Tuesday, January 21, 2014

အသွင်ကူးပြောင်းရေးအတွေ့အကြုံများကို လေ့လာခြင်းမှ ရရှိသော သင်ခန်းစာများ (၁)

ကျွန်တော်ညက ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကြီး ကိုနားလည်စေရန် ဆုံးဖြတ်ပြီးသကာလ ပြုပြင်ပြောင်ုးလဲ ရေး လုပ်ငန်းစဉ်ကြီးကို လုပ်ဆောင်နေရသူများ၏ နှလုံးသာကို ရှေးဦးစွာ နားလည်နိုင်စေရန် ဒီမိုကရေစီ အပြောင်းအလဲများကို ဦးဆောင်ခဲ့သူ တောင်အာဖရိက ခေါင်းဆောင်ကြီး နယ်ဆင်မဲန်ဒဲလား ရေးသားသော လွတ်မြောက်ခြင်း ခရီးရှည် စာအုပ်ကို စတင်ဖတ်ရှုဖြစ်သည်။
ထိုစာအုပ်ကို ဖတ်ရင်းနားလည်လိုက်သည်မှာ
ကျွန်တော်တို့အနေဖြင့် ဖြစ်စဉ် ဖြစ်ရပ်များကိုသာ လေ့လာနေရုံဖြင့် မပြီးပဲ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကြီးကို ပါဝင်ဆောင်ရွက်ခဲ့သော ခေါင်းဆောင်များ၏ ခံစားချက် သဘောထားများကို နားလည်အောင်လည်း ကြိုးစားရမည်ဟု နားလည်သဘောပေါက်မိပါသည်။
အောက်တွင် နယ်ဆင်မဲန်ဒဲလား၏ မှတ်သားဖွယ် အဆိုအမိန့်များကို ဖော်ပြပေးလိုက်ပါသည် ခင်ဗျား။



"ဘဝတွင် လူတိုင်းအတွက် ယှဉ်တွဲနေရသော တာဝန်ယူရမှုနှစ်ခုရှိသည်။ ၎င်းတို့က သူ့မိသားစု၊ သူ့မိဘများ၊ သူ့ဇနီးနှင့်ကလေးများ အတွက်တာဝန်ယှူုနှင့် သူ၏ပြည်သူ၊ သူ၏လူမှု အသိုင်းအဝိုင်းနှင့် သူ၏တိုင်းပြည် အတွက် တာဝန် ယူရမှု တို့ဖြစ်သည်။
ယဉ်ကျေး၍ လူသားဆန်သော လူ့အဖွဲ့အစည်းတွင် လူအသီးသီးသည် ဤ တာဝန်များကို သူတို့၏ ကိုယ်ပိုင်နှစ် သက်မှုနှင့် အရည်အချင်းတို့ အရ ဖြည့် စွမ်းနိုင်ကြသည်။"

"ကျွန်တော့် ပြည်သူများကို ၏သူတို့၏ ဘဝတွင် သိက္ခာရှိရှိ ဂုဏ်ရှိရှိ နေနိုင်မည့် လွတ်လပ်မှု ရရှိစေလိုသော ဤဆန္ဒကြောင့် ငယ်ရွယ်ကြောက်ရွံ့တတ်သော လူသည် ရဲရင့်သော လူအဖြစ်သို့ ပြောင်းလဲခဲ့သည်။"

"ထောင်ထဲမှ ကျွန်တော်လမ်းလျှောက်ထွက်လာသောအခါ အဖိနှိပ်ခံရသူနှင့် ဖိနှိပ်သူ နှစ်ဦးစလုံးကို လွတ်မြောက်စေရန်မှာ ကျွန်တော့်၏ တာဝန်ဖ်ြစ်သည်။ အချို့ကြ ထိုတာဝန် အောင်မြင်ပြီးစီး သွားကြောင်းပြောကြသည်။ သို့သော် ၎င်းက အဖြစ်မှန် မဟုတ်သည်ကို ကျွန်တ်ာသိသည်။ အမှန်က ကျွန်တော်တို့ မလွတ်လပ်ကြသေးပါ။ ကျွှန်တော်တို့ လွတ်လပ်ရန်အတွက် လွတ်မြောက်မှုရှိ ရုံသာ ဖြစ်သည်။ အဖိနှိပ်မခံရဖို့ အခွင့်အရေး ရခြင်းသာဖြစ်သည်။ ကျွန်တော်တို့ခရီး၏ နောက်ဆုံးခြေလှမ်းကို ကျွန်တော်တို့ မလှမ်းရသေးပါ။ ရှည်လျား၍ ပိုမိုခက်ခဲသော လမ်းပေါ်မှ ပထမဦးဆုံးခြေလှမ်းကိုသာ လှမ်းကြရသေးသည်။ နှောင်ကြိုးများကို ဖယ်ရှားပစ်ရုံဖြင့် လွတ်လပ်ခြင်း မဖြစ်နိုင်ပါ။ အခြားသူများ၏ လွတ်လပ်မှုကို လေးစားပြီး တိုးပွားအောင်ပြုလုပ်ပေးနိုင်မည့် နည်းလမ်းဖြင့် နေထိုင်နိုင်မှသာ လွတ်လပ်ခြင်းမည်သည်။ လွတ်လပ်ခြင်းအား မည်မျှအရေးယူဂရုစိုက်ခြင်း ရှိမည်ဆိုသည်ကို ယခုမှ စတင်စမ်းသပ်နေရုံသာ ရှိသည်။"

တောင်အာဖရိကသား အဖိုးအိုကြီး၏ အဆိုအမိန့်များမှာ ကျွန်တော်တို့လို လူငယ်တစ်ဦးအတွက် များစွာ သင်ခန်းစာယူဖွယ် မှတ်သားဖွယ်ကောင်းလှပေသည်။

