Thursday, August 15, 2013

အသက်သွင်းခြင်း

မြေအုတ်တို့၏နေရာတွင် ကျောက်အုတ်တို့ဖြင့်လည်းကောင်း

သစ်အိမ်တို့၏နေရာတွင် တိုက်အိမ်တို့ဖြင်လည်းကောင်း

လူဟောင်းတို့၏ နေရာတွင် လူသစ်တို့ဖြင့်လည်းကောင်း

စစ်ပွဲတို့နေရာတွင် ငြိမ်းချမ်းရေးဖြင့်လည်းကောင်း

တစ်ယောက်ဆင်း တစ်ယောက်တက်

တစ်သုတ်ကျတစ်သုတ်တက်ဖြင့် လက်ဆင့်ကမ်းရင်း

ကျွန်ုပ်တို့၏ မျှော်လင့်ခြင်း အိပ်မက်ကို အသက်သွင်းခဲ့ကြလေပြီ။

အစားထိုးခြင်း

 အစားထိုးခြင်း (၁)
==================
မြေအုတ်တို့၏နေရာတွင် ကျောက်အုတ်တို့ဖြင့်လည်းကောင်း

သစ်အိမ်တို့၏နေရာတွင် တိုက်အိမ်တို့ဖြင်လည်းကောင်း

လူဟောင်းတို့၏ နေရာတွင် လူသစ်တို့ဖြင့်လည်းကောင်း

တစ်ယောက်ဆင်း တစ်ယောက်တက်

တစ်သုတ်ကျတစ်သုတ်တက်ဖြင့် လက်ဆင့်ကမ်းရင်း

စစ်ပွဲတို့နေရာတွင် ငြိမ်းချမ်းရေးဖြင့် အစားထိုးနိုင်ရန်

မေတ္တာတရားများ ပွားစည်းသော လောကကြီးဖြစ်ရန် ကြိုးစားကြရပေဦးမည်။

စာရေးသူ၏ အတွေးအမြင်များ (၁)

စာသားအဖြစ်ပြောင်းလဲလိုက်သော သင့်စိတ်ကူးအတွေးအမျှင်တစ်ခုသည်

ဖတ်ရှုရသော လူသားတစ်တို့အား ငြိမ်းချမ်းမှုကို ရစေပါက

သင်သည်လည်း ငြိမ်းချမ်းရေးသမား တစ်ဦးပါ

ထို့ကြောင့် ကျွန်တော်တို့ အားလုံး ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နိုင်ကြသည်ဟု

အလေးအနက် ယုံကြည်ပါသည်။

Monday, August 12, 2013

ဒဂုံအရှေ့ပိုင် မြို့နယ် မထ ကျေးရွာမှ လယ်တောအိမ်ငယ်လေး Photo by Aung Naing Maw



Myanmar Parliament ( မြင့်မား ဝင့်ကြွား လွှတ်တော် အဆောက်အအုံများ )

Photo by Aung Naing Maw (Blogger)






{ဖော်ပြပါ ပုံများသည် Blogger ကိုယ်တိုင် ရိုက်ကူးထားသော ဓာတ်ပုံများ ဖြစ်ပါသည်။ တစ်ဆင့် ပြန်လည် ကူးယူဖော်ပြ လိုပါက Blogger ၏အမည်ဖြင့် ပြန်လည် ကိုးကား ဖော်ပြနိုင်ပါသည်ခင်ဗျာ။}

Sunday, August 11, 2013

၈လေးလုံး အထိမ်းအမှတ် ပြပွဲ အမှတ်တရ (၁)




၈ လေးလုံး အရေးတော်ပုံ အတွင်း ဆောင်သြ
 ဆွေးနွေးမှု ပြုလုပ်နေသည့် မှတ်တမ်း
၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနား
သို့ ကြွရောက်လာသူ ပရိတ်သတ်များ အား Myanmar Convention Center အဝင်တွင်
 တွေ့မြင် ရသော မြင်ကွင်း



