Wednesday, November 6, 2013

မင်းရဲ့ အစွမ်းအစကို ဖော်ထုတ်ပါ (Devlop your Talent)

အပြောင်းအလဲ အပြောင်းအလဲနှင့် လူအများကြားတွင် ရေပန်းစားနေသော စကားလုံး။ ငါပြောင်းလဲ ရမယ် ပြောင်းလဲရမည်လို့ ပြောနေသော အပြောင်းအလဲ ဆိုတဲ့စကားလုံး ဒီလိုနဲ့  နှစ်တွေ လတွေ အလီ လီပြောင်း ရက်ကိုလစား လကိုနှစ်စားနဲ့ ရက်တွအလီလီ ပြောင်းလဲသွားသော်လည်း မပြောင်းလဲဘဲ ရှိနေ သည်က ကျွန်တော်တို့ကိုယ်တိုင်ပင်ဖြစ်သည်။ မိမိနေထိုင်ရ ပတ်ဝန်းကျင် လူမှုအသိုက်အဝိုင်းမှ လူတွေ သာ ပြောင်းလဲသွားသည် မပြောင်းလဲဘဲရှိနေသည့်က မိမိကိုယ်တိုင် ဒီတော့စဉ်းစားစရာ ရှိတာ က ပြောင်း လဲသွားတဲ့ သူတွေက ဘယ်လိုပြောင်းလဲ သွားကြသနည်း ပြောင်းလဲမှုတိုင်းကရော ဘယ်သို့ ဘယ်ပုံ ရှိသနည်း။
 ပြောင်းလဲသွားသော လူမှုဝန်းကျင်၊ ပြောင်းလဲသွားသော ဘဝများ၊ သူတို့ရဲ့ အခြေအနေအရပ်ရပ်က ဘယ်သို့ရှိမည်နည်း။ စဉ်းစားသုံးသပ်ဖို့လိုသည်။ ရှိမြဲအတိုင်း ရှိနေသည့် မိမိကိုယ်တိုင်ကရော ဘယ်လို အခြေအနေဖြစ်နေသနည်း သုံးသပ်ဖို့လိုသည်။ ပြောင်းလဲမှုဆိုတာ အကောင်းတစ်ခုတည်း ကို ရှေးရှုခြင်း မဟုတ်ကြောင်း အကျော်အမော် ပုဂ္ဂိုလ်များကပြောကြသည်။ ထိုင်နေအကောင်းထမှ ကျိုးမှန်သိဟု လည်း မြန်မာကဝိများက မိန့်ကြားခဲ့သည်။ သို့သော် ဒီစကားပုံတွေက လက်တွေ့တွင်  ပြောင်းပြန်ဖြစ် သွားကြသည်။ ကျိုးမှန်းသိလျက်နှင့် ထထိုင်လိုက် ရာမှာ တိုးတက်ကောင်းမွန် သွားသည့် မိတ်ဆွေများ၊ မိမိအခက်အခဲများ အားနည်းချက်များကို ပြင်ဆင်ရင်ဖြင့် တိုးတက်ကောင်းမွန်သော အနေအထားသို့
 ရောက်ရှိသွားသော လူသားများ နိုင်ငံရေးအပြောင်းအလဲများ အကြား ဆုတ်ပျက်သတ်သွားသည့် ဘဝများ နိုင်ငံရေး အပြောင်းအလဲကြောင့် ရွှေရောင်နေ့ရက်များကို ပိုင်ဆိုင်သွားသည့် သူများ၊ လူအုပ် စုနှစ်ခုအကြား ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသော ပြည်သူများ၊ မိခင်မဲ့သွားသော ကလေးငယ်များ။ စသည့်ဖြင့် သူတို့တတွေ ပြင်ပအပြောင်းအလဲများ အကြား၊ ဖြစ်ပေါ်ခံစား နေရခြင်းများက ကျွန်တော်တို့ အတွက် မြောက်များစွာ သင်ခန်းစာယူစရာဖြစ်ပါသည်။ ကျွန်တော်တို့တစ်ဦး ချင်းစီရော အဆိုပါ အချင်း အရာများကို နှစ်ဖူးပေါ်လက်တင်၍ သေသေချာချာ စဉ်းစားမိပါသလော၊ ဘယ်လောက်အထိ အဆိုပါ စဉ်း စားချက်တို့ကို သင်ခန်းစာယူခဲ့ပါသလော။
သြော်……………လူငယ်လေးတစ်ဦး အနေဖြင့် လူလောကရောက် လာတာ နှစ်နှစ်ဆယ်ကျော် ခဲ့ပြီ ဖြစ်လေ သည်။ မွေးကင်းစ ဥဝဲလေးဘဝမှ တစ်မိသားစုလုံးက အလိုလိုက်ထားတဲ့ ကလေးငယ်ဘဝ၊ ဒီကနေ လကနေ နှစ်၊ နှစ်ကနေ ဆယ်စုနှစ်တိုင် ပုံစံအမျိုးမျိုး ပြောင်းလဲလာခဲ့သည် မှာကြာလှပေပြီ။ ဤနှစ်ကာလ အတွင်း ကြုံတွေ့ခဲ့ရသည့် မျက်နှာငယ်မှု များ၊ သောကရောက်မှု များ၊  ပျော်ရွှင်မှုများ၊ အောင်မြင်မှုများ၊ စိန်ခေါ်မှုများ အခက်ခဲများ အကြား ရုန်းကန်ရင်း ရုန်းကန်ဆဲ ဖြစ်နေရဆဲ။
 မျှော်လင့်ချက် ရောင်ခြည်များ ဖြစ်ထွန်းသည့် ခံစားမှုများ ကြုံတွေ့ရသလို အနာဂတ်ပျောက်ဆုံးနေ သယောင် လက်ရှိ ပစ္စုန်ပ္ပန်ကို အခြေခံပြီး အနာဂတ်ရော ဘာဖြစ်မည်နည်းဟု တွေးပူနေရသည့် အခြေ အနေများ စသည်တို့ဖြင့် လောကခရီးလမ်းကို လျှောက်လှမ်းရ ပေဦး မည်။