ပြူပြင်ပြောင်းလဲရေး ခေါင်းဆောင်များ၏ နှလုံးသား ခံယူချက်ကို နားလည်နိုင်မည် ဆိုပါက မြန်မာ့ခေါင်းဆောင်များ၏ ဆောင်ရွက်ချက်များကို နားလည်နိုင်မ်ည်ဖြစ်သည့် အပြင် သူတို့၏ သဘောထားနှင့် စေတနာကို နားလည်နိုင်မည်ဖြစ်ပြီး ဆဲချင်ဆိုချင်စိတ်များ ပျောကကွယ်သွား လိမ့်မည်ဟု ယုံကြည်ပါသည်။ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ အစရှိ သည့် မြန်မာ့ခေါင်းဆောင် များ၏ လက်ရှိဆောင်ရွက်ချက်များကို အပြစ်မြင်မှုတွေ လျှော့သွားပါလိမ့်မည်ဖြစ်ပြီး စာနာနားလည်နိုင်ပါ လိမ့်မည်။
ကျွန်တော်ညက ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကြီး ကိုနားလည်စေရန် ဆုံးဖြတ်ပြီးသကာလ ပြုပြင်ပြောင်ုးလဲ ရေး လုပ်ငန်းစဉ်ကြီးကို လုပ်ဆောင်နေရသူများ၏ နှလုံးသာကို ရှေးဦးစွာ နားလည်နိုင်စေရန် ဒီမိုကရေစီ အပြောင်းအလဲများကို ဦးဆောင်ခဲ့သူ တောင်အာဖရိက ခေါင်းဆောင်ကြီး နယ်ဆင်မဲန်ဒဲလား ရေးသားသော လွတ်မြောက်ခြင်း ခရီးရှည် စာအုပ်ကို စတင်ဖတ်ရှုဖြစ်သည်။
ထိုစာအုပ်ကို ဖတ်ရင်းနားလည်လိုက်သည်မှာ
Photo: အသွင်ကူးပြောင်းရေးအတွေ့အကြုံများကို လေ့လာခြင်းမှ ရရှိသော သင်ခန်းစာများ (၁)
ကျွန်တော်ညက ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကြီး ကိုနားလည်စေရန် ဆုံးဖြတ်ပြီးသကာလ ပြုပြင်ပြောင်ုးလဲ ရေး လုပ်ငန်းစဉ်ကြီးကို လုပ်ဆောင်နေရသူများ၏ နှလုံးသာကို ရှေးဦးစွာ နားလည်နိုင်စေရန် ဒီမိုကရေစီ အပြောင်းအလဲများကို ဦးဆောင်ခဲ့သူ တောင်အာဖရိက ခေါင်းဆောင်ကြီး နယ်ဆင်မဲန်ဒဲလား ရေးသားသော လွတ်မြောက်ခြင်း ခရီးရှည် စာအုပ်ကို စတင်ဖတ်ရှုဖြစ်သည်။
ထိုစာအုပ်ကို ဖတ်ရင်းနားလည်လိုက်သည်မှာ ကျွန်တော်တို့အနေဖြင့် ဖြစ်စဉ် ဖြစ်ရပ်များကိုသာ လေ့လာနေရုံဖြင့် မပြီးပဲ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကြီးကို ပါဝင်ဆောင်ရွက်ခဲ့သော ခေါင်းဆောင်များ၏ ခံစားချက် သဘောထားများကို နားလည်အောင်လည်း ကြိုးစားရမည်ဟု နားလည်သဘောပေါက်မိပါသည်။
အောက်တွင် နယ်ဆင်မဲန်ဒဲလား၏ မှတ်သားဖွယ် အဆိုအမိန့်များကို ဖော်ပြပေးလိုက်ပါသည် ခင်ဗျား။

"ဘဝတွင် လူတိုင်းအတွက် ယှဉ်တွဲနေရသော တာဝန်ယူရမှုနှစ်ခုရှိသည်။ ၎င်းတို့က သူ့မိသားစု၊ သူ့မိဘများ၊ သူ့ဇနီးနှင့်ကလေးများ အတွက်တာဝန်ယှူုနှင့် သူ၏ပြည်သူ၊ သူ၏လူမှု အသိုင်းအဝိုင်းနှင့် သူ၏တိုင်းပြည် အတွက် တာဝန် ယူရမှု တို့ဖြစ်သည်။
ယဉ်ကျေး၍ လူသားဆန်သော လူ့အဖွဲ့အစည်းတွင် လူအသီးသီးသည် ဤ တာဝန်များကို သူတို့၏ ကိုယ်ပိုင်နှစ် သက်မှုနှင့် အရည်အချင်းတို့ အရ ဖြည့် စွမ်းနိုင်ကြသည်။"

"ကျွန်တော့် ပြည်သူများကို ၏သူတို့၏ ဘဝတွင် သိက္ခာရှိရှိ ဂုဏ်ရှိရှိ နေနိုင်မည့် လွတ်လပ်မှု ရရှိစေလိုသော ဤဆန္ဒကြောင့် ငယ်ရွယ်ကြောက်ရွံ့တတ်သော လူသည် ရဲရင့်သော လူအဖြစ်သို့ ပြောင်းလဲခဲ့သည်။"