၈ လေးလုံးအရေးတော်ပုံ ငွေရတု အခမ်းအနား

၈ လေးလုံးအရေးတော်ပုံ အထမ်းအမှတ် ဓာတ်ပုံ ပြပွဲ


၈ လေးလုံးအရေးတော်ပုံ အထမ်းအမှတ် ဓာတ်ပုံ ပြပွဲ

Friday, August 9, 2013

သဘာဝပတ်ဝန်းကျင်

       မြန်မာနိုင်ငံသည် သဘာဝသံယံဇာတများ ကိုမှီခို အားထားနေရသော နိုင်ငံဖြစ်သည့်အတွက် သဘာဝ သံယံဇာများမည်မျှရှိသည် ဟူသည့်ကို စနစ်တကျလေ့လာရန်နှင့် မည်သို့ နောက်မျိုးဆက် များ အတွက် အကျိုးရှိအောင် ကွပ်ကဲမည်ဆိုသည်ကို လေ့လာထားရန် လိုအပ်ပါကြောင်း အသိပေး တင်ပြ အပ်ပါသည်။
Public Critic အယ်ဒီတာ အဖွဲ့

သန်းခြောက်ဆယ်အတွက်ရေးတဲ့စာ (နိုင်မော်)




ကျွန်တော်တို့နိုင်ငံသည် ဒီမိုကရေစီစနစ်ကို စတင်လှမ်းကတည်းကိုက အပြောင်းအလဲ အမျိုးမျိုးကို ကြုံတွေ့ခဲ့ ရသည်ကို အားလုံးသိကြလိမ့်မည်ထင်ပါသည်။ ထူးခြားကောင်းမွန်သော နိုင်ငံရေး အပြောင်းအလဲများ၊ ဆိုးရွားသော လူမှုရေး အပြောင်းအလဲများသည် ထင်ရှားလှသော အပြောင်းအလဲများဖြစ်သည်။ ထူးခြားကောင်း မွန်သော အပြောင်းအလဲများ အနေဖြင့် အတိုက်အခံ အင်အားစုများ နိုင်ငံရေးဖြစ်စဉ် အတွင်းသို့ အသွင် အမျိုးမျိုးဖြင့် ဝင်ရောက်လာခြင်းများ၊ အစိုးရနှင့်တိုင်းရင်းသားလူမျိုးစုများ အကြားငြိမ်းချမ်းရေး ခြေလှမ်သစ်များ၊ နိုင်ငံတကာမှ ဖြေလျှော့ပေးလိုက်သော စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ၊ မီဒီယာ သတင်းလွတ်လပ်ခွင့် ပြုပေးခြင်းများ ရှိသည်။ အခြားတစ်ဘက်တွင် နိုင်ငံအတွင်းရှိသော မတူညီသော လူများအကြား ဖြစ်ပေါ်လာသော ပဋိပက္ခ ဖြေရှင်းမှု ပုံစံသစ်များ ဟုပြောရလျှင်မမှားပါ။ လတ်တလော ကိစ္စများကို ပြန်လည် သုံးသပ်ကြည့် ပါလျှင် မတ်လအတွင်းက ဖြစ်ပွားခဲ့သော မိတ္ထီလာပဋိပက္ခ၊ အဆိုပါ ပဋိပက္ခ နောက်ပိုင်းဖြစ် ခဲ့ သော လက်ပံတန်းမြို့နယ်တင် ဖြစ်ပွားခဲ့သော ကိစ္စရပ်များ၊ မကြာသေးမီက ဖြစ်ပွားခဲ့သော ဥက္ကံမြို့ တွင်ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကို တွေ့မြင်ရမည်ဖြစ်ပါသည်။ အဆိုပါ ကိစ္စရပ်များသည် မည်သည့် ဂယက်ကြောင့် ဖြစ်ပေါ်ခဲ့သည်ကို ပြန်လည်သုံးသပ်ပါက ၂၀၁၂ခုနှစ် မတ်လက ဖြစ်ပွားခဲ့သော ရခိုင် ပြည်နယ် အတွင်းက ရခိုင်နှင့် ဘင်္ဂါလီ လူမျိုးများ အကြားတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့်ဟု ဆိုရမည်ဖြစ်ပါ သည်။
