Tuesday, September 4, 2012

သတင်း

-->
မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်းလိုက်သောသတင်းကို တင်ပြလိုက်ပါသည်။
(ကြေးမုံသတင်းစာမှကူးယူဖော်ပြခြင်းဖြစ်ပါသည်)
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စု အစိုးရအဖွဲ့
အမိန့်ကြော်ငြာစာအမှတ်
(အမှတ်၊ ၆၁/၂၀၁၂)
၁၃၇၄ ခုနှစ်။ ဒုတိယ၀ါဆိုလပြည့်ေ့ကျော် ၇ ရက်
(၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၉ ရက်)
မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်းခြင်း
၁။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ အပိုဒ်ခွဲ(က)အရ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအလို့ငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ချိခွင့်ရမည်ဆိုသည့် နိုင်ငံသားများ၏မူလအခွင့်အရေးနှင့် တာဝန် ဆိုင်ရာ ပြဋ္ဌာန်းချက်ကို ခံစားနိုင်ရန် ပြည်ထောင်စုလွှတ်တော်မှ ပုံနှိပ်မီဒီယာဥပဒေသစ်အား မပြဋ္ဌာန်း နိုင်မီ အတောအတွင်း စာနယ်ဇင်းသမားများကို အကာအကွယ်ပေးနိုင်ရန်အတွက်လည်းကောင်း၊ စာနယ် ဇင်း ကျင့်ဝတ်များပြုစုရေးဆွဲရန်အတွက်လည်းကောင်း၊ အခြားသောစာနယ်ဇင်းဆိုင်ရာ ၀ိရောဓိပြဿနာများ ပေါ်ပေါက်လာပါက စည်းမျဉ်းစည်းကမ်း၊လုပ်ထုံးလုပ်နည်းနှင့်အညီ ကိုင်တွယ်ဖြေရှင်းပေးနိုင်ရန် အတွက် လည်းကောင်း ရည်ရွယ်၍ အောက်ပါပုဂ္ဂိုလ်များပါဝင်သော မြန်မာနိုင်ငံအမြုတေစာနယ်ဇင်းကောင်စီကို ဖွဲ့စည်း လိုက်သည်-
(က) ဦးခင်မောင်အေး၊ တရားရုံးချုပ်တရားသူကြီး(ငြိမ်း)                       ဥက္ကဋ္ဌ
(ခ) ဒေါက်တာအောင်ထွန်းသက်၊ ကျောင်းအုပ်ကြီး(ငြိမ်း)                      ဒုတိယဥက္ကဋ္ဌ(၁)
United Nations System Staff College
 (ဂ) ဒေါက်တာခင်အေး(မောင်ခင်မင်-ဓနုဖြူ)                                   ဒုတိယဥက္ကဋ္ဌ(၂)
မြန်မာစာပါမောက္ခ(ငြိမ်း)
(ဃ) ဒေါက်တာမျိုးသန့်တင်၊ စာပေပညာရှင်                                    အဖွဲ့ဝင်
(င) ဒေါက်တာတင်လှိုင်(ဘိုးလှိုင်)၊ စာပေပညာရှင်                                       အဖွဲ့ဝင်
(စ) ဦးခင်မောင်လေး(ဖိုးသောကြာ)                                              အဖွဲ့ဝင်
(ဆ) ဦးစိုးသိမ်း(မောင်ဝံသ)                                                       အဖွဲ့ဝင်
(ဇ) ဦးသီဟစော(သီဟစော)                                                       အဖွဲ့ဝင်
(ဈ) ဦးအောင်လှထွန်း(ရိုက်တာသတင်းဌာန)                                   အဖွဲ့ဝင်
(ည) ဦးတင်လှိုင်(လယ်တွင်းသားစောချစ်)                                      အဖွဲ့ဝင်
(ဋ) ဦးခင်မောင်ထွန်း(ခင်မောင်ထွန်း၊ လမ်းမတော်)                            အဖွဲ့ဝင်
(ဌ) ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)                                            အဖွဲ့ဝင်
(ဍ) ဒေါ်ချိုချိုတင်(မစန္ဒာ)                                                         အဖွဲ့ဝင်
(ဎ) ဒေါက်တာတင်ထွန်းဦး                                                        အဖွဲ့ဝင်
(ဏ) ဒေါက်တာသာထွန်းဦး(တူဒေးမီဒီယာ)                                    အဖွဲ့ဝင်
(တ) ဦးမြင့်မောင်                                                                  အဖွဲ့ဝင်
(ထ) ဦးမောင်မောင်မြင့်အေး                                                      အဖွဲ့ဝင်
(ဒ) ဦးကိုကို(ကိုကို စက်မှုတက္ကသိုလ်)                                           အတွင်းရေးမှူး
(ဓ) ဦးမောင်မောင်ဦး(ဟိန်းလတ်)                                                တွဲဖက်အတွင်းရေးမှူး(၁)
(န) ဒေါက်တာကျော်ဇောနိုင်(မူပိုင်ခွင့်ဆိုင်ရာဥပဒေပညာရှင်)                 တွဲဖက်အတွင်းရေးမှူး(၂)

