မနေ့က Facebook တွင် မိတ်ဆွေတစ်ယောက်၏
Status ကိုတွေ့လိုက်ရသည်။ ကျွန်တော်လွန်စွာ ဝမ်း နည်းမိသည်။ “ဒီမိုကရေစီသည် အရူးလက်မှတ်
မဟုတ်တဲ့” သူဆိုလိုက်သည်မှာ ဘာဆိုလိုမှန်း မသိ။ သို့သော် သူ ပြောလိုက်သည့် အပြောတစ်ချက်သည်
ပြည်သူလူထု အကြားအမြင် လွဲသွား နိုင် သည်မှာသေ ချာသည်။ သို့ သော် ကျွန်တော့်အနေဖြင့်
ပြန်ချေပရမည် ဆိုပါက ဒီမိုကရေစီ သည် လွတ်လပ်မှုသို့ ဝင်ခွင့် လက်မှတ် ဖြစ် သည်။ အဆိုပါ
ဝင်ခွင့်လက်မှတ်သည် အလကားမရ လွတ်လပ်မှုဟူသော အခွင့်အရေးကို ရ ဖို့ ကျွန်တော်တို့ တာဝန်တွေ
အများကြီး ထမ်းဆောင်ဖို့လိုအပ်ပါသည်။
ထို့ကြောင့် ကျွန်တော်ပြော လိုသည်မှာ
ဒီမိုကရေစီသည် တာဝန်ဝတ္တရားတို့ဖြင့် ရယူရမည့် လွတ်လပ်ခြင်းသို့ ဝင်ခွင့်လက်မှတ် ဖြစ်ပါသည်။
တန်ရာတန်ကြေး ရှိပါကြောင်း အသိပေး လိုက်ရပေသည်။
No comments:
Post a Comment