Wednesday, August 28, 2013
ဒီမိုကရေစီနိုင်ငံသစ်နှင့် စိန်ခေါ်ချက်အသစ်များ
အာရှတိုက် အရှေ့တောင်းပိုင်းက အရှေ့တောင်အာရှ မိသားစုဝင် နိုင်ငံတစ်ခု ဖြစ်သောမြန်မာနိုင်ငံ သည် ကြာရှည်လှသော ပြည်တွင်းစစ်ကြောင့် နာမည်ကြီး သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အဆို ပါ နိုင်ငံသည် ၂၁ရာစု၏ ထင်ရှားကျော်ကြားလှသော အာဏာရှင် ခေါင်းဆောင်ကြီး တစ်ဦးဖြစ်သည့် ဗိုလ်ချုပ် မှူးကြး သန်းရွှေလက်အောက်တွင် တိုင်းသူ ပြည်သားများ လွတ်လပ်မှုနှင့် အခွင့်အရေး အမျိုးမျိုးတို့ ဆုံးရှုံးချိုးဖောက်ခံခဲ့ရသည်။
၂၀၀၈ခုနှစ်တွင် အာဏာရှင်ကြီးကိုယ်တိုင် ဦးဆောင်ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို အတည်ပြု
ဆက်ရန်
Quote of the Week
နှင်းခဲပျော်ချိန်မှာ အချမ်းပြေလိုပြေငြား မီးရှို့နေကြတာ နွေဦးရောက်ရင် အကာအကွယ် အရိပ်မရှိဖြစ်နေလိမ့်မယ်။ နိုင်ငံရေးသမားဆရာတို့ သတိပြုကြပါ။
********************************************************************************
If you want to democracy and peace, you must be tolerance for diversities and human rights. The National Identity that without diversity, cannot be suitable with sustainable democracy. Sustainability means that consider the future generation.
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကိုလိုလားပါက သင့်အနေဖြင့် မတူညီကွဲပြားမှုများအား မိမိနှင့် မတူသော်လည်း လက်ခံပေးနိုင်ရမည်။ မတူကွဲပြားမှုများမပါသည့် အမျိုးသား စရိုက်လက္ခဏာသည် ရေရှည်တည်တံ့ခိုင်မြဲသော ဒီမိုကရေစီနှင့် ဆီလျော်မှုမရှိပါ။ ရေရှည်တည်တံ့ ခိုင်မြဲမှုဟူသည် နောက်မျိုးဆက်များအတွက် စဉ်းစားပေးမှု ဖြစ်သည်။
********************************************************************************
If you love Myanmar, you need to be conflict resolution practice.
********************************************************************************
တိုင်းပြည်၏ ရေရှည်တည်တံ့ခိုင်မြဲမှုကို လိုလားပါက Education and Economic Institution များကို မည်သည့်အခါမျှ လက်လွတ်စပယ် မလုပ်သင့်ပါ။
********************************************************************************
********************************************************************************
If you want to democracy and peace, you must be tolerance for diversities and human rights. The National Identity that without diversity, cannot be suitable with sustainable democracy. Sustainability means that consider the future generation.
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကိုလိုလားပါက သင့်အနေဖြင့် မတူညီကွဲပြားမှုများအား မိမိနှင့် မတူသော်လည်း လက်ခံပေးနိုင်ရမည်။ မတူကွဲပြားမှုများမပါသည့် အမျိုးသား စရိုက်လက္ခဏာသည် ရေရှည်တည်တံ့ခိုင်မြဲသော ဒီမိုကရေစီနှင့် ဆီလျော်မှုမရှိပါ။ ရေရှည်တည်တံ့ ခိုင်မြဲမှုဟူသည် နောက်မျိုးဆက်များအတွက် စဉ်းစားပေးမှု ဖြစ်သည်။
********************************************************************************
If you love Myanmar, you need to be conflict resolution practice.
