီမိုကရေစီနောက်ပြန်လှိုင်းနှင့် မိသွားပေမည်။ ယခုအရင်ဆုံးလုပ်ရမည်မှာ ဆန္ဒပြရန်မဟုတ်ဘဲ၊
မငြိမ် သက်မှုကို ငြိမ်သက်သွားအောင် လုပ်ရန်သာဖြစ်သည်။ကျွန်တော်တို့၏ လုပ်ရပ်သည်ကျွန်တော်တို့နိုင်ငံ၏
အနာဂတ်ကို ဖန်တီးပေလိမ့်မည်။ ယခုကိစ္စသည် အဖြေရှာရန် အမြန်လိုအပ်နေသည့်ကိစ္စဖြစ်ပေရာ
ဝိုင်း ဝန်းအဖြေ ရှာရန်ဖြစ်သည်။
အဆိုပါကိစ္စရပ်များသည်နယ်စပ်ဧရိယာတွင်
အများဆုံးဖြစ်လေ့ဖြစ်ထရှိသည့် ကိစ္စရပ်များ ပင်ဖြစ်၏။ အမေရိကန်နှင့်မက္ကစီကို နယ်စပ်တွင်ပင်ဤကိစ္စမျိုးရှိသည်။
နယ်စပ်ဖြတ်ကျော် ကိစ္စရပ်များ သည် နောက်ခံမတူသော လူမျိုးစုများအကြားတွင် ပြဿနာပိုကြီးသည်။
ယခုဖြစ် ပေါ်နေသော ကိစ္စမျိုး သည် မြန်မာ ပြည်၏ အနေအထားအရဆိုလျှင် မလွဲမသွေကြုံနိုင်သည့်
အနေအထားမျိုးပင် ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်အစိုးရကငြင်းဆိုနေသောရိုဟင်ဂျာ၊မြန်မာပြည်က
မလိုလားသည့် ရိုဟင် ဂျာဖြစ်နေ လျှင်သူ တို့ကိုဘယ်သို့ရွှေ့ ထားမည်နည်း။ရခိုင်နှင့် မသင့်မြတ်လျှင်ရောသူတို့ကိုတွဲထား၍ဖြစ်နိုင်ပါမည်လော။ ဒီတိုင်း ဆက်သွားရင်တရုတ်လို One Country ,Two System ပင်ဖြစ်သွားနိုင်
သည်။
ထို့ကြောင့်ခေါင်းအေးအေးထားဖြေရှင်းဖို့လိုသည်။ယခုကိစ္စသည်
ဘာသာရေးအဓိကရုဏ်း မဟုတ်၊လူမျိုးရေး အငြင်းပွားမှုမဟုတ်၊ လူဝင်မှုဆိုင်ရာပြဿနာလော၊ မူဝါဒဆိုင်ရာပြဿနာလော၊
စဉ်းစာဖို့လိုမည်။ ဘာတွေကစေ့ ဆော်ပေးတာလဲ ၊ဘယ်သူတွေကဖန်တီးတာလဲ။ အဆိုပါကိစ္စနှင့် ပတ် သက်၍
အစိုးရ၏ကိုင်တွယ်ပုံကို လူများစုကမကြိုက်ကောင်း မကြိုက်ရှိပေလိမ့်မည်။ သို့သော် အစိုးရ သည် ခေတ်နှင့် လျော်ညီစွာ၊ သက်ဆိုင်သူအားလုံးမနစ်နာရအောင် အမြော်အမြင်ကြီးကြီးနှင့်ဆောင် ရွက်
နေခြင်းဖြစ်သည်ဟု ယုံကြည်ပါ သည်။
ယခုလက်ရှိထုတ်ပြန်သောကြေညာချက်များကိုကြည့်လျှင်
ဘာသာရေး၊လူမျိုးရေး အငြိအစွန်း မ ရှိအောင်ပြောဆိုကြ သည်ကိုတွေ့ရသည်။နိုင်ငံ့ခေါင်းဆောင်ကြီးများပင်
ထိုကိစ္စနှင့်ပတ်သက်၍ လူမျိုးရေး မပြောမိအောင် ရှောင်ကြသည်။ ဤသည်ကိုပြည်သူမျာ(အထူးသဖြင့်
လူငယ်များနှင့်မ ရင့်ကျက်သော၊ အမြတ်ထုတ်လို သောလူ များ)က အဆိုးမြင်ကြသည်ကို အင်တာနက်စာမျက်နှာများ၊အရပ်ဖက်စကားဝိုင်း
များတွင်တွေ့မြင်ကြားသိနေရသည်။ထိုသူတို့မှာပြဿနာကိုကောင်းစွာနားမလည်သောကြောင့်လော၊လူဖြင့်ဆုံး
ဖြတ်၍လော။
ထိုသို့သောလူတို့မှာ
ဖြစ်နေသောပြဿနာကိုကောင်းစွာနားမလည်၊နားလည်အောင်လည်း မကြိုးစား သောသူများသာဖြစ်ပေသည်။
ကျွန်တော်အနေဖြင့်မူလူမျိုးရေးဘက်မှမစဉ်းစာဘဲပြဿနာကိုဖြေရှင်းပေးဖို့ရှုထောင့်ကအမြဲစဉ်း စား ပါသည်။ထိုသို့စဉ်းစားတိုင်းဖြစ်ပေါ်နေသောကိစ္စနဲ့