"ထောင်ထဲမှ ကျွန်တော်လမ်းလျှောက်ထွက်လာသောအခါ အဖိနှိပ်ခံရသူနှင့် ဖိနှိပ်သူ နှစ်ဦးစလုံးကို လွတ်မြောက်စေရန်မှာ ကျွန်တော့်၏ တာဝန်ဖ်ြစ်သည်။ အချို့ကြ ထိုတာဝန် အောင်မြင်ပြီးစီး သွားကြောင်းပြောကြသည်။ သို့သော် ၎င်းက အဖြစ်မှန် မဟုတ်သည်ကို ကျွန်တ်ာသိသည်။ အမှန်က ကျွန်တော်တို့ မလွတ်လပ်ကြသေးပါ။ ကျွှန်တော်တို့ လွတ်လပ်ရန်အတွက် လွတ်မြောက်မှုရှိ ရုံသာ ဖြစ်သည်။ အဖိနှိပ်မခံရဖို့ အခွင့်အရေး ရခြင်းသာဖြစ်သည်။ ကျွန်တော်တို့ခရီး၏ နောက်ဆုံးခြေလှမ်းကို ကျွန်တော်တို့ မလှမ်းရသေးပါ။ ရှည်လျား၍ ပိုမိုခက်ခဲသော လမ်းပေါ်မှ ပထမဦးဆုံးခြေလှမ်းကိုသာ လှမ်းကြရသေးသည်။ နှောင်ကြိုးများကို ဖယ်ရှားပစ်ရုံဖြင့် လွတ်လပ်ခြင်း မဖြစ်နိုင်ပါ။ အခြားသူများ၏ လွတ်လပ်မှုကို လေးစားပြီး တိုးပွားအောင်ပြုလုပ်ပေးနိုင်မည့် နည်းလမ်းဖြင့် နေထိုင်နိုင်မှသာ လွတ်လပ်ခြင်းမည်သည်။ လွတ်လပ်ခြင်းအား မည်မျှအရေးယူဂရုစိုက်ခြင်း ရှိမည်ဆိုသည်ကို ယခုမှ စတင်စမ်းသပ်နေရုံသာ ရှိသည်။"

တောင်အာဖရိကသား အဖိုးအိုကြီး၏ အဆိုအမိန့်များမှာ ကျွန်တော်တို့လို လူငယ်တစ်ဦးအတွက် များစွာ သင်ခန်းစာယူဖွယ် မှတ်သားဖွယ်ကောင်းလှပေသည်။

ပြူပြင်ပြောင်းလဲရေး ခေါင်းဆောင်များ၏ နှလုံးသား ခံယူချက်ကို နားလည်နိုင်မည် ဆိုပါက မြန်မာ့ခေါင်းဆောင်များ၏ ဆောင်ရွက်ချက်များကို နားလည်နိုင်မ်ည်ဖြစ်သည့် အပြင် သူတို့၏ သဘောထားနှင့် စေတနာကို နားလည်နိုင်မည်ဖြစ်ပြီး ဆဲချင်ဆိုချင်စိတ်များ ပျောကကွယ်သွား လိမ့်မည်ဟု ယုံကြည်ပါသည်။ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ အစရှိ သည့် မြန်မာ့ခေါင်းဆောင် များ၏ လက်ရှိဆောင်ရွက်ချက်များကို အပြစ်မြင်မှုတွေ လျှော့သွားပါလိမ့်မည်ဖြစ်ပြီး စာနာနားလည်နိုင်ပါ လိမ့်မည်။

Saturday, January 18, 2014

Stakeholder များအကြား ညီညွတ်ရေး



ဒီမိုကရေစီ အသွင်ကူးပြောင်းမှု တံခါးဝမှ ရှေ့သို့ ဦးတည်ဝင်ရောက်လာသော နိုင်ငံတစ်နိုင်ငံ အနေဖြင့် ရှေ့တွင် ကြုံရမည့် စိန်ခေါ်မှုများ အခက်အခဲများ အတားအဆီး အဟန့်အတား များ မြောက်များစွာက စောင့်ကြိုနေ လျက်ရှိသည်။ အဆိုပါ စိန်ခေါ်မှုများကို ဖြေရှင်းရန် အစိုးရနှင့် အတိုက် အခံ အကြား လင်နှင့် မယား လျှာနှင့်သွား လို ဖြေရှင်းရမည်မှာ အသွင်ကူးပြောင်းရေးမှ ရလိုက်သော အမွေဖြစ်သည်။ အဆိုပါ အမွေသည် ကောင်းမွေဟု ဆိုက ဆိုနိုင်သလို ဆိုးမွေးဟု ဆိုကလည်း ဆိုနိုင် သည်။ အဘယ့်ကြောင့် ဆိုရပါသနည်း။
အရေးကြီးသည်မှာ အစိုးရနှင့် အတိုက်အခံတို့သည် အိမ်ထောင်တစ်ခုကို ပျိုးထောင်ရ မည် ဖြစ်ရာ နှစ်ဖက်ကြား ကွာရှင်းပြတ်စဲ ကြဖို့မဟုတ်ဘဲ သဘောမတူညီသည်များကို အပြန်အလှန် ညှိကြ ဖို့ ဖြစ် သည်။  အိမ်ထောင်ဦးကာလတွင် တစ်ဦးနှင့် တစ်ဦး စေ့စပ်ညှိနှိုင်း အဖြေရှားနိုင်မှ သူအကြိုက် ကိုယ့် အကြိုက် သူ့လိုအပ် ချက် ကိုယ့်လိုအပ်ချက်ညှိဖို့လိုမည်ဖြစ်သည်။ အထူးဂရုပြု ရမည့်အချက်မှာ နှစ်ဦးကြား ကွာရှင်းပြတ်စဲရေး လမ်း ကြောင်း ရောက်မသွားကြဖို့ သာဖြစ်သည်။ လင်မယာနှစ်ဦးကြား နှစ်ဖက်တွင် သူ့ဘက် ရပ်သည့် သူနှင့် ကိုယ့်ဘက်ရပ်မည့် သူများအကြား တနည်း ဆိုသော နှစ်ဘက် အမျိုးများရှိနေ သည်ဖြစ်ရာ နှစ်ဘက်သော အမျိုးတို့ က လည်း နှစ်ဦးကြား ဖြစ်ပေါ်လာသော ပြဿနာများ ကို ပြန်လည် သင့်မြတ်သွားစေ ဖို့ ဝိုင်းဝန်း ဆောင် မပေးဖို့ လိုအပ်ပါသည်။ သို့ဖြစ်ရာ ဒီမိုကရေစီ အိမ်ထောင်ဦးတွင် အကွဲအပြဲ ဇာတ်လမ်းနှင့် နိဋ္ဌိမတန်ကြ ဖို့အတွက် မည်သို့စေ့စပ်ညှိနှိုင်းကြရမည်ကို အထူးစဉ်းစားဖို့ လို အပ်ကြောင်း သတိသင်ခန်းစာရရှိ ဂရုပြုမိပါ သည်။