သို့သော် မရေရာမှုကို လူသားတိုင်းလူသားတိုင်း ဖြတ်သန်းရပေဦးမည်။ ဤကိစ္စသည် အထူးအဆန်း မဟုတ်  ကျွန်တော်တို့ရှေ့ခေါင်းဆောင်ကြီးများ၊ ဆရာသမားများ ဖြတ်သန်ခဲ့ရသည့် ဤခရီးလမ်း၊ ကျွန်တော်တို့ ဘိုးဘွား မိဘများ လျှောက်ခဲ့ရသည့် ဒီခရီးလမ်း ဒီခရီးလမ်းကို မရေရာ မသေချာမှုနှင့် စမ်းတစ်ဝါးဝါး လျှောက်လှမ်း နေကြ ဆဲဖြစ်သည်။ အချို့လည်း မရေရာ မသေချာမှုများအကြား ယုံကြည်ချက် အပြည့်ဖြင့် စမ်းတဝါးဝါးလျှောက်ရင်း ပန်းတိုင်နဲ့ တွေခဲ့ရသည်။ အချို့လည်း ယုံကြည်ချက်မဲ့က လမ်းလျှောက်ရင်း လမ်းပျောက်ခဲ့ရပြီ။ ဤလောကကြီး အတွင်း လူသားဘယ်လောက် များများက ဤခရီးလမ်းမှာ ရှင်သန် ကျန်ရစ်ခဲ့ ပါသနည်း။ လူသားဘယ် လောက် များ ခရီးလမ်တစ်ဝက်မှာ ကျဆုံးခဲ့သလဲ။ ဘယ်သူတွေက ဘယ်လောက်အထိ လမ်းတစ်ဝက်မှာ တဒင်္ဂ ကြုံတွေ့နေရသော အောင်မြင်မှုများ အကြား ယဇ်မူရပ်တန့်နေကြသနည်း။
ယုံကြည်ချက်၊ မျှော်လင့်ချက်များကို အရင်းတည်း၍ အားတင်း လျှောက်လှမ်းကြရမည့် လောကခရီးလမ်း ခရီး ကြမ်းတွင် ယုံကြည်မှု ဆိုသည့်လောင်စာကို အပြည့်ဖြည့်ထားရပေလိမ့်မည်။ အ ယုံကြည်မှု ရေရှည်ခိုင်မြဲစေဖို့ အနာဂတ်ပန်းတိုင်နှင့် နီးသထက်နီးလာဖို့ ဆိုပါက ရပ်တန့်နေ၍ မဖြစ် ကျွန်တော့် မိတ်ဆွေတစ်ဦး ပြောသကဲ့သို့ ဘရိတ်အုပ်လိုက်လို့မဖြစ် လက်ရှိအနေအထားနှင့် တင်းတိမ်ရောင့်ရဲနေလို့မဖြစ်၊ လိုအပ်သည့် အရည်အချင်းများ Capacity များ စွမ်းရည်များ လေ့လာ 
သင်ယူမှုများကို ဆက်လက်သင်ယူ လေ့လာဖြည့်ဆည်းနေကြရဦးမည်သာ  ဖြစ်ပါသည်။ ပြိုင်ဆိုင်မှု ပြင်း ထန်သော ဤလောကဝယ် လူသားကောင်းကျိုးသယ်ပိုး လိုသူပဲဖြစ်ဖြစ်၊ တစ်ကိုယ် ကောင်းဆန်သူ ပဲဖြစ်ဖြစ်၊ မည်သို့သော အရောင်အသွေး အခြေအနေမျိုးစုံ ရှိနေသော လူသားအားလုံး ဆက်လက်ပြိုင်ဆိုင်
 နေကြရဦး မည်သာဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် လူသားတိုင်းလူသားတိုင်း ရောက်ရာ အခြေ အနေ ပတ်ဝန်းကျင်ကနေ ပြင်ပသို့လည်း မျက်ခြည်မပြတ် မျှော်ကြည့်နေရဦးမည်သာ ဖြစ်သည်။
 မျှော်ကြည့်ခြင်းသည် အားငယ်ခိုင်းခြင်းမဟုတ်၊ သူတို့နည်းတူ မိမိတို့လည်း အမှီလိုက်နိုင်အောင်ကြိုးစား ဖို့ဖြစ် သည်။ Walt Disney လည်း ဆယ်ကျော်သက် အရွယ်ကစပြီး ကြိုးစားခဲ့ရသည်။ Steve Jobs လည်း ထိုနည်းလည်းကောင်း၊ Estine, Lenaro Darvinchi, သောမတ်အက်ဒီဆင်၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့်၊ နယ်လ်ဆင်မဲန်ဒဲလ်လား၊ အားလုံး ဆယ်ကျော်သက်အရွယ်လူငယ်လူလတ်ဘဝ ကတည်းကကြိုးစား ခဲ့ကြသည် ချည်းဖြစ်သည်။ သူတို့သည် အပြောင်းအလဲများ အကြား အောင်မြင်မှုကို ဆွတ်ခူးရယူနိုင် ခဲ့သည်။ သူတို့ရဲ့ ကြံ့ကြံ့ခိုင်မှု၊ ယုံကြည်ချက် အပြည့် မျှော်လင့်ချက်အပြည့် ဇွဲ၊ လုံ့လ၊ ဝီရိယကို အရင်း တည်ကာ ကြိုးစား အားတုတ်မှုတို့က ကျွန်တော့်လို လူငယ်လေး တစ်ဦးအတွက်၊ လူငယ်ထုအားလုံး အတွက်၊ မိမိအတွက် ၊ မိမိ မိသားစုအတွက်၊ မိမိ ပတ်ဝန်း ကျင် အတွက် မိမိနိုင်ငံအတွက် စဉ်းစား ကာ ကြိုးစားနေကြသော အနယ်နယ် အရပ်ရပ် နယ်ပယ် အဖုံဖုံ လူတန်းစား မျိုးစုံကြား လူငယ်များ အတွက် အတုယူစရာ နည်းမှီစရာများ အားတက်စရာ များဖြစ်ပေ သည်။ သို့သော် အခြား တစ်ဖက်တွက် ကုဋေ ရှစ် ဆယ် သူဋ္ဌေးသားလို လူငယ်တွေ တစ်ပုံတစ်ပင်ကြီး ရှိနေပြန်သည်။ 
လူသားကောင်းကျိုးအတွက် ဘာမှထည့်မတွေး၊ အများကောင်းကျိုး အတွက်ဘာမျှ မလုပ်၊ မိမိကိုယ် ကိုယ် ကောင်းဖို့ အတွက်ပင် မစဉ်းစားဘဲ ပျော်ရွှင်မှုများ၊ တေလေမှုများဖြင့် လူသားများကလည်း တစ်ပုံ တစ်ပင် ရှိနေပြန်သည်။
တကယ်တမ်းပြောရလျှင် သတင်းအချက်အလက်ပေါင်းစုံ ထွန်းကားနေသည့် မျက်မှောက်ခေတ်တွင် နယ် ပယ် ပေါင်းစုံ ကသင်ခန်းစာ ယူစရာ အတုယူစရာတွေ တစ်ပုံတစ်ပင်ရှိနေရာ ကျွန်တော်တို့ မည်သို့သော ကျင့်ကြံမှုမျိုး ကိုလုပ်ဆောင်ကြပါမည်နည်း။ အပြောင်းအလဲ ရေလှိုင်းများ အကြားမည်သို့ လိုက်ပါမည်နည်း စဉ်းစားကြဖို့ တိုက်တွန်း တင်ပြအပ်ပါသည်။
 

