Thursday, October 11, 2012

မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာများ

မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာများ

Wednesday, September 19, 2012

မြန်မာနိုင်ငံရေး သုံးသပ်ချက်များ

မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းဟာ နှစ်ကာလကြာရှည်လာသည်နှင့်အမျှအမျိုးမျိးအဖုံဖုံပြောင်းလဲလာခဲ့ပါပြီ။ ဒီအချိန်ဟာ အဲဒီအကြောင်းအရာတွေဆက်လက်ဖြစ်ပေါ်မှု အားကောင်းဖို့အတွက် အရှိန်ယူ နေချိန်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အဲဒီလိုဖြတ်သန်းလာချိန်မှာ မြန်မာနိုင်ငံသား ပြည်သူတွေရဲ့  စိတ်ဒဏ်ရာ တွေများပြားနေဆဲပါ။
လက်ရှိမြန်မာနိုင်ငံဘယ်ကို သွားနေလဲဆိုတာ သိဖို့လိုအပ်ပါတယ်။
သိဖို့ဆိုရင် လက်ရှိဖြစ်ရပ်တွေကိုရေးချပြဖို့လိုမယ်ထင်တယ်။
၁။တိုင်းရင်းသားများနှင့် ရင်ကြားစေ့ရေးသို့မဟုတ် ငြိမ်းချမ်းရေး
၂။လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ
၃။အုပ်ချုပ်ရေးယန္တရားဆိုင်ရာကိစ္စရပ်များ
၎။နယ်စပ်ရေးရာ လူမျိုးစု အဓိကရုဏ်းများ၏
၅။တပ်မတော်နှင့် အစိုးရကြားစည်းချက်ညီရေး
အောင်ပန်းမြို့ရှုခင်း

Sunday, September 9, 2012

ပြည်သူ့ရေးရာ မူဝါဒများအကောင်အထည်ဖော်ခြင်း

သတိပြုရန်
မူဝါဒ တစ်ရပ်ဆိုတာ ရေဆွဲပြီးပြီးလို့ အကောင်အထည် ဖော်ပြီဆိုတဲ့ အချိန်ကျတော့မှ အားနည်းချက်တွေ ကိုမြင်လာတာ။ ဒီအတွက်ကြာင့်  အစိုးရရဲ့တာဝန်က မူမကောင်းရင် ပြုပြင်ပြောင်းလဲလိုတဲ့ သဘောထား၊ ပြောင်းလဲလွယ်တဲ့ သဘောထားရှိဖို့ တော့လိုတယ်။
အစိုးရတစ်ရပ်ဟာ သူကိုယ်တိုင်မှားမှန်းလည်းမသိ၊ အခြားသူတွေရဲ့ ထောက်ပြဝေဖန်မှုကို လက်မခံဘဲ ငါတကောကောပြီးလုပ်ဆောင်မယ်ဆိုရင်တော့ ထိုအစိုးရ အုပ်ချုပ်တဲ့တိုင်းပြည်ဟာ မကြာခင်ပျက်မှာပဲဗျ။
အောင်နိုင်မော် (ဆရာများထံမှ သင်ယူရရှိသမျှ ကိုးကာဖော်ပြချက်)

Friday, September 7, 2012

ကဗျာ

မြကန်သာကဗျာ

မြကန်သာ
တောင်ကျချောင်းတေး၊ရေဝင်ပြေလှည့်
ရေအေးကြည်စွာ၊ကန်ပိုင်မာလျက်
ကြာပေါင်းထုံထုံ ငှက်မျိုးစုံသည်
ဘုံဝတိံသာ၊နန္ဒာပေလော
တူစွဟုတ္တာ
အမည်မသိရှေးစာဆို
(နဝမတန်း၊မြန်မာကဗျာမှ ကူးယူဖော်ပြခြင်းဖြစ်သည်)။

Tuesday, September 4, 2012

မြန်မာပြည်ရန်ကုန်မြို့မှ တိုက်တာအဆောက်အဦးများ


ပြည်သူ့လွှတ်တော်ဆွေးနွေးချက်များမှ စိတ်ဝင်စားဖွယ် ကောင်းသောဆွေးနွေးချက်များကို တင်ပြထားပါသည်။