Thursday, January 9, 2014

ဒီမိုကရေစီ အတွေးအမြင်များ

မနေ့က Facebook တွင် မိတ်ဆွေတစ်ယောက်၏ Status ကိုတွေ့လိုက်ရသည်။ ကျွန်တော်လွန်စွာ ဝမ်း နည်းမိသည်။ “ဒီမိုကရေစီသည် အရူးလက်မှတ် မဟုတ်တဲ့” သူဆိုလိုက်သည်မှာ ဘာဆိုလိုမှန်း မသိ။ သို့သော် သူ ပြောလိုက်သည့် အပြောတစ်ချက်သည် ပြည်သူလူထု အကြားအမြင် လွဲသွား နိုင် သည်မှာသေ ချာသည်။ သို့ သော် ကျွန်တော့်အနေဖြင့် ပြန်ချေပရမည် ဆိုပါက ဒီမိုကရေစီ သည် လွတ်လပ်မှုသို့ ဝင်ခွင့် လက်မှတ် ဖြစ် သည်။ အဆိုပါ ဝင်ခွင့်လက်မှတ်သည် အလကားမရ လွတ်လပ်မှုဟူသော အခွင့်အရေးကို ရ ဖို့ ကျွန်တော်တို့ တာဝန်တွေ အများကြီး ထမ်းဆောင်ဖို့လိုအပ်ပါသည်။
ထို့ကြောင့် ကျွန်တော်ပြော လိုသည်မှာ ဒီမိုကရေစီသည် တာဝန်ဝတ္တရားတို့ဖြင့် ရယူရမည့် လွတ်လပ်ခြင်းသို့ ဝင်ခွင့်လက်မှတ် ဖြစ်ပါသည်။ တန်ရာတန်ကြေး ရှိပါကြောင်း အသိပေး လိုက်ရပေသည်။

Tuesday, December 31, 2013

ခေတ်မီရေးနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ

မြန်မာနိုင်ငံသည် အာဏာရှင်ခေတ်မှ လွတ်မြောက်လုပြုနေသည့် နိုင်ငံအဖြစ်သို့ ချီတက်နေချိန်ဖြစ် သည်။ ဤစာကို ရေးသားနေချိန်သည် ၂၀၁၃ ခုနှစ်ကုန်ဆုံးတော့ မည့်အချိန်ဖြစ်သည်။ ယနေ့အချိန်သည် ၂၀၁၅ ခုနှစ်သို့ရောက်ရှိရန် ၁နှစ်အလို ၂၀၁၅ ခုနှစ်ကုန်ဆုံးရန် နှစ်ခန့်သာ လိုတော့သည့် အချိန်ဖြစ်သည်။ ယခုလက်ရှိ တိုင်းပြည်၏ အခြေအနေက လည်း သက်ဆိုင်သူ အသီးသီးက အခြေခံ ဥပဒေပြင်ဆင်ရေး ကို လောဆော် စည်းရုံးလာသည့် အချိန်လည်း ဖြစ်သည်။ ဤအချိန်သည် နိုင်ငံရေး ခံယူချက်ရှိရှိဖြင့် လုပ်ဆောင်ရမည့် ကိစ္စများကို လုပ်ဆောင်ရတော့မည် ဖြစ်သည်။ ဤနေရာတွင် ကျွန်တော် ပြောလိုသည့် အချက်မှာ ခေတ်မီရေး ဆိုသည့် ကိစ္စဖြစ်သည်။ ခေတ်မီရေး ဆိုသည် မှာ နိုင်ငံအတွင်း ရှိ ပြည် သူ ပြည် သား အပါအဝင် သက်ဆိုင်သူ အာဏာရှိ ပါဝါရှိသူများ၏ အမြင် ခေတ်မီရေး အတွေး အခေါ် ခေတ်မီရေး သာ ဖြစ်သည်။ ကျွန်တော်တို့ လိုချင်သည့် ပန်းတိုင်းသည် မည်သည့် အရာဖြစ် သည်။ ကျွန်တော်တို့ သွား ချင်သည့် လမ်းကြောင်းသည် မည်သည့် လမ်းကြောင်းဖြစ် သည် ကို ပြတ်ပြတ်သားသား ခံယူချက်ရှိဖို့လို အပ်မည်ဖြစ်ပါသည်။
သက်ဆိုက်သူအားလုံးက ဒီမိုကရေစီ လမ်းကြောင်း အားလုံးပါဝင်နိုင်သည့် နိုင်ငံရေး ဖြစ်စဉ်ကြီး တစ်ခု လုံးဖြစ်စေရန် ဆိုပါက ဥပဒေသည် တရားမျှတဖို့ လူတိုင်းကို တန်းတူအခွင့် အရေး ပေးထားဖို့ပြ ဋ္ဌာန်း ပေထားဖို့ လိုမည်ဖြစ်သည်။