********************************************************************************
တိုင်းပြည်၏ ရေရှည်တည်တံ့ခိုင်မြဲမှုကို လိုလားပါက Education and Economic Institution များကို မည်သည့်အခါမျှ လက်လွတ်စပယ် မလုပ်သင့်ပါ။
********************************************************************************
Thursday, August 15, 2013
ကျွန်ုပ်တို့၏ တာဝန် ၊ ကျွန်ုပ်တို့ ဝတ္တရား
ဖော်ပြပါဆောင်းပါးသည် Online သတင်းမီဒီယာ တစ်ခုတွင် ဖော်ပြခြင်းခံရသော ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။
အားပေးမှုကို ကျေးဇူးတင်ပါသည်။
နိုင်မော်
ကျွန်တော်တို့
နှစ်ပေါင်းများစွာ အနစ်နာခံခဲ့ကြသည်၊ ကိုယ်ကျိုးစီးပွားကို စွန့်လွှတ်၍ ယုံကြည်ချက်ဖြင့်
နိုင်ငံရေး လုပ်ခဲ့ကြသည်။ ထိုသို့အနစ်နာ ခံနိုင်ခဲ့သည့် အရာများ ယနေ့တွင် ပင်ပန်းရကြိုး
နပ်ခဲ့ပြီ။ ကျွန်တော်တို့ လိုလားတောင့်တနေသော ဒီမိုကရေစီကို ကျွန်တော်တို့ကိုယ်တိုင်
ပုံဖော်ဖို့အခွင့်အရေးရရှိခဲ့သည်။ ဒီမိုကရေစီ ၏ အနှစ်သာရဖြစ်သော လွတ်လပ်စွာပြောဆိုခွင့်
လွတ်လပ်စွာရေးသားပိုင်ခွင့် လွတ်လပ်စွာဖွဲ့စည်းခွင့် လွတ် လပ်စွာ စည်း ရုံး လှုံ့ဆော်ခွင့်များ
ရရှိခဲ့ပြီ။ ယနေ့အချိန်အခါသည် ပြည်သူတို့၏ အကျိုးအတွက် ကိုယ်စွမ်း ဥာဏ် စွမ်းရှိသမျှ
ပညာရေး၊ ကျန်းမာရေး၊ အစရှိသည့် နိုင်ငံတည်ဆောက်ရေး အခန်းကဏ္ဍများကို အပြည့်အဝ ဆောင်ရွက်နိုင်သည့် အခါသမယလည်း ဖြစ်သည်။
မြန်မာနိုင်ငံသည် ယနေ့အချိန်မှ အားနည်းနေသော အခြေ အနေများကို ပြန်လည် အားဖြည့်နေရသည့်
အချိန်လည်းဖြစ်သည်။ နှစ်ကာလကြာရှည်စွာ ရှိနေခဲ့ပြီ ဖြစ် သော တိုင်းရင်းသားများအကြား
ဖြစ်ပွားနေသော ပဋိပက္ခများကို ပြန်လည်ဖြေရှင်းနေရသော အချိန်ကာလလည်း ဖြစ်ပါသည်။ တစ်ဖက်က
ထိုသို့သော ရှိနေသော ပြဿနာများကို ပြန်လည်ဖြေရှင်းရင်း တစ်ဖက်က လည်း ယခင့်ယခင်က ရှိနေခဲ့သော
စီမံခန့်ခွဲမှု နည်းလမ်းအလွဲအမှား ချို့ယွင်းချက်များကို ပြင်ဆင်ဆောင်ရွက် နေ သည်ကို
တွေ့မြင်နေကြပြီဖြစ်ပါသည်။ ထိုသို့သော အခြေအနေတွင် ကျွန်တော်တို့သည် ခေါင်းဆောင်များ
၏ ဦးဆောင်မှုအောက်တွင် တိုင်းပြည်အကျိုး၊ ပြည်သူများ၏ အကျိုးစီးပွားအတွက် မိမိတို့
ကျွမ်းကျင်ရာ ပိုင်နိုင်ရာ ဖြင့်ဆောင်ရွက်သင့်သော အချိန်ကာလဖြစ်ပြီး အနာဂတ်အလင်းရောင်ခြည်များကို
ဖျက်လိုဖျက်ဆီး လုပ်လိုမှုများကို ရှောင်ကြဉ်သင့်ပြီ ဖြစ်ပါသည်။
ကျွန်တော်တို့နိုင်ငံသည်
ဖိနှိပ်မှုများ၊ ဒီမိုကရေစီ မကျမှုများ ရှိခဲ့သည်မှာလည်း အမှန်ဖြစ်သည်။ ထို့အတွက် ကြောင့်လည်း
ယနေ့အချိန်တွင် ဒီမိုကရေစီမရှိသော အခြေအနေမှ ဒီမိုကရေစီ အသက်ဝင်လာသော အခြေအနေကို သက်ဆိုင်သူများက
ကြိုးပမ်းဖော်ဆောင်နေကြခြင်းလည်း ဖြစ်ပါသည်။
အခြားနိုင်ငံများ၏
ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အတွေ့အကြုံများအရ အသွင်ကူးပြောင်းစ အဦးပိုင်း အချိန်များတွင်
သက်ဆိုင်သူများအသီးသီးတို့သည် မိမိတို့၏ ပြဿနာအထုပ်ကို
ဖြေချဖြေရှင်းလေ့ရှိသည့် အချိန် လည်း ဖြစ်သည်။ အကူးပြောင်းစ ကာလဖြစ်သည့် အတွက် ပြည်သူများ၏
လိုအပ်ချက်များ အားလုံး ပြဿနာ များအားလုံး ကို အစိုးရများ၊ နိုင်ငံရေး အင်အားစုများ
အနေဖြင့် အလုံးစုံပြေလည် အောင်ဖြေရှင်းနိုင် လိမ့်မည်ဟုလည်း ထင်မှတ်ပြီး အမြော်အမြင်မဲ့
လုပ်ဆောင်နေခြင်းမျိုးလည်း မဖြစ်သင့်ပါ။
ဒီမိုကရေစီရပြီဟူ၍
မိမိတို့အခွင့်အရေး ရသမျှယူမည်၊ မိမိတို့တာဝန်ကျေပြီ ၊တစ်သက်လုံးငုံ့နေရသမျှ ယခုမှ
စ၍ မည်သို့သော အရာကိုမျှ လက်မခံဟူသည့် မျက်ကန်းတစေမကြောက်သည့် သဘောထားမျိုးလည်း မဖြစ်သင့်ပါ။
မြန်မာနိုင်ငံကဲ့သို့သော
