![]() |
| http://www.perceptivetravel.com/issues/1109/myanmar.html |
(ကျွန်တော်ရှုမြင်မိသော ပြည်သူများ၏ ဘဝကို စာနာစဉ်းစားရာမှ ထွက်ပေါ်လာသော လင်္ကာအပိုင်းအစများကို စည်းတင်ဆက် ဖော်ပြပေးအပ်ပါသည်)
![]() |
| http://cj.my |
ပြည်သူတို့၏ ဒုက္ခ
********************
" တိုင်းကားပြည်ရွာ၊ မြန်မာရွှေပြည်ကား
ကျွန်သပေါက်ဘဝ၊ လွတ်ချိန်ကတည်းက
မင်းအဆက်ဆက်၊ တစ်ယောက်ဆင်းတစ်ယောက်တက်
ပြောင်းခဲ့သည်မှာ နှစ်၆၀ကျော်တိုင်ခဲ့ပြီ။
သို့ပါသော်လည်း
ပြောင်းသာပြောင်းခဲ့၊ ညောင်းခဲ့သော်လည်း
ပြည်သူ့ဘဏ္ဍာ၊ ပြည်ရတနာကား
ပိန်းကြာဖက်ပေါ် ရေမတင်သို့
ဘယ်ဆီဘယ်ဝယ်မြန်လေးသနည်း။
ပြည်သူ့အတွက်ခေါင်းစဉ်တပ်၍ ထုတ်ယူကာသွား
ပြည့်ဘဏ္ဍာများ ဘယ်အရပ်သို့ရောက်လေသနည်း။
ကိုယ်ကျိုးအမြတ်ထုပ် လူတစ်စုကြောင့်
တောတောင်မြစ်ဖျား သံယံဇာတများ
ပျောက်ဆုံးလွင့်ပါး သွားလေပြီ။
ရှေ့နောက်ဝဲယာ လေညာအထက်
အရပ်ရပ်မှ ပြည်သူပြည်သား လူအများတို့၊
လင်ဆိုးမယားတစ်ဖားဖားသို့.....
သားဆိုအမေတစ်ပေပေသို့.....
ရောက်မှန်းမသိ ရောက်ရပြီ။
မြန်မာပြည်သား လူအများတို့
လောကဓံကို ကြံ့ကြံ့ခံ၍
မျက်ရည်ဆက်လက် ငိုချင်းဆက်သည်၊
သောကနှလုံး မငြိမ်းတည်း။
ထိုသို့ဖြစ်လာ ကံကြမ္မာကြောင့်
ပြည်သူပြည်သား တို့ပြည်သားများ
အာဏာဝေစား ငရဲသားများ၏
ဂွင်ဆင်ဖန်ဆင်း စီမံခြင်းအောက်
ပြားပြားမှောက်လျက် မဟာဒုက္ခတွင်းဆုံးကျသည်
နင်းပြားဘဝ ရောက်လေသတည်း။ "
![]() |
| http://www.flickr.com/photos/christianaidimages/5706475853/ |




No comments:
Post a Comment