အသစ်တက်လာသော
နိုင်ငံတော် ဒုတိယသမ္မတ အတွက် အကြံပြုချက်
လွှတ်တော်ကျင်ပသည်မှာတစ်လခွဲနီးပါးရှိခဲ့ပြီ။ လွှတ်တော်စတင်ကျင်းပသော
ပထမဆုံးနေ့တွင် နိုင်ငံတော်သမ္မတက လွှတ်တော်သို့ လစ်လပ်သွားသော နိုင်ငံတော်ဒုတိယသမ္မတကို
ပြန်လည်ရွေးချယ်ပေး ရန်အကြောင်းကြားစာပို့သည်။
ထိုစဉ်ကတည်းက ဒုတိယသမ္မတ မည်သူဖြစ်မည်ကို ပြည်သူများအနေဖြင့်
မျှော်လင့်လျက်ရှိသည်။ နိုင်ငံအရေးအခင်အကျင်းသစ်ကို စတင်ပြောင်းလဲလာပြီးတစ်နှစ်ကျော်ကာလအတွင်
ပြည်သူများ နိုင်ငံရေးရာ အပေါ်ဂရုပြုမိခြင်း(Political Awareness)ရှိလာသည်ကိုတွေ့မြင်ရမည်ဖြစ်သည်။
ပြည်သူများတစ်လကျော်စောင့်မျှော်လာခဲ့သည်ဒုတိယသမ္မတအဖြစ် ကာကွယ်ရေးဦးစီချုပ်
ဗိုလ်ချုပ်ကြီးဥာဏ်ထွန်းကို ခန့်အပ်သည်ကိုသိရသည်။ နိုင်ငံတော်အစိုးရအဖွဲ့ရာထူးများတွင်
ဒုတိယသမ္မတ ရာထူးသည်အရေးပါသောရာထူးတစ်ခုဖြစ်ပေသည်။
ထို့ကြောင့် တက်လာသောဒုတိယသမ္မတ၏ သဘောထားနှင့်လွှမ်းမိုးမှု မည်၍မည်မျှရှိမည်ကို
ကျွန်တော်တို့ စောင့်ကြည့်ရပေလိမ့်မည်။
နိုင်ငံတော်အကြီးအကဲ သမ္မတဦးသိန်းစိန်သည် တပ်မတော်မှအရပ်သားအစိုးရသို့ပြောင်းလဲ
တာဝန်ယူသည်လမ်းကြောင်းကို ဦးတည်ဆောင်ရွက်လျက်ရှိရာ ဒုတိယသမ္မတအဖြစ်ရွေးချယ်ခံရသော ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းအနေဖြင့် မည်မျှအထိ လက်တွဲလုပ်ဆောင်နိုင်မည်
ကူညီပံ့ပိုးနိုင်မည်မှာမူစဉ်းစားစရာ တစ်ခုဖြစ်သလို ဤအချက်ကိုလည်းကျွန်တော်တို့ စောင့်ကြည့်ရမ်သာဖြစ်သည်။
စစ်အာဏာမှ ဖြေလျှော့ခြင်း(Liberalisation) မှ စတင်အသွင်ကူးပြောင်းလာသောအဆင့်
(Transitional) ကာလအတွင်း နိုင်ငံတော်တွင်ပြုပြင်ပြောင်းလဲမှုများလုပ်ကိုင်လာသည်။ အဆိုပါကာလအတွင်း
ခြိမ်းခြောက်မှုများကို အခွင့်အလမ်းအဖြစ်ပြောင်းခဲ့သည့်ဖြစ်စဉ်များရှိခဲ့သည်။ နိုင်ငံတကာမှ
အားပေးထောက်ခံ မှုများကိုရရှိခဲ့သည်။
ထို့အတူ တစ်ဖက်တွင် ဖြေရှင်းရမည့်ပြဿနာများလည်းရှိနေသည်။ လွတ်လပ်ရေးနှင့်အတူတွဲပါလာ
သည့် ပြည်တွင်းစစ်မီးကို အပြီးတိုင်ငြိမ်းသက်ဖို့ကြိုးစားနေရသည့်ကာလဖြစ်သည်။