လူမျိုးစုများ၊ ဘာသာတရားများ မတူကွဲပြားမှုများစွာရှိနေသော အရောင်အသွေး မျိုးစုံဖြင့်
ထုံမွှမ်းအပ်သော နိုင်ငံမျိုးတွင် ယဉ်ကျေးမှု၊ တန်ဖိုးထားမှုများစုံလင်လှသည်။ ထိုသို့စုံလင်လှသည့်
အားလျော် စွာ လူမှုစနစ်ရှုပ်ထွေးသည် နှင့်အမျှ ယဉ်ကျေးမှုများ တစ်ခုနှင့်တစ်ခု တွန်းတိုက်မိ
တတ်သည့် အနေအထားမျိုးလည်း ဖြစ်လေ့ဖြစ်ထ ရှိတတ်ပါသည်။ သို့သော်လည်း ထိုသို့သော မတူ ကွဲပြားမှုမျိုးကို
ဂုဏ်မယူနိုင်ဘဲ ငါနှင့်မတူ ငါ့ရန်သူ၊ ငါနှင့်မတူသူမှန်သမျှ မရှိစေရဟူသော သဘောထားမျိုးဖြင့်
တို့ဖြင့် မတူညီမှုများကို ဆန့်ကျင်ခြင်းလည်း မဖြစ်သင့်ပေ။ ကျွန်တော်တို့ နိုင်ငံသားများသည်
တစ်ယောက်နှင့် တစ်ယောက် မတူညီကွဲပြားမှုများကို ဖယ်ရှားကာ တွဲဖက်နေထိုင် ကြသည်။ ဒေသအတွင်း
နှစ်ပေါင်းများစွာ က တည်းက အခြေချနေထိုင်သော အခြားသော အနွယ်ဝင် မြန်မာနိုင်ငံ သားများသည်လည်း
တိုင်းရင်းသား နိုင်ငံ သားများ နှင့်အတူ ယှဉ်တွဲနေထိုင်ခဲ့ကြသည်။ အဆိုပါ အခြေအနေများသည်
နှစ်လိုဖွယ်ကောင်းလှပြီး မတူကွဲပြားမှုတို့၏ တန်ဖိုးကို မီးမောင်းထိုးပြလျက်ရှိသည်မှာ
မြန်မာနိုင်ငံသား တစ်ဦးချင်း အနေဖြင့် ဂုဏ်ယူရမည့် အချက်ပင် ဖြစ်ပါသည်။
သို့ရာတွင်
လူသားများ ဖြစ်သောကြောင့် ပြဿနာများ ရှိတတ်သည်မှာ ဖြစ်လေ့ဖြစ်ထသဘော ရှိသည်ဖြစ်ရာ ဝိုင်းဝန်းဆွေးနွေး
အဖြေရှာကြရမည်သာ ဖြစ်သည်။ တစ်ဦးချင်းစီအနေဖြင့် မိမိတို့၏ အတ္တကို ရှေ့တန်းတင်၍ လက်စား
ခြေမှုများဖြင့် ဖြေရှင်းကြမည်ဆိုပါက ပြဿနာရပ်များသည် နှစ်ဦးနှစ်ယောက် ပြဿနာမှ နှစ်ဦးနှစ်ဖွဲ့
ပြဿနာ၊ နှစ်ဦးနှစ်ဖွဲ့မှတစ်ဆင့် လူမျိုးစုများ အကြားဖြစ်ပွားသော ပြဿနာမျိုး အထိဖြစ်
ပေါ် လာနိုင်ပါသည်။ ထိုသို့ဖြစ်ပေါ် လာပါက မိမိတို့နိုင်ငံအတွင်း မလိုလားအပ်သော အသက်အိုးအိမ်
စည်းစိမ် ဆုံးရှုံးမှုများ ဖြစ်လာနိုင်ပြီး ထိုမှတစ်ဆင့် လွတ်လပ်ခွင့်များ ဆုံးရှုံးနိုင်သည့်
စိန်ခေါ်မှုများလည်း ရှိနေသည်ကို လည်း အထူးသတိပြုသင့်ပါသည်။ ထိုသို့သော အနေအထားမျိုးကို
နိုင်ငံသားတစ်ယောက်အဖြစ်လည်း မလို လားသလို၊ ဒီမိုကရေစီ ဘက်တော်သားများ အပါအဝင် မည်သူကမှ
လိုလားမည်မဟုတ်ပါ။ ထို့အတွက် ကြောင့် ကျွန်တော်တို့နိုင်ငံ၏ အခြေအနေများ လမ်းမချော်သွားအောင်
ထိန်းသိမ်းရေးသည် မဖြစ်မနေ လိုအပ်လာ ပါသည်။ ဤနေရာတွင် မည်သူ့တွင် တာဝန်ရှိ သနည်းဟူ၍
မေးစရာ ရှိလာပါသည်။
တာဝန်ဟူသည့်
ကိစ္စသည် သက်ဆိုင်သူများ အားလုံးနှင့် သက်ဆိုင်ပါသည်။ မိသားစု တစ်ဦးချင်းစီ၏ အရေးကိစ္စဆိုပါက
မိသားစုဝင်များ အပေါ်တွင်တာဝန်ရှိပြီး နိုင်ငံအရေးဆိုပါက နိုင်ငံသား အားလုံးအပေါ်တွင်
တာဝန်ရှိသည်။ မိသားစုအတွင်း မိသားစုဝင်များ အချင်းချင်း ချစ်ကြည်ရင်းနှီးကြပြီး အိမ်ထောင်ရေး
အဆင်ပြေ စေရန် အလို့ငှာ တစ်ဦးနှင့်တစ်ဦး နားလည်မှုဖြင့် ဝိုင်းဝန်းအဖြေရှာခြင်း တစ်ဦးနှင့် တစ်ဦး သဘောထားကြီးမားခြင်းများဖြင့်
မိသားစုဝင်များ အကြား ချစ်ကြည်မှုကို ခိုင်မာသထက်ခိုင်မာအောင် တည်ဆောက်ကာ မိသားစုဝင်များ၏
စီးပွားရေး၊ ကျန်းမာရေး အစရှိသည့် လုပ်ဆောင်စရာ ရှိသည်များကို လုပ်ဆောင်ကြရမည်ဖြစ်သကဲ့သို့
နိုင်ငံသားများ အနေဖြင့်လည်း မည်သို့ပင် မတူကွဲပြားနေစေကာမူ နိုင်ငံသား တစ်ဦးနှင့်
တစ်ဦးအကြား အပြန်အလှန်နားလည်မှု၊ သဘောထားကြီးမားမှုတို့ဖြင့် ဖြစ်ပေါ်နေသော ကိစ္စရပ်များ
အပေါ် ညင်သာစွာဖြင့် ဝိုင်းဝန်အဖြေရှာခြင်း အချင်းချင်း မပြေလည်သည့် ကိစ္စများအပေါ်တွင်
တရားဥပဒေ၏ အဆုံးအဖြတ်ကိုရယူဖြေရှင်းခြင်း တို့ဖြင့် မည်သူ့ကိုမှ ထိခိုက်မှုမဖြစ်စေသည့်