မိမိတို့၏ ရပိုင်ခွင့်များ ဆုံးရှုံးသွားမည် စိုးသောကြောင့် လွန်လေပြီးသော သူများ ကို ကြောက်သော ကြောင့် စသည့်စိတ်ဓာတ်များ ရှိနေမည် ဆိုပါက တိုင်းပြည်နှင့် ပြည်သူ များ မျှော် လင့်သော လမ်းကြောင်းကို ရောက်ရှိဖို့လိုပါ လိမ့်မည်။ နိုင်ငံတစ်နိုင်ငံ၏ အခြေခံ အကျဆုံး ဥပဒေသည် အခြေခံ ဥပဒေဖြစ်သည်။ အခြေခံ ဥပဒေ သည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးစနစ် ၊ အာဏာခွဲဝေကျင့်သုံးမှု ပုံစံ ၊ အစိုးရနှင့် ပြည်သူတို့၏ ရပိုင်ခွင့်နှင့် တာဝန်များကို ပြဋ္ဌာန်းပေးထားသည့် မူဘောင်တစ်ရပ်ဖြစ်သည်။ အဆိုပါ မူဘောင်တစ်ရပ်သည် လူတိုင်း လူတိုင်းကို မှန်ကန်မျှတစွာ နိုင်ငံရေး ဖြစ်စဉ်အပေါ် ပါဝင်နိုင်သည့် အနေအထားကို Political Will ရှိရှိ ထက်သန်စွာ ပြုချင် ပြင်ချင်စိတ်ရှိရှိ ဆောင်ရွက်ဖို့ လိုပါသည်။ မိမိတို့ အကျိုးစီးပွား၊ မိမိတို့ အမြင်သဘော တစ်ခုတည်းနှင့် ဆောင်ရွက်ထားပါက မျှတမှုရှိမည် မဟုတ်သည့် အပြင် ဆင်သေကို ဆိတ်သားရေနှင့် ဖုံးသကဲ့သို့ ဖြစ်နေပါလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ သက်ဆိုင် သူများ အားလုံးကသာ ပြုချင် ပြင်ချင် စိတ်ရှိရှိ စိတ်အားထက်သန်စွာ ဆောင်ရွက်နိုင်ခြင်း မပြုသမျှ ၂၀၀၈ ဖွဲ့စည်ပုံ အခြေခံ ဥပဒေကို ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုသည့် အနှစ်သာရပြည့်ဝသည့် အခြေခံ ဥပဒေ ကို ပြောင်းလဲမည့် ဖြစ်စဉ်သည် အောင်မြင်မှုရှိမည် မဟုတ်ပါ။
ထို့ကြောင့် သက်ဆိုင်သူများအားလုံးက အခြေခံ ဥပဒေပြင်ဆင်ရေးတွင် ကိုယ်ကျိုးရှာ မှုကို ဘေး ဖယ် ဒီမိုကရေစီ နည်းကျ အားလုံးပါဝင်သည့် နိုင်ငံရေး ဖြစ်စဉ်ကိုဖော်ဆောင်ပေးမည့် အခြေခံ ဥပဒေဖြစ်ရေး ကို ဦးတည်ကြိုးပမ်းရမည် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့၏ အတ္တများကို ရိုက်ချိုးဖယ် ရှားပြီး ညှိနှိုင်းဆွေးနွေး ရေးစားပွဲပေါ်သို့ တက်လှမ်းကြပါ။ သမ္မတ ဦးသိန်း စိန်နှင့် ဒေါ်အောင် ဆန်းစုကြည် တို့ ၂၀၁၁ နှစ်ဆန်းပိုင်းတွင် နှစ်ဦးနှစ်ဘက်ညှိနှိုင်းဆောင်ရွက် ခဲ့သောကြောင့် ရရှိခဲ့ သည့် အောင်မြင်မှု များကို ပြန်လည်အောက်မေ့ကာ ၂၀၁၄-၂၀၁၅ အတွင်း အခြေခံ ဥပဒေ ပြင်ဆင်ရေး ကို Political Will ရှိရှိ အာဏာရှင်လက်ထက်က စိတ်ဓာတ်များကို သွေဖယ်ကာ စိတ် သစ်လူ သစ်ဖြင့် နှစ်သစ်တွင် အခြေခံ ဥပဒေကို ဒီမိုကရေစီ ကျသည့် ပြည်သူ တစ်ရပ်လုံးကို ကိုယ်စားပြု သည့် သက်ဆိုင်သူအားလုံးအတွက် မှန်ကန်မျှတသည့် အခြေအနေသို့ရောက် အောင် ကြိုးစားပြင် ဆင်နိုင်ကြပါစေဟု ဆုတောင်းရင်း နိဂုံးချုပ် တင်ပြ အပ်ပါသည်။