Saturday, November 2, 2013

လူငယ်လေးတစ်ဦး၏ ဆန္ဒ

ကျွန်တော်တို့ ကမ္ဘာမြေထက်တွင် အဆက်ဆက် ဖြစ်ပွားခဲ့သော အုပ်စုများကြား အငြင်းပွားမှုများ နှင့် စစ်ပွဲများကြားတွင် ခေတ်အဆက်ဆက် မရိုးနိုင်သော အမုန်းမီးများ ကြားတွင် မျိုးဆက်သစ်တို့၏ အနာဂတ်များကို စတေးခဲ့ကြရသည်။ မိမိတို့ တစ်စုတစ်ဖွဲ့အနိုင် ရလိုမှုအတွက် တစ်ဖက်နှင့် တစ်ဖက် ရန်ကိုရန်ချင်း တုံ့နှင့်ရင်းဖြင့် မျိုးဆက်သစ်တို့၏ ဘဝအဆောက် အအုံများ ပျောက်ဆုံးပျက်ပြယ်ကြရတော့သည်။ ကစားကွင်းများ၊ စာသင်ကျောင်းများ နေရာကို စစ်တလင်းနှင့် လဲခဲ့ကြရသည်။ နိုင်ငံရေးအရ အားပြိုင်မှုများ ကြားထဲတွင် လူငယ်တို့၏ အနာဂတ် များ ပျောက်ဆုံးခဲ့ကြရသည်။ ယနေ့ရန်ကုန် တက္ကသိုလ်ကြီးသည် အဆိုပါဖြစ်ရပ် တို့၏ သက်သေဟုပင်ဆို နိုင်သည်။ သက်ဆိုင်ရာ အာဏာပိုင်တို့ လက်အောက် တွင် လူငယ်တို့၏ ပညာအဆောက် အအုံ ပညာယန္တရားသည် စုန်းစုန် မြုပ်ခဲ့ရသည်။ မြန်မာနိုင်ငံ အပါ အဝင် အစ္စရေး-ပါလက်စတိုင်း အစရှိသည့် စစ်ပွဲနှင့် မကင်း သည့် နယ်မြေဒေသများ အတွင်းရှိ ဖြစ်ရပ်များသည် နေ့စဉ်နှင့် အမျှ မျိုးဆက်သစ်တို့၏ ရွှေရောင်နေ့သစ်များ ကို မြင်နိုင်ဖို့ရန် ခက်ခဲနေသည်။ နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲသည် အဆိုပါ လူငယ်တို့ ၏ ကံကြမ္မာ ကြီးစွာသော အပြောင်းအလဲ ဖြစ်နိုင်သည်။ တစ်စု တစ်ဖွဲ့၏ အကျိုး စီးပွားအလို့ဌာ သူတစ်လူ ငါတစ်မင်း ဆောင်ရွက်ချက်များက မျိုး ဆက်သစ်တို့၏ အနာဂတ်ကို ချက်ချင်း ပြောင်းလဲပစ် နိုင် ပေ သည်။ လက်ရှိအချိန်သည် မျိုးဆက်သစ်တို့ အတွက် မျှော်လင့်ချက် များ အားကောင်းချိန် အိပ်မက်များကို အကောင်အထည်ဖော်ရန် လမ်းစ ကို မြင်နေရချိန် ဖြစ်သည်။ ဤသို့သော အချိန်ကာလတွင် လူငယ်မျိုး ဆက်သစ်တို့ အရေးကို စဉ်းစာချင့်ချိန်နိုင်ဖို့လိုပါသည်။ နှစ်ပေါင်း ၆၀ ကျော်ကာလအတွင် ကျွန်တော်တို့ လူငယ်မျိုးဆက်သစ် မြောက်များစွာ တို့၏ ဘဝများသည် စစ်ပွဲများအကြား အရင်းအနှီးပြု ခဲ့ရပြီ။မြောက်များစွာသော လူငယ်တို့၏ ဘဝများသည် အကျဉ်းထောင်ထဲတွင် အချိန်ကုန် ခဲ့ရပြီ။မြောက်များစွာသောလူငယ်တို့ ကျောင်းထုတ်ခံခဲ့ကြရပြီ။ပညာရေးလမ်းစပျောက်ကွယ် ခဲ့ရသည်။ 

အနာဂတ်မျှော်လင့်ချက်များ လင်းလက်နေသည့် လူငယ်မျိုး ဆက်သစ် များနေ့ချင်း ညချင်းပျောက် ကွယ်ခဲ့ရပြီ။ တိုင်းပြည်၏ စီးပွားရေး လူမှုရေး ချွတ်ခြုံကျမှုများကြား လူငယ်များစွာ တို့၏ အနာဂတ် လူ့စွမ်းအားမြှင့် တင်ရေး အစီအစဉ်များ ရေစုန် မျောခဲ့ရပြီ။ အဂတိတရားနှင့်မွေ့ပျော်ခဲ့သည့် အုပ်ချုပ်ရေး ယန္တရားအောက် အဂတိ တစ္ဆေကပ်တွယ်နေသည့်ပြည်သူ့ရေးရာ စီမံကွပ်ကဲမှုများအကြား အရည်အချင်းရှိ လူငယ် တို့၏ ဘဝချောင်ထိုးခံခဲ့ ရပြီး အစွမ်းအစများ ရွက်ပုန်းသီးဖြစ်ခဲ့ရ သည်။ လူငယ်တို့ဘဝ  အနာဂတ်၊ လူငယ်တို့ စွမ်းအင်ကို ယုံကြည်ပါက လက်ရှိပြဿနာများကို ကိုင်တွယ်ဖြေရှင်းနေသည့် လူကြီးတိုင်း လူကြီးတိုင်းသည် ဆုံးဖြတ် ချက်တိုင်း ဆုံးဖြတ်ချက်တိုင်းက ဆုံးဖြတ်ဆောင်ရွက်မည့် အချိန်တိုင်း အချိန်တိုင်းတွင် လူငယ်တို့၏ မျက်နှာကိုကြည့်၍ ချင့်ချိန်မြော်မြင် စဉ်းစားဆုံးဖြတ်ကြပါဟု ပန်ကြားအပ်ပါသည်။

 

