Sunday, February 9, 2014
Saturday, February 8, 2014
နိုင်ငံတည်ဆောက်ရေးသမား(၃)မျိုး
နိုင်ငံတစ်နိုင်ငံကို တည်ဆောက်ရာမှာ လူသုံးမျိုး လိုအပ်ပါသည်။ အတိုကောက်အားဖြင့် P.A.S ဟုခေါ်ပါသည်။
P= Politician (နိုင်ငံရေးသမား)
A= Activist (တက်ကြွလှုပ်ရှားသူ)
S= Statesman (နိုင်ငံပြုသမား)
နိုင်ငံတစ်နိုင်ငံကို တည်ဆောက်ရာမှာ သုံးဦးလုံးရှိမှ နိုင်ငံတည်ဆောက်လို့ ရပါမည်။
P= Politician (နိုင်ငံရေးသမား)
A= Activist (တက်ကြွလှုပ်ရှားသူ)
S= Statesman (နိုင်ငံပြုသမား)
နိုင်ငံတစ်နိုင်ငံကို တည်ဆောက်ရာမှာ သုံးဦးလုံးရှိမှ နိုင်ငံတည်ဆောက်လို့ ရပါမည်။
တက်ကြွလှုပ်ရှားသူ ဆိုတာကတော့ ပြည်သူတွေအတွက် အခွင့်အရေးတွေကို တောင်းဆိုပေးတဲ့သူတွေပါ။
နိုင်ငံရေးသမားကတော့ နိုင်ငံရေးနည်းအရ ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ဆောင်ကြဉ်ပေးတဲ့သူပါ။
နိုင်ငံပြုသမားကတော့ လက်တွေ့အကောင်အထည်ဖော်မှာပါ။နိုင်ငံတစ်နိုင်ငံမှာ တစ်ဦးဦးသာ မရှိခဲ့ရင် နိုင်ငံတည်ဆောက်ရေး မအောင်မြင်နိုင်ကြောင်း ကျွန်တော် ယုံကြည်ပါသည်။
How to maintain Value of the Water (သဘာဝ ရေချိုထိန်းသိမ်းရေး အစီအမံ)
======================
ကမ္ဘာကြီးနှင့် ကမ္ဘာလူသားများ၏ အနာဂတ်သည် ရင်ဆိုင်စရာ ထိပ်တိုက်ကြုံတွေ့စရာ
စိန်ခေါ်မှုများစွာ ကြားတွင်နေထိုင်နေကြရသည်။ ယနေ့နှင့် မနက်ဖြန်သည်
ပုံသေတွက်ချက်၍ မရသကဲ့သို့
ရာစုနှစ် တစ်ခုနှင့် တစ်ခု၊ ဆယ်စုနှစ် တစ်ခုနှင့် တစ်ခုတို့ သည်လည်း
တူညီနိုင်မည်မဟုတ်ပေ။ ယခင်က မကြံဖူး သည် အခက်အခဲ အကြပ်အတည်များသည်
အနာဂတ်တွင် ကြုံတွေ့နိုင် မကြုံတွေ့ နိုင် ဟူသည် မှာ ပြောရခက်သည့်
ကိစ္စဖြစ်သည်။ အဆိုပါ မမြင်နိုင်သည့် မမျှော်မှန်းနိုင်သည့် (Unexpected
Crisis) များတွင် ရေပြဿနာကို နိုင်ငံတကာ ခေါင်းဆောင်များ စဉ်းစားသင့်ပါ
သည်။ မြန်မာနိုင်ငံသည် သဘာဝကပေးထားသော ရေချိုအရင်း အမြစ်များကို
ပိုင်ဆိုင်ထား သည်။ နိုင်ငံတစ်ဝှမ်း ကို ဖြတ်သန်း စီးဆင်းသွားသော
မြစ်ကြီးလေးစင်းသည် အဖိုးမဖြတ် နိုင်သည့် Natural Resource (သို့မဟုတ်)
Natural Heritage ဖြစ်ပါ သည်။ အဆိုပါ သဘာဝကပေးထားသည့် သဘာဝ အရင်းမြစ်များကို
ရေရှည်တည်တံ့ရေး တွက် ဆောင်ရွက်ရမည့် မဟာဗျူဟာများ ချမှတ်ရန် အထူးအရေး တကြီး
လိုအပ်လျက်ရှိ ပါသည်။ ရေသံယံဇာတများကို ထိန်းသိမ်းရန် Water Management
System တစ်ရပ်ကို အကောင်အ ထည်ဖော်ဆောင် ရွက် နိုင်ခြင်းမရှိ ပါက နောင်လာမည့်
၂၂ရာစုသည် ၂၀-၂၁ရာစု အတွင်း အာဖရိက နိုင်ငံများကြုံတွေ့ နေရသော ရေရှားပါးမှု
ပြဿနာနှင့် ရင်ဆိုင် ကြုံတွေ့နိုင်သည်ဖြစ်သည့် အ တွက် သတိပြု ဆင်ခြင်နိုင်ရန်
ရေးသားတင်ပြလိုက်ရပါသည်။
လေးစားစွာဖြင့်
ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွေးအမြင်စာစုများ
ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်စဉ်သည် နယ်ပယ်ကျယ်ဝန်းနက်ရှိုင်းလှပေသည် ။တောတောင် သစ်ပင်များ အရှည်တည်တံ့ရေး၊ ရေအရင်းအမြစ် ထိန်း သိမ်းရေး၊
ရေဝေရေလွဲ ဒေသထိန်းသိမ်းရေး၊ အစရှိ သည့် ဖြင့် နက်နဲကျယ်ဝန်းလှသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ
ဥပဒေ၊ နည်းဥပဒေများအပြင် အ ဆိုပါ ဥပဒေများဖြင့်ဖော်ဆောင် ရမည့်
လုပငန်းစဉ် များကို အသက်ဝင်အောင်လုပ်ဆောင် မည့်
ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ ၊
ဒေသန္တရအဆင့် အဖွဲ့အစည်းများလည်း လိုအပ်ပါသည်။ ထို့ အပြင် အရေးအကြီးဆုံးသော
လိုအပ်ချက်တစ်ရပ်မှာ Environmental Management System ( ခိုင် မာကောင်းမွန် စနစ်ကျသော ပတ်ဝန်းကျင် စီမံခန့်ခွဲမှု စနစ်တစ်ရပ်) လိုအပ်ပါသည်။
အဆိုပါစနစ်ကို အကောင်အထည်ဖော်နိုင်ပါမှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို လက်တွေ့လုပ်ဆောင်နိုင်မည်ဖြစ် ပါကြောင်း လေ့လာတွေ့ရှိ တင်ပြအပ်ပါသည်။
Subscribe to:
Posts (Atom)





