သမ္မတကြီးက C.N.A ရုပ်သံလိုင်းနှင့်တွေ့ဆုံပွဲတွင်
ဒေါ်အောင်ဆန်စုကြည်တို့အဖွဲ့ထဲမှာရော အစိုးရအဖွဲ့ မှာရော ရှေးရိုးစွဲအမြင်ရှိသည်ဟု ဖြေထားသည်။
မှန်ပါသည်။ ရှေးရိုးစွဲအမြင်ရှိသူများရှိနေသော နိုင်ငံတွင်မီဒီယာ လွတ်လပ် ခွင့် ဟူ
သည်မှာ..။
ဤသို့ဆိုလျှင် ပြန်ကြားရေးဝန်ကြီးဌာနမှာရော
စာပေစိစစ်ရေးမှာပါထိုသို့သော အမြင်ဟောင်း အယူ အဆ ဟောင်းများ ရှိနေလျှင် မီဒီယာလွတ်လပ်ခွင့်ဟူသည်မှာ..။
ယနေ့အချိန်တွင် မြန်မာနိုင်ငံအစိုးရအပါအဝင်
လွှတ်တော်အမတ်များကပါ အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုကို အပြီးတိုင်ဖယ်ရှားလိုသည်။ အမေရိကန်မှ၏ “BURMESE
FREEDOM AND DEMOCRACY ACT OF 2003” တွင်
မြန်မာနိုင်ငံကို လူ့အခွင့်အရေးနှင့်လွတ်လပ်ခွင့်ကို ချိုးဖောက်မှုဟူသော တွေ့ရှိချက်များဖြင့်
ချမှတ် အရေးယူထားသည်။ မြန်မာနိုင်ငံ မီဒီယာလောကတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေအရ မီဒီယာလွတ်လပ်ခွင့်ဟူသည်..။လွတ်လပ်ခွင့်
ဟုပြောလျှင်တွဲပါလာသော မီဒီယာလွတ်လပ်ခွင့်မရှိလျှင် မြန်မာနိုင်ငံအနေဖြင့် အမေရိကန်၏
အပြီးတိုင်စီးပွားရေးပိတ်ဆို့ မှုဖယ်ရှားရေးကြိုးပမ်းမှုသည် မည်သို့ဖြစ်မည်ကိုစဉ်းစားဖို့လိုပေသည်။
ဂျာနယ်များ တစ်တိုက်ပြီးတစ်တိုက်
ပိတ်သိမ်းခံရခြင်းသည် မီဒီယာမဏ္ဍိုင်ကို မပျက်ပျက်အောင် အစီစဉ်တကျ ရိုက်ချိုးနေသည့် သဘောပင်ဖြစ်နေသည်။
အထက်တွင် ကျွန်တော်ဖော်ပြခဲ့သည့် အတိုင်းမီဒီယာ ကဏ္ဍသည် အတွေ့ အကြုံနုနယ်သေးသဖြင့် ဂျာနယ်များကို
ချုပ်စည်းမှု ပြုထားလျှင် အစိုးရမှပြောနေသော မီဒီယာလွတ်လပ်ခွင့်ကို မည်ကဲ့သို့ နားလည်ရမည်နည်း။ဂျာနယ်တစ်ခုကိုပိတ်ရန်အမိန့်ထုတ်ခြင်းသည်
ပြည်သူ တို့၏ နားမျက်စိတို့ကို ထိုးဖောက်ပိတ် ဆို့လိုက်သည်နှင့် တူပေလိမ့်မည်။မီဒီယာတို့သည်
လူသားအရင်းအနှီး၊ငွေကြေးအရင်းအနှီး၊ ဂုဏ်သိက္ခာအရင်းအနှီးတို့ ဖြင့်သူတို့၏ ဂျာနယ်ကိုတည်ဆောက်ကာ
ပြည်သူများအား မျက်စိပွင့်နားပွင့်ဖြစ်စေရန် ရသမျှသတင်းကို ပြည်သူသို့ တင်ပြ ကြသည်ဖြစ်ရာ
ယခုကဲ့သို့သော ပြင်းထန်သည့် လုပ်ရပ်များက မီဒီယာကဏ္ဍ ဖွံ့ဖြိုးရေးနှင့် ပြည်သူတို့အကြားနေ့စဉ်နှင့်အမျှ
အမြင်ကျယ်ရေးတို့မှာ အဟန့်အတားများစွာရှိနေကြောင်း နှင့် မီဒီယာကဏ္ဍ လွတ်လပ်ခွင့်ဟူသည်
မြန်မာနိုင်ငံတွင်မပီပြင် သေးဟု ဆိုရပေလိမ့်မည်။
အချို့က၂၀၁၂ဇူလိုင်လတွင်
ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံတော်သမ္မတတွေ့ဆုံပြီးနောက်ပိုင်းတွင် ဒေါ်အောင် ဆန်းစုကြည်
အကြောင်း မီဒီယာတွင် ရေးကြပြောကြနိုင်လာသည်။သို့သော် ထိုသို့ရေးနိုင်ရုံဖြင့် မီဒီယာ
လွတ်လပ်ခွင့် ရှိပြီ ဟု ဆိုနိုင်ပါမည်လော။နိုင်ငံရေးပါတီများ၏ ဆောင်ရွက်ချက်များဖော်ပြခွင့်ရရုံဖြင့်
မီဒီယာလွတ်လပ်ခွင့်ရှိပြီဟု ဆိုနိုင်မည် လော။ နိုင်ငံရေးရာ အိုင်ဒီရော်လော်ဂျီများ
တင်ပြခွင့်ပြုရုံဖြင့် မီဒီယာလွတ်လပ်ခွင့်ဟု ဆိုနိုင်မည်လော။
ကျွန်တော့်အမြင်အရပြောရလျှင်
မီဒီယာများအနေဖြင့် ဘက်လိုက်မှုမပါဘဲ မိမိတို့ရရှိလာသမျှသော သတင်းများ၊ ပြည်သူပရိတ်သတ်တို့
သိသင့်သောအတွေးအခေါ်များစသော သတင်းထွက်ကုန်များကို တင်ပြနိုင်မှသာ မီဒီယာလွတ် လပ်ခွင့်ရှိသည်ဟုဆိုနိုင်မည်ဖြစ်သည်။
တိုင်းပြည်ကလည်း နုနယ်သည်၊စတုတ္ထမဏ္ဍိုင်လည်းနုနယ်သည်၊ နိုင်ငံရေးအတွေ့ အကြုံလည်းနုနယ်သည်။ထို့ကြောင့်
နိုင်ငံတော်အနေဖြင့် မီဒီယကဏ္ဍနှင့်ပတ်သက်၍ ကိုင်တွယ်ရာတွင် တနည်းအားဖြင့် မီဒီယာလွတ်လပ်ခွင့်ကို
ဖော်ဆောင်ရာတွင် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်သင့်ကြောင်း တာဝန်ရှိသူများ အား သိစေရန်
တင်ပြလိုက်ရပေသည်။

No comments:
Post a Comment