အဖြေတစ်ခုရရှိ အောင်ဖော်ထုတ်ဆောင်ရွက်ရမည်ဖြစ်ပြီး မတူညီသူများ အချင်းချင်း နားလည်မှု၊
အပြန်အလှန်ရင်းနှီး ချစ်ကြည်မှု၊ မုန်းစကိုတိုစေ၊ ချစ်စကိုရှည်စေ၊ ကြီးသည့်အမှုငယ်အောင်၊
ငယ်သည့်အမှု ပြေလည်အောင်လုပ်ဆောင် ခြင်းဖြင့် မိမိနိုင်ငံနှင့် လူမျိုး၏ ယဉ်ကျေးမှုအဆင့်
အတန်းကို မြှင့်တင်သင့်ပါသည်။ ယဉ်ကျေးမှုအဆင့် အတန်းမြှင့် တင်ခြင်းဟူသည်မှာ လူတစ်ဦးချင်းအသိဥာဏ်ရေချိန်၊
ပဋိပက္ခများဖြစ်သည့် အခါတွင် သွေးမပူဘဲ ပညာအမြော်အမြင်ရှိစွာ ဆင်ခြင်သုံးသပ်ဖြေရှင်းနိုင်သည့်
အလေ့အထများ ပိုမိုမြင့်မားလာ အောင်လုပ်ခြင်း ကိုဆိုခြင်းဖြစ်ပါသည်။ တနည်းအားဖြင့်
civilization မြင့်မားအောင် ဆောင်ရွက်စေ ခြင်းဖြစ်ပါသည်။ မြန်မာတို့သည် နှစ်ကာလများစွာ
ကတည်းက ယဉ်ကျေးမှုရှိသော လူမျိုးဖြစ်သည့် အားလျော်စွာ မည်သည့် ကိစ္စမဆို ချင့်ချိန်ဖြေရှင်းနိုင်မည်ဟု
ယုံကြည်ပါသည်။ သို့ရာတွင် မလိုလားအပ်သော အင်အားစုများ ကြောင့် မတူကွဲပြားသော မြန်မာ့လူမှုအဖွဲ့အစည်းအတွင်း
အချင်းချင်း ပဋိပက္ခကို အုပ်စုဖွဲ့အကြမ်းဖက် တိုက်ခိုက်ဖြေ ရှင်း မှုများကို မင်းမဲ့စရိုက်ဆန်ဆန်
လုပ်ဆောင်နေမှုများသည် နိုင်ငံတကာ အလယ်တွင် လူအများ ကဲ့ရဲ့စရာဖြစ်ပါ သည်ကိုလည်း ဂရုပြုပေး
စေလိုပါသည်။
မြန်မာနိုင်ငံသည်
ဒီမိုကရေစီနိုင်ငံ ဖြစ်သည့်အတွက် ပြည်သူလူထု၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ အတွက်
အုပ်ချုပ်ရေး အစိုးရပိုင်းကရော၊ ဥပဒေပြုရေးဖြစ်သည့် လွှတ်တော်နှင့် လွှတ်တော်အမတ်များ
ဘက်ကရော၊ တရားစီရင်ရေးဘက်ကပါ အဆင့်ဆင့် ဖော်ဆောင်ပေးနေသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်
ဦးဆောင်သော နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက် အဖွဲ့အစည်းများကပါ ဆက်လက်ဖော်ဆောင် နေပါသည်။
လွတ်လပ်ခွင့် များကို လည်း အထိုက်အလျောက်ရရှိလာပါသည်။ နိုင်ငံတော် အပိုင်းက ပြည်သူလူထု၏
သဘောဆန္ဒများကိုလည်း အထူးဂရု ပြု၍ ပြည်သူ့ရေးရာ မူဝါဒကောင်းများ ချမှတ်ကာ ပြည်သူ့ရေးရာ
ဝန်ဆောင်မှုကောင်းများကို ပေးနိုင်အောင် ကြိုးစားလာကြသည်ကို တွေ့မြင်ရပါသည်။ ထိုသို့ပေးသူများ ဘက်မှ အခွင့်အရေးများ
ရရှိအောင် လုပ်ဆောင်ပေး နေသလို ကျွန်တော်တို့လို ရယူသူနိုင်ငံသားများကလည်း အဆိုပါ အခွင့်အရေးကို
မိမိအတွက် အပြုသဘော ဆောင်ကာ အသုံးပြု နိုင်ဖို့လိုအပ်သလို အခြားသူများ၏ အခွင့်အ ရေးနှင့်
ရပိုင်ခွင့်များကိုလည်း လေးစား အသိ အမှတ်ပြုရမည် ဖြစ်ပါသည်။ ပေးထားသော အခွင့်အရေးကို
အသုံးချ၍ တိုင်းပြည်အတွက် တိုးတက်ရာ တိုးတက် ကြောင်း ဖော်ဆောင်ပေးနိုင်ခဲ့လျှင် ယုံကြည်မှုများ
တိုးတက်လာကာ အခွင့်အရေး တံခါးများ ဆက်လက် ပွင့်လာမည် ဖြစ်ပါသည်။ အကယ်၍ အဆိုပါ အခွင့်အရေးကို
အသုံးချကာ အဆိုး၊ အဖျက်ဘက်မှ အသုံးပြုခဲ့ပါက ရရှိဆဲ အခွင့် အရေးများ ရုတ်သိမ်းခြင်း
ခံရသည့် နောက်ပြန်လှိုင်းများနှင့်လည်း ကြုံတွေ့နိုင်သည်ကို အခြားသော ကမ္ဘာ့နိုင်ငံများ၏
ဒီမိုကရေစီ အတွေ့အကြုံများ အရသင်ခန်းစာ ယူကြရမည် ဖြစ်ပါသည်။
ကျွန်တော်တို့
ပြောလေ့ရှိသည့် စကားတစ်ခွန်းရှိသည် “တရားဥပဒေ စိုးမိုးရေးဆိုသည့် စကား” မှန်ပါသည် နိုင်ငံတစ်နိုင်ငံတွင်
အရေးအကြီးဆုံး၊ ဒီမိုကရေစီအတွက် အဓိကကျသော သောချက်တစ်ခု။ တရား ဥပဒေ စိုးမိုးမှုသည် အရာရာကို
တရားဥပဒေကသာ ဖြေရှင်းပေးသည်ဆိုသည့် သဘောလည်းဖြစ်သည်။ ဤနေရာတွင် တရားဥပဒေ စိုးမိုးမှုဟူသည်မှာ