Wednesday, November 6, 2013

မင်းရဲ့ အစွမ်းအစကို ဖော်ထုတ်ပါ (Devlop your Talent)

အပြောင်းအလဲ အပြောင်းအလဲနှင့် လူအများကြားတွင် ရေပန်းစားနေသော စကားလုံး။ ငါပြောင်းလဲ ရမယ် ပြောင်းလဲရမည်လို့ ပြောနေသော အပြောင်းအလဲ ဆိုတဲ့စကားလုံး ဒီလိုနဲ့  နှစ်တွေ လတွေ အလီ လီပြောင်း ရက်ကိုလစား လကိုနှစ်စားနဲ့ ရက်တွအလီလီ ပြောင်းလဲသွားသော်လည်း မပြောင်းလဲဘဲ ရှိနေ သည်က ကျွန်တော်တို့ကိုယ်တိုင်ပင်ဖြစ်သည်။ မိမိနေထိုင်ရ ပတ်ဝန်းကျင် လူမှုအသိုက်အဝိုင်းမှ လူတွေ သာ ပြောင်းလဲသွားသည် မပြောင်းလဲဘဲရှိနေသည့်က မိမိကိုယ်တိုင် ဒီတော့စဉ်းစားစရာ ရှိတာ က ပြောင်း လဲသွားတဲ့ သူတွေက ဘယ်လိုပြောင်းလဲ သွားကြသနည်း ပြောင်းလဲမှုတိုင်းကရော ဘယ်သို့ ဘယ်ပုံ ရှိသနည်း။
 ပြောင်းလဲသွားသော လူမှုဝန်းကျင်၊ ပြောင်းလဲသွားသော ဘဝများ၊ သူတို့ရဲ့ အခြေအနေအရပ်ရပ်က ဘယ်သို့ရှိမည်နည်း။ စဉ်းစားသုံးသပ်ဖို့လိုသည်။ ရှိမြဲအတိုင်း ရှိနေသည့် မိမိကိုယ်တိုင်ကရော ဘယ်လို အခြေအနေဖြစ်နေသနည်း သုံးသပ်ဖို့လိုသည်။ ပြောင်းလဲမှုဆိုတာ အကောင်းတစ်ခုတည်း ကို ရှေးရှုခြင်း မဟုတ်ကြောင်း အကျော်အမော် ပုဂ္ဂိုလ်များကပြောကြသည်။ ထိုင်နေအကောင်းထမှ ကျိုးမှန်သိဟု လည်း မြန်မာကဝိများက မိန့်ကြားခဲ့သည်။ သို့သော် ဒီစကားပုံတွေက လက်တွေ့တွင်  ပြောင်းပြန်ဖြစ် သွားကြသည်။ ကျိုးမှန်းသိလျက်နှင့် ထထိုင်လိုက် ရာမှာ တိုးတက်ကောင်းမွန် သွားသည့် မိတ်ဆွေများ၊ မိမိအခက်အခဲများ အားနည်းချက်များကို ပြင်ဆင်ရင်ဖြင့် တိုးတက်ကောင်းမွန်သော အနေအထားသို့
 ရောက်ရှိသွားသော လူသားများ နိုင်ငံရေးအပြောင်းအလဲများ အကြား ဆုတ်ပျက်သတ်သွားသည့် ဘဝများ နိုင်ငံရေး အပြောင်းအလဲကြောင့် ရွှေရောင်နေ့ရက်များကို ပိုင်ဆိုင်သွားသည့် သူများ၊ လူအုပ် စုနှစ်ခုအကြား ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသော ပြည်သူများ၊ မိခင်မဲ့သွားသော ကလေးငယ်များ။ စသည့်ဖြင့် သူတို့တတွေ ပြင်ပအပြောင်းအလဲများ အကြား၊ ဖြစ်ပေါ်ခံစား နေရခြင်းများက ကျွန်တော်တို့ အတွက် မြောက်များစွာ သင်ခန်းစာယူစရာဖြစ်ပါသည်။ ကျွန်တော်တို့တစ်ဦး ချင်းစီရော အဆိုပါ အချင်း အရာများကို နှစ်ဖူးပေါ်လက်တင်၍ သေသေချာချာ စဉ်းစားမိပါသလော၊ ဘယ်လောက်အထိ အဆိုပါ စဉ်း စားချက်တို့ကို သင်ခန်းစာယူခဲ့ပါသလော။
သြော်……………လူငယ်လေးတစ်ဦး အနေဖြင့် လူလောကရောက် လာတာ နှစ်နှစ်ဆယ်ကျော် ခဲ့ပြီ ဖြစ်လေ သည်။ မွေးကင်းစ ဥဝဲလေးဘဝမှ တစ်မိသားစုလုံးက အလိုလိုက်ထားတဲ့ ကလေးငယ်ဘဝ၊ ဒီကနေ လကနေ နှစ်၊ နှစ်ကနေ ဆယ်စုနှစ်တိုင် ပုံစံအမျိုးမျိုး ပြောင်းလဲလာခဲ့သည် မှာကြာလှပေပြီ။ ဤနှစ်ကာလ အတွင်း ကြုံတွေ့ခဲ့ရသည့် မျက်နှာငယ်မှု များ၊ သောကရောက်မှု များ၊  ပျော်ရွှင်မှုများ၊ အောင်မြင်မှုများ၊ စိန်ခေါ်မှုများ အခက်ခဲများ အကြား ရုန်းကန်ရင်း ရုန်းကန်ဆဲ ဖြစ်နေရဆဲ။
 မျှော်လင့်ချက် ရောင်ခြည်များ ဖြစ်ထွန်းသည့် ခံစားမှုများ ကြုံတွေ့ရသလို အနာဂတ်ပျောက်ဆုံးနေ သယောင် လက်ရှိ ပစ္စုန်ပ္ပန်ကို အခြေခံပြီး အနာဂတ်ရော ဘာဖြစ်မည်နည်းဟု တွေးပူနေရသည့် အခြေ အနေများ စသည်တို့ဖြင့် လောကခရီးလမ်းကို လျှောက်လှမ်းရ ပေဦး မည်။
