ကျွန်တော်တို့
ကမ္ဘာမြေထက်တွင် အဆက်ဆက် ဖြစ်ပွားခဲ့သော အုပ်စုများကြား အငြင်းပွားမှုများ နှင့် စစ်ပွဲများကြားတွင်
ခေတ်အဆက်ဆက် မရိုးနိုင်သော အမုန်းမီးများ ကြားတွင် မျိုးဆက်သစ်တို့၏ အနာဂတ်များကို
စတေးခဲ့ကြရသည်။ မိမိတို့ တစ်စုတစ်ဖွဲ့အနိုင် ရလိုမှုအတွက် တစ်ဖက်နှင့် တစ်ဖက် ရန်ကိုရန်ချင်း
တုံ့နှင့်ရင်းဖြင့် မျိုးဆက်သစ်တို့၏ ဘဝအဆောက် အအုံများ ပျောက်ဆုံးပျက်ပြယ်ကြရတော့သည်။
ကစားကွင်းများ၊ စာသင်ကျောင်းများ နေရာကို စစ်တလင်းနှင့် လဲခဲ့ကြရသည်။ နိုင်ငံရေးအရ
အားပြိုင်မှုများ ကြားထဲတွင် လူငယ်တို့၏ အနာဂတ် များ ပျောက်ဆုံးခဲ့ကြရသည်။ ယနေ့ရန်ကုန်
တက္ကသိုလ်ကြီးသည် အဆိုပါဖြစ်ရပ် တို့၏ သက်သေဟုပင်ဆို နိုင်သည်။ သက်ဆိုင်ရာ အာဏာပိုင်တို့
လက်အောက် တွင် လူငယ်တို့၏ ပညာအဆောက် အအုံ ပညာယန္တရားသည် စုန်းစုန် မြုပ်ခဲ့ရသည်။ မြန်မာနိုင်ငံ
အပါ အဝင် အစ္စရေး-ပါလက်စတိုင်း အစရှိသည့် စစ်ပွဲနှင့် မကင်း သည့် နယ်မြေဒေသများ အတွင်းရှိ
ဖြစ်ရပ်များသည် နေ့စဉ်နှင့် အမျှ မျိုးဆက်သစ်တို့၏ ရွှေရောင်နေ့သစ်များ ကို မြင်နိုင်ဖို့ရန်
ခက်ခဲနေသည်။ နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲသည် အဆိုပါ လူငယ်တို့ ၏ ကံကြမ္မာ
ကြီးစွာသော အပြောင်းအလဲ ဖြစ်နိုင်သည်။ တစ်စု တစ်ဖွဲ့၏ အကျိုး စီးပွားအလို့ဌာ သူတစ်လူ
ငါတစ်မင်း ဆောင်ရွက်ချက်များက မျိုး ဆက်သစ်တို့၏ အနာဂတ်ကို ချက်ချင်း ပြောင်းလဲပစ်
နိုင် ပေ သည်။ လက်ရှိအချိန်သည် မျိုးဆက်သစ်တို့ အတွက် မျှော်လင့်ချက် များ အားကောင်းချိန်
အိပ်မက်များကို အကောင်အထည်ဖော်ရန် လမ်းစ ကို မြင်နေရချိန် ဖြစ်သည်။ ဤသို့သော အချိန်ကာလတွင်
လူငယ်မျိုး ဆက်သစ်တို့ အရေးကို စဉ်းစာချင့်ချိန်နိုင်ဖို့လိုပါသည်။ နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်
ကျွန်တော်တို့ လူငယ်မျိုးဆက်သစ် မြောက်များစွာ တို့၏ ဘဝများသည် စစ်ပွဲများအကြား အရင်းအနှီးပြု
ခဲ့ရပြီ။မြောက်များစွာသော လူငယ်တို့၏ ဘဝများသည် အကျဉ်းထောင်ထဲတွင် အချိန်ကုန် ခဲ့ရပြီ။မြောက်များစွာသောလူငယ်တို့ ကျောင်းထုတ်ခံခဲ့ကြရပြီ။ပညာရေးလမ်းစပျောက်ကွယ် ခဲ့ရသည်။
အနာဂတ်မျှော်လင့်ချက်များ လင်းလက်နေသည့် လူငယ်မျိုး ဆက်သစ် များနေ့ချင်း ညချင်းပျောက် ကွယ်ခဲ့ရပြီ။
တိုင်းပြည်၏ စီးပွားရေး လူမှုရေး ချွတ်ခြုံကျမှုများကြား လူငယ်များစွာ တို့၏ အနာဂတ်
လူ့စွမ်းအားမြှင့် တင်ရေး အစီအစဉ်များ ရေစုန် မျောခဲ့ရပြီ။ အဂတိတရားနှင့်မွေ့ပျော်ခဲ့သည့်
အုပ်ချုပ်ရေး ယန္တရားအောက် အဂတိ တစ္ဆေကပ်တွယ်နေသည့်ပြည်သူ့ရေးရာ စီမံကွပ်ကဲမှုများအကြား
အရည်အချင်းရှိ လူငယ် တို့၏ ဘဝချောင်ထိုးခံခဲ့ ရပြီး အစွမ်းအစများ ရွက်ပုန်းသီးဖြစ်ခဲ့ရ သည်။
လူငယ်တို့ဘဝ အနာဂတ်၊ လူငယ်တို့ စွမ်းအင်ကို ယုံကြည်ပါက လက်ရှိပြဿနာများကို
ကိုင်တွယ်ဖြေရှင်းနေသည့် လူကြီးတိုင်း လူကြီးတိုင်းသည် ဆုံးဖြတ် ချက်တိုင်း ဆုံးဖြတ်ချက်တိုင်းက
ဆုံးဖြတ်ဆောင်ရွက်မည့် အချိန်တိုင်း အချိန်တိုင်းတွင် လူငယ်တို့၏ မျက်နှာကိုကြည့်၍
ချင့်ချိန်မြော်မြင် စဉ်းစားဆုံးဖြတ်ကြပါဟု ပန်ကြားအပ်ပါသည်။
No comments:
Post a Comment