Saturday, September 7, 2013

၂၀၁၅မှာဘယ်လိုဖြစ်သင့်သလဲ။

          မြန်မာနိုင်ငံတွင် ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်း ကျင်းပသော ရွေးကောက်ပွဲကြီး နှစ်ခုကို ဖြတ်သန်းခဲ့ ပြီး ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲများမှာ ၂၀၁၀ဒီမိုကရေစီ ရွေးကောက်ပွဲနှင့် ၂၀၁၂ခုနှစ် ရွေးကောက်ပွဲများ သည်အရေးပါသော ရွေးကောက်ပွဲများ ဖြစ်သည်။ ၂၀၁၀ရွေးကောက်ပွဲသည် မဲမသမာမှုများ ရှိခဲ့သည်။ အဆိုပါ မဲမသမာမှုများဖြင့် ကြံ့ခိုင်ရေးပါတီအာဏာရလာသည်ဟု သုံးသပ်မှုများရှိသည်။ အဘယ့်ကြောင့် မသမာမှု၊မမျှတမှုရှိသည်ပြောသနည်း။၁။ ရွေးကောက်ပွဲဥပဒေ မမျှတခြင်း၂။ အာဏာနှင့်ပါဝါအရ အကြောက်လွှမ်မိုးမှု အခံအောက်တွင်ရှိနေခြင်း၃။ အတိုက်အခံအင်အားစုများ မဲဆွယ်စည်းရုံးမှုများတွင် ကန့်သတ်ချက်များ များပြားခြင်းစသည့် အချက်ကြောင့်ဟု ပြောကြသူများလည်းရှိပါသည်။          ၂၀၁၂ရွေးကောက်ပွဲကိုမူ မျှတမှုရှိသည်ဟုသုံးသပ်ကြသည်။ အဆိုပါအချက်ကို NLD ပါတီအနိုင်ရလာခြင်းက ပြသသည်စု ကောက်ချက်ချသည်များရှိသည်။ သို့ရာတွင် အဆိုပါကြားဖြတ်ရွေးကောက်ပွဲကိုရော သင့်အနေဖြင့် မည်သို့ဆုံးဖြတ်မည်နည်း။          မည်သို့ပင်ဆိုစေကာမူ နှစ်ပေါင်း၂၀ကြာ အဆက်ပြတ်ပြီး အသက်မေ့လုမျောပါးဖြစ်နေသော ရွေးကောက်ပွဲများနှင့် နိုင်ငံရေး အခြေအနေများသည် သုံးနှစ်တာကာလအတွင် အသက်ဝင်လာပြီဖြစ်သည်။ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ဆိုသည့်စကားလုံးများ တွင်တွင်ကျယ်ကျယ် သုံးလာ ကြပြီဖြစ်သည်။
သက်ဆိုင်သူများအားလုံးက နိုင်ငံရေးလွတ်လပ်ခွင့်ဟူသည် ရကောင်းသည့်အရာ၊ ဟုသိလာကြပြီ၊ အသိဝင် လာကြသည်။
မြန်မာနိုင်ငံ၏ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ ယခုလက်ရှိ အစိုးရ၊ လွှတ်တော်အစရှိသည့် နိုင်ငံရေး အာဏာ အရပ်ရပ်သည် ၅နှစ်သက်တမ်းသာရှိသည့် အတွက် လွှတ်တော်၊အစိုးရ အသစ်များ တင်မြှောက်နိုင်ရန်အတွက် ၂၀၁၅ခုနှစ်တွင် ဒုတိယသက်တမ်းအတွက် ရွေးကောက်ပွဲကို ဖြတ်သန်းရတော့မည် ဖြစ်သည်။နိုင်ငံရေး အဖွဲ့အစည်း အမျိုးမျိုးတို့က ၂၀၁၅ကိုရင်ဆိုင်ရန် တက်ကြွနေကြသည်။ ရွေးကောက်ပွဲ အတွက် ပြင်ဆင်လိုသံများ ကြားလာရသည်။ အချို့က ၂၀၁၀ကရှိခဲ့သည် အတားအဆီးများကို ကျော်ဖြတ်လို ကြသည်။ ကြံ့ခိုင်ရေး၊ NLD၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ တဆည အပါအဝင် တိုင်းရင်းသားပါတီ အသီးသီး ကလည်း ကြိုတင်ပြင်ဆင်နေကြပြီဟု မျှော်လင့်ရသည်။ အစရှိသည် ပါတီများအပြိုင်အဆိုင်များလာသည့်အတူ မဲမသမာမှုများ၊ တစ်ပါတီနှင့် တစ်ပါတီအနိုင် ယူမှုများရှိလာနိုင်သည် ကမ္ဘာမီးလောင်သားကောင်ချနင်းဆိုသည့်အတိုင်း မိမိအနိုင်ရရေးအတွက် ဥပဒေလမ်းကြောင်းအရရော၊ ဥပဒေ မကျသည့် လမ်းကြောင်းမှပါလုပ်လာနိုင်သည်။
အဆိုပါ ကိစ္စရပ်များကို ထိန်းသိမ်းရန်အလို့ဋ္ဌာ ဒိုင်လူကြီးသည် အလွန်အရေးကြီးသည်။ ဒိုင်လူကြီးမှာ အခြားသူမဟုတ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဆိုလိုခြင်းဖြစ်သည်။ ရွေးကောက်ပွဲ ကော်မရှင်၏ အခန်းကဏ္ဍသည် အလွန်အရေးပါသည်။ ဒိုင်လူကြီးသည် သမာသမတ်ကျဖို့ လိုအပ်မည်ဖြစ်သည်။
ယခုလက်ရှိတွင် အချို့က ရွေးကောက်ပွဲစနစ်ကိုပင် ပြင်ဖို့ကြိုးစား လာတော့မည့် အရိပ်အယောင်များ ကို တွေ့မြင်နေရသည်။ မကြာမီကျင်းပမည့် လွှတ်တော်အစည်းအဝေးများတွင် အဆိုတင်လာနိုင်စရာ အခြေအ နေများ ရှိနေသည်။
ရွေးကောက်ပွဲစနစ် ပြင်ဆင်သည့် ကိစ္စနှင့် ပတ်သက်၍ မှန်သည်မှားသည် မပြောလိုပါ။ သို့ရာတွင် အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး လွှတ်တော်အတွင်း အကြီးအကျယ် သဘောထားကွဲလွဲ နိုင်စရာ အခြေအနေများ လည်းရှိနေသည်။ ယခုလက်ရှိ လွှတ်တော်အတွင်း ကိုယ်စားလှယ်များအကြား ညီညွတ်မှုရှိသည်ကို တွေ့ရ သည်။ စုပေါင်း အဖြေရှာတတ်သည့် အလေ့အထကို တွေ့မြင်နေရပါသည်။ သို့ရာတွင် ရွေးကောက်ပွဲစနစ် နှင့် ပတ်သက်ပြီး အဖြေရှာနိုင်ခဲ့ပါက ကောင်းသော ရလာဒ်သို့ဦးတည်သွားနိုင်ပြီး အဆိုပါ ဖြစ်ပေါ်လာနိုင်သည့် အဆိုတင်သွင်းမှုနှင့် ပတ်သက်၍ အဖြေရှာရာတွင် ဒီမိုကရေစီဆန်သင့်သည်ဟု ထင်မြင်မိပါသည်။မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့အားလုံး ၂၀၁၅ရွေးကောက်ပွဲကို  ဝင်ရောက်ပါဝင်ရမည်သာဖြစ်ပါ သည်။ မည်သည့်စနစ်ကို ကျင့်သုံး၍ ရွေးကောက်ပွဲကို ကျင်းပသည်ဖြစ်စေ ပြည်သူများအနေဖြင့် မိမိတို့ အများစု ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များ ပြည်သူ့ကိုယ်စားပြုကိုယ်စားလှယ်အဖြစ် လွှတ်တော်တွင်း ဝင် ရောက်ရရေးဖြစ်သည်။ မဲစနစ်၏ သဘာဝအတိုင်း တရားနည်းလမ်းကျပြီး မဲမသမာမှု ကင်းသည့်ရွေးကောက်ပွဲ ကိုသာ လိုလားကြပေသည်ဖြစ်ရာ ၂၀၁၅ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲစနစ်သည်သော်လည်းကောင်း၊ ဒိုင်လူကြီးများသည်လည်းကောင်း၊ တရားမျှတမှုကို လေးစားဖို့နှင့် အကျင့်ပျက် ခြစားတတ်သော ယဉ်ကျေးမှုကို ရွေးကောက်ပွဲအား ဆွဲမသွင်းမိစေဖို့အရေးကြီးပါသည်။ အစိုးရသစ်နှင့် ပြည်သူတို့အကြား ယုံကြည်မှုသည် ရွေးကောက်ပွဲမှစပါသည်။ အဘယ့်ကြောင့်ဆိုသော် မသမာသော နည်းလမ်းဖြင့် တတ်လာသော အစိုးရသည် အုပ်ချုပ်ရေးပိုင်းတွင်လည်း ဆက်လက်ပြီးမသမာမှု ပြုနိုင်တတ်သော်ကြောင့် ဖြစ်ပါသည်။
ထို့ကြောင့် ရွေးကောက်ပွဲစနစ်ပြင်ရေးနှင့် ပတ်သက်သောကိစ္စ၊ ၂၀၁၅ခုနှစ်တွင်မည်သူ သမ္မတဖြစ်မည် ဆိုသည့် ကိစ္စများနှင့် လုံးလည်ခြာလည် လိုက်နေသော သံသရာထဲမှကျော်လွန်ပြီး ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ သည်တရားမျှတသည့် အမှန်တကယ် လွတ်လပ်မျှတသည့် Free and Faire Election ဖြစ်ရေးကိစ္စကို အလေး ထားစဉ်းစားသင့်ပါကြောင့် ပြည်သူများနှင့် သတင်းမီဒီယာများ အပါအဝင် သက်ဆိုင်သူများ အားလုံးအား တိုက် တွန်းလိုက်ရပါသည်။