          အဆိုပါ ပဋိပက္ခများသည် သက်ဆိုင်ရာ အကျိုးစီးပွားရှင် အသီးသီး အတိတ်ကာလဆီက သင်ယူု ရရှိခဲ့ သော တစ်ဆင့်စကား တစ်ဆင့်နားမှ သိလာရသော အငြိုးများ၊ အတွေ့အကြုံများသည် အချိန်ကာလတစ်ခုတွင် တိုက်ဆိုင်စွာ ပေါက်ကွဲထွက်လာသည်ကြောင့် ဖြစ်လာရပေသည်။ အလားတူ အဓိကရုဏ်များသည် ကိုလိုနီ ခေတ်ကာလ ကတည်းက စတင်ခဲ့သည်ဟုဆိုနိုင်ပါသည်။ ထို့နောက်ဆက်လက်၍ လွတ်လပ်ရေး ရပြီးခါစမှ စတင်ပြီး အခါအားလျော်စွာ ဖြစ်ပေါ်လာခဲ့သည် မှယနေ့ထက်တိုင်ဖြစ်ပါသည်။ အဆိုပါ ပဋိပက္ခများ ကိုကြည့် လျှင် အသေးအမွှား ပြဿနာတစ်ခုကို တရားဥပဒေကြောင်းအရ မဖြေရှင်းဘဲ ရာဇဝတ်မှုကို အခွင့်ကောင်းယူ ကာ လူမျိုးရေး ပဋိပက္ခသို့ ဦးတည်လာလေ့ရှိသည်ကို တွေ့ရလေ့ရှိပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသည် ရှေးယခင်ကတည်းက ကချင်၊ ကယား၊ ကရင်၊ချင်း၊မွန်၊ဗမာ၊ရခိုင်၊ရှမ်းစသော တိုင်းရင်းသားလူမျိုးများ၊ အိမ်နီး ချင်း နိုင်ငံများရှိ လူမျိုးများနှင့် ဆက်နွယ်သော မြန်မာနွယ်ဖွား မြန်မာနိုင်ငံသားများ အတူယှဉ်တွဲ နေထိုင်နေ သည့် နိုင်ငံတစ်ခုဖြစ်သည်။ ထိုသို့ဖြစ်သည့်အတွက် တစ်စုနှင့်တစ်စု ယုံကြည်မှု၊ ဓလေ့ထုံးစံများလည်း အရောင်အသွေးစုံလှပါသည်။ အရောင်အသွေးစုံလင်သော ကျွန်တော်တို့မြန်မာနိုင်ငံလိုနိုင်ငံမျိုးအတွက် အချင်း ချင်း မတူညီမှုများကို နားလည်လက်ခံပေး နိုင်ရေးသည် အလွန်တရာ အရေးကြီးသော မဖြစ်မနေ အလေးထား ဖို့ လိုအပ်သော ကိစ္စတစ်ခုဖြစ်ပါသည်။
          လူ့အဖွဲ့အစည်း လူမှုဆက်ဆံရေး ကောင်းမွန်ခြင်း ဟူသည်မှာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစား ခြင်း ၊ ယုံကြည်ခြင်း၊ ချစ်ကြည်ရင်းနှီးမှု ရှိမှသာ ဖြစ်ပေါ်လာနိုင်မည်ဖြစ်ပြီး ဒီမိုကရေစီ နည်းလမ်းအရ ငြိမ်းချမ်း စွာ စုပေါင်းဆွေးနွေး အဖြေရှာ နိုင်ခြင်းတို့ကို ဆက်လက်လုပ်ဆောင် နိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ကျွန်တော် တို့ လူ့အဖွဲ့အစည်းသည် ဒီမိုကရေစီ တန်ဖိုးများနှင့် ယှဉ်တွဲဖြစ်ပေါ်နေမည့် ဒီမုကိကရက်တစ် လူ့ဘောင်ကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။