အုပ်ချုပ်သူများနှင့်သာဆိုင်သည့် ကိစ္စမဟုတ်၊ တရားသူကြီးများ တွင်သာ တာဝန်ရှိသည့် ကိစ္စမဟုတ်၊
အဆုံးအဖြတ်ခံယူမည့်၊ တရားဥပဒေ၏ ချိုမြိန်မှုကို လက်ခံရယူမည့် ပြည်သူများ ဘက်တွင်ပါ တာဝန်ရှိပါသည်။
တစ်ဘက်က ပြည်သူများဘက်မှရပ်တည်ကာ ပြည်သူအကျိုးရှိမည့် ဥပဒေများ ပြဋ္ဌာန်းထားစေကာမူ ကျွန်တော်တို့ပြည်သူများက
အမှုကိစ္စဖြစ်လာတိုင်း ဖြစ်လာတိုင်း တရားဥပဒေ ၏ဖြစ်တည်မှုကို လျစ်လျူရှုကာ အချင်းချင်း
လက်စားခြေမှုများဖြင့် ဆောင်ရွက်ခဲ့မည် ဆိုပါက တရားဥပဒေ စိုး မိုးမှု ရှိပါမည်လော စဉ်းစားဖို့
သင့်ပါသည်။ ပြည်သူများကိုယ်တိုင်က တရားဥပဒေဘောင်အတွင်းမှ မဖြေရှင်းနိုင် ပါက မည်သို့ရှိပါမည်နည်း
ဆိုသည်ကို စဉ်းစားစေလိုပါသည်။ အခွင့်အရေးကိုအသုံးချပြီး တရားဥပဒေကို လျစ်လျူရှု သင့်ပါ၏လော
စဉ်းစားစေလိုပါသည်။ တရားဥပဒေကို လေးစားမှုမရှိပါက တိုင်းပြည်၏ အခြေအနေများကို ဖြေရှင်းရန်
ငြိမ်ဝပ်ပိပြားမှု ကို လုပ်လာရပါသည်။ တရားဥပဒေကို ကိုယ်တိုင်စောင့်ထိန်းခြင်းက ပိုပြီး
ကောင်းမွန်ကာ အနာဂတ်မြန်မာ့ဒီမိုကရေစီ အရုဏ်ဦးကို ပိုမိုစည်ပင်စေမည်ဖြစ်ပြီး ထိုသို့ဖြစ်စေဖို့အတွက်
တရား ဥပဒေကလည်း မျှတသော ခိုင်မာသော အခြေ အနေမျိုးလည်း ဖြစ်နေဖို့ လိုမည်ဖြစ်ပါသည်။
ကျွန်တော်တို့
ပြည်သူများတွင် မူလဘူတ အခွင့်အရေးများ ရရှိနိုင်ဖို့ ဒီမိုကရေစီကို လိုအပ်သလို၊ ရရှိလာသော
ဒီမိုကရေစီကို ပြည်သူများအကြား မျှဝေကျင့်သုံးခြင်းဖြင့် ဒီမိုကရေစီလက်ဆောင်ကို မပျောက်ပျက်သွား
အောင်ထိန်းသိမ်းဖို့လည်း တာဝန်ရှိလှပါသည်။ ဒီမိုကရေစီသည် ကျွန်တော်တို့၏ လက်ငင်း အတွက်သာ
မဟုတ်ပါ။ ဒီမိုကရေစီသည် မနက်ဖြန်အတွက် ၊ နိုးထလာမည့် နေ့တိုင်းအတွက် ဖြစ်ပါသည်။ တနည်းပြောရလျှင်
ကျွန်တော်တို့၏ မျိုးဆက်သစ်ပေါင်းများစွာ အတွက် လက်ဆင့်ကမ်း ထိန်းသိမ်းပေး သွားရ မည့်
မီရှူးတန်ဆောင်လည်း ဖြစ်ပါသည်။ အမေရိကန်ကိုကြည့်လျှင် ဂျော့ဝါရှင်တန်တို့ခေတ်မှ ယနေ့
အိုဘား မားတို့ ခေတ်အထိ အဆင့်ဆင့် သယ်ဆောင်လာကာ ဒီမိုကရေစီကို ပီပြင်သထက်ပီပြင်အောင်
လုပ်ဆောင် ခဲ့ သလို တိုင်းပြည်နှင့် လူမျိုးလည်း ကမ္ဘာ့အလယ်တွင် ဂုဏ်တင့်နိုင်ခဲ့သည်ကို
တွေ့မြင်ကြရသည်မှာ လေးစား အားကျစရာ ကောင်းလှပါသည်။ ကျွန်တော်တို့ နိုင်ငံကိုရော ထိုကဲ့သို့
အနာဂတ်မျိုး မဖြစ်စေချင်ဘူးလော၊ စဉ်းစားကြဖို့ လိုအပ်ပါသည်။ ထို့အတွက် ကြောင့် အဆိုပါ
အရေးကိစ္စကို မိမိတို့တာဝန်ဟု ခံယူ၍ မိမိတို့၏ ကိုယ်၊ စိတ် နှလုံး သုံးပါးစလုံးကို သတိ၊
ဥာဏ် အမြော်အမြင်ဖြင့် နှလုံးသားနှင့် ခံစား နားလည်ကာ ဦးနှောက်နှင့် ဆုံးဖြတ် တတ်သော
တာဝန်သိ နိုင်ငံသား ကောင်းများ ဖြစ်အောင် ကြိုးစား ကြစေလိုပါကြောင်း ရေးသားဖော်ပြ လိုက်ရပါသည်
ခင်ဗျား။
လေးစားစွာဖြင့်
အောင်နိုင်မော်
အသက်သွင်းခြင်း
မြေအုတ်တို့၏နေရာတွင် ကျောက်အုတ်တို့ဖြင့်လည်းကောင်း
သစ်အိမ်တို့၏နေရာတွင် တိုက်အိမ်တို့ဖြင်လည်းကောင်း
လူဟောင်းတို့၏ နေရာတွင် လူသစ်တို့ဖြင့်လည်းကောင်း
စစ်ပွဲတို့နေရာတွင် ငြိမ်းချမ်းရေးဖြင့်လည်းကောင်း
တစ်ယောက်ဆင်း တစ်ယောက်တက်
တစ်သုတ်ကျတစ်သုတ်တက်ဖြင့် လက်ဆင့်ကမ်းရင်း
ကျွန်ုပ်တို့၏ မျှော်လင့်ခြင်း အိပ်မက်ကို အသက်သွင်းခဲ့ကြလေပြီ။
သစ်အိမ်တို့၏နေရာတွင် တိုက်အိမ်တို့ဖြင်လည်းကောင်း
လူဟောင်းတို့၏ နေရာတွင် လူသစ်တို့ဖြင့်လည်းကောင်း
စစ်ပွဲတို့နေရာတွင် ငြိမ်းချမ်းရေးဖြင့်လည်းကောင်း
တစ်ယောက်ဆင်း တစ်ယောက်တက်
တစ်သုတ်ကျတစ်သုတ်တက်ဖြင့် လက်ဆင့်ကမ်းရင်း
ကျွန်ုပ်တို့၏ မျှော်လင့်ခြင်း အိပ်မက်ကို အသက်သွင်းခဲ့ကြလေပြီ။