ထို့ပြင် မကြာသေးမီဇွန်လကဖြစ်ပေါ်ခဲ့သော အတွင်းအောင်းနေရာမှ ပေါ်လာသည့်
ရခိုင်ဒေသ ပဋိပက္ခ ကလည်းရှိနေသည် ။အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတကာမှ လူ့အခွင့်အရေးချိုးဖောက်မှုများဟု
ကင်မွန်းတပ်သည်များရှိသည်။ အဆိုပါကိစ္စကပင် မြန်မာနိုင်ငံ၏ ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်အပေါ်
သံသယပွားမှုများကိုပင်ဖန်တီးပေးခဲ့သည်။ အစိုးရအနေဖြင့် ရိုဟင်ဂျာကိစ္စသည် ကိုင်တွယ်ရခက်ခဲသော
ပြဿနာ တစ်ခု အနေဖြင့် လိပ်ခဲတည်းလဲ ဖြစ်နေဆဲပင် ဖြစ်သည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ရော ဒုတိယသမ္မတသစ်အနေဖြင့်မည်သို့သဘောထားသနည်း
ဆိုသည်မှာ လည်းစဉ်းစားစရာ တစ်ခုပင်ဖြစ်သည်။
မည်သို့သောဗျူဟာ၊ မည်သို့သောအတွေးအခေါ်များရှိပြီး မြန်မာနိုင်ငံ၏
နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ် တွင်မည်သို့ပါဝင် ကစားမည်ဆိုသည်ကလည်း ပြည်သူများနှင့်
နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စဉ်းစားရမည့်ကိစ္စဖြစ်သည်။
မြန်မာနိုင်ငံ၏ ဖွဲ့စ်းအုပ်ချုပ်ပုံအရ နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာနှင့်
ဥပဒေပြုရေးအာဏာ တို့တွင် တပ်မတော်၏ ပါဝင်ပတ်သက်မှုများရှိနေသည်ဖြစ်ရာ တပ်မတော်နှင့်
အရပ်ဖက်အစိုးရမည်မျှလက်တွဲနိုင်မည်၊ အတိုက်အခံပါတီနှင့် တပ်မတော်မည်သို့သဘောထားရှိမည်ကလည်းစဉ်းစားစရာတစ်ခုပင်ဖြစ်သည်။
ဤကဲ့သို့နိုင်ငံတကာနှင့် ပြည်သူတို့ကြားတွင်ဖြစ်ပေါ်နေသော ပဟေဠိသဖွယ်ဖြစ်ပေါ်နေသော
သံသယများ ကို ဖြေရှင်းပေးနိုင်မည့်သူမှာမည်သူဖြစ်မည်နည်း။
တစ်ဦးတည်းသားရှိသည်။ထိုသူကားအခြားသူမဟုတ် ဒုတိယသမ္မသစ်ကိုယ်တိုင်ပင်ဖြစ်တော့သည်။
ဒု-တစ်ယောက်အနေဖြင့် သူ့ကို
ရွေးချယ်ပေးလိုက်သည့် တပ်မတော်သားများ ဘက်ကလိုက်မည်လား။ ဒီမို က ရေစီ အလှည့်အပြောင်းကို
လက်ရှိအစိုးရနှင့်အတူဝင်ရွှေ့နိုင်မည်လား။
ကျွန်တော်အနေဖြင့်ပြောရလျှင် လက်ရှိ ဦးသိန်းစိန် အစိုးရ၏ နိုင်ငံရေးပြုပြင်
ပြောင်းလဲရေး ခြေလှမ်းများက သွက်လက်လှသည်။ သို့ကြောင့်လည်း နိုင်ငံတကာမှ လက်ရှိအစိုးရကို