ပတ်သက်သူတွေနေရာဘက်က အမြဲစဉ်းစာလေ့ရှိသည်။ ဒီလိုစဉ်းစားနိုင်ဖို့အတွက်လည်း အမြဲအတ္တနဲ့
မာနကိုအမြဲဖယ်ထားနိုင်အောင်ကြိုးစားရသည်။
ကျွန်တော်တို့ရှေ့တွင် သင်ခန်းစာမအျြားစွာရှိနေသည်။
အတင်းအဓမ္မနှင်ထုတ်၍မရ၊အလားတူအ တင်း အဓမ္မ နိုင်ငံသား၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေး၍မရ၊(အစ္စရေး-ပါလက်စတိုင်း)ပြဿနာမျိုးဖြစ်သည်။
ပြည်သူ၏ကျေနပ်မှုမရဘဲလည်း
အစိုးရကနေခွင့်ပြု၍ရနိုင်မည်မဟုတ်။ ဘင်္ဂလားအစိုး ရအနေ ဖြင့်လည်း ငြင်းဆန်နေရုံနှင့် မပြီး၊မြန်မာ-ဘင်္ဂလားညှိရမည်၊
နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့် လည်းတစ်ဖက်သတ်ပြော၍မရ၊မြန်မာ-ဘင်္ဂလား-နိုင်ငံတကာညှိရမည်။ဤပြဿနာကိုပြီးစလွယ်ဖြေရှင်း လိုက် လျှင်မပြီး။ရိုဟင်ဂျာမျာ၏သဘောထားနှင့်လိုအပ်ချက်ကိုလည်းသိဖို့လိုမည်။
ဘက်ပေါင်းစုံက စဉ်းစားနေရခြင်းသည် အကြောင်းမဲ့မဟုတ်၊ ယခုအခြေအနေတွင်
ရခိုင်အမျိုး သမီးများနှင့် ကလေးသူငယ်များဘာတွေဖြစ်နေကြပြီလဲ၊ ရိုဟင်ဂျာအမျိုးသမီများနှင့် ကလေ ငယ်တွေရဲ့ အခြေအနေကရော ဘယ်လိုရှိနေပြီလဲ၊ တစ်နေ့တစ်နေ့နောက်ရက်၌
မရေရာသည့်နေ့တွေ ၊ပူဆွေးနေရတဲ့နေ့တွေကိုပူတွေးနေရတဲ့ အတွေးတွေနဲ့နေနေရတဲ့ အိုးမဲ့အိမ်မဲ့ပြည်သူတွေ ဘယ်နှစ်ယောက်လောက် ရှိပြီလဲ။ ဒါတွေစဉ်းစားမိတိုင်း တစ်ဖက်ကိုလိုရာ ဆွဲတွေးဖို့ထက် ဘယ်လိုဖြေ ရှင်းရမလဲဆိုတဲ့အတွေးမျိုး၊ သဘောထားမျိုးတွေထားဖို့၊မဟာဗျူဟာကျတဲ့ မူဝါဒတွေချဖို့လိုတယ် ဆို တာ
တွေ့မြင်ရမှာဖြစ်တယ်။
အစိုးရအနေနဲ့လည်း
အခြေအနေကိုတည်ငြိမ်အောင်လုပ်ပြီးရင် ဘယ်လိုမျိုးဆက်လက်၍ အကောင်းဆုံးဖြစ်အောင်လုပ်မလဲဆိုတာ
တွေးတောမြော်မြင်ဖို့ လိုပါတယ်။ဒီကိစ္စဟာမြန်မြန်ဖြေရှင်း ဖို့လိုပါ တယ်။နှစ်ဖက်Win-Win
Situationဖြစ်ဖို့လိုပါမယ်။ဒီလိုဖြစ်ဖို့လည်း ခိုင်မာတဲ့မူဝါဒမျိုးတွေချမှတ်အကောင်
အထည်ဖော်ဖို့လိုပါလိမ့်မယ်။သက်ဆိုင်ရာအဖွဲ့အစည်းများအနေနဲ့လည်း တစ်ဖက်နှင့်တစ်ဖက် ရန်ပွားအောင်
ပိုဆိုးသွားအောင်တွန်းမပို့ဖို့လိုပါလိမ့်မယ်။
အစိုးရအနေနဲ့လည်းတစ်ခါတစ်ရံမှာ
ကိစ္စမျိုးစုံကိုဖြေရှင်းရတဲ့အခါ အခက်အခဲတွေ များစွာ ရှိနေတော့ပြည်သူလူထုအနေနဲ့လည်း ဒါကိုစိတ်ရှည်သည်းခံပေးဖို့လိုပါမယ်။ မီဒီယာ၊ သတင်းစာတွေ အနေနဲ့ပြည်သူကို နားလည်အောင်ရှင်းပြပေးဖို့နဲ့ပြည်သူကိုသတင်းပေးရာမှာသတင်း အမှားနဲ့အမှန်
ကိုဝေ ဖန်၍ပြည်သူလူထုအတွင်း အာဃာတမပွားမိအောင် တင်ပြနိုင်ပါတယ်ဆိုတာ တင်ပြရင်း အစိုးရ အတွက် မူဝါဒကောင်း ချမှတ်နိုင်အောင် ကူညီကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

No comments:
Post a Comment