အစားထိုးခြင်း
အစားထိုးခြင်း (၁)
==================
မြေအုတ်တို့၏နေရာတွင် ကျောက်အုတ်တို့ဖြင့်လည်းကောင်း
သစ်အိမ်တို့၏နေရာတွင် တိုက်အိမ်တို့ဖြင်လည်းကောင်း
လူဟောင်းတို့၏ နေရာတွင် လူသစ်တို့ဖြင့်လည်းကောင်း
တစ်ယောက်ဆင်း တစ်ယောက်တက်
တစ်သုတ်ကျတစ်သုတ်တက်ဖြင့် လက်ဆင့်ကမ်းရင်း
စစ်ပွဲတို့နေရာတွင် ငြိမ်းချမ်းရေးဖြင့် အစားထိုးနိုင်ရန်
မေတ္တာတရားများ ပွားစည်းသော လောကကြီးဖြစ်ရန် ကြိုးစားကြရပေဦးမည်။
==================
မြေအုတ်တို့၏နေရာတွင် ကျောက်အုတ်တို့ဖြင့်လည်းကောင်း
သစ်အိမ်တို့၏နေရာတွင် တိုက်အိမ်တို့ဖြင်လည်းကောင်း
လူဟောင်းတို့၏ နေရာတွင် လူသစ်တို့ဖြင့်လည်းကောင်း
တစ်ယောက်ဆင်း တစ်ယောက်တက်
တစ်သုတ်ကျတစ်သုတ်တက်ဖြင့် လက်ဆင့်ကမ်းရင်း
စစ်ပွဲတို့နေရာတွင် ငြိမ်းချမ်းရေးဖြင့် အစားထိုးနိုင်ရန်
မေတ္တာတရားများ ပွားစည်းသော လောကကြီးဖြစ်ရန် ကြိုးစားကြရပေဦးမည်။
စာရေးသူ၏ အတွေးအမြင်များ (၁)
စာသားအဖြစ်ပြောင်းလဲလိုက်သော သင့်စိတ်ကူးအတွေးအမျှင်တစ်ခုသည်
ဖတ်ရှုရသော လူသားတစ်တို့အား ငြိမ်းချမ်းမှုကို ရစေပါက
သင်သည်လည်း ငြိမ်းချမ်းရေးသမား တစ်ဦးပါ
ထို့ကြောင့် ကျွန်တော်တို့ အားလုံး ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နိုင်ကြသည်ဟု
အလေးအနက် ယုံကြည်ပါသည်။
Tuesday, August 13, 2013
Monday, August 12, 2013
Myanmar Parliament ( မြင့်မား ဝင့်ကြွား လွှတ်တော် အဆောက်အအုံများ )
Sunday, August 11, 2013
၈လေးလုံး အထိမ်းအမှတ် ပြပွဲ အမှတ်တရ (၁)
၈ လေးလုံး အရေးတော်ပုံ အတွင်း ဆောင်သြ
ဆွေးနွေးမှု ပြုလုပ်နေသည့် မှတ်တမ်း
၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနား
သို့ ကြွရောက်လာသူ ပရိတ်သတ်များ အား Myanmar Convention Center အဝင်တွင်
တွေ့မြင် ရသော မြင်ကွင်း
၈ လေးလုံးအရေးတော်ပုံ ငွေရတု အခမ်းအနား
၈ လေးလုံးအရေးတော်ပုံ အထမ်းအမှတ် ဓာတ်ပုံ ပြပွဲ
၈ လေးလုံးအရေးတော်ပုံ အထမ်းအမှတ် ဓာတ်ပုံ ပြပွဲ
Friday, August 9, 2013
သဘာဝပတ်ဝန်းကျင်
မြန်မာနိုင်ငံသည် သဘာဝသံယံဇာတများ ကိုမှီခို အားထားနေရသော နိုင်ငံဖြစ်သည့်အတွက် သဘာဝ သံယံဇာများမည်မျှရှိသည် ဟူသည့်ကို စနစ်တကျလေ့လာရန်နှင့် မည်သို့ နောက်မျိုးဆက် များ အတွက် အကျိုးရှိအောင် ကွပ်ကဲမည်ဆိုသည်ကို လေ့လာထားရန် လိုအပ်ပါကြောင်း အသိပေး တင်ပြ အပ်ပါသည်။
Public Critic အယ်ဒီတာ အဖွဲ့
Public Critic အယ်ဒီတာ အဖွဲ့
သန်းခြောက်ဆယ်အတွက်ရေးတဲ့စာ (နိုင်မော်)
ကျွန်တော်တို့နိုင်ငံသည် ဒီမိုကရေစီစနစ်ကို
စတင်လှမ်းကတည်းကိုက အပြောင်းအလဲ အမျိုးမျိုးကို ကြုံတွေ့ခဲ့ ရသည်ကို အားလုံးသိကြလိမ့်မည်ထင်ပါသည်။
ထူးခြားကောင်းမွန်သော နိုင်ငံရေး အပြောင်းအလဲများ၊ ဆိုးရွားသော လူမှုရေး အပြောင်းအလဲများသည်
ထင်ရှားလှသော အပြောင်းအလဲများဖြစ်သည်။ ထူးခြားကောင်း မွန်သော အပြောင်းအလဲများ အနေဖြင့်
အတိုက်အခံ အင်အားစုများ နိုင်ငံရေးဖြစ်စဉ် အတွင်းသို့ အသွင် အမျိုးမျိုးဖြင့် ဝင်ရောက်လာခြင်းများ၊
အစိုးရနှင့်တိုင်းရင်းသားလူမျိုးစုများ အကြားငြိမ်းချမ်းရေး ခြေလှမ်သစ်များ၊ နိုင်ငံတကာမှ
ဖြေလျှော့ပေးလိုက်သော စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ၊ မီဒီယာ သတင်းလွတ်လပ်ခွင့်
ပြုပေးခြင်းများ ရှိသည်။ အခြားတစ်ဘက်တွင် နိုင်ငံအတွင်းရှိသော မတူညီသော လူများအကြား
ဖြစ်ပေါ်လာသော ပဋိပက္ခ ဖြေရှင်းမှု ပုံစံသစ်များ ဟုပြောရလျှင်မမှားပါ။ လတ်တလော ကိစ္စများကို