လိုလားမှုရှိခဲ့သည်။ မြန်မာပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်ကို အကောင်းမြင်အားပေးမှုရှိခဲ့သည်။
ထိုသို့ဖြစ်ခဲ့သည်မှာလည်း အစိုးရ အနေဖြင့် နှစ်ဦးနှစ်ဖက် ပြေလည်စေသည့် အခြေအနေသို့ရောက်အောင်ညှိယူုနိုင်ခဲ့ခြင်း
(သမ္မတဦးသိန်းစိန်သည် အဓိက (Main) ဖြစ်သောဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ဒီမိုကရေစီ
အင် အားစုများနှင့် လက်တွဲနိုင်ခဲ့ခြင်း) ၊ဆန့်ကျင်ဘက်အင်အားစုများနှင့်ငြိမ်းချမ်းရေးတည်ဆောက်ခြင်းများ
ပြုလုပ်ခြင်းများပြုလုပ်ခဲ့ခြင်းဖြစ်သောကြောင့် သမ္မသစ်အနေဖြင့် မြန်မာ့နိုင်ငံရေးဖြစ်စဉ်ဖြောင့်ဖြူးစေရေး
အတွက် အစိုးရနှင့်တစ်သားတည်းဖြစ်သင့်သည်ဟုမြင်သည်။
ထို့ပြင် အတိုက်အခံအင်အားစုများနှင့်လည်း တစ်သားတည်းဖြစ်စေဖို့
တွေ့ဆုံခြင်း၊ဆွေးနွေးခြင်းများ ပြုလုပ်သင့်သည်ဟုမြင်သည်။ အဘယ့်ကြောင့်ဆိုသော်အတိုက်အခံများဘက်ကလည်
လက်ရှိသမ္မတကြီးကို အယုံအကြည်အပြည့်အဝရှိသော်လည်း ဒုသမ္မတသစ်အတွက် မည်သို့ရှိမည်ကို မသိနိုင်သောကြောင့်ဖြစ်
သည်။
နောက်ကြောင်းပြန်လှည့်လိုသော သဘောထားရှိမရှိကို အဆိုပါလုပ်ဆောင်ချက်ကသူတို့ကို
ယုံကြည် မှုတည်ဆောက်ပေးနိုင်မည်ဖြစ်သည်။
ထို့ပြင်မြန်မာနိုင်ငံအတွက် အရေးကြီးဆုံးကိစ္စများကိုပါ ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါလိမ့်မည်။
မြန်မာနိုင်ငံအတွက်အရေးကြီးဆုံးမှာ Nation Building (အမျိုးသားသွေးစည်း ညီညွတ်မှုတည်ဆောက်ရေး)
ဖြစ်ပါသည်။ ထို့အတွက်ကြောင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တွင်ပါ
ပူးတွဲပါဝင်ဖို့ စတင်သင့်သည်ဟု ရှုမြင်မိသည်။
နိုင်ငံတော်၏ ထပ်တန်းတာဝန်ရှိသူသုံးဦးတွင်
တပ်မတော်သားကိုယ်စားလှယ် အုပ်စုမှ ရွေးချယ်လိုက်သော ဒုတိယသမ္မတလည်းပါဝင်သည်ဖြစ်ရာ တပ်မတော်နှင့်ပြည်သူကြား
သဘောထားအမြင် တစ်သားတည်းဖြစ်စေရေးအတွက် အစီအစဉ်သစ်များဆောင်ရွက်နိုင်၊မနိုင်ဆိုသည်မှာ
လည်း ဒု-၏ ဆုံးဖြတ်ဆောင်ရွက်ချက်အပေါ်မူတည်မည်ဖြစ်သည်။
နိုင်ငံတစ်နိုင်ရှိ အစိုးရတစ်ရပ်ဟူသည် သမ္မတကြီးတစ်ဦးတည်းနှင့်လည်းအစိုးရဟုပြော၍မရသလို