၂။ မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီ၏ တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) စာနယ်ဇင်းလွတ်လပ်ခွင့်ကို တည်ဆဲဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ရန်၊
(ခ) စာနယ်ဇင်းနယ်ပယ်အတွင်းမှ ပုဂ္ဂိုလ်များ၏ ရေးသားဟောပြောဆောင်ရွက်မှုများသည် တိုင်းရင်းသား ပြည် သူများ၏ အကျိုးစီးပွားအား မထိပါးအောင် ကာကွယ်စောင့်ရှောက်စေရေး၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်
စေရေးနှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိခိုက်စေရေးတို့အတွက် ကြီးကြပ်ဆောင်ရွက်ရန်၊
(ဂ) စာနယ်ဇင်းနယ်ပယ်အတွင်းမှ ပုဂ္ဂိုလ်များအတွင်း၌ဖြစ်စေ၊ စာနယ်ဇင်းနယ်ပယ်နှင့် ပြင်ပပုဂ္ဂိုလ်၊ အဖွဲ့အ စည်းများအကြား၌ဖြစ်စေ ပေါ်ပေါက်သည့် အငြင်းပွားမှုနှင့် တိုင်ကြားမှုများအပေါ် စည်းမျဉ်းစည်းကမ်း၊
ကျင့်ဝတ်တို့နှင့် ညီညွတ်မျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရန်၊
(ဃ) ပြည်သူလူထု၊ နိုင်ငံတော်အစိုးရနှင့် စာနယ်ဇင်းတို့အကြား ပေါင်းကူးသဖွယ်ဆောင်ရွက်ပေးရန်၊
(င) စာနယ်ဇင်းကျင့်ဝတ်များကို ရေးသားပြုစုပြဋ္ဌာန်းရန်၊
(စ) စာနယ်ဇင်းဆိုင်ရာ အတတ်ပညာနှင့် ကျင့်ဝတ်သိက္ခာများကို စာနယ်ဇင်းနယ်ပယ်အတွင်းမှ ပုဂ္ဂိုလ်များ
သိရှိနားလည်လိုက်နာကျင့်သုံးရေးအတွက် လေ့ကျင့်ပညာ ပညာပေးရန်၊
(ဆ) စာနယ်ဇင်းနယ်ပယ်၏ အရည်အသွေး၊ အဆင့်အတန်း မြင့်မားတိုးတက်ရေးအတွက် အားပေးကူညီ
ဆောင်ရွက်ရန်၊
(ဇ) နိုင်ငံရပ်ခြားမှ တင်သွင်းလာသော စာနယ်ဇင်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား
အတွက် သင့်လျော်မှု ရှိ၊ မရှိ စိစစ်ဆောင်ရွက်ထိန်းသိမ်းရန်။
၃။ မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီ၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) စာနယ်ဇင်းကောင်စီ၏ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ (Regulations and Procedures of the Press Council) ကို ရေးဆွဲပြဋ္ဌာန်းခြင်း၊
(ခ) စာနယ်ဇင်းလောကဖွံ့ဖြိုးရေးကိစ္စရပ်များအတွက် လွတ်လပ်စွာဆောင်ရွက်ခြင်း၊
(ဂ) နိုင်ငံတကာအဖွဲ့အစည်းများနှင့် အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်ခြင်း၊
(ဃ) သတင်းသမားများ သတင်းရယူခြင်းနှင့် သတင်းရေးသားရာ၌ ဖြစ်ပွားလာသော ပဋိပက္ခများကို စေ့စပ်
ညှိနှိုင်းပေးခြင်း၊
(င) စာနယ်ဇင်းကျင့်ဝတ်နှင့်မကိုက်ညီသော သတင်းသမားများအား ခေါ်ယူဆွေးနွေးညှိနှိုင်းခြင်း၊
(စ) အထက်ဖော်ပြပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်ရာ၌ သက်သေခံဥပဒေ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥ ပဒေ၊ တရားမကျင့်ထုံးဥပဒေနှင့် တရားမ နစ်နာမှုဥပဒေ(ွှသမအ)တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကျင့်သုံး ဆောင်ရွက်ခြင်း၊
(ဆ) ပေးအပ်သောတာဝန်နှင့် လုပ်ပိုင်ခွင့်များကို သဘောရိုးဖြင့် ဆောင်ရွက်မှုများအတွက် စာနယ်ဇင်းကောင်စီ၊
ကောင်စီအဖွဲ့ဝင်များ သို့မဟုတ် ကောင်စီတာဝန်ပေးအပ်ခြင်းခံရသူများအား ပြစ်မှုကြောင်းအရသော် လည်း ကောင်း၊ တရားမကြောင်းအရသော်လည်းကောင်း တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့်ရရှိခြင်း၊
(ဇ) စာနယ်ဇင်းဆိုင်ရာကိစ္စရပ်များအတွက် နိုင်ငံတော်အစိုးရသို့ အကြံပြုတင်ပြခြင်း၊