ပြန်လည် သုံးသပ်ကြည့် ပါလျှင် မတ်လအတွင်းက ဖြစ်ပွားခဲ့သော မိတ္ထီလာပဋိပက္ခ၊ အဆိုပါ ပဋိပက္ခ
နောက်ပိုင်းဖြစ် ခဲ့ သော လက်ပံတန်းမြို့နယ်တင် ဖြစ်ပွားခဲ့သော ကိစ္စရပ်များ၊ မကြာသေးမီက
ဖြစ်ပွားခဲ့သော ဥက္ကံမြို့ တွင်ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကို တွေ့မြင်ရမည်ဖြစ်ပါသည်။
အဆိုပါ ကိစ္စရပ်များသည် မည်သည့် ဂယက်ကြောင့် ဖြစ်ပေါ်ခဲ့သည်ကို ပြန်လည်သုံးသပ်ပါက ၂၀၁၂ခုနှစ်
မတ်လက ဖြစ်ပွားခဲ့သော ရခိုင် ပြည်နယ် အတွင်းက ရခိုင်နှင့် ဘင်္ဂါလီ လူမျိုးများ အကြားတွင်
ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့်ဟု ဆိုရမည်ဖြစ်ပါ သည်။
အဆိုပါ ပဋိပက္ခများသည် သက်ဆိုင်ရာ အကျိုးစီးပွားရှင်
အသီးသီး အတိတ်ကာလဆီက သင်ယူု ရရှိခဲ့ သော တစ်ဆင့်စကား တစ်ဆင့်နားမှ သိလာရသော အငြိုးများ၊
အတွေ့အကြုံများသည် အချိန်ကာလတစ်ခုတွင် တိုက်ဆိုင်စွာ ပေါက်ကွဲထွက်လာသည်ကြောင့် ဖြစ်လာရပေသည်။
အလားတူ အဓိကရုဏ်များသည် ကိုလိုနီ ခေတ်ကာလ ကတည်းက စတင်ခဲ့သည်ဟုဆိုနိုင်ပါသည်။ ထို့နောက်ဆက်လက်၍
လွတ်လပ်ရေး ရပြီးခါစမှ စတင်ပြီး အခါအားလျော်စွာ ဖြစ်ပေါ်လာခဲ့သည် မှယနေ့ထက်တိုင်ဖြစ်ပါသည်။
အဆိုပါ ပဋိပက္ခများ ကိုကြည့် လျှင် အသေးအမွှား ပြဿနာတစ်ခုကို တရားဥပဒေကြောင်းအရ မဖြေရှင်းဘဲ
ရာဇဝတ်မှုကို အခွင့်ကောင်းယူ ကာ လူမျိုးရေး ပဋိပက္ခသို့ ဦးတည်လာလေ့ရှိသည်ကို တွေ့ရလေ့ရှိပါသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံသည် ရှေးယခင်ကတည်းက ကချင်၊ ကယား၊ ကရင်၊ချင်း၊မွန်၊ဗမာ၊ရခိုင်၊ရှမ်းစသော
တိုင်းရင်းသားလူမျိုးများ၊ အိမ်နီး ချင်း နိုင်ငံများရှိ လူမျိုးများနှင့် ဆက်နွယ်သော
မြန်မာနွယ်ဖွား မြန်မာနိုင်ငံသားများ အတူယှဉ်တွဲ နေထိုင်နေ သည့် နိုင်ငံတစ်ခုဖြစ်သည်။
ထိုသို့ဖြစ်သည့်အတွက် တစ်စုနှင့်တစ်စု ယုံကြည်မှု၊ ဓလေ့ထုံးစံများလည်း အရောင်အသွေးစုံလှပါသည်။
အရောင်အသွေးစုံလင်သော ကျွန်တော်တို့မြန်မာနိုင်ငံလိုနိုင်ငံမျိုးအတွက် အချင်း ချင်း
မတူညီမှုများကို နားလည်လက်ခံပေး နိုင်ရေးသည် အလွန်တရာ အရေးကြီးသော မဖြစ်မနေ အလေးထား
ဖို့ လိုအပ်သော ကိစ္စတစ်ခုဖြစ်ပါသည်။
လူ့အဖွဲ့အစည်း လူမှုဆက်ဆံရေး ကောင်းမွန်ခြင်း
ဟူသည်မှာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစား ခြင်း ၊ ယုံကြည်ခြင်း၊ ချစ်ကြည်ရင်းနှီးမှု
ရှိမှသာ ဖြစ်ပေါ်လာနိုင်မည်ဖြစ်ပြီး ဒီမိုကရေစီ နည်းလမ်းအရ ငြိမ်းချမ်း စွာ စုပေါင်းဆွေးနွေး
အဖြေရှာ နိုင်ခြင်းတို့ကို ဆက်လက်လုပ်ဆောင် နိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ကျွန်တော်
တို့ လူ့အဖွဲ့အစည်းသည် ဒီမိုကရေစီ တန်ဖိုးများနှင့် ယှဉ်တွဲဖြစ်ပေါ်နေမည့် ဒီမုကိကရက်တစ်
လူ့ဘောင်ကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။
ယခုဖြစ်ပေါ်လာသော အဓိကရုဏ်များကို ကြည့်လျှင်
ထူးခြားချက်တစ်ခုမှာ မီးရှို့ဖျက်ဆီးခြင်းများကို တွေ့မြင်နေရပါသည်။ အထက်ကပြောကြားခဲ့သည့်
အတိုင်း အရောင်အသွေးမတူသော ပြည်သူများ အကြား ထိုကဲ့သို့ သော ပဋိပက္ခ ဖြေရှင်းမှုပုံစံများသည်
အလေ့အထအဖြစ်အကျင့်ပါ မသွားရေးသည် မဖြစ်မနေ လိုအပ်သော ကိစ္စရပ်တစ်ခုပင်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်
ကျွန်တော်တို့အနေဖြင့် အဆိုပါ အမွေဆိုး ကို မျိုးဆက်များအတွက် ထားခဲ့ပါက နောင်ရာစုနှစ်အတွင်း
မည်ကဲ့သို့ဖြစ်မည်ကိုပင် မျှော်မတွေးနိုင်အောင် ရှိပါ တော့သည်။
ယခုအချိန်ကာလသည် နိုင်ငံသားများ အနေဖြင့်