သို့သော် မရေရာမှုကို လူသားတိုင်းလူသားတိုင်း ဖြတ်သန်းရပေဦးမည်။ ဤကိစ္စသည် အထူးအဆန်း မဟုတ်  ကျွန်တော်တို့ရှေ့ခေါင်းဆောင်ကြီးများ၊ ဆရာသမားများ ဖြတ်သန်ခဲ့ရသည့် ဤခရီးလမ်း၊ ကျွန်တော်တို့ ဘိုးဘွား မိဘများ လျှောက်ခဲ့ရသည့် ဒီခရီးလမ်း ဒီခရီးလမ်းကို မရေရာ မသေချာမှုနှင့် စမ်းတစ်ဝါးဝါး လျှောက်လှမ်း နေကြ ဆဲဖြစ်သည်။ အချို့လည်း မရေရာ မသေချာမှုများအကြား ယုံကြည်ချက် အပြည့်ဖြင့် စမ်းတဝါးဝါးလျှောက်ရင်း ပန်းတိုင်နဲ့ တွေခဲ့ရသည်။ အချို့လည်း ယုံကြည်ချက်မဲ့က လမ်းလျှောက်ရင်း လမ်းပျောက်ခဲ့ရပြီ။ ဤလောကကြီး အတွင်း လူသားဘယ်လောက် များများက ဤခရီးလမ်းမှာ ရှင်သန် ကျန်ရစ်ခဲ့ ပါသနည်း။ လူသားဘယ် လောက် များ ခရီးလမ်တစ်ဝက်မှာ ကျဆုံးခဲ့သလဲ။ ဘယ်သူတွေက ဘယ်လောက်အထိ လမ်းတစ်ဝက်မှာ တဒင်္ဂ ကြုံတွေ့နေရသော အောင်မြင်မှုများ အကြား ယဇ်မူရပ်တန့်နေကြသနည်း။
ယုံကြည်ချက်၊ မျှော်လင့်ချက်များကို အရင်းတည်း၍ အားတင်း လျှောက်လှမ်းကြရမည့် လောကခရီးလမ်း ခရီး ကြမ်းတွင် ယုံကြည်မှု ဆိုသည့်လောင်စာကို အပြည့်ဖြည့်ထားရပေလိမ့်မည်။ အ ယုံကြည်မှု ရေရှည်ခိုင်မြဲစေဖို့ အနာဂတ်ပန်းတိုင်နှင့် နီးသထက်နီးလာဖို့ ဆိုပါက ရပ်တန့်နေ၍ မဖြစ် ကျွန်တော့် မိတ်ဆွေတစ်ဦး ပြောသကဲ့သို့ ဘရိတ်အုပ်လိုက်လို့မဖြစ် လက်ရှိအနေအထားနှင့် တင်းတိမ်ရောင့်ရဲနေလို့မဖြစ်၊ လိုအပ်သည့် အရည်အချင်းများ Capacity များ စွမ်းရည်များ လေ့လာ 
သင်ယူမှုများကို ဆက်လက်သင်ယူ လေ့လာဖြည့်ဆည်းနေကြရဦးမည်သာ  ဖြစ်ပါသည်။ ပြိုင်ဆိုင်မှု ပြင်း ထန်သော ဤလောကဝယ် လူသားကောင်းကျိုးသယ်ပိုး လိုသူပဲဖြစ်ဖြစ်၊ တစ်ကိုယ် ကောင်းဆန်သူ ပဲဖြစ်ဖြစ်၊ မည်သို့သော အရောင်အသွေး အခြေအနေမျိုးစုံ ရှိနေသော လူသားအားလုံး ဆက်လက်ပြိုင်ဆိုင်
 နေကြရဦး မည်သာဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် လူသားတိုင်းလူသားတိုင်း ရောက်ရာ အခြေ အနေ ပတ်ဝန်းကျင်ကနေ ပြင်ပသို့လည်း မျက်ခြည်မပြတ် မျှော်ကြည့်နေရဦးမည်သာ ဖြစ်သည်။
 မျှော်ကြည့်ခြင်းသည် အားငယ်ခိုင်းခြင်းမဟုတ်၊ သူတို့နည်းတူ မိမိတို့လည်း အမှီလိုက်နိုင်အောင်ကြိုးစား ဖို့ဖြစ် သည်။ Walt Disney လည်း ဆယ်ကျော်သက် အရွယ်ကစပြီး ကြိုးစားခဲ့ရသည်။ Steve Jobs လည်း ထိုနည်းလည်းကောင်း၊ Estine, Lenaro Darvinchi, သောမတ်အက်ဒီဆင်၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့်၊ နယ်လ်ဆင်မဲန်ဒဲလ်လား၊ အားလုံး ဆယ်ကျော်သက်အရွယ်လူငယ်လူလတ်ဘဝ ကတည်းကကြိုးစား ခဲ့ကြသည် ချည်းဖြစ်သည်။ သူတို့သည် အပြောင်းအလဲများ အကြား အောင်မြင်မှုကို ဆွတ်ခူးရယူနိုင် ခဲ့သည်။ သူတို့ရဲ့ ကြံ့ကြံ့ခိုင်မှု၊ ယုံကြည်ချက် အပြည့် မျှော်လင့်ချက်အပြည့် ဇွဲ၊ လုံ့လ၊ ဝီရိယကို အရင်း တည်ကာ ကြိုးစား အားတုတ်မှုတို့က ကျွန်တော့်လို လူငယ်လေး တစ်ဦးအတွက်၊ လူငယ်ထုအားလုံး အတွက်၊ မိမိအတွက် ၊ မိမိ မိသားစုအတွက်၊ မိမိ ပတ်ဝန်း ကျင် အတွက် မိမိနိုင်ငံအတွက် စဉ်းစား ကာ ကြိုးစားနေကြသော အနယ်နယ် အရပ်ရပ် နယ်ပယ် အဖုံဖုံ လူတန်းစား မျိုးစုံကြား လူငယ်များ အတွက် အတုယူစရာ နည်းမှီစရာများ အားတက်စရာ များဖြစ်ပေ သည်။ သို့သော် အခြား တစ်ဖက်တွက် ကုဋေ ရှစ် ဆယ် သူဋ္ဌေးသားလို လူငယ်တွေ တစ်ပုံတစ်ပင်ကြီး ရှိနေပြန်သည်။ 
လူသားကောင်းကျိုးအတွက် ဘာမှထည့်မတွေး၊ အများကောင်းကျိုး အတွက်ဘာမျှ မလုပ်၊ မိမိကိုယ် ကိုယ် ကောင်းဖို့ အတွက်ပင် မစဉ်းစားဘဲ ပျော်ရွှင်မှုများ၊ တေလေမှုများဖြင့် လူသားများကလည်း တစ်ပုံ တစ်ပင် ရှိနေပြန်သည်။
တကယ်တမ်းပြောရလျှင် သတင်းအချက်အလက်ပေါင်းစုံ ထွန်းကားနေသည့် မျက်မှောက်ခေတ်တွင် နယ် ပယ် ပေါင်းစုံ ကသင်ခန်းစာ ယူစရာ အတုယူစရာတွေ တစ်ပုံတစ်ပင်ရှိနေရာ ကျွန်တော်တို့ မည်သို့သော ကျင့်ကြံမှုမျိုး ကိုလုပ်ဆောင်ကြပါမည်နည်း။ အပြောင်းအလဲ ရေလှိုင်းများ အကြားမည်သို့ လိုက်ပါမည်နည်း စဉ်းစားကြဖို့ တိုက်တွန်း တင်ပြအပ်ပါသည်။
 