Wednesday, August 28, 2013

အလွမ်းပြေ: ၂၁ ရာစု လူမှုဘဝ စွမ်းရည်များ

အလွမ်းပြေ: ၂၁ ရာစု လူမှုဘဝ စွမ်းရည်များ

ဒီမိုကရေစီနိုင်ငံသစ်နှင့် စိန်ခေါ်ချက်အသစ်များ

အာရှတိုက် အရှေ့တောင်းပိုင်းက အရှေ့တောင်အာရှ မိသားစုဝင် နိုင်ငံတစ်ခု ဖြစ်သောမြန်မာနိုင်ငံ သည် ကြာရှည်လှသော ပြည်တွင်းစစ်ကြောင့် နာမည်ကြီး သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အဆို ပါ နိုင်ငံသည် ၂၁ရာစု၏ ထင်ရှားကျော်ကြားလှသော အာဏာရှင် ခေါင်းဆောင်ကြီး တစ်ဦးဖြစ်သည့် ဗိုလ်ချုပ် မှူးကြး သန်းရွှေလက်အောက်တွင် တိုင်းသူ ပြည်သားများ လွတ်လပ်မှုနှင့် အခွင့်အရေး အမျိုးမျိုးတို့ ဆုံးရှုံးချိုးဖောက်ခံခဲ့ရသည်။ 
၂၀၀၈ခုနှစ်တွင် အာဏာရှင်ကြီးကိုယ်တိုင် ဦးဆောင်ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို အတည်ပြု
ဆက်ရန်
          

Quote of the Week

နှင်းခဲပျော်ချိန်မှာ အချမ်းပြေလိုပြေငြား မီးရှို့နေကြတာ နွေဦးရောက်ရင် အကာအကွယ် အရိပ်မရှိဖြစ်နေလိမ့်မယ်။ နိုင်ငံရေးသမားဆရာတို့ သတိပြုကြပါ။
********************************************************************************
If you want to democracy and peace, you must be tolerance for diversities and human rights. The National Identity that without diversity, cannot be suitable with sustainable democracy. Sustainability means that consider the future generation.
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကိုလိုလားပါက သင့်အနေဖြင့် မတူညီကွဲပြားမှုများအား မိမိနှင့် မတူသော်လည်း လက်ခံပေးနိုင်ရမည်။ မတူကွဲပြားမှုများမပါသည့် အမျိုးသား စရိုက်လက္ခဏာသည် ရေရှည်တည်တံ့ခိုင်မြဲသော ဒီမိုကရေစီနှင့် ဆီလျော်မှုမရှိပါ။ ရေရှည်တည်တံ့ ခိုင်မြဲမှုဟူသည် နောက်မျိုးဆက်များအတွက် စဉ်းစားပေးမှု ဖြစ်သည်။
********************************************************************************
If you love Myanmar, you need to be conflict resolution practice.
********************************************************************************
တိုင်းပြည်၏ ရေရှည်တည်တံ့ခိုင်မြဲမှုကို လိုလားပါက Education and Economic Institution များကို မည်သည့်အခါမျှ လက်လွတ်စပယ် မလုပ်သင့်ပါ။
********************************************************************************


Thursday, August 15, 2013

အသုံးဝင်သည့် website များ

www.myanmarpolicywiki.net

www.myanmarpresidentoffice.gov.mm

www.pyithuhluttaw.gov.mm


ကျွန်ုပ်တို့၏ တာဝန် ၊ ကျွန်ုပ်တို့ ဝတ္တရား




ဖော်ပြပါဆောင်းပါးသည် Online သတင်းမီဒီယာ တစ်ခုတွင် ဖော်ပြခြင်းခံရသော ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။
အားပေးမှုကို ကျေးဇူးတင်ပါသည်။
နိုင်မော်