(ဈ) စာနယ်ဇင်းကျင့်ဝတ် ချိုးဖောက်မှုများနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လိုအပ်သလို အရေးယူ
ဆောင်ရွက်ခြင်း၊
(ည) စာနယ်ဇင်းကောင်စီ၏ လုပ်ငန်းတာဝန်နှင့်သက်ဆိုင်သော ကိစ္စများအတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ
တစ်ဆင့် အစိုးရဌာနအသီးသီးနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခြင်း၊
(ဋ) စာနယ်ဇင်း အဆင့်အတန်းမြှင့်တင်ရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသား
နိုင်ငံရေးကိုရှေးရှုသည့် သင်တန်းများဖွင့်လှစ်ခြင်း။
၎။ မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီ၏ အဖွဲ့ဝင်များသည် ပြည်သူ့ဝန်ထမ်းတစ်ဦး၏ အခွင့်အာဏာ များကို ရရှိစေရမည်။
၅။ မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီ၏ ဘဏ္ဍာငွေကြေးရရှိရေးအတွက် သတင်းစာဆရာအဖွဲ့အ စည်းများ၊
စာရေးဆရာအဖွဲ့အစည်းများ၊ ပုံနှိပ်ထုတ်ဝေဖြန့်ချိရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် အခြားသော အလှူရှင်များ ထံမှ ရယူရမည်။
၆။ မြန်မာနိုင်ငံအမြုတေစာနယ်ဇင်းကောင်စီ၏ နေရာနှင့် အဆောက်အအုံအတွက် လိုအပ်၍ တင်ပြ တောင်းခံ လာလျှင်နိုင်ငံတော်အစိုးရက ယာယီသတ်မှတ်ချထားပေးမည်ဖြစ်သည်။ အမြုတေစာနယ်ဇင်းကောင်စီအနေဖြင့် ရုံးဝန်ထမ်းနှင့် ရုံးသုံးပစ္စည်းများကို လိုအပ်၍ တင်ပြတောင်းခံလျှင် နိုင်ငံတော်အစိုးရက ယာယီကူညီပေးမည်။
၇။ မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီသည် မိမိ၏ ဆောင်ရွက်ချက်များနှင့် တိုးတက်မှုဆိုင်ရာ အစီရင်ခံ စာကိုနိုင်ငံတော်သမ္မတထံ အစီရင်ခံရမည့်အပြင် အများပြည်သူများသိရှိစေရန်လည်း ထုတ်ပြန်သွားရမည်။
၈။ မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီသည် မိမိ၏ လုပ်ပိုင်ခွင့်များကို ဆောင်ရွက်ရာ၌ သက်သေခံ ဥပ ဒေ၊ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ တရားမကျင့်ထုံးဥပဒေနှင့် တရားမ နစ်နာမှုဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့် အညီ ကျင့်သုံးဆောင်ရွက်နိုင်သည်။
၉။ ဤအမိန့်ကြော်ငြာစာအရ ပေးအပ်ထားသော တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သဘောရိုးဖြင့် ဆောင်ရွက်မှုများ အတွက် မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီ၊ ကောင်စီအဖွဲ့ဝင်များ သို့မဟုတ် ကောင်စီက တာဝန်ပေး အပ်ခြင်း ခံရသူများအားပြစ်မှုကြောင်းအရသော်လည်းကောင်း၊ တရားမကြောင်းအရသော်လည်းကောင်း တရား စွဲဆိုခြင်း မရှိစေရ။
၁၀။ မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီသည် ပြန်ကြားရေးဝန်ကြီးဌာနက ပြုစုရေးဆွဲလျက်ရှိသော ပုံနှိပ် မီဒီယာဥပဒေ(မူကြမ်း)ကို လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းပြီးနောက် ယင်းဥပဒေနှင့်အညီ ဖွဲ့စည်းသည့် မြန်မာ နိုင်ငံစာနယ်ဇင်းကောင်စီအား တာဝန်လွှဲပြောင်းပြီးသည်အထိ တာဝန်ထမ်းဆောင်ရမည်။
၁၁။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီသည် နိုင်ငံတကာစံချိန်စံညွှန်းများ၊ ပြည်တွင်းပြည်ပ ကျွမ်းကျင်သူများ၏ အကြံပြုချက်များကို လေလ့ာ၍ မြနမ်ာနငို င် ၏ံ အခြေအနေများ နှင့်လိုက်ရောညီထွေသော စာနယ် ဇင်း ကောင်စီဥပဒေကြမ်းကို ရေးဆြွဲပီး နိုင်ငံတော်သမ္မတရုံးသို့ တင်သွင်းရမည်။
အမိန့်အရ
တင်မျိုးကြည်
အတွင်းရေးမှူး
ပြည်ထောင်စုအစိုးရအဖွဲ့

No comments:

Recent Activities of life