Saturday, November 2, 2013

လူငယ်လေးတစ်ဦး၏ ဆန္ဒ

ကျွန်တော်တို့ ကမ္ဘာမြေထက်တွင် အဆက်ဆက် ဖြစ်ပွားခဲ့သော အုပ်စုများကြား အငြင်းပွားမှုများ နှင့် စစ်ပွဲများကြားတွင် ခေတ်အဆက်ဆက် မရိုးနိုင်သော အမုန်းမီးများ ကြားတွင် မျိုးဆက်သစ်တို့၏ အနာဂတ်များကို စတေးခဲ့ကြရသည်။ မိမိတို့ တစ်စုတစ်ဖွဲ့အနိုင် ရလိုမှုအတွက် တစ်ဖက်နှင့် တစ်ဖက် ရန်ကိုရန်ချင်း တုံ့နှင့်ရင်းဖြင့် မျိုးဆက်သစ်တို့၏ ဘဝအဆောက် အအုံများ ပျောက်ဆုံးပျက်ပြယ်ကြရတော့သည်။ ကစားကွင်းများ၊ စာသင်ကျောင်းများ နေရာကို စစ်တလင်းနှင့် လဲခဲ့ကြရသည်။ နိုင်ငံရေးအရ အားပြိုင်မှုများ ကြားထဲတွင် လူငယ်တို့၏ အနာဂတ် များ ပျောက်ဆုံးခဲ့ကြရသည်။ ယနေ့ရန်ကုန် တက္ကသိုလ်ကြီးသည် အဆိုပါဖြစ်ရပ် တို့၏ သက်သေဟုပင်ဆို နိုင်သည်။ သက်ဆိုင်ရာ အာဏာပိုင်တို့ လက်အောက် တွင် လူငယ်တို့၏ ပညာအဆောက် အအုံ ပညာယန္တရားသည် စုန်းစုန် မြုပ်ခဲ့ရသည်။ မြန်မာနိုင်ငံ အပါ အဝင် အစ္စရေး-ပါလက်စတိုင်း အစရှိသည့် စစ်ပွဲနှင့် မကင်း သည့် နယ်မြေဒေသများ အတွင်းရှိ ဖြစ်ရပ်များသည် နေ့စဉ်နှင့် အမျှ မျိုးဆက်သစ်တို့၏ ရွှေရောင်နေ့သစ်များ ကို မြင်နိုင်ဖို့ရန် ခက်ခဲနေသည်။ နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲသည် အဆိုပါ လူငယ်တို့ ၏ ကံကြမ္မာ ကြီးစွာသော အပြောင်းအလဲ ဖြစ်နိုင်သည်။ တစ်စု တစ်ဖွဲ့၏ အကျိုး စီးပွားအလို့ဌာ သူတစ်လူ ငါတစ်မင်း ဆောင်ရွက်ချက်များက မျိုး ဆက်သစ်တို့၏ အနာဂတ်ကို ချက်ချင်း ပြောင်းလဲပစ် နိုင် ပေ သည်။ လက်ရှိအချိန်သည် မျိုးဆက်သစ်တို့ အတွက် မျှော်လင့်ချက် များ အားကောင်းချိန် အိပ်မက်များကို အကောင်အထည်ဖော်ရန် လမ်းစ ကို မြင်နေရချိန် ဖြစ်သည်။ ဤသို့သော အချိန်ကာလတွင် လူငယ်မျိုး ဆက်သစ်တို့ အရေးကို စဉ်းစာချင့်ချိန်နိုင်ဖို့လိုပါသည်။ နှစ်ပေါင်း ၆၀ ကျော်ကာလအတွင် ကျွန်တော်တို့ လူငယ်မျိုးဆက်သစ် မြောက်များစွာ တို့၏ ဘဝများသည် စစ်ပွဲများအကြား အရင်းအနှီးပြု ခဲ့ရပြီ။မြောက်များစွာသော လူငယ်တို့၏ ဘဝများသည် အကျဉ်းထောင်ထဲတွင် အချိန်ကုန် ခဲ့ရပြီ။မြောက်များစွာသောလူငယ်တို့ ကျောင်းထုတ်ခံခဲ့ကြရပြီ။ပညာရေးလမ်းစပျောက်ကွယ် ခဲ့ရသည်။ 

အနာဂတ်မျှော်လင့်ချက်များ လင်းလက်နေသည့် လူငယ်မျိုး ဆက်သစ် များနေ့ချင်း ညချင်းပျောက် ကွယ်ခဲ့ရပြီ။ တိုင်းပြည်၏ စီးပွားရေး လူမှုရေး ချွတ်ခြုံကျမှုများကြား လူငယ်များစွာ တို့၏ အနာဂတ် လူ့စွမ်းအားမြှင့် တင်ရေး အစီအစဉ်များ ရေစုန် မျောခဲ့ရပြီ။ အဂတိတရားနှင့်မွေ့ပျော်ခဲ့သည့် အုပ်ချုပ်ရေး ယန္တရားအောက် အဂတိ တစ္ဆေကပ်တွယ်နေသည့်ပြည်သူ့ရေးရာ စီမံကွပ်ကဲမှုများအကြား အရည်အချင်းရှိ လူငယ် တို့၏ ဘဝချောင်ထိုးခံခဲ့ ရပြီး အစွမ်းအစများ ရွက်ပုန်းသီးဖြစ်ခဲ့ရ သည်။ လူငယ်တို့ဘဝ  အနာဂတ်၊ လူငယ်တို့ စွမ်းအင်ကို ယုံကြည်ပါက လက်ရှိပြဿနာများကို ကိုင်တွယ်ဖြေရှင်းနေသည့် လူကြီးတိုင်း လူကြီးတိုင်းသည် ဆုံးဖြတ် ချက်တိုင်း ဆုံးဖြတ်ချက်တိုင်းက ဆုံးဖြတ်ဆောင်ရွက်မည့် အချိန်တိုင်း အချိန်တိုင်းတွင် လူငယ်တို့၏ မျက်နှာကိုကြည့်၍ ချင့်ချိန်မြော်မြင် စဉ်းစားဆုံးဖြတ်ကြပါဟု ပန်ကြားအပ်ပါသည်။

 

Recent Activities of life