ပြည်သူ့လွှတ်တော်အစည်းအဝေး ဆဌမနေ့၌ ချင်းပြည်နယ်တက္ကသိုလ်အစီအစဉ် မေးမြန်းဖြေကြား
ဇူလိုင် ၁၁ရက်နေ့ပြည်သူ့လွှတ်တော် အစည်းအဝေး ကို ကြေးမုံသတင်းစာမှ ကူးယူဖော်ပြခြင်းသာ ဖြစ်ပါသည်။
        ပြည်သူ့လွှတ်တော်အစည်းအဝေး ဆဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ပြည်သူ့လွှတ်တော်ခန်းမတွင်ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၄၀၉ )ဦးတို့ တက်ရောက်ကြသည်။
မေးခွန်းများမေးမြန်းဖြေကြားခြင်းကဏ္ဍ ၌ မဘိမ်းမဲဆန္ဒနယ်မှ ဦးမြင့်လှိုင်၏ရွှေလီရေအားလျှပ်စစ် စက်ရုံ(၁) သို့မဟုတ် ဆည်တော်ကြီးရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်ဓာတ်အားသွယ်တန်းထုတ်လုပ်ပေးရန် အစီအစဉ်ရှိ၊မရှိ သိရှိလိုကြောင်းမေးခွန်း၊ မိုးမိတ်မဲဆန္ဒနယ်မှ ဦးကျော်မြင့်(ခ) ဦးဖိုးတုတ်၏ မိုးကုတ်ဓာတ်အားခွဲရုံမှ မိုးမိတ်မြို့နယ်အတွက် လျှပ်စစ်ဓာတ်အားမျှဝေပေးရန် အစီအစဉ် ရှိ၊မရှိ သိရှိလိုကြောင်း မေးခွန်းတို့နှင့်စပ်လျဉ်း၍ အမှတ်(၂)လျှပ်စစ်ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဖြေကြားရာတွင်-
ပထမမေးခွန်းနှင့်စပ်လျဉ်း၍ မဘိမ်းမြို့ကို ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်ရန်အတွက် အတွက် ပထမအဆင့်အနေဖြင့်လက်ပံလှဓာတ်အားခွဲရုံကိုအဆင့်မြှင့်တင်ခြင်း၊လက်ပံလှ-မိုးကုတ်(၆၆)ကေဗွီ ဓာတ်အားလိုင်း(၅၂)မိုင်တည်ဆောက်ခြင်း၊လက်ရှိမိုးကုတ် (၃၃)ကေဗွီဓာတ်အားခွဲရုံကို (၆၆)ကေဗွီ ဓာတ်အားခွဲရုံသို့အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို(၂၀၁၃-၂၀၁၄)ဘဏ္ဍာရေးနှစ်အတွင်းဆောင်ရွက်ရန်လျာထားပြီးဖြစ်ပါကြောင်း၊ပထမအဆင့်လုပ်ငန်းများဆောင်ရွက်ပြီးပါက ဒုတိယအဆင့်အနေဖြင့်မိုးကုတ်မြို့မှ မိုးမိတ်မြို့သို့ (၆၆)ကေဗွီ ဓာတ်အားလိုင်း(၂၈)မိုင်နှင့် မိုးမိတ်မြို့တွင်
(၆၆/၃၃)ကေဗွီ(၃)အမ်ဗွီအေ ခွဲရုံ(၁)ရုံ တည်ဆောက်ရမည် ဖြစ်ပါကြောင်း၊ မိုးမိတ်မြို့တွင် (၆၆/၃၃)ကေဗွီ ဓာတ်အားခွဲရုံတည်ဆောက်ပြီးပါက မိုးမိတ်မြို့မှ မဘိမ်းမြို့သို့(၃၃)ကေဗွီ ဓာတ်အားလိုင်း (၃၈)မိုင်နှင့် မဘိမ်းမြို့တွင်(၃၃/၁၁)ကေဗွီ(၂)အမ်ဗွီအေခွဲရုံ(၁)ရုံတို့တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ယင်းတည်ဆောက် ရေးလုပ်ငန်းများကိုစီမံကိန်းလျာထားချက်တွင်ပါဝင်နိုင်ရန်အတွက်အထက်အဆင့်သို့တင်ပြပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြင့် ဖြေကြားသည်။