ယခုဖြစ်ပေါ်လာသော အဓိကရုဏ်များကို ကြည့်လျှင် ထူးခြားချက်တစ်ခုမှာ မီးရှို့ဖျက်ဆီးခြင်းများကို တွေ့မြင်နေရပါသည်။ အထက်ကပြောကြားခဲ့သည့် အတိုင်း အရောင်အသွေးမတူသော ပြည်သူများ အကြား ထိုကဲ့သို့ သော ပဋိပက္ခ ဖြေရှင်းမှုပုံစံများသည် အလေ့အထအဖြစ်အကျင့်ပါ မသွားရေးသည် မဖြစ်မနေ လိုအပ်သော ကိစ္စရပ်တစ်ခုပင်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့အနေဖြင့် အဆိုပါ အမွေဆိုး ကို မျိုးဆက်များအတွက် ထားခဲ့ပါက နောင်ရာစုနှစ်အတွင်း မည်ကဲ့သို့ဖြစ်မည်ကိုပင် မျှော်မတွေးနိုင်အောင် ရှိပါ တော့သည်။
ယခုအချိန်ကာလသည် နိုင်ငံသားများ အနေဖြင့် နိုင်ငံရေး ဖြစ်စဉ်အတွင်း ပါဝင်လာပြီဖြစ်သည်။ သို့ရာတွင် မည်သည့်နေရာမှ မည်သို့ပါဝင်ရမည်ကို ဝေခွဲမရသည့် အချိန်လည်းဖြစ်သည်။ ထိုသို့သော အခြေအနေတွင် သက်ဆိုင်သူအသီးသီး ပြောလေ့ရှိသောစကားမှာ အကြောက်တရားမှ ကင်းဝေးရေးဖြစ်သည်။ မှန်ပါသည် အာဏာရှင်လက်အောက်တွင်နှစ်ပေါင်းများစွာနေထိုင်ခဲ့ရ၍ မိမိတို့တွင် အာဏာရှိသူများကို မပြောရဲ မဆိုရဲနှင့် အကြောက်တရား လွှမ်းမိုးမှုရှိရာ ကွန်ဖြူးရှပ်ပြောသလို၊ “…..ဖြစ်ဖြစ်……..ဖြစ်ဖြစ်…….ရဖို့က အဓိက” ထားပါက မျက်ကန်းတစ္ဆေမကြောက် သဘောဟူသည့် အခြားတစ်ဖက်စွန်းသို့ ရောက်သွားမည် ဖြစ်ပါသည်။ ယခုလည်း အဆိုပါ ဂယက်ကို ကြုံတွေ့နေရသည်။ ကျွန်တော်တို့သည် ကမ္ဘာကြီးနှင့် နှစ်ပေါင်းများစွာ အဆက်ပြတ်ခဲ့သည့်အတွက် နိုင်ငံ၏ စနစ်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အမျိုးမျိုးအဖုံဖုံသည် ခေတ်နှင့်အညီ ပြောင်းလဲလာသော ဆက်သွယ်ရေးနည်းပညာကို လိုက်မမီနိုင်အောင် ရှိနေရာ နေ့စဉ်နှင့် အမျှ သက်ဆိုင် သူများက မိမိတို့၏ အမှုကိစ္စ အဖုံဖုံကို အင်တာနက် ကွန်ယက်မှ တစ်ဆင့် ပို့ဆောင်ကြလေသည်။ သို့ဖြစ်ရာ အဆိုပါ ပြဿနာများ၊ မတရားမှုများက ပြည်သူများအကြား အမုန်းတရားကို ပွားသထက်ပွား လာသည်။ တစ်ဖက်တွင် ပြုပြင်ပြောင်းလဲမှုနှင့် စီမံခန့်ခွဲမှုကို အချိန်မီ မစီမံနိုင်ခြင်းက အစိုးရအနေဖြင့် ပြည်သူ များ၏ ရင်တွင်းမှဖြစ်ပေါ်လာသော အမုန်းမီးများကို ဖြေရှင်းနိုင်မည့် ပြည်သူ့ရေးရာ မူဝါဒ(ဆေးနည်း)နှင့် ပြည်သူ့ရေးရာ ဝန်ဆောင်မှု (ဆေးဝါး) တို့ကို မပေးနိုင်တော့ဘဲ မငြိမ်းသာ အဓိကရုဏ်းမီးများ ပေါက်ပွားလာရပါသည်။
ထို့အတွက်ကြောင့် ပြည်သူသန်းခြောက်ဆယ်လုံး ကျန်းမာပျော်ရွှင်စွာ ဒီမိုကရက်တစ်လူ့ဘောင်သို့ ချီတက်လိုပါက သန်းခြောက်ဆယ်လုံး၏ အရေးအတွက် အထက်ပါ ကိစ္စများကို ရှုမြင်သုံးသပ်နိုင်စေရန် တင်ပြလိုက်ရပါသည်။