ကျွန်တော်တို့ နှစ်ပေါင်းများစွာ အနစ်နာခံခဲ့ကြသည်၊ ကိုယ်ကျိုးစီးပွားကို စွန့်လွှတ်၍ ယုံကြည်ချက်ဖြင့် နိုင်ငံရေး လုပ်ခဲ့ကြသည်။ ထိုသို့အနစ်နာ ခံနိုင်ခဲ့သည့် အရာများ ယနေ့တွင် ပင်ပန်းရကြိုး နပ်ခဲ့ပြီ။ ကျွန်တော်တို့ လိုလားတောင့်တနေသော ဒီမိုကရေစီကို ကျွန်တော်တို့ကိုယ်တိုင် ပုံဖော်ဖို့အခွင့်အရေးရရှိခဲ့သည်။ ဒီမိုကရေစီ ၏ အနှစ်သာရဖြစ်သော လွတ်လပ်စွာပြောဆိုခွင့် လွတ်လပ်စွာရေးသားပိုင်ခွင့် လွတ်လပ်စွာဖွဲ့စည်းခွင့် လွတ် လပ်စွာ စည်း ရုံး လှုံ့ဆော်ခွင့်များ ရရှိခဲ့ပြီ။ ယနေ့အချိန်အခါသည် ပြည်သူတို့၏ အကျိုးအတွက် ကိုယ်စွမ်း ဥာဏ် စွမ်းရှိသမျှ ပညာရေး၊ ကျန်းမာရေး၊ အစရှိသည့် နိုင်ငံတည်ဆောက်ရေး အခန်းကဏ္ဍများကို   အပြည့်အဝ ဆောင်ရွက်နိုင်သည့် အခါသမယလည်း ဖြစ်သည်။ မြန်မာနိုင်ငံသည် ယနေ့အချိန်မှ အားနည်းနေသော အခြေ အနေများကို ပြန်လည် အားဖြည့်နေရသည့် အချိန်လည်းဖြစ်သည်။ နှစ်ကာလကြာရှည်စွာ ရှိနေခဲ့ပြီ ဖြစ် သော တိုင်းရင်းသားများအကြား ဖြစ်ပွားနေသော ပဋိပက္ခများကို ပြန်လည်ဖြေရှင်းနေရသော အချိန်ကာလလည်း ဖြစ်ပါသည်။ တစ်ဖက်က ထိုသို့သော ရှိနေသော ပြဿနာများကို ပြန်လည်ဖြေရှင်းရင်း တစ်ဖက်က လည်း ယခင့်ယခင်က ရှိနေခဲ့သော စီမံခန့်ခွဲမှု နည်းလမ်းအလွဲအမှား ချို့ယွင်းချက်များကို ပြင်ဆင်ဆောင်ရွက် နေ သည်ကို တွေ့မြင်နေကြပြီဖြစ်ပါသည်။ ထိုသို့သော အခြေအနေတွင် ကျွန်တော်တို့သည် ခေါင်းဆောင်များ ၏ ဦးဆောင်မှုအောက်တွင် တိုင်းပြည်အကျိုး၊ ပြည်သူများ၏ အကျိုးစီးပွားအတွက် မိမိတို့ ကျွမ်းကျင်ရာ ပိုင်နိုင်ရာ ဖြင့်ဆောင်ရွက်သင့်သော အချိန်ကာလဖြစ်ပြီး အနာဂတ်အလင်းရောင်ခြည်များကို ဖျက်လိုဖျက်ဆီး လုပ်လိုမှုများကို ရှောင်ကြဉ်သင့်ပြီ ဖြစ်ပါသည်။
ကျွန်တော်တို့နိုင်ငံသည် ဖိနှိပ်မှုများ၊ ဒီမိုကရေစီ မကျမှုများ ရှိခဲ့သည်မှာလည်း အမှန်ဖြစ်သည်။ ထို့အတွက် ကြောင့်လည်း ယနေ့အချိန်တွင် ဒီမိုကရေစီမရှိသော အခြေအနေမှ ဒီမိုကရေစီ အသက်ဝင်လာသော အခြေအနေကို သက်ဆိုင်သူများက ကြိုးပမ်းဖော်ဆောင်နေကြခြင်းလည်း ဖြစ်ပါသည်။
အခြားနိုင်ငံများ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အတွေ့အကြုံများအရ အသွင်ကူးပြောင်းစ အဦးပိုင်း အချိန်များတွင်  သက်ဆိုင်သူများအသီးသီးတို့သည် မိမိတို့၏ ပြဿနာအထုပ်ကို ဖြေချဖြေရှင်းလေ့ရှိသည့် အချိန် လည်း ဖြစ်သည်။ အကူးပြောင်းစ ကာလဖြစ်သည့် အတွက် ပြည်သူများ၏ လိုအပ်ချက်များ အားလုံး ပြဿနာ များအားလုံး ကို အစိုးရများ၊ နိုင်ငံရေး အင်အားစုများ အနေဖြင့် အလုံးစုံပြေလည် အောင်ဖြေရှင်းနိုင် လိမ့်မည်ဟုလည်း ထင်မှတ်ပြီး အမြော်အမြင်မဲ့ လုပ်ဆောင်နေခြင်းမျိုးလည်း မဖြစ်သင့်ပါ။
ဒီမိုကရေစီရပြီဟူ၍ မိမိတို့အခွင့်အရေး ရသမျှယူမည်၊ မိမိတို့တာဝန်ကျေပြီ ၊တစ်သက်လုံးငုံ့နေရသမျှ ယခုမှ စ၍ မည်သို့သော အရာကိုမျှ လက်မခံဟူသည့် မျက်ကန်းတစေမကြောက်သည့် သဘောထားမျိုးလည်း မဖြစ်သင့်ပါ။
မြန်မာနိုင်ငံကဲ့သို့သော လူမျိုးစုများ၊ ဘာသာတရားများ မတူကွဲပြားမှုများစွာရှိနေသော အရောင်အသွေး မျိုးစုံဖြင့် ထုံမွှမ်းအပ်သော နိုင်ငံမျိုးတွင် ယဉ်ကျေးမှု၊ တန်ဖိုးထားမှုများစုံလင်လှသည်။ ထိုသို့စုံလင်လှသည့် အားလျော် စွာ လူမှုစနစ်ရှုပ်ထွေးသည် နှင့်အမျှ ယဉ်ကျေးမှုများ တစ်ခုနှင့်တစ်ခု တွန်းတိုက်မိ တတ်သည့် အနေအထားမျိုးလည်း ဖြစ်လေ့ဖြစ်ထ ရှိတတ်ပါသည်။ သို့သော်လည်း ထိုသို့သော မတူ ကွဲပြားမှုမျိုးကို ဂုဏ်မယူနိုင်ဘဲ ငါနှင့်မတူ ငါ့ရန်သူ၊ ငါနှင့်မတူသူမှန်သမျှ မရှိစေရဟူသော သဘောထားမျိုးဖြင့် တို့ဖြင့် မတူညီမှုများကို ဆန့်ကျင်ခြင်းလည်း မဖြစ်သင့်ပေ။ ကျွန်တော်တို့ နိုင်ငံသားများသည် တစ်ယောက်နှင့် တစ်ယောက် မတူညီကွဲပြားမှုများကို ဖယ်ရှားကာ တွဲဖက်နေထိုင် ကြသည်။ ဒေသအတွင်း နှစ်ပေါင်းများစွာ က တည်းက အခြေချနေထိုင်သော အခြားသော အနွယ်ဝင် မြန်မာနိုင်ငံ သားများသည်လည်း တိုင်းရင်းသား နိုင်ငံ သားများ နှင့်အတူ ယှဉ်တွဲနေထိုင်ခဲ့ကြသည်။ အဆိုပါ အခြေအနေများသည် နှစ်လိုဖွယ်ကောင်းလှပြီး မတူကွဲပြားမှုတို့၏ တန်ဖိုးကို မီးမောင်းထိုးပြလျက်ရှိသည်မှာ မြန်မာနိုင်ငံသား တစ်ဦးချင်း အနေဖြင့် ဂုဏ်ယူရမည့် အချက်ပင် ဖြစ်ပါသည်။