ဝန်ကြီးတစ် ဦးတစ်ယောက်တည်နှင့်လည်း အစိုးရဟုမမည်ဘဲ သ္မတအပါအဝင် ဒုသမ္မတများ ၊ဝန်ကြီးများ
အပါအဝင်အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံးကိုပေါင်းစည်းပြီးမှ အစိုးရဟုဆိုနိုင်မည်ဖြစ်ရာ
ပါဝင်သူအားလုံးမပါဝင်ဘဲနှင့် ကောင်းမွန်သောအုပ်ချုပ် ရေးအတွက် မူဝါဒကောင်းများ ချမှတ်နိုင်မည်မဟုတ်သလို
ဒီမိုကရေးစီ၏ တန်ဖိုးများဖြစ်သော လွတ်လပ်ခွင့်၊တန်းတူညီ မျှမှုများကို ဖော်ဆောင်ပေးနိုင်မည်မဟုတ်ပေ။သို့ဖြစ်သောကြောင့်
တပ်မတော်မှ ရွေးချယ်တင်မြှောက်လိုက်သော်လည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးခရီးရှည်ကြီးတွင်
တက်ညီလက်ညီ ဝင်ရောက်ဆောင်ရွက်နိုင်ရေးသည် ပိုမိုအရေးကြီး ဆုံးဖြစ်သည်။
သေချာစွာပြောနိုင်သည်ကတော့ ပြည်သူတွေရော၊ နိုင်ငံတကာအသိုင်းအဝိုင်ကရော၊
အတိုက်အခံများ၊ လူမျိုးစုများကြားတွင်ပါ ဒုသမ္မတအပေါ်ထားရှိသော သဘောထားမှာ ယုံကြည်မှုတည်ဆောက်ရန်
လိုအပ်နေသေး သည်ဖြစ်ရာ ယုံကြည်မှုတည်ဆောက်ရေး အတွက်စတင်လုပ်ကိုင်သင့်နေပြီ။အနှုတ်လက္ခဏာ
ဒုသမ္မတအနေဖြင့် လက်ရှိအစိုးရနှင့် မူဝါဒမတူလျှင်၊ အတိုက်အခံအဖွဲ့အစည်းများနှင့်လက်မတွဲနိုင်လျှင်၊
ဒီမိုကရေစီ တန်ဖိုးများကို ဂရုမပြုလျှင် တိုင်းပြည်၏ ပြုပြင်ပြောင်းလဲရေးတွင်အဟန့်အတားဖြစ်နိုင်သည်။
ထိုသို့မဟုတ်ဘဲလက်ရှိအစိုးရနှင့်တစ်သားဖြစ်ခဲ့လျှင်၊
အတိုက်အခံအဖွဲ့အစည်းများနှင့် ယုံကြည်မှု တည်ဆောက် ကာ လက်တွဲနိုင်ပြီး ဒီမိုကရေစီတန်ဖိုးများကို
အလေးထားဆောင်ရွက်လျှင်၊ လက်ရှိရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖြေရှင်းရာ တွင်များစွာ
အထောက်အပံ့ဖြစ်နိုင်ပေလိမ့်မည်။
ထို့ကြောင့်
ဒုတိယသမ္မတသစ်တစ်ယောက်၏ အခန်းကဏ္ဍသည်လည်းအရေးကြီးသည်ဖြစ်ရာ မြန်မာနိုင်ငံရေး ဖြစ်စဉ်အပေါ်
မည်သို့သက်ရောက်မည်ဆိုသည်မှာ စောင့်ကြည့်ရဦးမည်သာဖြစ်ပြီး မည်သို့ဆောင်ရွက်မည်ဆိုသည်မှာမူ
ကာယကံရှင်နှင့်သာ သက်ဆိုင်လိမ့်မည်ဖြစ်ကြောင်း နိုင်ငံသားတစ်ယောက်၏ ရှုထောင့်မှတင်ပြလိုက်ရပေသည်။

No comments:
Post a Comment