ဒုတိယမေးခွန်းနှင့်စပ်လျဉ်း၍ မိုးမိတ်မြို့ကို ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်ရေးအတွက် ပထမအဆင့်အနေဖြင့် လက်ပံလှဓာတ်အားခွဲရုံကို အဆင့်မြှင့်တင်ခြင်း၊လက်ပံလှ-မိုးကုတ်(၆၆)ကေဗွီ ဓာတ်အားလိုင်း (၅၂)မိုင် တည်ဆောက်ခြင်း၊ မိုးကုတ်(၃၃)ကေဗွီ ဓာတ်အားခွဲရုံအား (၆၆)ကေဗွီ ဓာတ်အားခွဲရုံ အဆင့်သို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို (၂၀၁၃-၂၀၁၄)ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရန် လျာထားပြီးဖြစ်ပါသဖြင့် ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပထမအဆင့် လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက မိုးကုတ်မြို့သို့ဓာတ်အားရောက်ရှိသည့်အခါ မိုးမိတ်မြို့သို့ (၆၆)ကေဗွီဓာတ်အားလိုင်း(၂၈)မိုင်နှင့်မိုးမိတ်မြို့တွင်(၆၆/၃၃)ကေဗွီ(၃)အမ်ဗွီအေခွဲရုံ(၁)ရုံတည်ဆောက်ရမည် ဖြစ်သော်လည်း ယင်းတည်ဆောက်ရေး လုပ်ငန်းများမှာ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်အထိ စီမံကိန်းလျာထားချက်တွင်ပါဝင်မှုမရှိ သေးသဖြင့် နောင်ဘဏ္ဍာရေးနှစ်များ၏ ဘဏ္ဍာငွေခွဲဝေရရှိမှုပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြင့် ဖြေကြားသည်။
ချောင်းဆုံမဲဆန္ဒနယ်မှဦးလှမောင်(ခ)ဦးနိုင်လှမောင်၏သဘာဝချောင်း၊သဘာဝချောင်း၊တူးမြောင်းတိမ်ကောမှုအား စက်ယန္တယားများဖြင့် ပြန်လည်တူးဖော်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့်မုတ္တမပင်လယ်ကွေ့ရှိ နုန်းမြေများ သဲသောင်ခုံများမြင့်တက်မှုကို ဖယ်ရှားပေးမည့် အစီအစဉ်ရှိ၊မရှိ သိရှိလိုကြောင်းမေးခွန်း ၊ တောင်သာမဲဆန္ဒနယ်မှ ဦးအောင်သောင်း၏ ပျက်စီးသွားသော အဆောက်အအုံနှင့်ရေပေးမြောင်းအား အရေးပေါ်ပြုပြင်ပေးရန် အစီအစဉ်ရှိ၊မရှိ သိရှိလိုကြောင်းမေးခွန်း စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအုန်းသန်းကဖြေကြားရာတွင်
ပထမမေးခွန်းနှင့်စပ်လျဉ်း၍တိမ်ကောနေသောချောင်းများနှင့်နုန်းတာတမံများတည်ဆောက်ပေးနိုင်ရန်အတွက်ပညာရှင်အဖွဲ့များစေလွှတ်၍ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း၊စစ်ဆေးတွေ့ရှိချက်အစီရင်ခံမှုအပေါ်မူတည်၍ သုံးစွဲရမည့် ဘဏ္ဍာငွေနှင့်ရရှိမည့်အကျိုးများကိုနှိုင်းယှဉ်ပြီး လူထုအတွက် အကျိုးအပြစ်များကို လေ့လာဖော်ထုတ်၍စီးပွားရေးအရတွက်ခြေကိုက်မည်ဆိုပါကပြည်ထောင်စုအစိုးရအဖွဲ့သို့ရန်ပုံငွေတင်ပြတောင်းခံပြီး ခွင့်ပြုရန်ပုံငွေရရှိပါက အကျိုးသက်ရောက်မှုရှိမည့် လုပ်ငန်းများအလိုက် ဦးစားပေးအစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ရေကြောင်းသွားလာမှုရှိသော အဓိက မြစ်ကြီးများတွင်သာလုပ်ငန်းလိုအပ်ချက်အရဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီးမြစ်ကြောင်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးအတွက်အသုံးပြုလျက်ရှိသော ချောင်းမြောင်းများ ရေစီးရေလာကောင်းမွန်ရေးနှင့် သက်ဆိုင်သော မုတ္တမပင်လယ်ကွေ့ရှိ နုန်းမြေများ၊ သဲသောင်ခုံများ မြင့်တက်မှုကို ဖယ်ရှားပေးရန်အစီအစဉ်မရှိပါကြောင်းဖြင့် ဖြေကြားသည်။
ဒုတိယမေးခွန်းနှင့်စပ်လျဉ်း၍ကျောဇီမြစ်ရေတင်ရေအားလျှပ်စစ်စီမံကိန်းတွင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးသွားသော အဆောက်အအုံနှင့် ရေပေးမြောင်းများကိုနွေသီးနှံ ရေပေးဝေမှုမထိခိုက်စေရန် ယာယီပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်၍ရေပေးဝေနိုင်ခဲ့ရာ သီးနှံပျက်စီးဆုံးရှုံး မှုမရှိခဲ့ကြောင်းနှင့် (၅-၇-၂၀၁၂)ရက်တွင် နွေစပါးရေပေးဝေမှုပြီးစီးခဲ့ပါကြောင်း၊ နွေသီးနှံရေပေးဝေမှု ပြီးစီးသည်နှင့် တစ်ပြိုင်တည်းပျက်စီးမှုကိုစတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ လက်တံ(၂)ဘယ်မြောင်း အရှည်ပေ(၁၅၅၀)ပြင်ဆင်ခြင်းလုပ်ငန်းခွင်သို့ ဌာနပိုင်စက်ယန္တရားများဖြင့်(၆-၇-၂၀၁၂)ရက်တွင်စတင်ပြီး ရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်းများနှင့် မြေကြီးလုပ်ငန်းများကို ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ လက်တံ(၂)ဘယ်ရှိ ရေကျအဆောက်အအုံ(၃)လုံး ပြင်ဆင်ရန် ပစ္စည်းစုဆောင်းထားရှိပြီးတည်ဆောက်ရေးလုပ်ငန်းများကို ယခုလအတွင်း စတင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြင်ဆင်မှုလုပ်ငန်းများကို မိုးသီးနှံရေပေးဝေမှု မစတင်မီ ၂၀၁၂ခုနှစ် ဇူလိုင်လမကုန်မီ ပြီးစီးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ဖြေကြားသည်။
ထန်တလန်မဲဆန္ဒနယ်မှ ဒေါ်ဇာတလဲမ်း၏ ဟားခါးမြို့တွင် တက္ကသိုလ်ကျောင်း အမြန်ဆုံးဖွင့်ပေးမည့် အစီအစဉ်ရှိ၊မရှိ သိရှိလိုကြောင်း မေးခွန်း၊ ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးမြင့်စိုး၏ တက္ကသိုလ်များတွင် အဆင့်မှီသော ဘော်ဒါဆောင်များ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊မရှိ သိရှိလိုကြောင်း မေးခွန်းတို့နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး ဦးမြင့်ရွှေက ဖြေကြားရာတွင်-
ပထမမေးခွန်းနှင့်စပ်လျဉ်း၍ တက္ကသိုလ်/ဒီဂရီကောလိပ် တစ်ခုဖွင့်လှစ်နိုင်ရန်မြေနေရာ၊ အဆောက်အအုံ၊ သင်ကြားပို့ချမည့် ဆရာ ဆရာမများနှင့် ၀န်ထမ်းအင်အား၊သင်ထောက်ကူပစ္စည်းနှင့် ပရိဘောဂများ ဖြည့်ဆည်းပေးရန်လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အကြောင်းအကျိုးညီညွတ်သည့်အချိန်၌ ချင်းပြည်နယ်တွင် တက္ကသိုလ်/ဒီဂရီကောလိပ်ဖွင့်လှစ်ပေးသွားရန် စီစဉ်နိုင်မည်ဖြစ်ပါကြောင်းဖြင့်ဖြေကြားသည်။
ဒုတိယမေးခွန်းနှင့်စပ်လျဉ်း၍ ယခုအခါ တက္ကသိုလ်/ဒီဂရီကောလိပ်များတွင်တိုးတက်လာသည့် ကျောင်းသားဦးရေအရနိုင်ငံတော်၏ခွင့်ပြုရန်ပုံငွေပေါ်မူတည်၍စာသင်ဆောင်များကိုသာဦးစားပေးဆောက်လုပ်နေရပါသဖြင့် ကျောင်းဆောင်Hostels များဆောက်လုပ်ပေးရန်ကိစ္စနှင့်စပ်လျဉ်း၍ တစ်နိုင်ငံလုံး အတိုင်းအတာအရအခက်အခဲရှိသဖြင့် တက္ကသိုလ်အသီးသီးတွင် ဘွဲ့လွန်၊ ဘွဲ့ကြိုကျောင်းသား ကျောင်းသူများအတွက်ကျောင်းဆောင်Hostelsများကိုသင့်တော်သည့်ကာလတွင်ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ပါကြောင်းဖြင့် ဖြေကြားသည်။
