Tuesday, September 4, 2012

မြန်မာ့စီးပွားရေးရာ သတင်းအချက်အလက်များ


စီးပွားရေးရာ အကြောင်းအရာ အချက်အလက်များ
လေးလကျော်အတွင်း အလုပ်သမားအလုပ်ရှင် အဖွဲ့အစည်းအဖွဲ့ချုပ်နှစ်ခု အပါအဝင် အလုပ်ရှင် အလုပ် သမား အဖွဲ့အစည်း ၁၄၀ ဖွဲ့စည်းခဲ့သည်။
အလုပ်သမားအဖွဲ့ချုပ်တစ်ဖွဲ့-မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားများအဖွဲ့ချုပ်
အလုပ်ရှင်အဖွဲ့ချုပ်တစ်ဖွဲ့-ပြည်ပအလုပ်အကိုင်လုပ်ငန်းရှင်များအဖွဲ့
အခြေခံလုပ်သမားအဖွဲ့အစည်း၁၂၇ဖွဲ့-
ဖိနပ်စက်ရုံ၊အထည်ချုပ်စက်ရုံ၊ပိုက်စက်ရုံ၊ကြွေပြားစက်ရုံ၊ကုန်တင်ကုန်ချလုပ်ငန်း၊သံနန်ဆွဲစက်ရုံ၊ဆောက်လုပ် ရေးလုပ်ငန်း၊တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအခြေခံလုပ်ငန်း၊သတ္ထုတွင်းလုပ်ငန်း၊အငှားယာဉ်လုပ်ငန်း၊ ဘိလပ်မြေစက်ရုံ၊ဓာတုဗေဒစက်ရုံ၊သံရည်ကျိုစက်ရုံ၊အဖော်ယမကာလုပ်ငန်း၊ဗလာစာအုပ်စက်ရုံ၊ပလပ်စတစ် စက်ရုံ၊မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း အစရှိသော အခြေခံအလုပ်ရှင်အဖွဲ့အစည်း၁၁ဖွဲ့တို့ကိုလည်း ဖွဲ့စည်း ခဲ့သည်။