နိုင်ငံရေး ဖြစ်စဉ်အတွင်း ပါဝင်လာပြီဖြစ်သည်။ သို့ရာတွင် မည်သည့်နေရာမှ မည်သို့ပါဝင်ရမည်ကို
ဝေခွဲမရသည့် အချိန်လည်းဖြစ်သည်။ ထိုသို့သော အခြေအနေတွင် သက်ဆိုင်သူအသီးသီး ပြောလေ့ရှိသောစကားမှာ
အကြောက်တရားမှ ကင်းဝေးရေးဖြစ်သည်။ မှန်ပါသည် အာဏာရှင်လက်အောက်တွင်နှစ်ပေါင်းများစွာနေထိုင်ခဲ့ရ၍
မိမိတို့တွင် အာဏာရှိသူများကို မပြောရဲ မဆိုရဲနှင့် အကြောက်တရား လွှမ်းမိုးမှုရှိရာ ကွန်ဖြူးရှပ်ပြောသလို၊
“…..ဖြစ်ဖြစ်……..ဖြစ်ဖြစ်…….ရဖို့က အဓိက” ထားပါက မျက်ကန်းတစ္ဆေမကြောက် သဘောဟူသည့် အခြားတစ်ဖက်စွန်းသို့
ရောက်သွားမည် ဖြစ်ပါသည်။ ယခုလည်း အဆိုပါ ဂယက်ကို ကြုံတွေ့နေရသည်။ ကျွန်တော်တို့သည်
ကမ္ဘာကြီးနှင့် နှစ်ပေါင်းများစွာ အဆက်ပြတ်ခဲ့သည့်အတွက် နိုင်ငံ၏ စနစ်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး
အမျိုးမျိုးအဖုံဖုံသည် ခေတ်နှင့်အညီ ပြောင်းလဲလာသော ဆက်သွယ်ရေးနည်းပညာကို လိုက်မမီနိုင်အောင်
ရှိနေရာ နေ့စဉ်နှင့် အမျှ သက်ဆိုင် သူများက မိမိတို့၏ အမှုကိစ္စ အဖုံဖုံကို အင်တာနက်
ကွန်ယက်မှ တစ်ဆင့် ပို့ဆောင်ကြလေသည်။ သို့ဖြစ်ရာ အဆိုပါ ပြဿနာများ၊ မတရားမှုများက ပြည်သူများအကြား
အမုန်းတရားကို ပွားသထက်ပွား လာသည်။ တစ်ဖက်တွင် ပြုပြင်ပြောင်းလဲမှုနှင့် စီမံခန့်ခွဲမှုကို
အချိန်မီ မစီမံနိုင်ခြင်းက အစိုးရအနေဖြင့် ပြည်သူ များ၏ ရင်တွင်းမှဖြစ်ပေါ်လာသော အမုန်းမီးများကို
ဖြေရှင်းနိုင်မည့် ပြည်သူ့ရေးရာ မူဝါဒ(ဆေးနည်း)နှင့် ပြည်သူ့ရေးရာ ဝန်ဆောင်မှု (ဆေးဝါး)
တို့ကို မပေးနိုင်တော့ဘဲ မငြိမ်းသာ အဓိကရုဏ်းမီးများ ပေါက်ပွားလာရပါသည်။
ထို့အတွက်ကြောင့် ပြည်သူသန်းခြောက်ဆယ်လုံး
ကျန်းမာပျော်ရွှင်စွာ ဒီမိုကရက်တစ်လူ့ဘောင်သို့ ချီတက်လိုပါက သန်းခြောက်ဆယ်လုံး၏ အရေးအတွက်
အထက်ပါ ကိစ္စများကို ရှုမြင်သုံးသပ်နိုင်စေရန် တင်ပြလိုက်ရပါသည်။
Sunday, August 4, 2013
ပြည်သူတို့၏ ဒုက္ခ (ကဗျာ)
![]() |
| http://www.perceptivetravel.com/issues/1109/myanmar.html |
(ကျွန်တော်ရှုမြင်မိသော ပြည်သူများ၏ ဘဝကို စာနာစဉ်းစားရာမှ ထွက်ပေါ်လာသော လင်္ကာအပိုင်းအစများကို စည်းတင်ဆက် ဖော်ပြပေးအပ်ပါသည်)
![]() |
| http://cj.my |
ပြည်သူတို့၏ ဒုက္ခ
********************
" တိုင်းကားပြည်ရွာ၊ မြန်မာရွှေပြည်ကား
ကျွန်သပေါက်ဘဝ၊ လွတ်ချိန်ကတည်းက
မင်းအဆက်ဆက်၊ တစ်ယောက်ဆင်းတစ်ယောက်တက်
ပြောင်းခဲ့သည်မှာ နှစ်၆၀ကျော်တိုင်ခဲ့ပြီ။
သို့ပါသော်လည်း
ပြောင်းသာပြောင်းခဲ့၊ ညောင်းခဲ့သော်လည်း
ပြည်သူ့ဘဏ္ဍာ၊ ပြည်ရတနာကား
ပိန်းကြာဖက်ပေါ် ရေမတင်သို့
ဘယ်ဆီဘယ်ဝယ်မြန်လေးသနည်း။
ပြည်သူ့အတွက်ခေါင်းစဉ်တပ်၍ ထုတ်ယူကာသွား
ပြည့်ဘဏ္ဍာများ ဘယ်အရပ်သို့ရောက်လေသနည်း။
ကိုယ်ကျိုးအမြတ်ထုပ် လူတစ်စုကြောင့်
တောတောင်မြစ်ဖျား သံယံဇာတများ
ပျောက်ဆုံးလွင့်ပါး သွားလေပြီ။
ရှေ့နောက်ဝဲယာ လေညာအထက်
အရပ်ရပ်မှ ပြည်သူပြည်သား လူအများတို့၊
လင်ဆိုးမယားတစ်ဖားဖားသို့.....
သားဆိုအမေတစ်ပေပေသို့.....
ရောက်မှန်းမသိ ရောက်ရပြီ။
မြန်မာပြည်သား လူအများတို့
လောကဓံကို ကြံ့ကြံ့ခံ၍
မျက်ရည်ဆက်လက် ငိုချင်းဆက်သည်၊
သောကနှလုံး မငြိမ်းတည်း။
ထိုသို့ဖြစ်လာ ကံကြမ္မာကြောင့်
ပြည်သူပြည်သား တို့ပြည်သားများ
အာဏာဝေစား ငရဲသားများ၏
ဂွင်ဆင်ဖန်ဆင်း စီမံခြင်းအောက်
ပြားပြားမှောက်လျက် မဟာဒုက္ခတွင်းဆုံးကျသည်
နင်းပြားဘဝ ရောက်လေသတည်း။ "
![]() |
| http://www.flickr.com/photos/christianaidimages/5706475853/ |
Subscribe to:
Posts (Atom)