ပလက်ဝမဲဆန္ဒနယ်မှ ဦးပိုက်လင်း၏ အခွန်ဦးစီးဌာနရုံးကို ပလက်ဝမြို့သို့ပြန်လည်ပြောင်းရွှေ့ပေးရန် အစီအစဉ်ရှိ၊မရှိ သိရှိလိုကြောင်း မေးခွန်း၊ အင်းစိန်မဲဆန္ဒနယ်မှ ဦးအေးမြင့်၏ကိုယ်စား ရန်ကင်းမဲဆန္ဒနယ်မှ ဦးသာဝင်းက အခွန်တံဆိပ်ခေါင်းများကို မည်သည့်အချိန်တွင်လုံလောက်စွာရောင်းချပေးနိုင်မည်ကို သိရှိလိုကြောင်း မေးခွန်းတို့နှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှထွန်းက ဖြေကြားရာတွင်
ပထမမေးခွန်းနှင့်စပ်လျဉ်း၍ ပလက်ဝမြို့နယ်တွင် အခွန်ထမ်းဦးရေနည်းပါးပြီးအခွန်ကောက်ခံရန် လျာထားချက်နည်းပါးခြင်း၊ဒေသစီးပွားရေးအခြေအနေအရကောက်ခံရရှိမည့်အခွန်ပမာဏနည်းပါးခြင်းတို့ ကြောင့် ယခင်အချိန်ကပင် မြို့နယ်အခွန်ဦးစီးမှူးရုံး မဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အတွက် အခွန်စီမံခန့်ခွဲမှုစရိတ်များ ကြီးလေးခြင်းမရှိစေရန် ပလက်ဝမြို့နယ်တွင် လောလောဆယ်အနေဖြင့်ရုံးသစ်ဖွင့်လှစ်ရန် အစီအစဉ်မရှိသေးပါကြောင်း၊ လက်ရှိဆောင်ရွက်နေသည့်အတိုင်း
ကျောက်တော်မြို့နယ်မှပူးတွဲကောက်ခံဆောင်ရွက်စေမည်ဖြစ်ပါကြောင်းနှင့်နောင်စီးပွားရေးဖွံ့ဖြိုးတိုးတက်လာ ပြီး အခွန်ထမ်းသစ်များ တိုးတက်လာသည့်အချိန်မှသာစီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ဖြေကြားသည်။
ဒုတိယမေးခွန်းနှင့်စပ်လျဉ်း၍ တံဆိပ်ခေါင်းခွန်နှုန်းထားများကို ခေတ်ကာလနှင့်လျော်ညီသော အခွန်နှုန်းထားများဖြစ်စေရန် ပြင်ဆင်သတ်မှတ်ခဲ့မှုများကြောင့်အခိုက်အတန့်အားဖြင့် တံဆိပ်ခေါင်းလိုအပ်မှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ သို့သော်လည်းနှုန်းထားသစ်ဖြင့်ကိုက်ညီစွာ ဖြန့်ဖြူးနိုင်ရန်အတွက် တံဆိပ်ခေါင်း အလုံအလောက်အချိန်မီရိုက်နှိပ်ပေးနိုင်ရေးလိုအပ်သည့် အမှာစာများကို သက်ဆိုင်ရာရုံးနှင့် ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်သဖြင့်မကြာမီအခွန်ထမ်းပြည်သူများအတွက်လုံလောက်စွာနှင့်အဆင်ပြေစွာရောင်းချပေးသွားနိုင်မည်ဖြစ်ပါကြောင်း၊ စာပို့ခေါင်းတံဆိပ်များနှင့်ပတ်သက်ပြီး ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် စာပို့တံဆိပ်ခေါင်းများကို သတ်မှတ်ဈေးနှုန်းအတိုင်း လွတ်လပ်စွာ အကန့်အသတ်မရှိ ရောင်းချပေးလျက်ရှိပါကြောင်းဖြင့် ဖြေကြားသည်။
အဆိုတင်သွင်းခြင်းကဏ္ဍ ၌ ဆောမဲဆန္ဒနယ်မှ ဦးဌေးမောင်၏ မြို့နယ်အဆင့်များကို မည်သည့်နှစ်တွင် မြို့ချင်းဆက်လမ်းကောင်းမွန်စေရမည်၊ မည်သည့်နှစ်တွင် လျှပ်စစ်ဓာတ်အားရရှိစေရမည် စသည်ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စီမံချက်ချမှတ်ဆောင်ရွက်ရေး အဆိုနှင့်စပ်လျဉ်း၍ ဖာပွန်မဲဆန္ဒနယ်မှ ဦးစိုင်းသန်းနိုင်၊ မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်း၊ ဖောင်းပြင်မဲဆန္ဒနယ်မှ ဦးမောင်ဦး၊ မိုင်းရယ် မဲဆန္ဒနယ်မှဦးစိုင်းသီဟကျော်(ခ)ဦးစိုင်းဟပ်၊မြေပုံမဲဆန္ဒနယ်မှဦးဖေသန်း၊ထီးလင်းမဲဆန္ဒနယ်မှဦးခင်မောင်ဌေးတို့က ထောက်ခံဆွေးနွေးကြရာတွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှု၊ လျှပ်စစ်ရရှိမှု အကျိုးသည် သယ်ယူပို့ဆောင်မှုကို မြန်ဆန်စေပြီး ကုန်ထုတ်လုပ်မှုကိုမြင့်မားစေသည့်အတွက် စီးပွားရေးကို တိုးတက်ကောင်းမွန်စေပါကြောင်း၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အဘက်ဘက်ကိုလည်း တိုးတက်စေရန်အထောက်အကူဖြစ်စေပါကြောင်း၊ ပညာတတ်ပေါများသော ဒေသများကို လေ့လာကြည့်မည်ဆိုပါကဖွံ့ဖြိုးတိုးတက်မှုရှိခြင်း၊ စီးပွားရေးကောင်းမွန်ခြင်း၊ လျှပ်စစ်မီးရရှိခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်းဆိုသည့်အခြေခံကောင်းများကိုတွေ့ရှိရပါကြောင်း၊လျှပ်စစ်မီးမရသည့် ဒေသများထက်လျှပ်စစ်မီးရရှိသည့်ဒေသများကလူနေမှုအဆင့်အတန်းမြင့်မားနေသည်ကိုလေ့လာတွေ့ရှိရသည့်အတွက် နိုင်ငံတော်သစ်တည်ဆောက်နေသော အစိုးရအနေဖြင့် တစ်နိုင်ငံလုံး ညီညီမျှမျှဖွံ့ဖြိုးတိုးတက်စေရန် အခြားသောကဏ္ဍများထက် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အား အလုံအလောက် ဖြန့်ဖြူးနိုင်ရေးကို ဦးစားပေးမူဝါဒရေးဆွဲချမှတ်ပြီး ဆောင်ရွက်ပေးသင့်ပါကြောင်းဖြင့် ထောက်ခံဆွေးနွေးကြသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးကပြန်လည်ရှင်းလင်းဆွေးနွေးရာတွင်ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့်နှစ်ရှည်စီမံကိန်းရည်မှန်းချက်များအရ ခရိုင်ချင်းဆက်လမ်းများ၊ မြို့ချင်းဆက်လမ်းများ၊ ကျေးရွာချင်းဆက်လမ်းများကို ဆက်သွယ်သွားလာနိုင်သောလမ်းအဆင့်မှအဆင့်ဆင့်မြှင့်တင်ဆောင်ရွက်သွားရန်စီမံကိန်းချမှတ်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ခရိုင်(၆၉)ခရိုင်ကို ခရိုင်ချင်းဆက်လမ်းများ၊ မြို့နယ်ပေါင်း (၃၃၀)နှင့် မြို့နယ်ခွဲ(၈၃)ခုတို့ကို ကွန်ရက်သဖွယ်ကူးလူးဆက်သွယ်သော လမ်းတံတားများ တည်ဆောက်ပေးလျက်ရှိပါကြောင်း။
အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် မြန်မာနိုင်ငံအတွင်း နှစ်စဉ်တိုးချဲ့ထုတ်လုပ်လာနိုင်သော လျှပ်စစ်ဓာတ်အားများပေါ်မူတည်၍ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားတိုးချဲ့ဖြန့်ဖြူးပေးနိုင်ရန် စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ထိုသို့ဆောင်ရွက်ရာတွင်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်ဓာတ်အားပို့လွှတ်သည့်မဟာဓာတ်အားလိုင်းကြီးများ၊ ပင်မဓာတ်အားခွဲစက်ရုံများ၊ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများ၊ ဓာတ်အားခွဲရုံများကို နိုင်ငံတစ်ဝန်းတည်ဆောက်ပြီး ဓာတ်အားပို့လွှတ်ခြင်းလုပ်ငန်းများကို နှစ်တို/နှစ်ရှည် စီမံကိန်းများချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ရှင်းလင်းဖြေကြားသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ဆန္ဒရယူရာ ထောက်ခံသူများသည့်အတွက် အဆိုအတည်ဖြစ်ကြောင်း ဆုံးဖြတ်သည်။