Sunday, August 4, 2013

ပြည်သူတို့၏ ဒုက္ခ (ကဗျာ)

http://www.perceptivetravel.com/issues/1109/myanmar.html

(ကျွန်တော်ရှုမြင်မိသော ပြည်သူများ၏ ဘဝကို စာနာစဉ်းစားရာမှ ထွက်ပေါ်လာသော လင်္ကာအပိုင်းအစများကို စည်းတင်ဆက် ဖော်ပြပေးအပ်ပါသည်)

http://cj.my

ပြည်သူတို့၏ ဒုက္ခ

********************

" တိုင်းကားပြည်ရွာ၊ မြန်မာရွှေပြည်ကား

ကျွန်သပေါက်ဘဝ၊ လွတ်ချိန်ကတည်းက

မင်းအဆက်ဆက်၊ တစ်ယောက်ဆင်းတစ်ယောက်တက်

ပြောင်းခဲ့သည်မှာ နှစ်၆၀ကျော်တိုင်ခဲ့ပြီ။

 

 သို့ပါသော်လည်း

 ပြောင်းသာပြောင်းခဲ့၊ ညောင်းခဲ့သော်လည်း

ပြည်သူ့ဘဏ္ဍာ၊ ပြည်ရတနာကား

ပိန်းကြာဖက်ပေါ် ရေမတင်သို့

ဘယ်ဆီဘယ်ဝယ်မြန်လေးသနည်း။

 

ပြည်သူ့အတွက်ခေါင်းစဉ်တပ်၍ ထုတ်ယူကာသွား

ပြည့်ဘဏ္ဍာများ ဘယ်အရပ်သို့ရောက်လေသနည်း။

 

ကိုယ်ကျိုးအမြတ်ထုပ် လူတစ်စုကြောင့်

တောတောင်မြစ်ဖျား သံယံဇာတများ

ပျောက်ဆုံးလွင့်ပါး သွားလေပြီ။

 

ရှေ့နောက်ဝဲယာ လေညာအထက်

အရပ်ရပ်မှ ပြည်သူပြည်သား လူအများတို့၊

လင်ဆိုးမယားတစ်ဖားဖားသို့.....

သားဆိုအမေတစ်ပေပေသို့.....

ရောက်မှန်းမသိ ရောက်ရပြီ။

 

မြန်မာပြည်သား လူအများတို့

လောကဓံကို ကြံ့ကြံ့ခံ၍

မျက်ရည်ဆက်လက် ငိုချင်းဆက်သည်၊

သောကနှလုံး မငြိမ်းတည်း။

 

ထိုသို့ဖြစ်လာ ကံကြမ္မာကြောင့်

ပြည်သူပြည်သား တို့ပြည်သားများ

အာဏာဝေစား ငရဲသားများ၏

ဂွင်ဆင်ဖန်ဆင်း စီမံခြင်းအောက်

ပြားပြားမှောက်လျက် မဟာဒုက္ခတွင်းဆုံးကျသည်

နင်းပြားဘဝ ရောက်လေသတည်း။ "


http://www.flickr.com/photos/christianaidimages/5706475853/

 


Recent Activities of life