Sunday, June 9, 2013
သူငယ်ချင်းထံပေးစာ
ဟေ…သူငယ်ချင်း
မင်းတို့ ငါတို့ဟာ အယူအဆတွေ မတူပေမယ့်
ငါတို့ဟာ ဒီမြေမှာ မွေးခဲ့သူတွေပါ။
သူငယ်ချင်း
မင်းတို့ ငါတို့ဟာ ကျင်လည်ရာ နယ်ပယ်တွေ မတူပေမယ့်
ငါတို့ဟာ ပြည်သူတွေပါပဲ။
သူငယ်ချင်း
မင်း မြန်မာပြည်ကို ချစ်သလို
ငါလည်း မြန်မာပြည်ကို ချစ်ပါတယ်။
သူငယ်ချင်း
တည်ဆောက်ရေးမှာ မင်းမရှိလို့ မဖြစ်သလို
ငါတို့တွေ မရှိလို့လည်း မဖြစ်ပါဘူး။
သူငယ်ချင်း
တိုင်းပြည်ကို တည်ဆောက်မယ်လို့ပြောနေတဲ့ မင်းမှာ
မင်းရဲ့ စိတ်ဓာတ်လေးကိုတော့
နည်းနည်းပြုပြင်ဖို့ လိုနေသေးတယ်။
သူငယ်ချင်း
တိုင်းပြည်ကို ဦးဆောင်တယ်ဆိုတာ
မင်းဦးဆောင်မှ ကောင်းမှာမဟုတ်သလို
ငါဦးဆောင်မှ ဖြစ်မယ်ဆိုတာ မျိုးလည်း မရှိပါဘူး။
သူငယ်ချင်း
ဒါ့ကြောင့် နိုင်ငံတည်ဆောက်တဲ့ ပွဲဆိုတာ
မင်းတစ်ယောက်တည်း မူပိုင်မဟုတ်သလို
ငါတို့တွေရဲ့ ပိုင်ဆိုင်မှု လည်းမဟုတ်ပါဘူး ။
ပြည်သူတစ်ရပ်လုံးနဲ့ ဆိုင်တဲ့ပွဲပါ………………..။
သူငယ်ချင်း
ငါတို့တွေရဲ့ နိုင်ငံဆိုတာ ငါတို့မပိုင်ပါဘူး
နောင်လာမယ့် မျိုးဆက်သစ်တွေဆီက
သူတို့ မလာခင် ခဏထိန်းသိမ်းထားပေးတာပါ။
သူငယ်ချင်း
မင်းဒီသဘောကိုနားလည်ရင်
ငါတို့တိုင်းပြည်အတွက် စိတ်အေးရပါပြီကွာ
ချစ်စွာသော သူငယ်ချင်း။
Saturday, February 9, 2013
Friday, February 8, 2013
ပြင်ချင်ကြသည့် အခြေခံဥပဒေ
အခြေခံဥပဒေကို ပြင်ချင်ကြတယ်ဆိုတဲ့အထဲမှာအပိုင်း(၄)ပိုင်းတွေ့ရတယ်
ပထမအုပ်စုက
သမ္မတ ရဲ့အရညအချင်းနှင့် ပတ်သက်၍ပြင်ဆင်ချင်တဲ့အုပ်စု
အခန်း(၃)အခြေခံဥပဒေပုဒ်မ-၅၉(ခ)
ဒုတိယအုပ်စုက
ရွေးကောက်ပွဲစနစ်ကိုပြင်ချင်တဲ့ အုပ်စု
တတိယအုပ်စုက
တပ်မတော်ပါဝင်နေမှုကို လျှော့ချလိုတဲ့အုပ်စု
စတုတ္ထအုပ်စုက
ပြည်ထောင်စုနဲ့ပြည်နယ်အာဏာခွဲဝေ မှုကို ပြင်ဆင်လိုတဲ့ တိုင်းရင်းသားတွေပါဝင်တဲ့ (Federal)လိုလားသူများအုပ်စု တို့ဖြစ်တယ်
အသေးစိတ်ကို နောက်ထပ်လေ့လာပြီးမှ ဆောင်းပါးအနေဖြင့် ဖော်ပြမည်။
ပုံအောင်နိုင်မော်
အခြေခံဥပဒေကို ပြင်ချင်ကြတယ်ဆိုတဲ့အထဲမှာအပိုင

ရွေးကောက်ပွဲစနစ်ကိုပြင်ချင်တဲ့

ပြည်ထောင်စုနဲ့ပြည်နယ်အာဏာခွဲဝေ

Friday, November 9, 2012
Thursday, October 11, 2012
မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာများ

Wednesday, September 19, 2012
မြန်မာနိုင်ငံရေး သုံးသပ်ချက်များ
မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းဟာ နှစ်ကာလကြာရှည်လာသည်နှင့်အမျှအမျိုးမျိးအဖုံဖုံပြောင်းလဲလာခဲ့ပါပြီ။ ဒီအချိန်ဟာ အဲဒီအကြောင်းအရာတွေဆက်လက်ဖြစ်ပေါ်မှု အားကောင်းဖို့အတွက် အရှိန်ယူ နေချိန်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အဲဒီလိုဖြတ်သန်းလာချိန်မှာ မြန်မာနိုင်ငံသား ပြည်သူတွေရဲ့ စိတ်ဒဏ်ရာ တွေများပြားနေဆဲပါ။
လက်ရှိမြန်မာနိုင်ငံဘယ်ကို သွားနေလဲဆိုတာ သိဖို့လိုအပ်ပါတယ်။
သိဖို့ဆိုရင် လက်ရှိဖြစ်ရပ်တွေကိုရေးချပြဖို့လိုမယ်ထင်တယ်။
၁။တိုင်းရင်းသားများနှင့် ရင်ကြားစေ့ရေးသို့မဟုတ် ငြိမ်းချမ်းရေး
၂။လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ
၃။အုပ်ချုပ်ရေးယန္တရားဆိုင်ရာကိစ္စရပ်များ
၎။နယ်စပ်ရေးရာ လူမျိုးစု အဓိကရုဏ်းများ၏
၅။တပ်မတော်နှင့် အစိုးရကြားစည်းချက်ညီရေး

Sunday, September 9, 2012
ပြည်သူ့ရေးရာ မူဝါဒများအကောင်အထည်ဖော်ခြင်း
သတိပြုရန်
မူဝါဒ တစ်ရပ်ဆိုတာ ရေဆွဲပြီးပြီးလို့ အကောင်အထည် ဖော်ပြီဆိုတဲ့ အချိန်ကျတော့မှ အားနည်းချက်တွေ ကိုမြင်လာတာ။ ဒီအတွက်ကြာင့် အစိုးရရဲ့တာဝန်က မူမကောင်းရင် ပြုပြင်ပြောင်းလဲလိုတဲ့ သဘောထား၊ ပြောင်းလဲလွယ်တဲ့ သဘောထားရှိဖို့ တော့လိုတယ်။
အစိုးရတစ်ရပ်ဟာ သူကိုယ်တိုင်မှားမှန်းလည်းမသိ၊ အခြားသူတွေရဲ့ ထောက်ပြဝေဖန်မှုကို လက်မခံဘဲ ငါတကောကောပြီးလုပ်ဆောင်မယ်ဆိုရင်တော့ ထိုအစိုးရ အုပ်ချုပ်တဲ့တိုင်းပြည်ဟာ မကြာခင်ပျက်မှာပဲဗျ။
အောင်နိုင်မော် (ဆရာများထံမှ သင်ယူရရှိသမျှ ကိုးကာဖော်ပြချက်)

Subscribe to:
Posts (Atom)