အဆိုတင်သွင်းခြင်းကဏ္ဍ ၌တောင်ဥက္ကလာမဲဆန္ဒနယ်မှ ဦးအောင်သိန်းလင်း၏ တောင်သူလယ်သမားများ အများဆုံးကြုံတွေ့နေရသည့် မြွေကိုက်ခံရခြင်းအတွက် လိုအပ်သည့် မြွေဆိပ်ဖြေဆေး များကို နိုင်ငံပိုင်ဆေးဝါးထုတ်လုပ်ရေးစက်ရုံမှ လုံလောက်စွာထုတ်လုပ်ဖြန့်ဖြူးပေးရန် အဆိုကိုတင်သွင်းသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်က လက်ခံဆွေးနွေးရန်ဆုံးဖြတ်သည့်အတွက် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ယနေ့ ညနေပိုင်းတွင် အမည်စာရင်းပေးပို့ကြရန်ဖြစ်ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးသိန်းညွန့်၏ မကြာခင်ကဖြစ်ပေါ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးရှိ စက်ရုံ၊ အလုပ်ရုံ တချို့အပါအ၀င် အလုပ်သမားများ၏ လုပ်ငန်းခွင်ဆိုင်ရာ ဆန္ဒဖော်ထုတ်မှုနှင့်ပက်သက်၍ ဖြစ်ပွားရသောလက်ငင်းအကြောင်းအရင်းနှင့်အရင်းခံအကြောင်းအရင်းများကိုလေ့လာပြီးနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုမထိခိုက်စေဘဲ အဖြေရှာရန်အတွက် အများကြည်ညိုလေးစားပြီး ယုံကြည်လောက်သောပုဂ္ဂိုလ်များပါဝင်သည့် အလုပ်သမားဆန္ဒဖော်ထုတ်မှုများနှင့်ပက်သက်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ဖွဲ့စည်းရန် ပြည်ထောင်စုအစိုးရအား ဤလွှတ်တော်မှတိုက်တွန်းကြောင်းအဆိုကို တင်သွင်းသည်။
ယင်းအဆိုနှင့်ပတ်သက်၍ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်သည်။
ဥပဒေကြမ်းတင်သွင်းသည့်ကဏ္ဍ ၌ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီက တင်သွင်းခဲ့သော ၂၀၁၂ အခြေခံပညာရေးဥပဒေကြမ်း စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုတင်သွင်းထားသည့် တစ်ပိုဒ်ချင်းစီအလိုက်ဥပဒေကြမ်းကော်မတီနှင့်ပြင်ဆင်ချက်အဆိုတင်သွင်းထားသည့်လွှတ်တော်ကိုယ်စားလှယ်များကဆွေးနွေးခြင်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးကြူက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ကြပြီး လွှတ်တော်၏အဆုံးအဖြတ်ရယူသည်။
ကျန်ရှိသည့် ပြင်ဆင်ချက်အဆိုများအား တစ်ပိုဒ်ချင်းစီအလိုက် ဆက်လက်ဆွေးနွေးဆုံးဖြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အစည်းအဝေး၌ မေးခွန်း(၈)ခုမေးမြန်းဖြေကြားခြင်း၊ အဆို(၁)ခု ဆွေးနွေးခြင်း၊အဆိုအသစ်(၂)ခု တင်သွင်းခြင်းနှင့် ဥပဒေကြမ်း(၁)ခု အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။
ယနေ့အစည်းအဝေးကို ညနေ ၃ နာရီ မိနစ် ၅၀ တွင်ရပ်နားပြီး အစည်းအဝေးသတ္တမနေ့ကို ဇူလိုင် ၁၂ ရက် နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်သည်။ (သတင်းစဉ်)်