ဟိုတယ်လုပ်ငန်း၌ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ၂၀၁၀နောက်ပိုင်းတွင်ဗီယက်နမ်စီးပွားရေးလုပ်ငန်းစု ကြီးဖြစ်သည့် HAG&Land မှ အမေရိကန်ဒေါ်လာသန်း၃၀၀ရင်းနှီးမြှပ်နှံမည်။
မြန်မာနိုင်ငံတွင် ဟိုတယ်လုပ်ငန်းနှင့်ပတ်သက်ပြီး နိုင်ငံခြာရင်းနှီးမြှပ်နှံမှုတွင် အမေရိကန်ဒေါ်လာ၁.၁ ဘီလျံကျော်ရှိသည်။အဆိုပါငွေမှာ၂၀၀၀ခုနှစ်အထိ ရင်းနှီးမြှုပ်နှံမှုစာရင်းသာဖြစ်သည်။
၂၀၁၂ဇူလိုင်လအထိ ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ သန်း၈၀၀နီးပါးရှိ သည်။၂၀၁၁-၂၀၁၂တွင်အမေရိကန် ဒေါ်လာသုံးဘီလျံဝန်းကျင် စံချိန်တင်ရရှိခဲ့သည်။
အာရှပစိဖိတ်ဒေသတွင် မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့တင်ပို့မှုတွင် အင်ဒိုနီးရှားပြီးလျှင် ဒုတိယ အများဆုံးတင်ပို့သောနိုင်ငံဖြစ်သည်။
ကုလားတန်မြစ်ကြောင်းစီမံကိန်းအတွက် ပြုလုပ်မည့် EIA,SIAကိုThird Party အဖွဲ့အစည်းတစ်ခု အနေဖြင့် လုပ်ဆောင်ဖို့မြန်မာဘက်ကတောင်းဆိုထားပါတယ်။ကုလားတန်မြစ်ကြောင်းဘက်စုံသယ်ယူပို့ ဆောင်ရေးစီမံကိန်းတွင် စစ်တွေမှ အိန္ဒိယနယ်စပ်အထိ ကားလမ်း၁၂၂ကီလိုမီတာ၊ရေလမ်း ၁၅၈ကီလိုမီတာ ပါဝင်မည်ဖြစ်ပြီး ၂၀၁၃ခုနှစ်တွင်တံတားပိုင်းဆိုင်ရာတည်ဆောက်မှု အပိုင်းပြီးစီးမည်ဖြစ်ရာ ၂၀၁၆ခုနှစ်တွင် လမ်းပိုင်း တည်ဆောက်မှုအပိုင်းပြီးစီးမည်ဖြစ်သည်။ ကုလားတန်ဘက်စုံစီမံကိန်း ဆောင်ရွက်ရန်အတွက် စစ်တွေဆိပ်ကမ်းနှင့်ကုလားတန်မြစ်ကြောင်းဖွံ့ဖြိုးရေးဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ၇၄သန်းခန့်၊မြန်မာအိန္ဒိယ နယ်စပ်မှ ပလက်ဝအထိအဝေပြေးလမ်းဖောက်လုပ်ရန် အမေရိကန်ဒေါ်လာ ၁၄၀သန်းခန့် ကုန်ကျမည်ဖြစ်သည်။
မြန်မာ့ရွှေဖွံ့ဖြိုးရေးအမျာပိုင်ကုမ္ပဏီလိမိတက်ကို အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ မှတ်ပုံတင်အမှတ် ၁၁၃၉/၂၀၁၂-၂၀၁၃ဖြင့်ခွင့်ပြုပေးခဲ့ပြီး သက်ဆိုင်ရာအဖွဲ့ဝင်များဖြင့်ဖွဲ့စည်း လိုက်သည်။
အမေရိကန်ကိုယ်စားလှယ်များလာရောက်အပြီးတွင် မြန်မာနိုင်ငံအစိုးရသည်ကမ်းလွန်ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း၂၃ခုကို လုပ်ကိုင်ရန် ပြည်ပလုပ်ငန်းရှင်များကို ဖိတ်ခေါ်လိုက်သည်။ရခိုင်၊တနင်္သာရီနှင့်မုတ္တမ ကမ်းလွန်ဒေသတို့တွင် လုပ်ကိုင်ရန်ဖိတ်ခေါ်ခြင်းဖြစ်သည်။မြန်မာအစိုးရနှင့် တိုက်ရိုက်ညှိနှိုင်းလုပ်ကိုင်ရမည်ဖြစ် ပြီး မြန်မာအစိုးရပိုင် MOGE ကစီမံကိန်းတစ်ခုချင်းစီတွင် ပိုင်ဆိုင်မှု၏ ၁၅ရာခိုင်နှုန်းမှ၂၅ရာခိုင်နှုန်းအထိ ရှိမည် ဖြစ်သည်။
လုပ်ပိုင်ခွင့်ရရှိသောကုမ္ပဏီများသည် ရေနံတူးဖော်ခွင့်ကို ၆နှစ်နှင့်အထက်ရရှိမည်ဖြစ်သည်။ စတင်သည့် အချိန်မှအချိန်မှ ၃နှစ်အထိ အခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။
မြန်မာအစိုးရပိုင် MOGE ကမလေးရှားမှ Petronas၊ထိုင်းနိုင်ငံပိုင် PTT နှင့် အိန္ဒိယနိုင်ငံပိုင် Jubilant တို့အပါအဝင် ကုမ္ပဏီ၉ခုကို ကုန်းတွင်းရေနံရှာဖွေရန် ရေနှံင့်သဘာဝဓာတ်ငွေ့ရှာဖွေရန် သဘောတူလက်မှတ် ရေးထိုးထားသည်။လာမည့်လအတွင်း ရေနံနှင့်သဘာဝ ဓာတ်ငွေ့တူးဖော်ရန် တင်ဒါခေါ်ယူရန်လည်းရှိသည်။

No comments:

Recent Activities of life