သို့ရာတွင် လူသားများ ဖြစ်သောကြောင့် ပြဿနာများ ရှိတတ်သည်မှာ ဖြစ်လေ့ဖြစ်ထသဘော ရှိသည်ဖြစ်ရာ ဝိုင်းဝန်းဆွေးနွေး အဖြေရှာကြရမည်သာ ဖြစ်သည်။ တစ်ဦးချင်းစီအနေဖြင့် မိမိတို့၏ အတ္တကို ရှေ့တန်းတင်၍ လက်စား ခြေမှုများဖြင့် ဖြေရှင်းကြမည်ဆိုပါက ပြဿနာရပ်များသည် နှစ်ဦးနှစ်ယောက် ပြဿနာမှ နှစ်ဦးနှစ်ဖွဲ့ ပြဿနာ၊ နှစ်ဦးနှစ်ဖွဲ့မှတစ်ဆင့် လူမျိုးစုများ အကြားဖြစ်ပွားသော ပြဿနာမျိုး အထိဖြစ် ပေါ် လာနိုင်ပါသည်။ ထိုသို့ဖြစ်ပေါ် လာပါက မိမိတို့နိုင်ငံအတွင်း မလိုလားအပ်သော အသက်အိုးအိမ် စည်းစိမ် ဆုံးရှုံးမှုများ ဖြစ်လာနိုင်ပြီး ထိုမှတစ်ဆင့် လွတ်လပ်ခွင့်များ ဆုံးရှုံးနိုင်သည့် စိန်ခေါ်မှုများလည်း ရှိနေသည်ကို လည်း အထူးသတိပြုသင့်ပါသည်။ ထိုသို့သော အနေအထားမျိုးကို နိုင်ငံသားတစ်ယောက်အဖြစ်လည်း မလို လားသလို၊ ဒီမိုကရေစီ ဘက်တော်သားများ အပါအဝင် မည်သူကမှ လိုလားမည်မဟုတ်ပါ။ ထို့အတွက် ကြောင့် ကျွန်တော်တို့နိုင်ငံ၏ အခြေအနေများ လမ်းမချော်သွားအောင် ထိန်းသိမ်းရေးသည် မဖြစ်မနေ လိုအပ်လာ ပါသည်။ ဤနေရာတွင် မည်သူ့တွင် တာဝန်ရှိ သနည်းဟူ၍ မေးစရာ ရှိလာပါသည်။
တာဝန်ဟူသည့် ကိစ္စသည် သက်ဆိုင်သူများ အားလုံးနှင့် သက်ဆိုင်ပါသည်။ မိသားစု တစ်ဦးချင်းစီ၏ အရေးကိစ္စဆိုပါက မိသားစုဝင်များ အပေါ်တွင်တာဝန်ရှိပြီး နိုင်ငံအရေးဆိုပါက နိုင်ငံသား အားလုံးအပေါ်တွင် တာဝန်ရှိသည်။ မိသားစုအတွင်း မိသားစုဝင်များ အချင်းချင်း ချစ်ကြည်ရင်းနှီးကြပြီး အိမ်ထောင်ရေး အဆင်ပြေ စေရန် အလို့ငှာ တစ်ဦးနှင့်တစ်ဦး နားလည်မှုဖြင့် ဝိုင်းဝန်းအဖြေရှာခင်း တစ်ဦးနှင့် တစ်ဦး သဘောထားကြီးမားခြင်းများဖြင့် မိသားစုဝင်များ အကြား ချစ်ကြည်မှုကို ခိုင်မာသထက်ခိုင်မာအောင် တည်ဆောက်ကာ မိသားစုဝင်များ၏ စီးပွားရေး၊ ကျန်းမာရေး အစရှိသည့် လုပ်ဆောင်စရာ ရှိသည်များကို လုပ်ဆောင်ကြရမည်ဖြစ်သကဲ့သို့ နိုင်ငံသားများ အနေဖြင့်လည်း မည်သို့ပင် မတူကွဲပြားနေစေကာမူ နိုင်ငံသား တစ်ဦးနှင့် တစ်ဦးအကြား အပြန်အလှန်နားလည်မှု၊ သဘောထားကြီးမားမှုတို့ဖြင့် ဖြစ်ပေါ်နေသော ကိစ္စရပ်များ အပေါ် ညင်သာစွာဖြင့် ဝိုင်းဝန်အဖြေရှာခြင်း အချင်းချင်း မပြေလည်သည့် ကိစ္စများအပေါ်တွင် တရားဥပဒေ၏ အဆုံးအဖြတ်ကိုရယူဖြေရှင်းခြင်း တို့ဖြင့် မည်သူ့ကိုမှ ထိခိုက်မှုမဖြစ်စေသည့် အဖြေတစ်ခုရရှိ အောင်ဖော်ထုတ်ဆောင်ရွက်ရမည်ဖြစ်ပြီး မတူညီသူများ အချင်းချင်း နားလည်မှု၊ အပြန်အလှန်ရင်းနှီး ချစ်ကြည်မှု၊ မုန်းစကိုတိုစေ၊ ချစ်စကိုရှည်စေ၊ ကြီးသည့်အမှုငယ်အောင်၊ ငယ်သည့်အမှု ပြေလည်အောင်လုပ်ဆောင် ခြင်းဖြင့် မိမိနိုင်ငံနှင့် လူမျိုး၏ ယဉ်ကျေးမှုအဆင့် အတန်းကို မြှင့်တင်သင့်ပါသည်။ ယဉ်ကျေးမှုအဆင့် အတန်းမြှင့် တင်ခြင်းဟူသည်မှာ လူတစ်ဦးချင်းအသိဥာဏ်ရေချိန်၊ ပဋိပက္ခများဖြစ်သည့် အခါတွင် သွေးမပူဘဲ ပညာအမြော်အမြင်ရှိစွာ ဆင်ခြင်သုံးသပ်ဖြေရှင်းနိုင်သည့် အလေ့အထများ ပိုမိုမြင့်မားလာ အောင်လုပ်ခြင်း ကိုဆိုခြင်းဖြစ်ပါသည်။ တနည်းအားဖြင့် civilization မြင့်မားအောင် ဆောင်ရွက်စေ ခြင်းဖြစ်ပါသည်။ မြန်မာတို့သည် နှစ်ကာလများစွာ ကတည်းက ယဉ်ကျေးမှုရှိသော လူမျိုးဖြစ်သည့် အားလျော်စွာ မည်သည့် ကိစ္စမဆို ချင့်ချိန်ဖြေရှင်းနိုင်မည်ဟု ယုံကြည်ပါသည်။ သို့ရာတွင် မလိုလားအပ်သော အင်အားစုများ ကြောင့် မတူကွဲပြားသော မြန်မာ့လူမှုအဖွဲ့အစည်းအတွင်း အချင်းချင်း ပဋိပက္ခကို အုပ်စုဖွဲ့အကြမ်းဖက် တိုက်ခိုက်ဖြေ ရှင်း မှုများကို မင်းမဲ့စရိုက်ဆန်ဆန် လုပ်ဆောင်နေမှုများသည် နိုင်ငံတကာ အလယ်တွင် လူအများ ကဲ့ရဲ့စရာဖြစ်ပါ သည်ကိုလည်း ဂရုပြုပေး စေလိုပါသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်သည့်အတွက် ပြည်သူလူထု၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ အတွက် အုပ်ချုပ်ရေး အစိုးရပိုင်းကရော၊ ဥပဒေပြုရေးဖြစ်သည့် လွှတ်တော်နှင့် လွှတ်တော်အမတ်များ ဘက်ကရော၊ တရားစီရင်ရေးဘက်ကပါ အဆင့်ဆင့် ဖော်ဆောင်ပေးနေသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက် အဖွဲ့အစည်းများကပါ ဆက်လက်ဖော်ဆောင် နေပါသည်။ လွတ်လပ်ခွင့် များကို လည်း အထိုက်အလျောက်ရရှိလာပါသည်။ နိုင်ငံတော် အပိုင်းက ပြည်သူလူထု၏ သဘောဆန္ဒများကိုလည်း အထူးဂရု ပြု၍ ပြည်သူ့ရေးရာ မူဝါဒကောင်းများ ချမှတ်ကာ ပြည်သူ့ရေးရာ ဝန်ဆောင်မှုကောင်းများကို ပေးနိုင်အောင် ကြိုးစားလာကြသည်ကို တွေ့မြင်ရပါသည်။ ထိုသို့ပေးသူများ ဘက်မှ အခွင့်အရေးများ ရရှိအောင် လုပ်ဆောင်ပေး နေသလို ကျွန်တော်တို့လို ရယူသူနိုင်ငံသားများကလည်း အဆိုပါ အခွင့်အရေးကို မိမိအတွက် အပြုသဘော ဆောင်ကာ အသုံးပြု နိုင်ဖို့လိုအပ်သလို အခြားသူများ၏ အခွင့်အ ရေးနှင့် ရပိုင်ခွင့်များကိုလည်း လေးစား အသိ အမှတ်ပြုရမည် ဖြစ်ပါသည်။ ပေးထားသော အခွင့်အရေးကို အသုံးချ၍ တိုင်းပြည်အတွက် တိုးတက်ရာ တိုးတက် ကြောင်း ဖော်ဆောင်ပေးနိုင်ခဲ့လျှင် ယုံကြည်မှုများ တိုးတက်လာကာ အခွင့်အရေး တံခါးများ ဆက်လက် ပွင့်လာမည် ဖြစ်ပါသည်။ အကယ်၍ အဆိုပါ အခွင့်အရေးကို အသုံးချကာ အဆိုး၊ အဖျက်ဘက်မှ အသုံးပြုခဲ့ပါက ရရှိဆဲ အခွင့် အရေးများ ရုတ်သိမ်းခြင်း ခံရသည့် နောက်ပြန်လှိုင်းများနှင့်လည်း ကြုံတွေ့နိုင်သည်ကို အခြားသော ကမ္ဘာ့နိုင်ငံများ၏ ဒီမိုကရေစီ အတွေ့အကြုံများ အရသင်ခန်းစာ ယူကြရမည် ဖြစ်ပါသည်။  
ကျွန်တော်တို့ ပြောလေ့ရှိသည့် စကားတစ်ခွန်းရှိသည် “တရားဥပဒေ စိုးမိုးရေးဆိုသည့် စကား” မှန်ပါသည် နိုင်ငံတစ်နိုင်ငံတွင် အရေးအကြီးဆုံး၊ ဒီမိုကရေစီအတွက် အဓိကကျသော သောချက်တစ်ခု။ တရား ဥပဒေ စိုးမိုးမှုသည် အရာရာကို တရားဥပဒေကသာ ဖြေရှင်းပေးသည်ဆိုသည့် သဘောလည်းဖြစ်သည်။ ဤနေရာတွင် တရားဥပဒေ စိုးမိုးမှုဟူသည်မှာ အုပ်ချုပ်သူများနှင့်သာဆိုင်သည့် ကိစ္စမဟုတ်၊ တရားသူကြီးများ တွင်သာ တာဝန်ရှိသည့် ကိစ္စမဟုတ်၊ အဆုံးအဖြတ်ခံယူမည့်၊ တရားဥပဒေ၏ ချိုမြိန်မှုကို လက်ခံရယူမည့် ပြည်သူများ ဘက်တွင်ပါ တာဝန်ရှိပါသည်။ တစ်ဘက်က ပြည်သူများဘက်မှရပ်တည်ကာ ပြည်သူအကျိုးရှိမည့် ဥပဒေများ ပြဋ္ဌာန်းထားစေကာမူ ကျွန်တော်တို့ပြည်သူများက အမှုကိစ္စဖြစ်လာတိုင်း ဖြစ်လာတိုင်း တရားဥပဒေ ၏ဖြစ်တည်မှုကို လျစ်လျူရှုကာ အချင်းချင်း လက်စားခြေမှုများဖြင့် ဆောင်ရွက်ခဲ့မည် ဆိုပါက တရားဥပဒေ စိုး မိုးမှု ရှိပါမည်လော စဉ်းစားဖို့ သင့်ပါသည်။ ပြည်သူများကိုယ်တိုင်က တရားဥပဒေဘောင်အတွင်းမှ မဖြေရှင်းနိုင် ပါက မည်သို့ရှိပါမည်နည်း ဆိုသည်ကို စဉ်းစားစေလိုပါသည်။ အခွင့်အရေးကိုအသုံးချပြီး တရားဥပဒေကို လျစ်လျူရှု သင့်ပါ၏လော စဉ်းစားစေလိုပါသည်။ တရားဥပဒေကို လေးစားမှုမရှိပါက တိုင်းပြည်၏ အခြေအနေများကို ဖြေရှင်းရန် ငြိမ်ဝပ်ပိပြားမှု ကို လုပ်လာရပါသည်။ တရားဥပဒေကို ကိုယ်တိုင်စောင့်ထိန်းခြင်းက ပိုပြီး ကောင်းမွန်ကာ အနာဂတ်မြန်မာ့ဒီမိုကရေစီ အရုဏ်ဦးကို ပိုမိုစည်ပင်စေမည်ဖြစ်ပြီး ထိုသို့ဖြစ်စေဖို့အတွက် တရား ဥပဒေကလည်း မျှတသော ခိုင်မာသော အခြေ အနေမျိုးလည်း ဖြစ်နေဖို့ လိုမည်ဖြစ်ပါသည်။
ကျွန်တော်တို့ ပြည်သူများတွင် မူလဘူတ အခွင့်အရေးများ ရရှိနိုင်ဖို့ ဒီမိုကရေစီကို လိုအပ်သလို၊ ရရှိလာသော ဒီမိုကရေစီကို ပြည်သူများအကြား မျှဝေကျင့်သုံးခြင်းဖြင့် ဒီမိုကရေစီလက်ဆောင်ကို မပျောက်ပျက်သွား အောင်ထိန်းသိမ်းဖို့လည်း တာဝန်ရှိလှပါသည်။ ဒီမိုကရေစီသည် ကျွန်တော်တို့၏ လက်ငင်း အတွက်သာ မဟုတ်ပါ။ ဒီမိုကရေစီသည် မနက်ဖြန်အတွက် ၊ နိုးထလာမည့် နေ့တိုင်းအတွက် ဖြစ်ပါသည်။ တနည်းပြောရလျှင် ကျွန်တော်တို့၏ မျိုးဆက်သစ်ပေါင်းများစွာ အတွက် လက်ဆင့်ကမ်း ထိန်းသိမ်းပေး သွားရ မည့် မီရှူးတန်ဆောင်လည်း ဖြစ်ပါသည်။ အမေရိကန်ကိုကြည့်လျှင် ဂျော့ဝါရှင်တန်တို့ခေတ်မှ ယနေ့ အိုဘား မားတို့ ခေတ်အထိ အဆင့်ဆင့် သယ်ဆောင်လာကာ ဒီမိုကရေစီကို ပီပြင်သထက်ပီပြင်အောင် လုပ်ဆောင် ခဲ့ သလို တိုင်းပြည်နှင့် လူမျိုးလည်း ကမ္ဘာ့အလယ်တွင် ဂုဏ်တင့်နိုင်ခဲ့သည်ကို တွေ့မြင်ကြရသည်မှာ လေးစား အားကျစရာ ကောင်းလှပါသည်။ ကျွန်တော်တို့ နိုင်ငံကိုရော ထိုကဲ့သို့ အနာဂတ်မျိုး မဖြစ်စေချင်ဘူးလော၊ စဉ်းစားကြဖို့ လိုအပ်ပါသည်။ ထို့အတွက် ကြောင့် အဆိုပါ အရေးကိစ္စကို မိမိတို့တာဝန်ဟု ခံယူ၍ မိမိတို့၏ ကိုယ်၊ စိတ် နှလုံး သုံးပါးစလုံးကို သတိ၊ ဥာဏ် အမြော်အမြင်ဖြင့် နှလုံးသားနှင့် ခံစား နားလည်ကာ ဦးနှောက်နှင့် ဆုံးဖြတ် တတ်သော တာဝန်သိ နိုင်ငံသား ကောင်းများ ဖြစ်အောင် ကြိုးစား ကြစေလိုပါကြောင်း ရေးသားဖော်ပြ လိုက်ရပါသည် ခင်ဗျား။
                              
 လေးစားစွာဖြင့်      
အောင်နိုင်မော်

Recent Activities of life