မြန်မာနိုင်ငံသားများသိစေရန်နှင့် သုတေသနသမားများအတွက် စုစည်းတင်ပြလိုက်ပါသည်။(Weekly Eleven မှကူးယူဖော်ပြပါသည်)


နိုင်ငံသားများကဏ္ဍအလိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ(ကျပ် သန်း)
လုပ်ငန်းအမျိုးအစား
၂၁.၅.၂၀၁၂ထိမြှုပ်နှံမှု
၉.၇.၂၀၁၂ထိမြှပ်နှံမှု

အရေအတွက်
ပမာဏ
အရေအတွက်
ပမာဏ
ဆောက်လုပ်ရေး
၅၂
၆၃၂၃၀၈.၉၃
၅၂
၆၃၃၈၆၅.၃၃
စွမ်းအင်
၂၄၁၈၆၃.၂၄
၂၄၆၂၃၂.၅၀
ကုန်ထုတ်လုပ်မှု
၅၈၂
၄၅၂၈၄၂.၄၆
၅၈၈
၄၃၀၆၃၁.၇၄
အခြား
၁၇
၁၄၄၁၅၀.၉၆
၁၇
၁၄၄၁၅၀.၁၆
အိမ်ခြံမြေ
၃၁
၃၅၀၈၁.၉၆
၃၁
၃၅၀၈၁.၉၆
သယ်ယူပို့ဆောင်ရေး
၁၈
၇၁၉၃၇.၆၂
၁၈
၇၁၉၃၇.၆၂
ရေထွက်ကုန်
၅၆
၀၅၃၅၃.၀၀
၅၆
၁၅၃၅၃.၀၀
သတ္ထုတူးဖော်ရေး
၅၁
၁၁၀၀၇.၉၂
၅၁
၁၁၀၀၇.၉၂
ဟိုတယ်နှင့်ခရီးသွားလာရေး
၂၃
၅၄၂၃၆.၅၃
၂၃
၅၄၂၃၆.၅၃
စက်မှု
၁၀၁၂.၇၉
၁၀၁၂.၇၉
လယ်ယာစိုက်ပျိုးရေး
၅၄၇.၉၀
၅၄၇.၉၀
စုစုပေါင်း
၈၄၂
၁၆၆၀၃၄၂.၅၁
၈၄၉
၁၇၀၄၀၅၇.၄၅

Recent Activities of life